Quantcast
Channel: စိတ်ကူးပျော်ရာ
Viewing all 6248 articles
Browse latest View live

သင် ပန်ချီးကားကို အလျင်မလိုသင့်တဲ့ အကြောင်း

$
0
0




အနုပညာရသကို စတင်ခံစားတတ်လာတဲ့ သူဌေး တစ်ဦးဟာ သက်ဝင် လှုပ်ရှားပြီး အနုပညာရသ မြောက်တဲ့ ကြောင်ပုံ တစ်ပုံလိုချင် တာကြောင့် မြို့ထဲ က အတော်ဆုံး ပန်းချီဆရာ တစ်ဦးကို အပ်လိုက် ပါတယ်။ အခြာသော ပန်းချီဆရာ များက မဆွဲနိုင်ကြောင်း ဝန်ခံကြလို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပန်းချီကား ရနိုးနိုးနဲ့ သူဌေးဟာ တစ်လ တစ်ခါလောက် ဆိုင်သွားသွား မေးရ ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ပြည့်တဲ့အချိန်ကို ရောက်လာ ပါတယ်။ ပန်းချီဆရာရဲ့ ဆိုင်ကိုလာပြီး ပန်းချီကား ပြီးပြီလားလို့ သူဌေးက မေးတော့ ချက်ချင်းပဲ စက္ကန့် ၃၀ အတွင်း အင်မတန် ရသမြောက်တဲ့ ပန်းချီကား တစ်ကားကို ရေးဆွဲပေးလိုက်ပါတယ်။ ဒါနဲ့ စက္ကန့်သုံးဆယ်သာ အချိန်ကုန်တဲ့ ယင်း ပန်းချီကားအတွက် ၁ နှစ်တောင် စောင့်ခိုင်းခဲ့တာမို့ ဒေါသ ထွက်တဲ့ သူဌေးက ပြဿနာ ရှာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ ပန်းချီဆရာဟာ သူ ယခင်က ဆွဲထားတဲ့ (လက်ရှိဆွဲပြီးတော့ ပုံလောက် ရသမမြောက်သေး တဲ့) ကြောင်ပုံ ပန်းချီကားပေါင်း အချက် ၆၀ ကျော်ကို ပြသခဲ့ပါတယ်။ ယင်းဟာ ပန်းချီဆရာ အနေနဲ့ တစ်နှစ်ပတ်လုံး ယခုလို စက္ကန့် ၃၀ အတွင်း ဆွဲလိုက်လို့ ရလိုက်တဲ့ ပန်းချီကားလို ကောင်းအောင် ကြိုးစား ကျင့်ကြံခဲ့ရခြင်း ဖြစ်ပါတယ်။

သင်ခန်းစား ၁

လူတစ်ယောက်ရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်နဲ့ အလုပ်ကြာချိန်တစ်ခုတည်းနဲ့ တွက်ချက်စဉ်းစားလို့ မရပါဘူး။ ဥပမာ ကုန်ထမ်း ဝန်ထမ်း တစ်ဦးရဲ့ တစ်နေ့ ၈ နာရီ အလုပ် ရလဒ်နဲ့ ယင်း ကုန်ပစ္စည်း တီထွင်ဖန်တီးတဲ့ ပညာရှင် တစ်ဦးရဲ့ တစ်နေ့ ၈ နာရီ အလုပ် ရလဒ်ဟာ မတူညီပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်အား တန်ဖိုးကို ဖြတ်တဲ့အခါ ကြာချိန်ထက် အကျိုးသက်ရောက်မှု ရလဒ် (Result and effect) ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။

သင်ခန်းစား ၂

အကောင်းဆုံး ဆိုတဲ့ ရလဒ်များရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်ပါဘူး။ လူချင်းတူပြီး ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်နေတာချင်းအတူတူ သူက ကိုယ့်ထက် ပိုလို့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေရင် ထူးချွန်ထက်မြတ်နေရင် ဒါဟာ သူ့ရဲ့ ကြိုးစား လေ့လာ သင်ယူမှုက ကိုယ့်ထက် ပိုအားများနေလို့ ဆိုတာ သိနိုင်ပါတယ်။

သင်ခန်းစာ ၃
တောင်အပေါ် ရောက်ဖို့တက်တဲ့အခါ တစ်စုံတစ်ယောက်က တွန်းအားပေးလို့ တက်ရင် အပေါ်ကိုတော့ အချိန်တိုအတွင်း ရောက်သွားပါလိမ့်မယ်။ သို့ပေမယ့် လမ်းတစ်လျှောက်က သဘာဝအလှ အရသာများကို မခံစားခဲ့ရတဲ့အတွက် ပန်းတိုင်ရောက်သည့်တိုင် အောင်မြင်မှုရဲ့ အရသာကို သေချာ မရ ပါဘူး။ အလုပ် တစ်ခုကို ဖြစ်မြောက်ဖို့ ကြိုးစားတဲ့အခါ အခက်အခဲများ၊ တွေ့ရှိမှုများကို စိတ်ရှည်ရှည် လေ့လာ ပြီး ပန်းတိုင်ကို ရောက်အောင်သွားခြင်းက မိမိရဲ့ အောင်မြင်မှုကို ပိုလို အားရ ဂုဏ်ယူမိမှာ ဖြစ်ပါတယ်။

သင်ခန်းစား ၎

လက်ဘက်ကောင်းကောင်း စားချင်လျှင် ပလောင် တောင်တက်နှေးရသလို အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့အရာများ၊ စိတ်ကူးယဉ်အိပ်မက်များ လက်တွေ့ ဖြစ်လာဖို့ စိတ်ရှည်ရှည်နဲ့ တစ်စိုက်မက်မက်နဲ့ သေချာ အားထုတ် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

.
အောင်ခမ်း (ရိုးရာလေး)
www yoyarlay.com 
 

လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ

$
0
0



လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်း
အေးခဲသွားမှာဖြစ်ပါတယ်။
ေေ

ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ အချင်း (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။

--
Ref : Dailymail
@z(ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1

တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်

$
0
0

                                   

 မည်သည့်မျက်နှာပြင်တွင်မဆိုတောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ်ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာချက် အသစ်တစ်ရပ်အရသိရသည်။

အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။
 

တောက်တဲ့များသည် ၎င်းတို့၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေးအမှင် များဆန့်နိုင်မှုတို့ကြောင့်မည်သည့်မျက်နှာပြင်တွင်မဆိုတွယ်ကပ်နေနိုင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြားသည်။
 

ဖော်ပြပါအချက်များကြောင့် တောက်တဲ့များသည်၎င်းတို့၏ ခြေဖဝါးများကို လျင်မြန်စွာ ကပ်၊ ခွာပြုလုပ်နိုင် သဖြင့် မျက်နှာပြင်များတစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ်အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟုဆိုသည်။


တောက်တဲ့များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ် ထားကြောင်း၊ ရှေးဟောင်းဂရိခေတ် ကတည်းက လူများသည် တောက်တဲ့များ နံရံများပေါ်တွင်မည်ကဲ့သို့တွယ်တက်နိုင်သည်ကို အံ့ဩလာကြ ကြောင်းအလက်စ်ဂရီးနီးက ပြောကြားသည်။


တောက်တဲ့များသည် ခြေချောင်းအမွေးအမှင်များ၏မော်လီကျူးများမှလာသည့် အီလက်ထရွန်များနှင့် နံရံမော် လီကျူးများမှ လာသည့် အီလက်ထရွန်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဓာတ်ပြုရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြုပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည်ဟုအမေရိကန် စက်ရုပ်ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၂၀၀၀ ပြည့်နှစ်တွင် တညီ တညွတ်တည်းအတည်ပြုခဲ့ကြသည်။

https://www.facebook.com/MyawadyNew/photos/a.469840836450969.1073741826.27025

သွားဖုံးသွေးယို၊ နှာခေါင်း သွေးလျှံခြင်းများ ဖြစ်ခဲ့လျှင် လုပ်ဆောင်ရမည့် အချက်များ

$
0
0

                    
 

ဒေါက်တာ လွင်သန့် (ဆေး-၂)

သွားဖုံးသွေးယိုခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဟာ ယေဘုယျအားဖြင့် တူသယောင် ရှိပေမဲ့ တစ်ခုနဲ့တစ်ခု အကြောင်း သက်ဆိုင်မှု ရှိပါတယ်။

ထိခိုက်ဒဏ်ရာရလျှင် နှစ်ခုလုံး ယှဉ်ပြီး တွေ့နိုင်တယ်။ တချို့က သွားတိုက်တာ ကြမ်းလို့ သွေးယိုတယ်။ တချို့က သွားရောဂါကြောင့် သွေးယိုတယ်။

နှနှာေ
ခါင်း သွေးလျှံတာ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။ နေပူထဲ မျောက်ရှုံးအောင် ဆော့တော့ အတွင်း အပူချိန်တက်ပြီး၊ အပူရှပ်တဲ့ လက္ခဏာ အဖြစ် နှာခေါင်း သွေးလျှံတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် သွားဖုံး သွေးယိုခြင်းကို ခြောက်လမှာ တစ်ကြိမ်လောက် သွားဆရာဝန်နဲ့ စစ်ဆေးသင့်တယ်။ သွားခြေမှာ ကျောက်ဖြစ်ခြင်းနဲ့ သွားဖုံးရောင်ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွားဖုံးများကြားမှာ သွားချိုးငြိတွယ် နေပါက သွားဖုံးရောင်ခြင်းဖြစ်ပြီးသွား ကျွတ်ထွက်သွားနိုင်တယ်။ ကလေးငယ်များ သွားလဲချိန်မှာ အရေး မကြီးပေမဲ့ လူကြီးသွားဘဝ ရောက်လာရင် ဗက်တီးရီးယားကြောင့်၊ သွားပိုးကြောင့် သွားဖုံးရောင်ပြီး သွားယိုင်နဲ့ လာကာ သွားခိုင်မာမှု လျော့စေတယ်။ တချို့ကတော့ နှပ်ညှစ်ရင် နှာခေါင်းသွေး ယိုနိုင်သလို၊ သွားဖုံးသွေး ယိုတတ်တယ်။

နာတာရှည် သွားဖုံးရောဂါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ပြီး အချို ကြိုက်တတ်တယ်။ ကာဗိုဟိုက်ဒရိတ်ကို မွမ်းမံပြင်ဆင်ထားတဲ့ ဘီစကွတ်၊ ကိတ်မုန့်၊ မုန့်အချိုတွေကို အလွန်အမင်း မစားသင့်ပါဘူး။ အစားအစာနဲ့ သောက်ရေမှာ ဖလူရွိုက် မပါရင်လည်း မဖြစ်သလို များလို့လည်း မဖြစ်ဘူး။ အပင်ရဲ့ ဓာတ်မြေသြဇာက ဘေးထွက်ပစ္စည်း အနေနဲ့ သဘာဝမြေသြဇာ ထွက်ရှိတာမှာ ဖလူရွိုက်ပါတယ်။ ဖလူရွိုက်ဟာ သွားများ အပေါက်ဖြစ်ခြင်းကို လျော့စေတယ်။ သောက်သုံးရေထဲပါရင် အဆိပ်အတောက် ဖြစ်နိုင်တယ်။ ဒါကြောင့် သွားပေါက်ခါစ ကလေးငယ်တွေ သွားတိုက်ရင် စနစ်တကျ တိုက်သင့်တယ်။ လက်လွတ်စပယ် လူကြီး သွားတိုက်တံနဲ့ အတင်းထိုးနှံခြင်း၊ တိုက်ခြင်း မလုပ်ရ။


 နေ့စဉ် သန့်စင်တဲ့ ရေခြောက်ခွက်သောက်ပါ။ နွယ်ချိုဝါးရင် သွားနဲ့သွားဖုံး သန့်ရှင်း စင်ကြယ်စေပြီး ခံတွင်းမှာ မလိုလားတဲ့ ဗက်တီးရီးယားများ ပေါက်ပွား စေခြင်းကို ဟန့်တားပေးတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ အသီးအနှံများမှာ ပန်းသီး၊ ကတွတ်သီး၊ သဖန်းသီးနဲ့ ချယ်ရီသီးကဲ့သို့ အသီးအနှံမှာ ဗီတာမင်စီ ကြွယ်ဝတယ်။ ယင်းတို့ဟာ ကျန်းမာတဲ့ သွားဖုံးနဲ့ သွားများ ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေတယ်။ ဗီတာမင်စီဟာ သွေးခဲ ဓာတ်ပစ္စည်း ၁၂ မျိုး ထွက်ရှိလာဖို့ လှုံ့ဆော်နိုင်တာမို့ နှာခေါင်းသွေးလျှံ ရောဂါမှာလည်း အဓိက သောက်သုံးသင့်တဲ့ အာဟာရ ဖြစ်ပါတယ်။

 

ဆောင်သင့်တဲ့ အရာများမှာ ထမင်းစားပြီးတိုင်း အသီးအနှံ တစ်မျိုး စားပေးပါ။ ပန်းသီး အကောင်းဆုံး ဖြစ်တယ်။ အသီးအနှံစားခြင်းဖြင့် တံတွေးထုတ်မှု များလာပြီး အယ်လကာလိုင်း ဖြစ်လို့ ဗက်တီးရီးယား များကြောင့်ဖြစ်တဲ့ အက်စစ်ဓာတ်ကို ချေဖျက်ပေးတယ်။ အက်စစ်ဓာတ်ဟာ သွားပိုးစားခြင်းကို ဖြစ်စေတယ်။ ဆိုဒီယမ်လာနိုင်းဆာဖိုက် ပါရှိတဲ့ သွားတိုက်ဆေးဟာ ပါးစောင် အမြှေးကို ပါးလွှာစေပြီး သွားဖုံးတစ်သျှူးများ ထိခိုက်မှု ဖြစ်စေတယ်။ ကယ်လ်ဆီယမ်အောက်ဆိုဒ် ဆေးလုံးကို သွားတိုက်ဆေးပေါ် ညှစ်ချ သွားဖုံးကို တိုက်စေခြင်းဖြင့် သွားဖုံး ခိုင်မာစေတယ်။ 

ဗီတာမင်စီပါတဲ့ ဆေးဝါးတချို့မှာ သကြားအုပ်ထားပါက ဝါးစားတဲ့ အခါ ကြွေလွှာထိခိုက်စေပြီး သွားဖုံးကျန်းမာရေးကို အဟန့်အတား ဖြစ်စေတယ်။ အရည်အသွေး ကောင်းမွန်တဲ့ အီလက်ထရွန်နစ် သွားပွတ်တံ သုံးပါ။ နေ့စဉ် ခံတွင်းကျန်းမာရေး အတွက် သွားကြားညှပ် ကြိုးနဲ့ သဘာဝ လက်ဖက်စိမ်း ခံတွင်းသန့်ဆေးရည် အသုံးပြုပေးရမယ်။ နေ့စဉ် လက်ဖက်စိမ်း အဆီနဲ့ လေးညှင်းဆီ တစ်စက်စီကို ရေနွေးနွေးမှာထည့်ပြီး အာလုတ်ကျင်းသင့်တယ်။ အချို့ ခံတွင်းသန့်ရှင်း ဆေးရည်များ သုံးနိုင်တယ်။ ရှားစောင်းလက်ပပ်ပါတဲ့ သဘာဝ သွားတိုက်ဆေး၊ တမာသွားတိုက်ဆေးများ သုံးနိုင်တယ်။ သွားဆရာဝန်နဲ့ ပြပါ။ နှာခေါင်းသွေးလျှံသူများ နှာခေါင်းမညှစ်ရ။ နား နှာခေါင်း လည်ချောင်း အထူးကုနဲ့ ပြသင့်ပါက ပြရမယ်။ ။

https://www.facebook.com/MyawadyNew/photos/a.469840836450969.1073741826.27025

ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်အဖွဲ့အား သီတဂူဆရာတော်မိန့်သည့်စကား

$
0
0




အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ


လူကြီးမင်းများခင်ဗျား၊
 
ကောင်းသောနံနက်ခင်းပါ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်
======================
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့ အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကို အခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ
===============================

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသား တုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။


လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ
============================

ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာ တိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲဖြစ်ပါတယ်။

 
မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်းကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။

ကမ္ဘာ့ကြောက်စရာကောင်းဆုံးသော ဘာသာတရားတစ်ခု ရှိနေ
===========================================

Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ အနှစ်လေးဆယ်ကြာ ခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

မွတ်စလင်နိုင်ငံထူထောင်ဖို့ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ
=================================

အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ
==========================
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်ကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။


အင်္ဂလိပ်တွေထားခဲ့တဲ့ ဆိုးမွေ
========================
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။


ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်
===============================
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။


ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

 
နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင်လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ၀ိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

စစ်ကိုင်း၊ မြန်မာ

www.thesitagu.org



ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၁-၈-၂၀၁၄
 

အတိတ်မေ့သွားပေမယ့် အတိတ်သစ်များ ဖန်တီးပေးနိုင်တဲ့ ချစ်သူ

$
0
0




ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အပြင်က လက်တွေ့ ချစ်သူ နှစ်ဦး ဖြစ်ပါတယ်။ အမျိုးသမီး ဖြစ်သူက Krickitt လို့ အမည်ရပြီး အမျိုးသားက Kim ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့အချိန်က အမျိုးသမီးဟာ ၂၄ နှစ်၊ အမျိုးသားက ၂၇ နှစ် ဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြောင့် နှစ်ယောက်သား ကား အက်ဆီးဒန့် တစ်ခု ကြုံတွေ့ခဲ့ရ ပါတယ်။ အမျိုးသမီး ဖြစ်သူဟာ အိမ်ထောင်ကျပြီး နှစ်နှစ်အတူ နေထိုင်ခဲ့ကြတဲ့ အမှတ်တရ အားလုံး အတိတ်အားလုံးကို မေ့သွားပါတယ်။ Kim ကတော့ မမေ့ ပါဘူး။

လက်ထက်ပွဲ ဗီဒီယိုခွေများ ပြန်ကြည့်သည့်တိုင် Krickitt မှာ အေးဆက်ဆက် နှစ်လုံးသား တစ်စုံသာ ရှိပါတော့တယ်။ ချစ်သူကို မစွန့်လွတ်နိုင်တဲ့ Kim ကတော့ သူမကို ပြန်လက်ခံနိုင်ဖို့ ကြိုးစားပါတယ်။ ယင်း ကြိုးစားမှုက အတိတ်များကို ပြန်လည်အမှတ်ရစေဖို့ မဟုတ်ပါဘူး။ သူမကို Kim ဟာ တကယ်ချစ်ကြောင်း သိစေဖို့ ဖြစ်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်ကြိုးစား မှုကြောင့် ချစ်သူတွေ ပြန်ဖြစ်သွားပါတယ်။ အတိတ်ကို သတိရလို့ ပြန်တွဲတာ မဟုတ်ပါဘူး။ သူမဟာ အချစ်စစ်ကို အတိတ်မေ့ပြီး ဘ၀ သစ် တစ်ခုမှာ ပြန် လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၃ နှစ်ကြာမှ အိမ်ထောင် နောက် တစ်ခါ ပြန်ပြုပါ တယ်။ ယခုတော့ သားသမီးတွေပါ ရှိနေပါတယ်။ ငယ်စဉ်က ချစ်ကြိုက်ခဲ့ တာတွေ၊ ပထမ တစ်ကြိမ် အိမ်ထောင်ပြုပြီး အမှတ်တရများ သူမဆီမှာ မရှိပါဘူး။ သို့ပေမယ့် ၁၈ နှစ်တာ အမှတ်ရစရာများ ဖြစ်ရပ်များက သူမ တစ်ဘ၀ စာ အတွက် လုံလောက်ကြောင်း ပြောဆိုဝန်ခံပါတယ်။ သားသမီးတွေတောင် ရှိနေပါပြီ။

အမေရိကန်က Kim နဲ့ Krickitt တို့ရဲ့ ဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပြီး The Vow လို့ အမည်ပေးထားပါတယ်။ ၂၀၁၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ယင်း ရုပ်ရှင်ဟာ ကမ္ဘာ့စံချိန်တင်ရလောက်အောင်အောင်မြင်ခဲ့ ပါတယ်။ သူတို့ရဲ့ အကြောင်းအစုံအလင်ကို အောက်ပါ လခ့်နှစ်ခုမှာ ၀င်ရောက် ဖတ်ရှု နိုင်ပါတယ်။
http://www.dailymail.co.uk/tvshowbiz/article-2733142/Mother-five-Katie-Price-shows-incredible-figure-skimpy-underwear-three-weeks-giving-birth.html
http://en.wikipedia.org/wiki/The_Vow_%282012_film%29

အောင်ခမ်း (ရိုးရာလေး)
 

ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံး

$
0
0
မျှော်လင့်ချက်၊ ရှုံးပွဲ၊ ဒေါသနှင့် အသက်တစ်ချောင်း

အယ်လ်ဂျီးရီးယားလိဂ် ပြိုင်ပွဲမှာ ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံးသွားခဲ့ရပါတယ်။ ယူအက်စ်အမ်အယ်ဂျာကို ကာဘိုင်လီအသင်း (၂-၁)ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက ကစားသမားတွေ အ၀တ်လဲခန်း သွားရာလမ်းတစ်လျှောက် အရာဝတ္တုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီလို ပစ်ပေါက်ကြရာမှာ အရာဝတ္တုတစ်ခုက ကာဘိုင်လီတိုက်စစ်မှူး အီဘော့ဆေးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပါတယ်။

ဦးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ အီဘိုဆေးကို ဆေးရုံတင်ပို့ခဲ့ပေမယ့် အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း တီဇီအိုဇူးမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အီဘိုဆေး သေဆုံးရခြင်းအတွက် အရာဝတ္တုနဲ့ ပစ်ပေါက်သူကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

@z (ရိုးရာလေး)
Ref:bbc


 မူရင်း=https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင်

$
0
0


      
တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

သူ့ကို Zombie Fungi လို့ အမည်ပေး ထားပါတယ်။ လူကိုတော့ effect မဖြစ်ပါဘူး။ ပုရွတ်ဆိတ်တွေကိုတော့ Zombie ဖြစ်အာင် ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပုရွတ်ဆိတ်တစ်ကောင်ကို ကိုက်ပြီးရင် သူ့ရဲ့ စိတ်ကိုပါ ထိန်းချုပ် နိုင်သွားပါတယ်။ သို့ပေမယ့်လည်း အချိန်အတိုင်းတာ တစ်ခုအထိပါ။ ယင်းသို့ ပြောင်းလဲသွားတဲ ပုရွတ်ဆိတ်ဟာ အင်မတန် သန်မာ သွားပြီး အခြား ကြီးကြီးမားမားအကောင်တွေကိုပါ တိုက်ခိုက် နိုင် သွားပါတယ်။

ဒါကြောင့် သူတို့ ကိုက်သတ်လိုက်တဲ့ ဓားခုတ်ကောင်၊ လိပ်ပြာ တို့လို အကောင် ငယ်တွေဟာ သေတဲ့အခါ ပုံမှန်အတိုင်းမဟုတ်ပဲ ကိုယ်ကနေ အမြစ်ထွက် သလိုမျိုး ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကို ပေါ်ထွက် စေပါတယ်။ ဒါကြောင့် Zombie Fungi ကို သက်ရှိ သွေးစုပ်ဖုတ်ကောင် သက်ရှိ တစ်မျိုး အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။

////



http://youtu.be/XuKjBIBBAL8

Aung Kham (MM Social Sky)


https://www.facebook.com/MyanmarNewsAgency/photos/a.579092198780225.1073741825

ချစ်ခြင်းအားဖြင့်(ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖျော်ဖြေပွဲ)

$
0
0


 
ထူးအိမ်သင်ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် ဖျော်ဖြေပွဲမြင်ကွင်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ဝေဖန်ငြင်းခုံမှုတွေ ပွက်လောရိုက်ခဲ့တဲ့ ထူးအိမ်သင်အမှတ်တရရှိုးပွဲဟာ တချို့ပရိသတ်တွေကို အံ့အားသင့်စေလောက်အောင်ဖြစ်ခဲ့တယ်လို့ ပြောရမယ်။ 
 
ပွဲမတိုင်ခင်ဂီတလောကနဲ့ပရိသတ်တွေကြားနားလည်မှုလွဲမှားတာတွေ၊ တိုက်ခိုက်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ထူးအိမ်သင်အမှတ်တရပွဲဟာ တကယ်ပဲ ခမ်းခမ်းနားနားဖြစ်ခဲ့ပါတယ်။

ပွဲမစခင် နာရီဝက်လောက်အလို ဖျော်ဖြေမယ့်ကွင်းထဲရောက်တော့ Selfie ယဉ်ကျေးမှုနဲ့ ယဉ်ပါးနေတဲ့လူတွေ ကွင်းထဲမှာ ဓာတ်ပုံတွေ တဖျပ်ဖျပ်။ အမှတ်တရပွဲကို တခုတ်တရနဲ့လာတဲ့ တချို့ပရိသတ်တွေက ထူးအိမ်သင်ရဲ့ sketch ပုံကြမ်းလေးတွေပါတဲ့ Tshit ဆင်တူတွေနဲ့။ ငါးနာရီခွဲလောက်မှာ ဖျော်ဖြေရေးစင်ဘက်က ဒရမ်တွေ၊ဂစ်တာသံတွေစမ်းတဲ့ အသံအုပ်အုပ်ထွက်လာတော့ ပရိသတ်တော်တော်များများဝင်ပေါက်မှာ စီတန်းပြီးသားဖြစ်သွားတယ်။

အဲဒီအချိန်မှာပဲ ပရိသတ်ရင်းနှီးတဲ့ ဂစ်တာသံစဉ်တစ်ခု  စင်ပေါ်ကနေလွင့်လာတယ်။အမေ့ရဲ့ဒုက္ခအိုးလေးနဲ့ ဂစ်တာစမ်းနေတာက အိုင်စီကဆရာချစ်။  ဆရာချစ်ကိုတွေ့တာနဲ့ ကွင်းထဲကလူတွေ တဟေးဟေးနဲ့။ အိုင်စီက ဘိုးတော်တွေ စတိုင်တော့ အပြည့်ပဲ တစ်ဝိုင်းလုံးနီးပါးဦးထုပ်ကိုယ်စီနဲ့။
ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ကောက်တီးပြီး စင်ရှေ့ပြေးထွက်လာတာက မျိုးကြီး။ မှော်ဆရာအိပ်မက်ထဲက သွားကွယ်ဆိုတဲ့ Rock သီချင်းကို အိုင်စီလက်နဲ့ပြန်ဆန်းသစ်ပြီး  မျိုးကြီးရဲ့ပြင်းရှရှ vocal နဲ့ဆိုတော့မိုက်နေရော။ ပရိသတ်တွေအုန်းအုန်းထပေါ့။ မျိုးကြီးပြီးသွားတော့ Slash ဦးထုပ်နဲ့ လေးဖြူကြီးရောက်ချလာတယ်။ မင်္ဂလာပါဘာညာနှုတ်ဆက်ပြီးတော့ ကိုငှက်ရဲ့ ရော့ခ်အင်ရိုးအပျိုမကိုဆိုတယ်။ဒီလိုသီချင်းကို လေးဖြူဆိုမှတော့ပြောစရာ မလိုလောက်အောင်ပါပဲ။ စင်ပေါ်မှာ မိုက်စတန်းကြီးကိုင်ပြီး ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်နဲ့ ဆရာသမားတော်တော် Feel၀င်နေတဲ့ပုံပဲ။ တော်တော်မိုက်ပါတယ်။ 

အဲဒီနောက် အိုင်စီနဲ့အတူ  ၀ိုင်ဝိုင်းတက်လာတယ်။ လူတွေကြားထဲ သိပ်ရေပန်းစားတဲ့ မေ့လိုက်တော့ဆိုတဲ့သီချင်း။ သီချင်းကြားတော့ ငယ်ငယ်ကဂစ်တာဝိုင်းမှာ အစ်ကိုတွေနဲ့ တူတူအော်တဲ့ အမှတ်တရလေးတွေ ပြန်လွမ်းရတယ်။ သိပ်ပေါက်တဲ့ သီချင်းတွေ။တစ်ခါတလေ စာသားကပြောင်းကပြန်ဖြစ်တတ်သလိုပဲ ၀ိုင်ဝိုင်းစာသားတွေ ခလုတ်တိုက်ဆိုတော့ အောက်က ပရိသတ်တချို့ ၀ူးဝူးဝါးဝါးအသံတွေ ထွက်လာတယ်။လုံးဝကို အမှားမခံကြတာ။ ပြီးတော့ အငဲ။

ကိုငှက်ရဲ့မုဒ်သိပ်ကောင်းတဲ့ အိပ်မက်။ ဒီသီချင်းက တစ်ပုဒ်လုံးမှာတော်တော်ခက်တဲ့ဆိုပေါက်တွေဖြစ်ပေမယ့် အငဲနဲ့ တော်တော်လိုက်ပါတယ်။ Chorus ကစာသားတွေ တစ်ကွင်းလုံးလိုက်အော်ကြတယ်။ ဒါပြီးတော့ လေးဖြူက အဆိုတော်တစ်ယောက်ကို ပရိသတ်နဲ့ မိတ်ဆက်ပြီးတင်ပေးလိုက်တယ်။ ဒေးဗစ်ခွန်နောင်။ ဒေးဗစ်ခွန်နောင်အကြောင်းသိတဲ့ပရိသတ်တွေလက်ခုပ်တီးပြီးကြိုကြတယ်။ နာရီသံတွေဆူညံလွန်းတယ်..ရင်ခုန်သံတွေမြန်တယ်အချစ်ရေဆိုတဲ့ နာရီပေါ်ကမျက်ရည်စက်များ အင်ထရိုစာသားကြားတာနဲ့ ပရိသတ်တွေ တပျော်တပါးပဲ။ သူ့အသံက လည်း ထူးအိမ်သင်စင်ပေါ်ရောက်နေသလားပဲ။ ကိုငှက်သီချင်းကို တစ်ပုံစံတည်းနားထောင်ချင်တဲ့ ပရိသတ်တွေအားရတဲ့ သီချင်းပေါ့။ အိုင်စီအလှည့် ခဏလေးနဲ့ပြီးသွားသလိုပဲ။

သူတို့အလှည့်ပြီးသွားတော့ ပွဲထိန်းဆရာ ကိုမောင်မောင်အေးထွက်လာတယ်။ ကိုငှက်ရဲ့အမှတ်တရတွေ ဂုဏ်ပြုချီးကျူးစကားကိုပြောပြီး မျှော်လင့်မထားတဲ့အစီစဉ်လေးတစ်ခုလုပ်တယ်။ ပရိသတ်တွေ ချစ်ကြလေးစားကြတဲ့ ကိုငှက်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တစ်မိနစ်ငြိမ်သက်ရအောင်ပါဆိုပြီး ခေါင်းလေးငိုက်စိုက်ချပြီး စင်ပေါ်ရပ်နေတယ်။ အောက်ကပရိသတ်တွေလဲ ကျွက်စီကျွက်စီဖြစ်နေရာက အသံတွေတိုးတိတ်။ အားလုံးငြိမ်သက်။ ဒါပြီးတော့  The tree အဖွဲ့သားတွေနဲ့ရေဗက္ကာဝင်း မေ့မရပြီစိတ်မှာစွဲဆိုတဲ့ မင်းမရှိတဲ့နောက်။ပြီးတော့ နောက်တစ်ပုဒ်။ပြီးတော့ စည်သူလွင် မြို့ပြညများနဲ့ မျှော်လင့်ချက်သာမထားခဲ့ရင်။နောက် နီနီခင်ဇော်။

 နွေဦးကံ့ကော် ။ ဒီအပိုင်းထိဆိုတဲ့ လူတွေအားလုံးအိုကေ။ပုံမှန်ဆိုတီးလောက်ပဲ အမှားအယွင်းမရှိ။သီချင်းပျက်တာမျိုးမရှိတာကလွဲလို့ သိပ်အားရစရာကြီးတော့မဟုတ်ဘူး။ အဲ့ဒီသီချင်းတွေတိုင်းမှာ ကိုငှက်ရဲ့အရိပ်တွေမမေ့နိုင်တဲ့ပရိသတ်တွေ အတွက်တော့ အဆင်ပြေနိုင်လောက်တာမျိုးမဟုတ်ဘူး ။ဒါပေမဲ့တစ်ခုသတိထားမိတာက အဆိုတော်တွေ သီချင်းတွေကိုဂရုတစိုက်တော့ရှိကြတာတွေ့ရတယ်။

ပြဿနာက ကိုငှက်လိုမုဒ်မျိုးနဲ့ နားမထောင်ရတာပဲ။ စာသားအလုံးတိုင်းမှာ သူ့လို ဂရုတစိုက်စိတ်နှစ်ပြီးဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။
သူတို့ပြီးတော့ ဘန်နီဖြိုး။ သိကြတဲ့အတိုင်းပဲ ပွဲမတိုင်ခင်ကတည်းက ဝေဖန်ခံထားရတဲ့ ဘန်နီဖြိုးစင်ပေါ်ရောက်တာနဲ့ တစ်ယောက်စနှစ်ယောက်စ လှမ်းအော်တာကြားရတယ်။ ဘန်နီဖြိုးက ကလေးရယ်ဆိုတဲ့ သီချင်းဆိုတယ်။ chorusရောက်တဲ့အထိ လက်ခုပ်သံဘာညာသိပ်မကြားရဘူး။ သူဘယ်နားမှားမလဲစောင့်နေကြပုံပဲ ။ သီချင်းဆုံးသွားတော့ မှ လက်ခုပ်သံတွေထွက်လာတယ်။
ပရိသတ်တွေလက်ခံနိုင်လောက်အောင်ဆိုပြသွားတယ်။ဒီသီချင်းက ဘန်နီဖြိုးနဲ့ အံ့သြလောက်အောင်လိုက်သွားတယ် ပြောရမယ်။ သီချင်းဆုံးသွားတော့ အနောက်ကနေကြည့်နေတဲ့ ပရိသတ်တစ်ယောက် အသံထွက်လာတယ်။ မထင်ရဘူးဟတဲ့။

အဲ့ဒီနောက်တော့ ချမ်းချမ်းက ရှေ့မှာ ဒေးဗစ်ခွန်နောင်ဆိုတဲ့ ‘နာရီပေါ်က မျက်ရည်စက်များ’ထပ်ဆိုတယ်။ အာဇာနည်က ကွာတားဘောင်းဘီနဲ့ ဂစ်တာတစ်လက်လွယ်ပြီး ခွင့်မပြုရယ် ရှေ့မှာ ၀ိုင်ဝိုင်းဆိုတဲ့ မေ့လိုက်တော့ရယ်ထပ်ဆိုတယ်။ အဆိုတော် တွေ သီချင်းတိုက်နေ၊ ထပ်နေတာတွေက ဘာကြောင့်လဲတော့မသိဘူး။

ပြီးတော့ ဂျေမောင်မောင်က ရွှေဆိုတဲ့ သီချင်းဆိုတယ်။ ကီးတော်တော်ချထားတယ်။ ဦးဂျေကြီးလည်းတာဝန်ကျေအောင် ဆိုတယ်။ ပွဲ Tempo က အိုင်စီရှေ့ဆုံးက၀င်သွားပြီး ရော့ခ်တွေအမြူးတွေချည်း ဆိုသွားတာကြောင့် လားမသိဘူး နောက်ပိုင်းတွေ တော်တော်လေးလာသလိုခံစားရတယ်။ တစ်ယောက်ပြီး တစ် ယောက် ဘာထူးထူးခြားခြားလုပ်မလဲမျှော်လင့်ပေမယ့် ပုံမှန်လေး ဂရုတစ်စိုက်ဆိုသွားကြတာပဲရှိတယ်။အဆိုတော်တိုင်းလိုလို စကားတွေဘာတွေ  စင်ပေါ်မှာအများကြီးပြောကြတာမရှိဘူး ။

ပြီးတော့ ထူးအိမ်သင်ရဲ့ညီဒီမွန်ကညီလေးရေသီချင်းနှစ်ပုဒ်တစ်ဆက်တည်းဆိုတယ်။
ဒီမွန်ကဒေးဗစ်ခွန်နောင်လောက်ကောင်းတာတော့မရှိဘူး။ ဒါပေမဲ့ ထူးအိမ်သင်ဆိုပေါက်တွေနဲ့အတတ်နိုင်ဆုံး တူအောင်ဆိုတယ်။ သူနဲ့အောက်ကပရိသတ်တွေ အဲဒီသီချင်းတွေ အတူတူဆိုကြတယ်။  သူ့အလှည့်ပြီးတော့ ထူးအိမ်သင်ရဲ့သမီးလေးမိကွန်ထောလေးကို မောင်မောင်အေးကစင်ပေါ်ခေါ်လိုက်တယ်။ ဂါဝန်အဖြူလေးနဲ့ကလေးလေးလိုချစ်စရာကောင်း တဲ့ မိကွန်ထောလေးက   နှလုံးသားကျမ်းစာနဲ့ နှစ်ပုဒ်ဆိုသွားတယ်။ မိကွန်ထောလေးနဲ့အောက်က ပရိသတ်တွေတူတူဆိုကြတယ်။ မိကွန်ထောလေးက ကိုငှက်ရဲ့  အသံပါရမီအမွေကိုတော့ မရရှာဘူး။သူဆိုပြီးတော့ မောင်မောင်အေးက စင်ပေါ်ကမဆင်းသေးပဲ ကိုငှက်ရှိစဉ်က အမှတ်တရလုပ်ထားတဲ့ ကွန်ကရစ်ပြားလက်ရာပုံစံချပ်လေးစင်ပေါ်တင်လာတယ်။ အဲ့ဒီ ကိုငှက်လက်ရာ ဘယ်၊ညာနှစ်ဖက်ပေါ်မှာ မိကွန်ထောလေးရဲ့လက်ကလေးနှစ်ဖက်နဲ့ထိတွေ့ပေးတယ်။ အဲ့ဒီအခိုက်အတန့်က မိကွန်ထောရောပရိသတ်တွေ စိတ်ထဲ ဘယ်လိုရှိမယ်ဆိုတာပြောစရာတောင် လိုမယ်မထင်ဘူး။

ပြီးတော့ မောင်မောင်အေးက ပရိသတ်သတ်ထဲ ဘောလုံးလေးတွေပစ်ပေးပြီး ဘောလုံးရတဲ့လူစင်ပေါ်တင် ကိုငှက်လက်နဲ့ပေးထိ။
ဒီနောက်ပိုင်း Bandတွေပြောင်းလိုက် အဆိုတော်တွေပြောင်းလိုက်။လက်ခုပ်တွေတီးလိုက်၊ သီချင်းတွေလိုက်ဆိုလိုက်ကြနဲ့တဖြည်းဖြည်းတခြားပြန်ဆိုတေးပွဲတွေနဲ့မခြား ခံစားလာရတယ်။ဒီနောက်မှာတော့တကယ်ထူးထူးခြားခြား ပရိသတ်သတိထားမိလောက်အောင်ဆိုသွားတဲ့အဆိုတော်တချို့ကိုပဲ ရွေးထုတ်ပြောပြချင်ပါတယ်။
အိုင်းရင်းဇင်မာမြင့်၊ ကောင်းကောင်း ပုံမှန်ပါပဲ ။ သူတို့နောက်မှာတော့ ဖြူဖြူကျော်သိန်း။ လေးဇီးကလပ်က ကီးဘုတ်ဆရာနဲ့ KB onlyနဲ့အခါလွန်မိုး။ တီးထားတာလေး တော်တော်မိုက်ပါတယ်။ တကယ်ငြိမ့်တယ်။ တစ်ခုတော့ရှိတယ် အခါလွန်မိုးကိုဖြူဖြူကျော်သိန်းဆိုတော့ ကိုငှက်မုဒ်ကိုတမ်းတမ်းစွဲဖြစ်တဲ့ ပရိသတ်တွေအတွက်တော့ ပြဿနာရှိပါတယ်။ 

အာလုပ်သံသြသြနဲ့ ဖြူဖြူကျော်သိန်းရဲ့အခါလွန်မိုးတော့ ဖြစ်သွားတယ်။ ပရိသတ်တွေ သူ့ပုံစံကိုပဲအားပေးကြတာတွေ့ရပါတယ်။တစ်ကွင်းလုံးရဲ့လိုက်ဆိုတဲ့ အသံက ပွဲထဲမှာ ဟိန်းနေတယ်။
အဲ့ဒီနောက်မှာ ပရိသတ်တွေရဲ့လက်ခုပ်သံတွေသိမ်းကျုံးယူသွားတဲ့ အဆိုတော်တစ်ယောက်က သျှီ။စင်ပေါ်တက်လာတာနဲ့ ကိုငှက်ပွဲကို ပရိသတ်တချို့ပြောကြတာတွေနဲ့ ပတ်သတ်ပြီးစကားနည်းနည်းပြောတယ်။ပြီးတော့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်း သီချင်းဆိုတဲ့အချိန်မှာရှေ့က ဆိုသွားတဲ့ အဆိုတော်တွေနဲ့သူဆိုတာ ဘာကွာလဲတွေ့ရပါတယ်။

တစ်ပွဲလုံးမှာ နှစ်နှစ်ကာကာခံစားပြီးဆိုသွားတာ သျှီတစ်ယောက်ပဲ သိသိသာသာရှိပါတယ်။ စာသားတိုင်း၊ စကားလုံးတိုင်း အလေးအနက်ဆိုထားတဲ့ ကိုငှက်ရဲ့သီချင်းကို သူ့ပုံစံနဲ့သူ အလေးအနက်ထားဆိုသွားတာ တော်တော်မိုက်ပါတယ်။ ဟော်လိုတစ်လုံးထဲနဲ့တွဲဆိုတဲ့ ဒီသီချင်းအဆုံးမှာ ပရိသတ်တွေလက်ခုပ်သံတော်တော်နဲ့မတိတ်ဘူး။ပြီးတော့မောင်မောင်အေး။ မောင်မောင်အေး ဘယ်လိုဆိုမလဲဆိုတဲ့ သံသယတွေ ကင်းသွားအောင် ဆိုသွားတယ်။

သူ့နောက်မှာတော့ SIR က Big Bag။သူတို့လည်း သိပ်စကားအများကြီး မပြောဘူး။သက်ငြိမ်ကို သုံးယောက်တည်းတီးဆိုတယ်။ ကျားပေါက်ဒီသီချင်းကိုတော့ အမြင်မတူတဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ကျားပေါက်တို့  ဖျော်ဖြေတဲ့ပုံစံအသစ်တော့ဖြစ်သွားတယ်။

အဲ့ဒီနောက် Idoits က ရေမွန်။ ရေမွန်က ဦးငှက်ပရိသတ်တွေတော့ ကျွန်တော်တို့ကို သိမှာမဟုတ်ဘူး။ကျွန်တော်တို့ ဦးငှက်သီချင်းကိုဖျက်မှာ မဟုတ်ပါဘူးတဲ့။ ကိုင်တဲ့သီချင်းက ထူးအိမ်သင်ဖန်တီးတဲ့အထဲမှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ မဟာဝီရ အိုဗုဒ္ဒ။ သူတို့ Band က ပုံမှန် player တွေအပြင် အိန္ဒိယဗုံ၊ Tabla နဲ့ ဂစ်တာသမားတစ်ယောက်ထပ်ဖြည့်ပြီး ဖျော်ဖြေတယ်။ပြန်ပြီး Arrange လုပ်ထားတာရောတီးတာတွေ တော်တော်ကြွပါတယ်။ တော်တော်လေးလည်းကောင်းကောင်းတီးနိုင်ကြတယ်။ ဒါပေမယ့် Instrument  တွေကြောင့်လား၊ ဆိုပုံဆိုပေါက်ကြောင့်လားမသိဘူး။ Vocal သံတော်တော်အာရုံစိုက်နားထောင်ရတယ်။ တချို့နေရာတွေ စာသားတွေလုံးနေတယ်။Idiots ကို လက်ခုပ်သံတွေပေးကြတယ်။

အဲ့ဒီနောက် ဇော်ဝင်းထွဋ် Rock တစ်ပုဒ် ဂစ်တာကဖီး။ အင်ပါရာနဲ့ ဦးညီထွဋ်။ ဒီသီချင်းနဲ့ ၀ုန်းတာတော့ တော်တော်မိုက်တယ်။ အဲ့ဒီနောက်မှာ ROS နဲ့ဘိုဖြူ။ ကိုအောင်။ ဒီပွဲမှာနောက်ထပ် အသိအမှတ်ပြုလောက် အောင်ကောင်းတဲ့သူက ကိုအောင်။ အခုထိ အရင်အသံအတိုင်း။ အဲ့ဒီအပြင် ကိုငှက်
အသံကာလာနဲ့ တော်တော်တူတဲ့ကိုအောင်နဲ့ ဒီသီချင်းတွေနဲ့လုံးဝအစပ်အဟပ်တည့်ပါတယ်။ပြီး တော့ ဆုန်သင်းပါရ်။ ဒီပွဲထဲမိုက်တဲ့သူထဲမှာပါတယ်။ အဝေးဆုံးဝေးသွားလဲ။ နောက်ဆုံးနားလေး အမြင့်ဆုံးကီးနဲ့အော်တဲ့နေရာ အရောက်မှာ ပရိသတ်ဆီက လက်ခုပ်သံတွေ ဝေါခနဲထွက်လာတယ်။
ပြီးတော့ ဇော်ပိုင်နဲ့တွဲပြီး ရင်ခုန်ရင်အချစ်။ သူတို့နောက်မှာ ဂျီလတ်။ ငါပြန်ခဲ့ပါပြီ ငါလေပြန်ခဲ့ပြီ ရင်မှာနားလည်ရင်း ငါလေပြန်ခဲ့ပြီ။ ဒီသီချင်းတော့ နားထောင်ရတာတစ်မျိုးပါပဲ။

ပရိသတ်တွေလိုက်ဆိုကြတယ်။ နောက်က တီဗီမှာတော့ ကိုငှက်ရှားရှားပါးပါး ပဲများထားတဲ့ MTV နောက်ခံနဲ့ ဖွင့်ပေးထားတယ်။ ပြီးတော့ ဂျီလတ်က စိုင်းစိုင်းခမ်းလှိုင်ကို ခေါ်လိုက်တယ်။ဂျီလတ်နဲ့ကိုငှက် တွဲဆိုထားဖူးတဲ့ ‘ငါတရားစီရင်တော်မူခန်း’။ဒီသီချင်းကို အားမနာပ ပြောရရင်တော့ တစ်ပွဲလုံးအဆိုးဆုံးထဲမှာပါပါတယ်။ကိုငှက်နေရာက ဂျီလတ် အဆင်မပြေပါဘူး။ဂျီလတ်နေရာမှာ Rapping ၀င်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်လည်း သိပ်အပေါက်အလမ်းမတည့်ပါဘူး။ ပုံစံအသစ်လည်းဖြစ်မသွားပါဘူး။

သူတို့ပြီးသွားတဲ့အချိန်မှာ ကိုမောင်မောင်အေးက ကြေညာမထားတဲ့ အဆိုတော်တစ်ယောက်ကို စင်ပေါ်ခေါ်လိုက်တယ်။နောက်က တီဗီကြီးမှာ ကိုငှက် ရှိုးပွဲတစ်ခုမှာဆိုထားတဲ့ သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်လွှင့်ပေးတယ်။ ဒီအခိုက်အတန့်ကတော့ ကိုငှက် ပရိသတ်တွေအတွက် တကယ်ထိတဲ့အစီအစဉ်လေးဖြစ်သွားတယ်။နောက်ဆုံးပိတ်အနေနဲ့ ကိုငှက်ရဲ့ဂီတညီအစ်ကိုမောင်နှမတွေ စင်ပေါ်စုပြီး ဧရာဝတီအပိတ် သီချင်းနဲ့ပရိသတ်ကိုနှုတ်ဆက်လိုက်ကြပါတယ်။

ဆဲသံဆိုသံဝေဖန်သံတွေညံစီခဲ့တဲ့ကိုငှက်ရဲ့(၁၀)နှစ်ပြည့်ပွဲကအေးအေးချမ်းချမ်းပဲပြီးသွားခဲ့ပါတယ်။
အဆိုတော်တိုင်းလိုလိုလည်း ဒီပွဲမှာ ခါတိုင်းပွဲတွေထက် pressure ရှိနေသလို။အမှားအယွင်းမဖြစ်အောင် တော်တော်ဂရုစိုက်ကြတာတွေ့ရတယ်။တချို့တွေ ထင်ကြသလို ကိုငှက်သီချင်းတွေ ရုပ်ဆိုးလောက်အောင်ပျက်စီးမယ်ဆိုတဲ့အခြေအနေမျိုးလည်းမရှိခဲ့ပါဘူး။ပွဲအစအဆုံးပရိသတ်သောင်းချီပြီး ကွင်းလုံးပြည့်ရှိခဲ့ပြီးအေးချမ်းရာမှာရှိနေမယ့် ကိုငှက်ကတော့ ဒီပွဲကိုကျေနပ်လောက်လိမ့်မယ် ထင်ပါတယ်။
ကိုငှက်တစ်ယောက် သူ့ကိုချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာတွေနဲ့ အေးချမ်းနိုင်ပါစေ။

မူရင်း= http://www.7daydaily.com/story/19120#.U_yfYGOM-Sp

ဆားဝက်ခြံများကို အိမ်တွင်းကုထုံးဖြင့် ဖယ်ရှားနည်း

$
0
0


ပထမဦးစွာ သူငယ်ချင်းများနှင့် မျှဝေချင်တာကတော့ ဆားဝက်ခြံတွေကို အိမ်သုံးပစ္စည်းလေးများနှင့်အလွယ်တကူ ဘယ်လိုနှိမ်နင်းရမလဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်ရှင်

နှာခေါင်းဝန်းကျင် နဲ့ မေးစေ့နားမှာရှိနေတဲ့ ဆားဝက်ခြံတွေကြောင့် မှန်ကြည့်တိုင်း စိတ်ညစ်နေသူများ ရှိကြမှာပါ။ Admin ကိုယ်တိုင်လည်း အဲလိုမျိုးကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် အခု ပြောပြမယ့် နည်းလမ်းလေးကို မှန်မှန်သုံးပြီး ဆားဝက်ခြံများရှင်းလိုက်လို့ အခုဆို မှန်ကြည့်တိုင်း စိတ်ချမ်းသာနေပြီရှင့်။ Ok ! ဆားဝက်ခြံတွေကို ဘယ်လိုမျိုး နှိမ်နင်းရမလဲဆိုတဲ့အကြောင်းလေးမပြောခင် ဆားဝက်ခြံတွေဟာဘာတွေလဲ ? ဘာကြောင့် ဆားဝက်ခြံများ ဖြစ်ပေါ်ရတယ်ဆိုတဲ့အကြောင်းလေး ဦးစွာပထမ ရှင်းပြချင်ပါတယ်။

ဆားဝက်ခြံများဟာ မျက်နှာမျာရှိတဲ့ မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့နေတဲ့ အမဲရောင် (သို့) ၀ါဖန့်ဖန့်အရောင်ရှိသော အစက်အပျောက်လေးများဖြစ်ပါတယ်။ ၄င်းတို့ဟာ ၀က်ခြံဖြစ်ဖို့ ပထမဆုံးအဆင့်လို့လည်း ဆိုနိုင်ပါတယ်။ ၄င်းတို့မှတစ်ဆင့် ၀က်ခြံလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ မည်သည့်အသားအရေမှာမျိုးဆို ဆားဝက်ခြံပေါက်နိုင်ပြီး အဆီပြန်တဲ့အသားအရေမျိုးမှာ ပို၍တွေ့ရများပါတယ်။

ဆားဝက်ခြံများ ဘာကြောင့်ဖြစ်ပေါ်လာရလဲဆိုတော့ သနပ်ခါးများ ၊ မိတ်ကပ်များ ၊ suncream များ အစရှိသဖြင့် အလှကုန်ပစ္စည်းများ သုံးပြီး မျက်နှာသေချာမသစ်လို့ဖြစ်ပါတယ်။ တစ်နေကုန် ထိုအရာများလိမ်းခြယ်ထားသည့်အတွက် အချိန်ကြာလာတဲ့အခါ သနပ်ခါး ၊ မိတ်ကပ်တွေဟာ မျက်နှာမှာရှိတဲ့မွှေးညှင်းပေါက်လေးတွေမှာ ပိတ်ဆို့ပြီး ဆားဝက်ခြံများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာရဲ့အပေါ်ယံ အသားအရေတွင် ဖြစ်တာမဟုတ်ဘဲ အသားအရေ၏အတွင်းထဲတွင် တည်ရှိနေသော အရာများဖြစ်ပါတယ်။ ထို့ကြောင့် သနပ်ခါး ၊ မိတ်ကပ်များ လိမ်းခြယ်ပြီးတိုင်း မျက်နှာကို စင်ကြယ်စွာဆေးကြောပေးဖို့ အလွန်အရေးကြီးပါတယ်။ သို့သော် မျက်နှာကို တစ်နေ့တွင် နှစ်ကြိမ်ထက်ပိုမသစ်သင့်ပါ။တစ်နေ့ နှစ်ကြိမ်ထက် ပိုပြီး မျက်နှာကို ကြိမ်ဖန်များစွာသစ်ပါက အသားအရေ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ပိုဆိုးလာနိုင်ပါတယ်။ ထို့ကြောင့် မျက်နှာကို မနက်အိပ်ယာထချိန် နှင့် အပြင်မှပြန်လာပြီး ညဘက် အိပ်ယာဝင်ခါနီးချိန် ၊ တစ်နေ့နှစ်ကြိမ် မှန်မှန်သစ်ပေးဖို့ လိုပါတယ်။

ဟုတ်ကဲ့။ အခု ဆားဝက်ခြံတွေဆိုတာဘာလဲ ၊ ဘာကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုတဲ့အကြောင်း ရှင်းပြပြီးပြီဆိုတော့ ၄င်းတို့ကိုဘယ်လိုနှိမ်ရင်းရမလဲ ဆိုတဲ့အကြောင်းလေး မျှဝေချင်ပါတယ်။
ဆားဝက်ခြံကို နှိပ်နှင်းရန် လိုအပ်သောပစ္စည်းများကတော့.......

၁။ သွားတိုက်ဆေး
၂။ အိမ်သုံးဆား
၃။ မျက်နှာသစ်ဆေး
၎။ Toner

Step 1 ~ ပထမဦးစွာ မိမိ၏မျက်နှာအား သုံးနေကျ မျက်နှာသစ်ဆေးဖြင့် သေချာစွာ ဆေးကြောသန့်စင်ပါ။

Step 2 ~ သွားတိုက်ဆေး နှင့် အိမ်သုံးဆားအား အနေတော် အချိုးကျရောမွှေပြီး သန့်ရှင်းသောခွက်ထဲ ထည့်ထားပါ။

Step 3 ~ မိမိ၏မျက်နှာပေါ်ရှိ ဆားဝက်ခြံပေါက်နေသောနေရာများအား သွားတိုက်ဆေးနဲ့ဆားအရောအား အနေတော်လိမ်းပြီး ၁၅မိနစ်ခန့်မျက်နှာပေါ်တွင်ထားပါ။လိမ်းလိုက်ပါက သွားတိုက်ဆေးဓာတ်ကြောင့် ပူရှိန်းရှိန်းဖြစ်မည်။ မစိုးရိမ်ပါနှင့်။ သို့သော် ပျောက်ချင်ဇောနဲ့အရမ်းအထူကြီးမလိမ်းရပါ။

Step 4 ~ ထို့နောက် မျက်နှာအားပေါ်ရှိ သွားတိုက်ဆေးနှင့်ဆားအရောအား ရေဖြင့် စင်ကြယ်စွာဆေးကြောပါ။ (မျက်နှာသစ်ဆေးသုံးရန်မလိုတော့ပါ။) ဆေးကြောရာတွင် ဆားဝက်ခြံပေါက်နေသောနေရာများအား လက်ဖြင့်ညှင်သာစွာ ပွတ်၍သော်၎င်း ၊ မျက်နှာသစ်အဖတ်လေးများ သုံး၍သော်၎င်း ၊ သွားတိုက်တံသုံး၍သော်၎င်း ညှင်သာစွာ ဆေးကြောပွတ်တိုက်နိုင်ပါသည်

Step 5 ~ ထို့နောက် နောက်ဆုံးအဆင့်အနေဖြင့် မိမိ၏ သန့်စင်ထားသောမျက်နှာပေါ်အား Toner သုတ်လိမ်းပေးပါ။ ချွေးပေါက်လေးများမကျယ်စေရန်ဖြစ်သည်။

အထက်ဖေါ်ပြပါနည်းလမ်းသုံးပြီး ဆားဝက်ခြံများအား ဖယ်ရှားနိုင်ပါသည်။

***** ထိုနည်းသည် အပေါ်ယံသာဖယ်ရှားပေးနိုင်ပြီး ဆားဝက်ခြံများသည် အရေပြား၏အတွင်းထဲတွင် တည်ရှိနေပါသဖြင့် သူငယ်ချင်းတို့အနေဖြင့် တစ်ပါတ်တစ်ခါ ပုံမှန်လုပ်ပေးရန် အလွန်အရေးကြီးပါသည်။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးပါက တဖြည်းဖြည်း ဆားဝက်ခြံကြောင့် စိတ်ညစ်ရခြင်းမှ ကင်းဝေးလာမည်ဖြစ်ပါသည် *****

Video Tutorial လေးကို ဒီလင့်ခ်မှာကြည့်ရှူနိုင်ပါတယ်နော် >> https://www.facebook.com/photo.php?v=1431991097063140

ကျေးဇူးတင်လျက်.............
~ Angelic ~


မူရင်း=https://www.facebook.com/364484143692148/photos/a.364489287024967.10737418

ကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံ

$
0
0
လူငယ်တွေကို ဖတ်ကြည့်စေချင်တယ်


၂၄ ၂ ၂၀၁၄ နေ့ညက ဥတ္တံတားကျေးရွာ စာပေဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း
(ပုတီးကုန်း) ပြောသွားတာလေးပါ။
 
ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကခလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ခလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ခလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ခလေး
တွေကပျော်တာတယ်ပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။
ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်
မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

အဲဒီလို ငယ်ငယ်လေးကတည်းက သစ်ပင်သစ်တောတွေ မြစ်တွေ တောင်တွေကစပြီး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ချစ်တတ်အောင်သင်ခဲ့ကြတာတဲ့။

အဲဒီကလေးတွေကြီးလာလို့ အရာရှိပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်ကြီးတွေပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် သစ်တောတွေ တောင်တွေ မြစ်တွေ သယံဇာတတွေကို တစ်ခြားနိုင်ငံ

ရောင်းစားမယ့်လူတွေ ဘယ်တော့မှမဖြစ်လာနိုင်တော့ဘူးတဲ့။

ဒါလေးဖက်ကြည့်ပြီးသဘောကျရင်တစ်ခြားသူတွေလည်း ဖတ်ရအောင်
Share ပေးလိုက်ပါ။

Credit to : Ko Aung Lwin
Original Uploader: @ကိုဇင် အဓိပတိပစ္စယော


 မူရင်း=https://www.facebook.com/183769381716549/photos/a.365971570162995.87504.1

#ရုပ်ရှင်ကြည့်ပြီး Englishစာတိုးတက်အောင်လုပ်နည်း

$
0
0


သင် English စာလေ့လာနေပါသလား? တစ်ခါတလေ စာအုပ်တွေချည်းပဲ
ဖတ်ရတာမငြီးငွေ့ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုငြီးငွေ့လာရင် ရုပ်ရှင်ကြည့်ပါတယ်။ဒါပေမဲ့အပျော်သက်သက်ပဲကြီးတာမဟုတ်ပါဘူး။ Englishစာတိုးတက်အောင်ဗဟုသုတ တစ်ခုခုရအောင်ကြည့်တာပါ။ ဒါပေမဲ့ Movie ဆိုတာ Englishစာကိုသိသိသာသာတိုးတက်လာစေနိုင်တဲ့ လက်နက်တစ်ခုမှန်း တော်တော်များများကမသိကြပါဘူး။
အပျော်သဘောအဖြစ်သာကြည့်ကြတာများပါတယ်။သင့်Englishစာ တိုးတက်အောင်Movieကိုဘယ်လိုကြည့်မလဲ? ကျွန်တော် သိသလောက်နည်းလမ်းလေးတွေ မျှဝေပါရစေ။

ဘာတွေလုပ်ဖို့လိုမလဲ?

• ရုပ်ရှင်ကြည့်ခါနီးတို်င်းပျော်ရွှင်မှုတစ်ခုအတွက်မဟုတ်ပဲ Englishစာတိုးတက်ချင်လို့ဆိုတဲ့ရည်ရွယ်ချက်ကိုထားပါ။ ဒါကသင့်ကိုစိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်
ဘာလို့လဲဆိုတော့ ကျွန်တော်တို့အများစုက ရုပ်ရှင်ကိုအပျော်သက်သက် ရသသက်သက်သာကြည့်ချင်ကြတာလေ။ဒါပေမဲ့ သင် Englishစာတိုးတက်ချင်တယ် မဟုတ်လား? ဆိုရိုးတစ်ခုရှိပါတယ်။
“သင်အရင်က မရဘူးတဲ့အရာတွေလိုချင်ရင် သင်မလုပ်ဖူးတဲ့အရာ တွေလုပ်ရမယ်” တဲ့။
အရင်တုန်းက Englishစာပေါ်အာရုံမစိုက် ခဲ့လဲအခုကစပြီး Englishစာပေါ်အာရုံစိုက်လိုက်တော့နော်။

• ပထမဆုံးအနေနဲ့ ရုပ်ရှင်တစ်ကားကို သင့်ရဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်လို သဘောထားပါ။
ပထမဆုံးတစ်ခေါက်မှာ မြန်မာစာတမ်းထိုးနဲ့ကြည့်ပါ။ သင်ဟာရုပ်ရှင်တစ်ကားကြည့်တယ်ဆိုတာထက်
Englishစာလေ့လာနေတယ်ဆိုတာမမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ လူတော်တော်များများကကြည့်ပြီးတဲ့ကားကိုပြန်မကြည့်ချင်လို့ပါပဲ။ ပထမဆုံးတစ်ခေါက်မှာတော့ Englishစာပေါ်အရမ်းကြီး
အာရုံမစိုက်လည်းရပါတယ်။ ဇာတ်ကားကိုပိုအာရုံစိုက်လို့ရပါတယ်။

• သင်နောက်တစ်ခေါက်ပြန်ကြည့်ရပါမယ်။ ဒီတစ်ခေါက်မှာတော့ English စာတန်းထိုးနဲ့ ကြည့်ပါ။ဒီတစ်ခေါက်မှာတော့ မှတ်စုစာအုပ်လေး၂အုပ်ထား ထားပါ။ တစ်အုပ်ကရုပ်ရှင် ထဲကပြောတဲ့ အသုံးများတဲ့
လက်တွေ့စကားပြောမှာ အသုံးကျနိုင်တဲ့ ၀ါကျတွေကို အဲဒိ ၀ါကျအတိုင်းမှတ်ဖို့ပါ။
“ဥပမာ … e.g.1 Anybody home? e.g.2 Tell me about it! (ငါ့ကို အဲဒိအကြောင်းပြောပြစမ်းပါဆိုတဲ့အဓိပ္ပါယ်နဲ့ သုံးတဲ့အခါရှိသလို တစ်ယောက်ယောက် ပြောတာကိုထောက်ခံတဲ့အနေနဲ့“မှန်လိုက်လေကွာ”ဆိုတဲ့
အဓိပ္ပါယ်နဲ့သုံးတဲ့အခါလည်းရှိပါတယ်။အသံအနိမ့်အမြင့် နေရာအနေ အထားပေါ်မူတည်ပြီးအဓိပ္ပါယ်ပြောင်းလဲပါတယ်။) အထက်ကဖော်ပြခဲ့တဲ့ အတိုဝါကျလေးတွေကိုစာအုပ်ထဲမှာမှတ်ထားပါ။
တစ်ချို့ကအဲဒိအဆင့်မှာတင်ရပ်သွားကြပါတယ်။ စာအုပ်ထဲမှာမှတ်ရုံနဲ့မရပါဘူး။ ပါးစပ်ကနေပြောမှမှတ်မိမှာပါ။သင်တက်နေတဲ့ English စာသင်တန်းတစ်ခုခုရှိပါသလား၊ဒါမှမဟုတ် လေ့ကျင့်ဖော်လေ့ကျင့်ဖက် ရှိပါသလား။သင်စကားပြောတဲ့အခါ အခါအခွင့်သင့်တိုင်း သင့်မှတ်စုစာအုပ်ထဲက ၀ါကျလေးတွေကို ခနခနသုံးပေးပါ။မကြာခင် မှာထိုဝါကျလေးများကို သင့်ရဲ့နှုတ်မှာအလိုလိုစွဲသွားပါလိမ့်မယ်။သင်တန်းလဲတက်မနေဘူး
လေ့ကျင့်ဖော်လဲရှိမနေဘူးဆိုလဲ စိတ်မပူပါနဲ့။ မှန်ရှေ့ရပ်ပြီး ကိုယ့်ဘာသာကိုလေ့ကျင့်ပါ။တစ်ခုခုကိုပြင်းပြင်းပြပြမလိုချင်သ၍ သင်ရမှာ မဟုတ်ပါဘူး။မရှက်ပါနဲ့။ သင့်ဘ၀တိုးတက်ဖို့လုပ်နေတာပါ။

• မှတ်စုစာအုပ်၂အုပ်လို့ပြောခဲ့တဲ့အတွက် ကျန်တဲ့တစ်အုပ်ကဘာလုပ်ဖို့လဲပြောပြ ရအုံးမယ်။ကျန်တဲ့တစ်အုပ်က ရုပ်ရှင်ထဲမှာပါတဲ့စကားလုံးအသစ်လေးတွေကို မှတ်ဖို့ပါ။ သင်မသိတဲ့စာလုံးအသစ်တစ်လုံးတွေ့တာနဲ့ ရုပ်ရှင်ကိုချက်ချင်းရပ်ပီးရင် ထိုစာလုံးကို Dictionaryထဲမှာရှာပါ။ ပီးရင်မှတ်စုစာအုပ်ထဲမှာမှတ်ပါ။
မှတ်စုစာအုပ်ထဲမှာ မှတ်တဲ့အခါမှာလဲ ဒီအတိုင်းကြီးစာလုံးတစ်ခုပဲမမှတ်ပါနဲ့။ ရုပ်ရှင်ထဲမှာပါတဲ့ဝါကျတစ်ခုလုံးကိုပါကူးထည့်ပါ။ ရုပ်ရှင်ကိုရပ်လိုက်စာလုံးအသစ်တွေဝါကျတွေ ကူးလိုက်၊၀ါကျအသစ်တွေကူးလိုက်နဲ့ရုပ်ရှင်ကမပြီးနိုင်ဘူးဖြစ်နေလဲမစိုးရိမ်ပါနဲ့။ တနေ့တည်းအပြီးကြည့်ရမယ်လို့ဥပဒေမှမထုတ်ထားတာ။
Study Hour ၁နာရီ ၂နာရီလောက်ဆိုရပ်ထားပြီး နောက်နေ့မှဆက်ကြည့်ပေါ့။ မအားဘူးလို့တော့ကျွန်တော့်ကိုဆင်ခြေမပေးပါနဲ့။ Candy Crash တောင်Level ၁၀၀ကျော်နေပီမဟုတ်လား?

• အရေးဆုံးအချက်ကတော့ သင့်မှတ်စုစာအုပ်ထဲကစာလုံးတွေကို သင်English စကားပြောတိုင်းအခါအခွင့်သင့်သလို သုံးပေးပါ။ သင်အသုံးမပြုရင်တော့ သင့်ဗလာစာအုပ်ဖိုးနဲ့ သင့်ဘောပင်ဖိုးရယ်သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်အချို့ ကိုသင်ဖြုန်းတီး ပစ်လိုက်တာထက်ဘာမှမပိုပါဘူး
စာအုပ်ထဲကစာလုံးတွေက စာအုပ်ပေါ်မှာပဲရှိနေ မှာပါ။ သင်အသုံးမပြုသ၍
သင့်ကိုယ်ပိုင်စာလုံးတွေဖြစ်လာမှာဟုတ်ပါဘူး။

• Dictionary ကတော့ Oxford Advanced Learner’s Dictionary ကို သုံးစေချင်ပါတယ်။English to English Dictionaryကိုသုံးစေချင်တယ်။ Englishစာလေ့လာသူတော်တော်များများကEnglish to English Dictionary ကိုကြောက်ကြတာကိုတွေ့ရတယ်။စာလုံးတစ်လုံးမသိလို့ရှာလိုက်တိုင်း
ရှင်းပြထားတဲ့ စာလုံးကိုထပ်ရှာတာနဲ့ တိုင်ပတ်နေတယ်လို့ ဆင်ခြေပေးကြတယ်။
ဘယ်သူကစစချင်း နားလည်မှာလဲ။ ကျွန်တော်လဲဒီလိုပါပဲ အစကတော့တိုင်ပတ်တာပေါ့။နောက်တော့ တဖြည်းဖြည်းနဲ့ ခေါင်းထဲမှာမသိမသာ စာလုံးတွေအများကြီး သိလာတယ်။
နောက်ဘယ်စာလုံးကြည့်ကြည့်အဆင်ပြေသွားမှာပါ။ ဇွဲရှိရှိနဲ့ English to English Dictionaryကိုပဲသုံးစေချင်ပါတယ်။ ( ကျွန်တော့်ရဲ့အမြင်သာဖြစ်ပြီး ကိုယ့်ဘာသာဆုံးဖြတ်ပြီး အဆင်ပြေတာကိုသုံးပါ)

• ကဲစာလုံးတွေ ၀ါကျတွေမှတ်တဲ့ကိစ္စပြီးပြီဆိုတော့ listening အကြောင်းနည်းနည်းပြောပါမယ်။Movieကြည့်လို့ရတဲ့အကြီးအမားဆုံး အကျိုးကျေးဇူးထဲမှာ Listeningတိုးတက်တာပါပါတယ်။
ဒါပေမဲ့ သင်ကပြောမှာပေါ့။ သင်ရုပ်ရှင်ကြည့်တာကြာပါပီ Listening Skill လဲမတက်ပါဘူးလို့သင်ပြောချင်ပြောမှာပါ့။ အဲဒါကသင် Englishပေါ်ကို အာရုံမစိုက်ခဲ့လို့listening skill မတက်တာပါ။အခုကစပီး ရုပ်ရှင်ကြည့်တိုင်း Englishစာပေါ် အာရုံစိုက်ကြည့်ပါ။သင့်English Listening အရည်အသွေး
သိသိသာသာကြီးတိုးတက် လာစေရမယ်ဗျာ။

•ရုပ်ရှင်ကိုEnglishစာတမ်းထိုးနဲ့လဲကြည့်ပြီးသွားပီဆိုရင်တော့ နောက်ဆုံးတစ်ခေါက်အနေနဲ့ စာတန်းထိုးမပါပဲဒီအတိုင်းကြည့်ပါ။ သူတို့ပြောတာတွေ ကိုသေချာနားထောင်ပါ။ လိုက်ပြောပါ။ အသံအနိမ့်အမြင့်အတက်အကျ
တွေကို ဂရုစိုက်ပါ။ ဥပမာ (Come ‘on ) နဲ့ “ (‘Come on) အဓိပ္ပါယ်မတူပါဘူး။ အသံအနိမ့် အမြင့်ကွာပါတယ်။အဓိပ္ပါယ်လဲကွာပါတယ်။ ပြီးရင်လိုက်ပြောပါ။ Speaking ရော Listening ရောတက်လာပါ လိမ့်မယ်။

သင်တန်းတက်ဖို့မအားတဲ့သူတွေတောင်ကိုယ့်ဘာသာကိုလေ့လာလို့ရပါတယ်။
Movieတွေကြောင့် ကျွန်တော့် Englishစာသိသိသာသာကြီးတိုးတက်လာခဲ့လို့ ပြန်လည်မျှဝေချင်တဲ့စေတနာ သက်သက်ဖြင့်ရေးရခြင်းဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကိုဖတ်ခြင်းဖြင့် သင့်အတွက် တစ်စုံတရာအကျိုးအမြတ်ရှိခဲ့ရင်
သူငယ်ချင်းတွေသိအောင်လည်း Shareပေးကြအုံးနော်။

မိုးရှင်း (I.M.T)
(www.work.com.mm)

မှန်ကန်စွာရွေးချယ် ကိုးကွယ်ဆည်းကပ်တတ်စေဖို့

$
0
0

 

ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ။
အာရာမ ရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
(ဓမ္မပဒ၊ ၁၈၈)

“ဘေးကိုကြောက်ရွံ ထိန့်လန်ကုန်သော သူတို့သည် တောတောင်တို့ကိုလည်းကောင်း၊ နေရာအရံ တို့ကိုလည်းကောင်း၊ တောဆိုးသစ်ပင်တို့ကိုလည်းကောင်း၊ (ဘေးမှလွတ်ရန်) များစွာ ဆည်းကပ်
ကိုးကွယ်ကြကုန်သည် ဟု မြတ်ဗုဒ္ဓ က မိန့်တော်မူသည်။

ဤသို့ ကိုးကွယ်ခြင်းမှာ သမိုင်းမတင်မှီကာလမှ ယနေ့တိုင် ရှိနေသည်။ ဘေးအန္တရာယ်မှ လွတ်ရန်၊ လိုတာမရသော ဘေးမှ လွတ်ရန်၊ ရပြီးသား လက်လွတ်ရမည့်ဘေးမှ လွတ်ရန်အတွက်၊
ရေနစ်သူသည် ဆွဲမိဆွဲရာကိုဆွဲကိုင် အားကိုးတတ်သကဲ့သို့ တွေ့ရာ ကြုံရာ နှီးနွယ်ရာကို ကောင်းလိမ့်နိုးနိုး အားကိုးကြသည်။ ကိုးကွယ်ကြသည်။ ဗေဒင်မေးကြသည်။ နတ်မေးကြသည်။
လတ်တလော ဒုက္ခ၊ လောကီဒုက္ခ၊ ရတာမလို၊ လိုတာမရသော ဒုက္ခတို့မှ လွတ်ရန် ကိုးကွယ်ရာ ရှာကြသည်။

ဤသို့ ကိုယ်ကျိုးကို အခြေခံလျက်၊ လောဘကို အခြေခံလျက်၊ ကိုးကွယ်ရာ ရှာကြသော လူသားတို့၏ ဓမ္မတာအတိုင်း၊ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ဆင်ခြင်တုံတရား အားနည်း
သူတို့သည် မိမိတို့တွင် ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာအစစ်ရှိပြီး ဖြစ်ပါလျက် ဤရတနာသုံးပါးကို ကျောခိုင်းကာ၊ ဟုတ်လိမ့်နိုးနိုး၊ ဆင်ကန်းတောတိုး၊
ကြောင်းကျိုးမမှန်သည့် ကိုးကွယ်ရာများကို ရှာဖွေလာကြသည်။

ထိုသို့ ရှာဖွေလာခြင်းကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အမည်ခံ သူတို့အကြားဝယ် နတ်အမျိုးမျိုး ကိုးကွယ်မှု့၊ ထွက်ရပ်ပေါက်လမ်းလိုက်မှု့၊ ဘိုးတော် မယ်တော် ပူဇော်ချဉ်းကပ်မှု့များကို ပြုလုပ်နေကြသည်ဟု ထေရ၀ါဒီ သုတေသီတို့က မှတ်ချက်ပြုကြသည်။

ရဟန်း သံဃာတို့ကို ကိုးကွယ်ဆည်းကပ်ကြရာတွင်လည်း လူအမျိုးမျိုး ရှိကြပြန်သည်။ ကိုးကွယ်ခြင်းဆိုင်ရာနှင့် ပတ်သက်၍ ရှင်းပါဦးအံ့ ရှေးဦးပထမအနေဖြင့်
`ကြည်ညိုဖွယ်ရာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ´ ဟူသော မှတ်သားဖွယ်ရာ စကားလေးကို ဗုဒ္ဓဘာသာဝင်တိုင်းသေချာသိအောင်ကြိုးစား၍ ကျင့်သုံးသင့်ပေသည်။

ကြည်ညိုရာမှာ အများသံဃာ...ဟူသော စကားမှာ ဗုဒ္ဓဘာသာဝင်မှန်သမျှ ရဟန်းသံဃာတွေ့သမျှကို ကြည်ညိုလေးစားကြရပါမည်။ ကြည်ညိုလေးစား အရိုအသေပေးရုံမျှဖြင့် မိမိတွင်ဘာမှ
ယုတ်လျော့ပါမသွားပါ။ အရိုအသေပေးလိုက်သည်နှင့်...
 

အာယု- အသက်ရှည်ခြင်း၊
ဝဏ္ဏ- အဆင်းလှခြင်း၊
သုခ- ချမ်းသာကြီးခြင်း၊
ဗလ- ခွန်အားဗလ ကြီးမားခြင်း 


ဟူသော အကျိုးလေးပါးကို ဘ၀ဆက်တိုင်း ရရှိပါလိမ့်မည်။ အရိုအသေ ပေးခံရသောသူက ရိုသေထိုက်သော အရည်အသွေးမရှိလျှင်လည်း သူ့လမ်းသူသွားပါလိမ့်မည်။ အရိုအသေပြု ကြည်ညိုသောအနေဖြင့်ကား
ကုသိုလ်တရားသာ ရစရာရှိပါသည်။

ကိုးကွယ်ရာမှာ ရွေးချယ်ပါ ဟူသည်ကား ဆရာမှတ်မှတ်၊
သမားမှတ်မှတ် ကိုးကွယ်တော့မည် ဆိုလျင်ကား..........

ရဟန်းစစ်စစ်၊ ရဟန်းမှန် ဟုတ်မဟုတ်၊ သာသနာတော်၏ တာဝန်ကို ထမ်းဆောင်ခြင်း ရှိ မရှိ၊ လောကီ၊ လောကုတ္တရာ ကောင်းကျိုးချမ်းသာကို ညွန်ပြနိုင်သော ပညာရှိ သူတော်ကောင်း
မှန် မမှန်.... ဟူသော အချက်တို့ဖြင့် ရွေးချယ်ရမည်ဟု ဆိုလိုပါသည်။

သဒ္ဓါ နှင့် ဥာဏ်၊ နှစ်ခုသန်မှ၊ လမ်းမှန်သို့ ကျသည်ဟူသော.....ဒီပဲယင်း ဆရာတော်၏ သြ၀ါဒအတိုင်း တွေးခေါ်မြော်မြင်သော ပညာကနည်းပြီး၊ ကြည်ညိုသဒ္ဓါက သိပ်များနေလျင်
ကြောင်သူတော်မျိုးကို ကိုးကွယ်ဆည်းကပ်မိတတ်သည်။

သဒ္ဓါက နည်းပြီး တွေးခေါ်မြော်မြင်သော ပညာကများနေပြန်လျင် သူတော်ကောင်းကို စော်ကားပြီး

ကောက်ကျစ်စဉ်းလဲ တတ်ပြန်သည်။ ထို့ကြောင့် ဘာသာရေးလောကတွင် အမှန်သို့ ရောက်လိုလျင် သဒ္ဓါ နှင့် ပညာ ချိန်ခွင်လျှာလို ညီမျှစွာ ရှိနေကြရပါမည်။

လူတို့သည် ပုဂ္ဂိုလ်တဦးကို ကြည်ညိုရာ၌ပင် တူညီမှု့မရှိတတ်ကြပေ။ကိုယ်သန်ရာသန်ရာကို ရွေးချယ်တတ်ကြ၏။ ထိုသို့သော ယုံကြည်
ကိုးကွယ်မှု့ကို အဌကထာဆရာက ဤသို့ဖွင့်ပြပါသည်။

၎င်းတို့မှာ..........
(၁) ရူပပ္ပမာဏ - ရုပ်ဆင်းအင်္ဂါ လှပခြင်းကို အစွဲပြု၍ ကြည်ညိုသူ။
(၂) ဃောသပ္ပမာဏ - ကျော်စောသံကို ကြား၍ကြည်ညိုသူ။
(၃) လူခပ္ပမာဏ - ခေါင်းပါးသောအကျင့်ကို စွဲ၍ ကြည်ညိုသူ ။
(၄) ဓမ္မပမာဏ - သီလ၊ သမာဓိ၊ ပညာရှိမှု့ကို စွဲ၍ ကြည်ညိုသူ
ဟူ၍ ဖြစ်ပါသည်။ (မဇ္ဈိမမဏ္ဏာသ၊ ဌ၊ ၁။ ၃၀၇)

ထို (၄) ယောက်တို့တွင်........
(၁) ရူပပ္ပမာဏ ရုပ်အဆင်းလှမှု့ကို ကြည်ညိုသူသည် ပစ္စုပ္ပန်သံသရာ၌ မည်သည့်ကောင်းကျိုးမျှ ရရှိမည်မဟုတ်ပေ။ မြတ်စွာဘုရားက ၀က္ကလိရဟန်းကို ကဲ့ရဲ့သကဲ့သို့ ဘုရားရှင်ကဲ့ရဲ့ ခံရမည်သာ ဖြစ်ချေသည်။ အောက်ထစ်ဆုံးအားဖြင့် ကြည်ညိုသူက အမျိုးသမီးယောဂီဖြစ်လျှင်မူ
“လူပျံတော်မယား” ဟူသော ဘွဲ့ထူးဂုဏ်ထူးရခြင်းမှ တပါး အခြားသောအကျိုးမရှိပေ။

(၂) ဃောသပ္ပမာဏ - အရ ကျော်စောသံကို ကြား၍ကြည်ညိုလျှင်လည်း အလိမ်ခံရတတ်ပေသည်။

အကြောင်းမှာ - ဟုတ်၍ ကျော်သောပုဂ္ဂိုလ်များရှိသကဲ့သို့ မဟုတ်ဘဲနှင့် ကျော်နေသည့် ပုဂ္ဂိုလ်များလည်း ရှိတတ်သောကြောင့် ဖြစ်ပါသည်။မှန်ပေသည် - နာမည်ကြီးခြင်း၊ ကျော်စောခြင်းသည် အစစ်အမှန်များ
ရှိသကဲ့သို့ အလံရူးအဖွဲ့က ကြော်ငြာပေးခြင်း၊ ၀ိုင်းပင့်ပေးသောနည်းဖြင့် အသိုင်းအ၀ိုင်း အင်အားကိုသုံးပြီး နာမည်ကြီးအောင်လှော်ပေးခြင်းတို့ကြောင့် နာမည်ကြီးသူများလည်း ရှိတတ်ကြပေသည်။
ဥပမာ - ကြော်ငြာထည့်၍ ကြော်ငြာတိုင်း ပစ္စည်းမှန်၊ ပစ္စည်းကောင်းဟုမသတ်မှတ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

(၃) လူခပ္ပမာဏ -အရ သင်္ကန်း သပိတ်ခေါင်းပါးမှု့ကို ကြည့်၍ ကြည်ညိုလျှင်လည်း အလိမ်ခံရတတ်ပေသည်။ အကြောင်းမှာ .......... ခေါင်းပါးမှ လူကြည်ညိုမည်၊ လူကြည်ညိုမှ
လာဘ်လာဘပေါများပြီး ထင်ပေါ်ကြော်ကြားမည်ဟူသော အကြံအစည်ဖြင့် ခေါင်းပါးပြသူများလည်း ရှိတတ်
သောကြောင့်ပင် ဖြစ်ပါသည်။

မှန်ပေသည် - လောက၌ ခေါင်းပါသူ အစစ်အမှန်များရှိသကဲ့သို့ ခါင်းပါးသယောင် ဟန်ဆောင်နေသူများလည်းရှိတတ်ပေသည်။ ဤကဲ့သို့သော အတုယောင်များလည်း
ရှိတတ်ကြောင်းကို မြတ်စွာဘုရားက ဤသို့ဟောတော်မူခဲ့ပါသည်..........

“ရဟန်းတို့ ပညာနုံသောကြောင့်၊ တွေဝေသောကြောင့် တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။ ယုတ်ညံ့သော အလိုရှိသည်ဖြစ်၍၊ အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ တော၌နေသည့်

တောနေရဟန်းများလည်း ရှိတတ်၏။ ရူးသွပ်ခြင်း၊ စိတ်ပျံ့ လွင့် ခြင်းကြောင့် တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်၏။ ဗုဒ္ဓ နှင့် ဗုဒ္ဓသာဝကတို့သည် ချီမွမ်းအပ်၏ဟု နှလုံးသွင်း၍တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
အလိုနည်းမှု့၊ ရောင့်ရဲမှု့၊ ခေါင်းပါးမှု့၊ ဆိတ်ငြိမ်မှု့ ကိုသာလျင်မှီ၍ အကျင့်ဖြင့် အကျိုးရှိမှု့ကိုသာလျင်မှီ၍ တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
(အာရညိကသုတ်) (အံ၊ ၂၊ ၁၉၃)

ထိုတောနေရဟန်း ငါးမျိုးတို့တွင် ယုတ်ညံ့သော အလိုရှိသည့် တောနေရဟန်းဟူသည်.. “တောထဲမှာနေသော ငါ့အား ဒီဆရာတော်က တောထဲမှာ တပါးတည်းနေရှာတယ် ဟု
လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ပူဇော်ကြလိမ့်မယ်။ဒီဆရာတော်က ဆိတ်ငြိမ်ရာအရပ်မှာသာ ပျော်တတ်တယ် စသည်ဖြင့် လူအပေါင်းက ချီမွမ်းကြလိမ့်မယ်” စသည်ဖြင့်
ထင်ပေါ်ကျော်ကြား လာဘ်ပေါများလို၍ အာရညိကဓုတင် ဆောက်တည်သော ရဟန်းမျိုးကို ဆိုပေသည်။
(အံ၊ ဌ။ ၃၊ ၆၅)

(၄) ဓမ္မပမာဏ - အရ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို ချင့်ချိန်ဝေဖန်၍ ကြည်ညိုခြင်းသည်သာ အန္တရယ်အကင်းဆုံး၊ ဘေးအရှင်းဆုံး ကိုးကွယ်ခြင်းမျိုးဖြစ်ပေသည်။ ပစ္စုပ္ပန်သံသရာ၌ ကောင်းကျိုးချမ်းသာ ခံစားရန်အတွက် စိတ်အချရဆုံးသော ကိုးကွယ်ခြင်းမျိုး ဖြစ်ပါသည်။

သို့ဖြစ်၍ စာဖတ်သူအပေါင်း သူတော်ကောင်းတို့သည်ရုပ်လှသူနောက် ကောက်ကောက်ပါအောင် လိုက်နေကြသူများ၊နာမည်ကြီး၍ ဆည်းကပ်နေကြသူများ၊ခေါင်းပါးခြင်းဖြင့် အလိမ်ခံရသူများ မဖြစ်ရလေအောင် သိက္ခာသုံးရပ် အကျင့်မြတ်ကို ရွေးချယ်ဆည်းကပ်နိုင်စေဖို့
အထူးသတိချပ်၍ ဆင်ခြင်သင့်ပေသည်။

**********************************
အရှင်သာမိ (မုံရွာ)


 မူရင်း=https://www.facebook.com/photo.php?fbid=834208949944996&set=a.1809117519

တခါသုံး ခွက်ဖြူဖြူတွေကို သတိထား

$
0
0


အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။

သူဟာတနေ့ လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့  ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့  Mr. Varun ရဲ့ ခွဲစိပ် ဆရာဝန်က ပြောပါတယ်။

 

ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့ ၊ နေ့ ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့ သာ သောက်ဖြစ်ပါတယ်တဲ့။ စက္ကူတွေရဲ့  သဘောသဘာဝ အရ၊ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့ ၊ အရည်တွေထဲ့သောက်လို့ ရအောင် စက္ကူခွက် ပေါ်မှာ ဖယောင်းလောင်းပေးရပါတယ်။

အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လ္ဘက်ရည် (သို့ မ ဟုတ်) ကော်ဖီ ပူပူတွေထဲ့သောက်လိုက်တဲ့အခါမှာ၊ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစိပ်တဒေသတွေဟာ အရည်ပူပူတွေနဲ့ အတူ ဗိုက်ထဲရောက်သွား ပါတော့တယ်။ ထိုခွက်တွေနဲ့  အရည်ပူပူတွေကို ရံဖန်ရံခါမှ သောက်ခဲ့ ရင် ပြဿ နာ မရှိသော်လဲ၊ နေ့ စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ် ကို ဒုက္ခပေးပါလိမ့်မယ်။

လ္ဘက်ရည်၊ ကော်ဖီ၊ ရေနွေး ပူပူတွေသောက်တဲ့အခါ-
(၁) တခါသုံး ခွက်ဖြူဖြူတွေကို (လုံးဝ) မသုံးပါနဲ့ ။ (စက္ကူပေါ်မှာ ဖယောင်းလောင်း ထားတာကြောင့် Mr. Varun လို ဝေဒနာမျိုးရ ရှိ စေနိုင်ပါတယ်)

(၂) ဖန်ခွက်ကိုလဲ မသုံးသင့်ပါဘူး. (ဖန်ခွက်ဖြစ်စေဖို့ အတွက် ထိုဖန်ကိုချက်ထားတဲ့ ဓာတုပစ္စည်းတွေက ရေနွေးပူပူတွေ နဲ့  တွေတဲ့အခါ ဓာတ်ဖောက်ပြန်ပြီး၊ အစာ အိမ်နဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်)

(၃) ကြွေထည်ပစ္စည်းနဲ့ လုပ်ထားတဲ့ ကြွေခွက်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ စတီးလ်ခွက်တွေလဲ သုံးနိုင်ပါတယ်။
++++++++++++++++++++++
တခါသုံး စက္ကူခွက်ဖြူဖြူတွေက သယ်ရတာ ပေါ့ပါးလွယ်ကူ တဲ့အပြင်၊ ဈေးနှုန်းသက်သာ တာကြောင့် သောက်သုံးပြီးတဲ့အခါ အထူးတလည်ပြန်လည်ဆေးကြောနေစရာမလိုဘဲ စွန့်ပစ်နိုင်လို့  အိမ်ရှင်မများအကြိုက်တွေ့ ရုံမက၊ ကုမ္ပဏီ/ရုံးခန်း/စား သောက် ဆိုင်တော်တော်များများမှာ အသုံးတည့်လို့ နေပါတယ်။ သို့ သော် Mr. Varun လို အ လားတူရော ဂါပြဿ နာမျိုး မဖြစ်ရ လေအောင် အချိန်မှီ သတိပြုဆင်ခြင် နိုင်ကြ ပါစေကြောင်း ကျမ္မာသုတအဖြစ် မျှဝေလိုက်ရပါတယ်။
**********

(တင်ထက်ထက်ဇော်…..မျှဝေသည်)
(ကိုးကား…..American Daily Health Tips)


 မူရင်း=https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3

လက်တွေ့ ကျကျ ပုရွက်ဆိတ်အန္တာရာယ်နှိမ်နင်းနည်း

$
0
0
                           

မုန့် အချိုများ နှင့် အစားအစာတွေက ပုရွက်ဆိတ်တွေအတွက် သည်းခြေကြိုက်ဖြစ်ကြ သလို၊ တခါတရံ ပန်းပင်တွေပေါ်အုံခဲနေ တတ်ပြီး အပင်များကိုသေစေတတ် တာကြောင့်၊ အိမ်ရှင်မများစိတ်ညစ်ရပြီပေါ့ရှင်။ ဟောဒီမှာ သဘာဝကျကျနှိမ်နင်းနိုင် တဲ့  နည်းလမ်းကောင်းလေးတွေရှိလို့ စမ်းသပ်ကြည့်ကြပါဦးနော်။

(၁) မုန့် လုပ်ဆော်ဒါက ပုရွက်ဆိတ်တွေအတွက် အဆိပ်မှုန့် ဖြစ်စေလို့ ၊ ပုရွက်ဆိတ် အုံပေါ် ဆော်ဒါမှုန့် ဖြူးပေးပါ။ (သို့ မဟုတ်) မုန့် လုပ်ဆော်ဒါနဲ့  သကြားဆ တူရောပြီးဖြူးပေးပါ။ သူတို့  အစာအဆိပ်သင့်ပြီး သေသွားကြပါတယ်။

(၂) ဂျုံမှုန့် နဲ့ ကလေးပေါင်ဒါမှုန့် များပေါ် ပုရွက်ဆိတ်တွေ ဖြတ်သန်းကျော် လွှားနိုင် စွမ်းမရှိကြပါဘူး။ ဒါကြောင့် ပန်းပင်တွေရဲ့  အောက်ခြေပတ်လည်မှာ ဂျုံမှုန့် နဲ့  ကလေးပေါင်ဒါမှုန့် လေးတွေ စက်ဝိုင်းသဏ္ဍာန်ဖြူးထားလိုက်တော့ ပုရွက်ဆိတ် ရန်ကကင်းပြီ ပေါ့။

(၃) ငရုပ်သီးမှုန့် ၊ ငရုပ်ကောင်းမှုန့် များကလည်း ပုရွက်ဆိတ်ကိုနိုင်တဲ့ အမှုန့်  များဖြစ်ပါတယ်။

(၄) ပုရွက်ဆိတ်တွင်း(သို့ မဟုတ်)ပုရွက်အိမ်ပေါ်ကို ကော်ဖီမှုန့် ဖြူးထားတဲ့အခါ၊ ပုရွက် ဆိတ်တွေ ကော်ဖီမှုန့် စားကြပြီး၊ သူတို့  အဆောက်အအုံ ယိုယွင်းပြိုကျသွားကာ၊ သူတို့ အဲဒီနေရာကို ဘယ်တော့မှပြန်မလာကြတော့ဘဲ အသိုက်ပြောင်းသွားပါတော့ တယ်။

(၅) ရှာလကာရည်နဲ့ ရေ တို့ ဆတူရောပြီး spray ဖျန်းဗူးထဲထဲ့ကာ၊ ပုရွက်ဆိတ်များ ကိုဖျန်းပက်ပေးခြင်းက သူတို့ အတွက် အက်ဆစ်ရေဖြစ်စေလို့  သေစေနိုင်ပါတယ်။

(၆) သံပုရာရည်ကလည်း သူတို့ အတွက် အက်ဆစ်ရည်ဖြစ်လို့  ပြေးကြပြီပေါ့ရှင်။

(၇) မြေဖြူလိုင်းတားထားပါ။ သူတို့ က မြေဖြူကို ကျော်ခွပြီး မဖြတ်ရဲကြဘူးလေ။ (သို့ မဟုတ်) မြေဖြူမှုန့် (သို့ မဟုတ်) ထုံးမှုန့်  ဖြူးထားနိုင်ပါတယ်။

(၈) ပုရွက်ဆိတ်အုံပေါ်သို့ ရေနွေးပူလောင်းချခြင်း(သို့မဟုတ်)ရေနွေး နဲ့  ပန်းကန်ဆေးဆပ်ပြာရည်ရောပြီး spray ဗူးဖြင့် ဖျန်း ပက်ခြင်းပြုလုပ်ပါ။

(၉) ပင်စိမ်းရွက်ရနံ့ ကို ပုရွက်ဆိတ်တွေကြောက်ကြပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်အခြောက်မှုန့် (သို့ မဟုတ်)ပင်စိမ်းရွက် သတ္တုရည် တို ဖြင့် နှိမ်နင်းပါ။

(၁၀) သစ်ကြပိုးခေါက် နဲ့  လေးညှင်းပွင့်ရနံ့ တို့ ကိုလည်း ပုရွက်ဆိတ်တွေမကြိုက်ကြဘူးလေ။ မိမိအိမ်အခန်းဒေါင့်မှာ သစ်ကြပိုး ခေါက်မှုန့်  (သို့ မဟုတ်) လေးညှင်းပွင့်လေးတွေ ပုံထားပေးပါ။

(၁၁) ပန်းပေါင်းစုံရာပန်းဆီရနံ့ က ပုရွက်ဆိတ်တွေကို မွန်းကြပ်ပူစပ်လောင်စေနိုင်တာကြောင့်၊ ရာပန်းဆီကို ရေအနည်းငယ်ရော ၍ spray ဖျန်းပါ။

(၁၂) သကာရည် လ္ဘက်ရည်ခွက် ၃-ပုံ ၁-ပုံ၊ သကြား စားပွဲတင်ဇွန်း ၆-ဇွန်း၊ ကဇော်(အချဉ်)ဖောက်တဲ့တစေး စားပွဲတင်ဇွန်း ၆-ဇွန်း တို့ ရောစပ်ကာ၊ ရလာသောအနှစ်ပျစ်ပျစ်ကို အိမ်ပြူတင်းပေါက်ဘောင်များပေါ်လိမ်း၍ ပုရွက်ဆိတ်အန္တရာယ်မှ ကာကွယ်နိုင် ပါတယ်။

+++++++++++++++++++++++++
၅-ပါးသီလကို ကာယ-၀စီ-မနော တည်းဟူသော ကံ၃ပါးစလုံးလုံမှသာ အပြစ်ကင်းတဲ့ သီလဆောက်တည်နိုင်မှာဖြစ်ပါတယ်။ မူလအစကတည်းက ပုရွက်ဆိတ်များ မအုံဖွဲ့ နိုင်အောင် မိမိအိမ်တွင်းအိမ်ပြင်ကို သန့် ရှင်းစင်ကြယ်စွာ ထိန်းသိမ်းနိုင်ရင် အကုသိုလ် မဖြစ်စေတော့ဘူးပေါ့ရှင်။ အထက်ပါ ပုရွက်ဆိတ်နှိမ်နှင်းနည်းအချို့ က အိမ်မွေးခွေး/ကြောင် နဲ့  ကလေး သူငယ်များကို အန္တာရာယ်ဖြစ်စေလို့  သတိနဲ့ ယှဉ်ပြီး ပုရွက်ဆိတ်နှိမ်နင်းနိုင်ကြပါရန် နှိုးဆောင်လိုက်ပါရစေ။

(ပေါက်ပေါက်…မျှဝေသည်)
(ကိုးကား။ Health and Wellness@Internet News on 8th August 2013)

သက်ရှည်ကျန်းမာ


မူရင်း=https://www.facebook.com/364484143692148/photos/a.364489287024967.107374

“စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ။”

$
0
0




ဘဝမှာအမြဲတမ်း ပျော်ရွင်တက်ကြွနေဖို့ဆိုတာအတော်မလွယ်တဲ့ကိစ္စပါ။ တစ်ခါတလေ ပျော်မယ်။
တစ်ခါတစ်လေ စိတ်ညစ်မယ်။ တစ်ခါတစ်လေဆို ဘဝမှာ ဘာမှ အသုံးမဝင်တဲ့တောထဲက သစ်ဆွေးတုံးကြီးလို ခံစားချင်ခံစားရမယ်။ ပျော်ရွှင်နေတဲ့အခါ ဘာလုပ်လုပ် အဆင်ပြေနေတတ်ပေမယ့်၊
မပျော်မရွင်နဲ့ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာတော့ ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်နေတတ်ပါတယ်။

ဒါဘာဖြစ်လို့လဲမေးရင် “အာရုံ”ကြောင့်လို့ ယေဘူယျ ဖြေလို့ရပါတယ်။ ဘဝခရီးတစ်လျှောက်
အာရုံမျိုးစုံနဲ့ တွေ့နေကြရမှာပါ။ အဲဒီ အာရုံမျိုးစုံထဲမှာ နှစ်သက်တဲ့ အာရုံလည်း တွေ့ရမှာဖြစ်သလို မနှစ်သက်တဲ့ အာရုံလည်း တွေ့ရမှာပါ။ တစ်ခါတစ်လေ အာရုံတစ်ခုကြောင့် ကိုယ့်ရဲ့
ဘဝလမ်းကြောင်းတွေ ပျောက်နေတတ်တာတောင် ရှိတတ်ပါတယ်။ ဒါမျိုးက တွေ့ကြုံရသူအတွက်
အလွန်အန္တရာယ် များလှပါတယ်။

ဒီတော့ဘာလုပ်မလဲ?

အာရုံဆိုးတွေနဲ့တွေ့ပြီး စိတ်ညစ်နေတဲ့အခါမျိုးတွေမှာ အာရုံပြောင်းပစ်လိုက်ဖို့ပါပဲ။
ခရီး ထွက်ပစ်တာတို့ ၊ကိုယ်အထုံဝါသနာအပါဆုံး “ကုသိုလ်”မျိုးကို အားရပါးရ ပြုလုပ်ပစ်တာတို့၊
ရိပ်သာမှာ တစ်ပတ်ဆယ်ရက်ဝင်ပစ်တာတို့ စသည့်ဖြင့်ပေါ့။ စာမှာ တိုက်ရိုက်ပြထားတာကတော့
စိတ်ညစ်လာပြီဆိုရင် ကိုယ်ဝါသနာပါတဲ့ “ဝေယျာဝစ္စ ကုသိုလ်”တစ်ခုကို ပြုပြီး ဖျောက်ပစ်ပါတဲ့။

ဒီနေရာမှာ အာရုံပြောင်းဖို့အတွက်သောက်လေ့ မရှိတဲ့ အရက်သွားသောက်တာတို့ ၊
ဗေဒင်သွားမေးတာတို့ကိုတော့ အထူးသတိထားရပါမယ်။ ကိုယ့်အားနည်းချက်ကိုသိပြီးအခွင့်အရေး ယူတတ်တဲ့ဗဒင်ဆရာမျိုးနဲ့များ သွားတွေ့လိုက်လို့ကတော့ ပိုတောင် အန္တရာယ်များသွားနိုင်ပါတယ်။
အဓိကကတော့ “အာရုံပြောင်းလဲမှု” မှန်ဖို့ပါပဲ။

-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“ကုသိုလ်ဖြစ်အောင်တွေးမယ်”မှ - 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း

$
0
0


Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။

Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

တစ်လက်မအချင်းရှိသံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်ခံရသည့် တရုတ်အမျိုးသား အသက်မဆုံးရှုံးခဲ့

$
0
0



 



တရုတ်နိုင်ငံ ဂွမ်ရှီးပြည်နယ် လီရီစီရင်စုမျ အသက် ၅၀ အရွယ် ဟိုဆိုသူ အမျိုးသားတစ်ဦးသည် အိမ်အဟောင်း အားဖျက်နေစဉ် ပြုတ်ကျလာသော တစ်လက်မ အချင်းရှိ သံချောင်း ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားသော်လည်း အသက်မသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သံချောင်းသည် ဟို၏ ညာဘက်ဦးခေါင်းအခြမ်းမှ စိုက်ဝင်ကာ ဘယ်ဘက် မေးရိုးမှ ပြန်ဖောက်ထွက်သွားခဲ့ပြီး ဦးနှောက်၊ မျက်လုံးအိမ်တို့နှင့် အနည်းငယ်ကွာသွားခဲ့သောကြောင့် မကြာမီ ပြန်ကောင်းနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြားသည်။

ဟိုအား နီးစပ်ရာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ဆရာဝန်များက သံချောင်းဖြတ်ရာတွင် ကျွမ်းကျင်သည့် မီးသတ်သမားများအား ခေါ်ယူကာ အစိတ်အပိုင်း အများ အပြားအား ဖြတ်တောက်စေခဲ့ပြီး ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ ဦးခေါင်းအတွင်း ကျန်ရှိနေသည့် သံချောင်းကို ဆက်လက်ထုတ်ခဲ့ကြသည်။

သံချောင်းသည် လမ်းကြောင်းအနည်းငယ်စောင်းပြီး ၀င်ရောက်ခဲ့ပါက ဟိုအနေဖြင့် ဦးနှောက်သို့မဟုတ် မျက်လုံးအိမ်ကို ထိခိုက်သွားနိုင်ပြီး အသက်သေစေနိုင်သည် အထိ ဒဏ်ရာပြင်းထန်နိုင်ကြောင်း ဆရာဝန်များ က ပြောကြားသည်။

Credit : Mizzima
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
27-08-2014

https://www.facebook.com/kokyaw.thu.3/posts/568740959915651 

ဆယ့်ကိုးနှစ်အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ

$
0
0

မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေက အံ့ဖြိုးပိုင်ဆိုသော လူငယ်တစ်ဦးက အေးချမ်းမြတ်မိုး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ြ
ပြစ်မှုကျူးလွန်သည့် အသက်(၂၂)နှစ်အရွယ် အံ့ဖြိုးပိုင် ဆိုသူကို ညတွင်းချင်းပင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
‘‘ကောင်လေးကိုတော့ မိတယ်။ အစ်မတို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွားတာ မြင်လိုက်တဲ့ ရပ်ကွက်တစ်ခုလုံးကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ပြောသည်။


မောင်နှမများ အတူစားရန် ခေါက်ဆွဲထုပ်သွားဝယ်ပြီး အပြန် တိုက်ခန်း ဒုတိယအလွှာတွင် အသတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့မိသားစုမှာ တတိယအလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးသည့် သံသယတရားခံမှာလည်း ဦးဝိစာရအိမ်ရာဝင်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မရုံးကပြန်လာတော့ အိမ်ကအမေကပြောတယ်။ ညီမလေးနဲ့ မတွေ့ဘူးလား။

ညီမလေးလည်း ပြန်လာနေပြီလို့ ပြောတယ်။ မတွေ့ဘူးပြောပြီး အိတ်ကိုချလိုက်ပြီး အပြင်ထွက်လာ တော့ ညီမလေးက ၀ုန်းဝုန်းနဲ့တံခါးခေါက်တယ်။ ‘မားမားရေကယ်ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေအရမ်းထွက်aနတယ်။ တံခါးသွားဖွင့်တဲ့အခါ သံပန်းတံခါးရှိတော့ တံခါးဖွင့်လို့ မရဘူးဖြစ်နေတော့ မောင်လေးက ၀ရန်တာပေါ်ကနေခုန်ချပြီးတော့ သူ့ကိုသယ်ထုတ်တဲ့အခါကျတော့ သွေးကအရမ်းလွန်နေပြီ။ အရေးပေါ်လည်းရောက်ရော သူ ဆုံးသွားတာပဲ’’ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးကပြောသည်။


အေးချမ်းမြတ်မိုးကို သတ်သည့် အမျိုးသားမှာ ၎င်း၏ချစ်သူဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်း ၎င်း၏အစ်မဖြစ်သူက ပြောသည်။

‘‘အမှန်တော့ ညီမလေးကို ကောင်လေးက သဘောကျတဲ့ပုံ ပါ။ ညီမလေးက ဒါကိုသိပ်စိတ်မ၀င်စားဘူး။ အစ်မတို့ဘက်ကလည်း သိပ်သဘောမတူဘူးလို့ ပြောထားတယ်။ သူနဲ့အသိမိတ် ဆွေတွေပါ။ ဟိုးအရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်အဆက်အသွယ်မလုပ်ကြတော့ဘူး’’ဟု မအေးချမ်းမြတ်ဖြိုးကပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ရည်းစားဖြစ်သူ အံ့ဖြိုးပိုင်တို့ စကားများရန်ဖြစ်ရာမှ အံ့ဖြိုးပိုင်က ဓားဖြင့်ထိုးရာ လည်ပင်းကို ထိုးသွင်းခဲ့၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးသွားသော မော်ဒယ်အေးချမ်းမြတ်မိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာဖြင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာသင်တန်းကျောင်းမှရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးထားပြီး အနုပညာလှုပ်ရှားမှုများအဖြစ် ဗီစီဒီရိုက်ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။

သေဆုံးသူ၏ဖခင်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၉)ဆင်း တပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။  အေးချမ်းမြတ်မိုး၏ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်မွန်းလွဲတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

http://www.7daydaily.com/story/19309#.U_8-NWOM-Sp


 အချိန်မရွေး ရောက်လာနိုင်သော သေခြင်းတရားကို သတိရကာ သံဝေဂ စိတ်တစ်ချက်လောက်ဖြစ်ပါစေ..

ကင်ဆာအဖုအကျိတ်များကို လက်တွေ့ပျောက်စေတဲ့ မင်းဂွတ်သီး

$
0
0



--------------------------------------------------------------------------

ဒီအကြောင်း ရေးချင်နေတာ ကြာပါပြီ။ လိုင်းမကောင်းတာနဲ့ မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။

မင်းဂွတ်သီး အစွမ်းကိုလေ အင်တာနက်မှာ ဖတ်ရတာတော့ ကြာပြီ လက်တွေ့မလုပ်ဖြစ်ဘူး။ တစ်နေ့ စာအုပ်ဆိုင်က မင်းဂွတ်သီးနှင့် ကင်ဆာရောဂါဆိုတဲ့ စာအုပ်တွေ့လို့ ဝယ်လာပြီး ဖတ်ကြည့်မိတယ်။

အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် အကျိတ် တစ်လုံးပေါက်လို့ တော်တော်လေးကို ဝေဒနာ ခံစားနေရတဲ့ အချိန်ပေါ့။ အဲဒါ စာအုပ်ထဲကနည်းအတိုင်း မဟုတ်ပေမယ့် မင်းဂွတ်သီး တစ်လုံးကို ခွဲ အသားကိုစား အခွံကိုပါ ဝါးစား ရေသောက်လိုက်တာ ညနေလောက်မှာ နီရဲ ယောင်ကိုင်းနေတဲ့ အကျိတ်ဖုက အယောင်ကျပြီး နာတာပါသက်သာသွားတယ်။ လက်တွေ့ပါ။ စာအုပ်ထဲမှာပါတဲ့ မင်းဂွတ်သီးရဲ့ အကျိုးပြုပုံတွေက ကောင်းလို့ စာအုပ်ထဲက နည်းအတိုင်း လုပ်ပြီး နေ့တိုင်း စားဖြစ်တယ်။

မင်းဂွတ်သီးရဲ့ အကျိုးပြုပုံများ

၁။ အကျိတ်အဖုတွေကို ပျောက်ကင်းစေတယ်။
၂။ ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေတယ်။
၃။ ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်လည်း ကောင်းစေတယ်။
၎။ သွေးတွင်း ကိုလက်စထရော လည်းကျစေတယ်။ စသည် စသည်ပေါ့။

ပြုလုပ်ပုံကတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။
မင်းဂွတ်သီးကို အညှာက လွဲရင် တစ်လုံးလုံးကို နှစ်သက်ရာနည်းနဲ့ Paste (ပြစ်ပြစ်နှစ်နှစ်လေး) ဖြစ်အောင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့် ထားပြီး တစ်နေ့ နှစ်ကြိမ်လောက် ထမင်းစားပြီးတိုင်း စားရုံပါပဲ။

စိတ်ဝင်စားရင် လုပ်ကြည့်ကြပေါ့နော်။ လက်တွေ့ပျောက်ကင်းလို့ပါ။ လမ်းကြုံရင် စာအုပ်လေးပါ ဝယ်ဖတ်ကြည့်ကြဖို့ တိုက်တွန်းရင်းး

by အိဖြိုး

Credit to သက်ရှည်ကျန်းမာ
Viewing all 6248 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>