Quantcast
Channel: စိတ်ကူးပျော်ရာ
Viewing all 6248 articles
Browse latest View live

မလေးရှားမှ မြန်မာပြည်သို့ ဖုန်းခေါ်လျှင် သက်သာအောင်သုံးသော code များ

$
0
0


အထုးဆောင်းပါ
မလေးရှား (၁.၉.၂၀၁၄)

မလေးရှားရောက်မြန်မာများ အဖို့ မလေးရှားကနေ မြန်မာပြည်ကို လူတိုင်း မဖြစ်မနေ ဖုန်းခေါ်လေ့ရှိကြပါတယ် .. အဲ့လိုခေါ်တဲ့နေရာမှာ သိတဲ့သူတော်တော်များများက သက်သာတဲ့ IDD ကုဒ်တွေကို ရှေ့က ခံပြီး ခေါ်တတ်ရင်တော့ သတ်မှတ်ထားတဲ့ ခေါ်ဆိုခထက် ၃၀ ရာခိုင်းနှုန်းခန့်အထိ သက်သာစေတာကို သိစေချင်တာပါ ။ သိကြတယ်လို့ယူဆထားလို့ ကျွန်တော်တို့ အနေနဲ့ ဒီဆောင်းပါးကို မရေးဖြစ်ခဲ့တာပါ ။

ဥပမာ ပုံမှန်အတိုင်း မြန်မာပြည်က ဖုန်းနံပတ် 0922222222 (ဥပမာ) ကိုခေါ်မယ်ဆိုပါစို့ ... ပုံမှန်အတိုင်း 0095092222222 လို့ခေါ်မယ်ဆို တစ်မိနစ် တစ်ကျပ် ကုန်တယ်ဆိုပါစို့ .. အရှေ့က IDD ပရိုမိုးရှင်း ကုတ် ကိုထည့်ခေါ်ပါက ခေါ်ဆိုခမှာတစ်မိနစ်ကို ပြား 20 ခန့် ထပ်မံသက်သာစေပါတယ် ။ အဲ့လိုခေါ်တာကို Special Rate IDD Code နဲ့ ခေါ်တယ်လို့ ခေါ်ပါတယ် ။

ခေါ်ဆိုရမယ့် ပုံစံက (IDD CODE + 0095 + 0922222222 ) ဖြစ်ပါတယ် ။
 

  ရောက်ပြီးသား အတွေ့အကြုံရှိတဲ့ သိတဲ့ သူတွေအတွက် ကျွန်တော်တို့ ရေးစရာမလိုတော့ဘူးလို့ ထင်ခဲ့ပေမယ့် ယနေ့ မလေးရှားရောက် မြန်မာများထဲမှာ မသိသေးတဲ့သူတွေများနေတာတွေ့ရလို့ ကျွန်တော်တို့ သက်ဆိုင်ရာ ဖုန်း လိုင်းများကို လေ့လာပြီး သေသေချာချာ နောက်တစ်ခေါက်ပြန်လည်ရေးသားပေးပါတယ်ခင်ဗျာ ။

1.MAXIS / HOTLINK (IDD CODE 132)
------------------------
MAXIS နဲ့ HOTLINK ကတူတူပါ 1995 မှာပဲ မလေးရှားမှာ DIGI နဲ့အတူ စတင်ဝန်ဆောင်ပေးခဲ့တဲ့ လိုင်းတစ်လိုင်းဖြစ်ပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက တစ်မိနစ်ကို 1.00 RM သင့်ပါတယ် ။ IDD CODE (132) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.88 ပြားပဲကျသင့်ပါတယ် ။ ည ၁၂ နာရီနောက်ပိုင်းခေါ်ဆိုပါက တစ်မိနစ်ကို 80 ပြားပဲကျသင့်ပါလိမ့်မယ် ခင်ဗျာ ။ ယနေ့အထိတော့ မလေးရှားကနေ မြန်မာပြည်ကို ခေါ်ဆိုနိုင်တဲ့ ဒုတိယ အသက်သာဆုံး နှုန်းထားအနေနဲ့ ရပ်တည်ထားပါတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (132+0095+0922222222 ) ဖြစ်ပါတယ် ။

2. DIGI (IDD CODE 133)
--------
DIGI ကုမ္မဏီက နော်ဝေး ကုမ္မဏီပါ မြန်မာပြည်မှာ စတင်ရောင်းချမယ့် TELENOR နဲ့ ကုမ္မဏီ တူပါတယ် 24 May 1995 မှာ မလေးရှားမှာ စတင်လုပ်ကိုင်ခွင့်ရခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.28 RM ကျသင့်ပါတယ် ။ IDD CODE (133) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 1.02 RM ပဲကျသင့်ပါတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (133+0095+0922222222 ) ဖြစ်ပါတယ် ။

3. CELCOM / XPAX (IDD CODE 131)
------------------------
CELCOM က မလေးရှားမှာ ပထမဆုံး ဝန်ဆောင်ပေးခဲ့တဲ့ ကုမ္မဏီ ပဲဖြစ်ပါတယ်။ မလေးရှား TELECOM ကုမ္မဏီ ပိုင်ဆိုင်တဲ့ ကုမ္မဏီဖြစ်ပြီး မလေးရှားရဲ့ Mobile သမိုင်းမှာ ၀၁၉ ဆိုတဲ့ နံပတ်နဲ့ ပထမဆုံး စတင်ခဲ့တဲ့ ကုမ္မဏီပါ ။ သူရဲ့ ပုံမှန် မြန်မာပြည်ကို ခေါ်ဆိုရင် ကုန်ကျမယ့် ပုံမှန်နှုန်းထားက တစ်မိနစ်ကို 1.27 RM ကုန်ကျပါတယ် ။ IDD CODE (131)ခံပြီးခေါ်မယ်ဆိုပါကလည်း ဈေးတူပဲဖြစ်ပါတယ် ။ မြန်မာပြည်အတွက် အထုဈေးနှုန်းမသတ်မှတ်ထားကြောင်းတွေ့ရပါတယ် ။

4. U-Mobile (IDD CODE 1310)
--------------
U-Mobile က မလေးရှားမှာ March 2008 ကနေ စတင်ဝန်ဆောင် ပေးခဲ့တဲ့ ကုမ္မဏီ သစ်ဖြစ်ပါတယ် သူက CELECOM နဲ့ စပ်တူ ဝန်ဆောင်မှုပေးပြီး CELECOM လိုင်းကိုပဲ မှီထားပါတယ် ။ မြန်မာပြည်ကို ပုံမှန်ခေါ်ဆိုပါက ပုံမှန်တစ်မိနစ်ကို 1.19 RM ကျသင့်ပါတယ် ။ IDD CODE (1310) ကိုရှေ့ကခံပြီး ခေါ်မယ်ဆိုပါက 0.70 RM ပဲကျသင့်ပါတယ် ။ မြန်မာပြည်ကို တယ်လီဖုန်းခေါ်ဆိုနိုင်တဲ့ အသက်သာဆုံး ဖုန်းကဒ်လို့ ပြောနိုင်ပါတယ် လူသုံးတော့ နည်းပါသေးတယ် ။
ခေါ်ဆိုရမယ့် ပုံစံက (1310+0095+0922222222 ) ဖြစ်ပါတယ် ။

5. TUNETALK (NO IDD CODE REQUIRE)
------------------
TUNE TALK က မလေးရှားမှာ 19 August 2009 မှာတရားဝင်စတင်ခဲ့တဲ့ အဲအေးရှား လုပ်ငန်းစု ဖြစ်တဲ့ TUNE ကုမ္မဏီရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ် ။ CELECOM လိုင်းကိုပဲ မှီခို အသုံးပြုထားပြီး ကိုယ်ပိုင် နက်ဝေါ့ တည်ဆောက်ထားခြင်းမရှိသေးပါဘူး ။ သူရဲ့ မြန်မာပြည်ကို ခေါ်တဲ့ နှုန်းထားက တစ်မိနစ်ကို ၈၅ ပြား ဖြစ်ပါတယ် ။ ဘာ CODE မှ ခံခေါ်စရာမလိုပါဘူး ။
တိုက်ရိုက်ခေါ်ဆိုရုံပါပဲ ။

ဒီဆောင်းပါးဖြစ်ရန်ကျွန်တော်တို့ ဖုန်းလိုင်းတွေရဲ့ နှစ်အလိုက် IDD နှုန်းထားတွေ ၊ ဖုန်းလိုင်းတွေရဲ့ သမိုင်းနဲ့ ပရိုမိုးရှင်းတွေကို သေချာ တွက်ချက် ရေးသားတင်ဆက်ပေးထားခြင်းဖြစ်ပါတယ် ။

အင်တာနက်စာမျက်နှာ များ နဲ့ ကြော်ငြာတွေမှာတော့ ခေါ်ဆိုက နှုန်းထားတွေကို စက္ကန့် ၃၀ အတွက် စံထားပြီးကြော်ငြာတာတွေ့နိုင်ပါတယ် ။ ကျွန်တော်တိုခုရေးတဲ့ ဆောင်းပါးထဲက ဈေးနှုန်းတွေကတော့ တစ်မိနစ်စာ ဖြစ်ပါတယ် ။

ဒီဆောင်းပါကို မလေးရှားက သူငယ်ချင်းတွေသိအောင် ဆက်ပြီးလက်ဆင့်ကမ်း Share လိုက်ကြပါဦးခင်ဗျာ ။ ကျွန်တော်တို့ အားလုံးအတွက် ကြိုးစား တင်ဆက်ပေးထားတာပါ ။

ဘယ်ကုမ္မဏီရဲ့ ထောက်ပံ့မှုကိုမှ မယူထားပါဘူး ။ ဒါကြောင့် ကြော်ငြာမဟုတ်ကြောင်းကို တော့ သတိမူစေခြင်ပါတယ် ။

ဘာကြောင့်ပဲ မလေးရှားမှာနေနေ
မလေးရှားရောက်မြန်မာများ facebook
www.facebook.com/mmrinmyဝိုင်းတော်သားများက
သင့်အတွက် အမြဲတမ်း ကြိုးစားတင်ဆက်ပေးနေပါ့မယ်

မူပိုင်
မလေးရှားရောက်မြန်မာများ official facebook စာမျက်နှာ
www.facebook.com/mmrinmy


https://www.facebook.com/shwelungal/photos/a.296175853874554.1073741829.2950347

ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ခွေးကလေး ဂျစ်ဖ်

$
0
0


စက်တင်ဘာလအတွင်း နှစ်(၆၀)ပြည့်အဖြစ် ထုတ်ဝေမယ့် ဂင်းနစ်စံချိန် စာအုပ်မှာ စံချိန်နှစ်ရပ် ရေးထိုးနိုင်ခဲ့တဲ့ ခွေးပုလေး တစ်ကောင်အကြောင်း ပါဝင်လာမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မြို့က ဂျစ်ဖ်ဆိုတဲ့ လေးနှစ်သားအရွယ် ခွေးပုလေးဟာ ခြေနှစ်ချောင်းထောက် အပြေးအမြန်ဆုံး၊ လက်နှစ်ချောင်းတည်းနဲ့ အပြေးအမြန်ဆုံး စံချိန်နှစ်ရပ် တင်နိုင်ခဲ့ပါတယ်။

ဂျစ်ဖ်ဟာ ခြေနှစ်ချောင်းတည်းနဲ့ ၆.၅၆ စက္ကန့်အတွင်း ၁၀မီတာ ပြေးပြနိုင်သလို ခြေထောက်မြောက်ပြီး လက်နှစ်ချောင်းထောက် ပြေးရာမှာ ၅ မီတာကို ၇.၇၆စက္ကန့်ပဲ ကြာမြင့်ခဲ့ပြီး ဂင်းနစ်စံချိန် တင်ခဲ့တာပါ။ ဂင်းနစ်စံချိန် ပြုစုသူတွေရှေ့မှောက် ပထမဆုံး ပြေးပြရာမှာ အဲဒီလို စံချိန်ချိုးနိုင်ခဲ့တာလို့ သိရပါတယ်။ အရုပ်ကလေးနဲ့တူလွန်းတဲ့ ဂျစ်ဖ်ဟာ အပြေးကောင်းရုံတင်မကဘဲ စကိတ်စီးတာ၊ လက်ဆွဲနှုတ်ဆက်တာ၊ ဦးခေါင်းညွတ်ပြီး အရိုအသေပြုတာမျိုးတွေလည်း လုပ်တတ်ပါတယ်။

ကေတီပယ်ရီရဲ့ Dark Horse ဗီဒီယိုမှာ ဂျစ်ဖ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဂျစ်ဖ်ဆိုတဲ့ နာမည်နဲ့ ဖေ့ဘွတ်စာမျက်နှာက Like ၁.၃သန်းကျော် ရှိသလို အင်စတာဂရမ်၊ တွစ်တာ စာမျက်နှာတွေမှာလည်း ဂျစ်ဖ်ကို အားပေးတဲ့ ပရိသတ်အများအပြားရှိနေပါတယ်။ Youtube မှာ ဂျစ်ဖ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရူသူ ၅၀၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။
@z (ရိုးရာလေး)

Ref:nydailynews
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/749249888451599 

မွေးရာပါ ခေါင်းအပြောင်းပြန် သို့ပေမယ့်ဘဝမှာ ကိုယ်တိုင်ရပ်တည်နိုင်သူ

$
0
0

 

သူ့အမည်ကတော့ Claudio ဖြစ်ပါတယ်။ အသက် ၃၇ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးနိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။ မွေးကတည်းက ခြေလက်များ အသုံးပြုလို့ မရလောက်အောင် ချို့ယွင်းနေပြီး ခေါင်းကလည်း ပြောင်းပြန်ဖြစ်နေ ပါတယ်။ မွေးဖွားပြီး မကြာခင်မှာပဲ ဆရာဝန်က ရှင်ဖို့ ခက်ခဲနေတဲ့ ကလေးငယ်ကို သေခွင့်ပေးလိုက်ပါလို့ ဆိုပါတယ်။ ဒါကို လက်မခံနိုင်ပဲ အမေဖြစ်သူက မွေးပါတယ်။

အိမ်ပတ်ဝန်းကျင်က လူများလည်း ကျွေးမနေနဲ့ ဒီကလေး သေမှာ အစရှိသဖြင့် ပြောကြသည့်တိုင် အမေက ဆက်မွေးပါတယ်။ ယနေ့တော့ Claudio ဟာ စာရင်းကိုင်ပညာနဲ့ ဘွဲ့ရပြီး သာမန်လူတွေ အလုပ်လုပ်သလိုပဲ စာရင်းကိုင် အလုပ်ကို လုပ်နေပါတ်။ တီဗီအဖွင့်အပိတ်၊ အင်တာနက် အသုံးပြုခြင်း၊ သွားလာခြင်း အပြင် အခြားသော လူသားတို့ ပြုလုပ်တဲ့ အလုပ် အတော်များများကို ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။


 သူဟာ စာရင်းကိုင် အလုပ်ကို လုပ်နေရုံ မဟုတ်ပါဘူး။ ဘရာဇီးနိုင်ငံက ကိုယ်အင်္ဂါချို့ယွင်းသူများကို အားပေး ဟောပြောတဲ့ ဟောပြော ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူဟာ သာမန်လူတွေထက် ပိုသာတဲ့ လူသားတစ်ဦးတောင် ဖြစ်လို့ နေပါတယ်။

ဘရာဇီးနိုင်ငံမှာတင် မကပဲ Claudio ဟာ နိုင်ငံတကာက အထင်ကြီး လေးစားရတဲ့ လူတစ်ဦး ဖြစ်လို့ လာပါတယ်။
http://www.searchmyanmar.com/click?lang=mm#content-41077


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

တပည့်လေးထံမှ သင်ယူခြင်း

$
0
0
                          



ဆရာမနာမည်က 'ဒေါ်သီတာဆွေ 'တပည့်လေးနာမည်က 'တက်တူ '
ကျောင်းစဖွင့်ဖွင့်ချင်းနေ့မှာတော့ ငါးတန်းရဲ့အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်
သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့အစချီလိုက်ပါတယ်။

တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူ
ဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေးချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ဒါပေမယ့် ဒေါ်
သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာ မလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာလျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ 'တက်တူ '
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။
 
ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းကတက်တူကို သတိထားမိခဲ့တယ်။သည်ကလေးက
အခြားကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့မရှိဘူး။အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်း ချိုးမှ ချိုးရဲ့လားမသိ။တက်တူကိုကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။

ဒီနှစ် သူ့အခန်းထဲကို တက်တူ ရောက်လာတဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်
နေတယ်။အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာသူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေကို ထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။တက်တူရဲ့လပတ်စာမေးပွဲအဖြေလွှာမှာ 'ရှုံး 'ဆိုတဲ့စာလုံးကြီးကိုရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူ
အရာနဲ့။

ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာကကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကိုဆရာ
တွေက မဖြစ်မနေ သုံးသပ်ကြရတယ်။အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာတက်တူရဲ့နောက်ကြောင်းကို
 နောက်ဆုံးမှ စစ်တယ်။ဒါပေမယ့် နောက်ဆုံးမှစစ်တဲ့တက်တူရဲ့နောက်ကြောင်း
ကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ်အဟောင်းသားဖြစ်သွားပါတော့တယ်။

တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။

"မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီးပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီးယဉ်ကျေးတဲ့သူလည်းဖြစ်သည်။သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် "

ဒုတိယတန်းဆရာမကျပြန်တော့

"တက်တူသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။သူ့အတန်းဖော်များကလည်း
သူ့ကို အလွန်ချစ်ခင်ကြသည်။သို့ရာတွင်သူ့မိခင်မှာနာတာရှည်ရောဂါကို သေလုမျောပါးခံစားနေရသည်ဖြစ်ရာတက်တူမှာ စိတ်ထိခိုက်နေပုံရသည်။တက်တူအဖို့ အိမ်တွင်နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် "

တတိယတန်း ဆရာမကလည်း

"မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက်ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး
ကြိုးစားအားထုတ်ရှာသည်။သူ့ဖခင်ကမူ သူ့အပေါ်အလေးထားပုံ မရလှချေ။သူ့အတွက် ကျောင်းက
တစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ်ထိခိုက်လာမည့် အလားအလာများရှိပေသည် "

စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း

"တက်တူကား တစ်ယောက်တည်း ငေးတိငေးငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင်အိပ်ပျော်နေတတ်ပေသည် "

ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။တပည့်လေးတွေဟာ စက္ကူအရောင်လွင်လွင်လေးတွေ၊ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့အထုပ်ကြီး အထုပ်ငယ်တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။
ထုပ်ပိုးလာတာကိုက ဖရိုဖရဲနဲ့၊ကုန်စုံဆိုင်မှာဆေးဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာ
တာ။အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။
 
ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့်
နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံးထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက်ကြ
တယ်။ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာကဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိတော့ပဲ
အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလိုရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာ
သာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက်
လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ်လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့
ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့
ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာဆွတ်လိုက်ပြန်ပါတယ်။

အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကိုရောက်လာပြီး "ဆရာမရယ်...ဒီနေ့ ဆရာမဆီက ရတဲ့အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ "လို့ပြောလေရဲ့။

 
မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။
ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိပါပဲ။
အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊အဖတ်၊အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီးကလေးငယ်များကို သင်ကြားပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာနိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာရတယ်။
ဆရာမက အားပေးလေ ၊တက်တူရဲ့ ဦးနှောက်ကသွက်လတ်ထက်မြတ်လာလေပါပဲ။စာသင်နှစ် ကုန်
ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်
လာပါတော့တယ်။

တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသား
ဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပါတယ်။သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။
နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတို
လေးတစ်စောင် ရောက်နေတယ်။စာတိုလေးထဲမှာတော့ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ဆရာမတွေအားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။
နောက်ထပ် ခြောက်နှစ်အကြာမှာလည်းဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင်
ရပြန်တယ်။စာထဲမှာ သူဟာ အထက်တန်းကျောင်းပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့
ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာ
အမြတ်ဆုံးဆရာ ပါပဲ လို့ရေးထားပါတယ်။နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့
ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရတော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။

အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာစာတစ်စောင် ထပ်ရောက်လာပြန်တယ်။သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ဒါ့အပြင် ဆရာမဒေါ်သီ
တာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထားတယ်။
သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
"သက်ထွန်းဆက် " MD တဲ့။ ( MD ဆိုတာဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက် ပဲ။
ဇာတ်လမ်းက မဆုံးသေးပါဘူး။

အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ်ရောက်လာပြန်တယ်။တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့်အကြောင်းရေးထားတာပါ။သူ့ဖခင်ကလွန်ခဲ့တဲ့ နှစ်နှစ်
က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက်
ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။ဒေါ်သီတာဆွေလား........

ဟုတ်ကဲ့....တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေ
အချာပေါ့ ခင်ဗျာ။
 
  ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ......ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက် ကျားဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ဒါတင်ဘယ်ကမလဲ၊တက်တူရင်ထဲမှာ တသသ
နဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုးအစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။

မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ဒေါက်တာ သက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေ
တို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြ
တယ်။ဒေါက်တာ သက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုးပြောတယ်။

"ကျေးဇူးကြီးလှပါတယ် ဆရာမရယ်......ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အ
တွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်....ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် "

မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။
"မောင်တက်တူးရယ်...သားမှားနေပြီ.....ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူး
ကွယ်...သားကသာ ဆရာမကို သင်ပေးခဲ့တာပါ...သာကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့
သင်ပေးခဲ့တာပါကွယ်....သားနဲ့မဆုံရခင်တုန်းကဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့.........."

အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)

Credit to ဦးတိုးအောင်

ကောင်းသန့် (မအီတဲ့ဒံပေါက်)
 

သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံးများ

$
0
0

အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိ သင့်ပါတယ်။ အကယ်၍သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ ထိုးဆင်းသွားခြင်းကို သွေးပေါင်ကျ တယ်လို့ ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်းဟာ ရုတ်တရက် သွေးတိုးခြင်းလိုဘဲ အသက် အန္တရာယ်စိုးရိမ်ရပါတယ်။

နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်း များသို့အောက်စီဂျင်ပြတ်လပ်ကာ နောက်ဆုံးမှာတော့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြော များကိုထိခိုက်ပျက်စီးစေပါတယ်။

ဘာကြောင့်ဖြစ်-

အမျိုးသား၊ အမျိုးသမီး ၁၀ ဦးတွင် သုည ဒသမ ၅ ဦးနှုန်းခန့် မွေးရာပါသွေးပေါင်ကျရောဂါ ပါလာတတ် ကြပါတယ်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ်ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မည့်ခြင်း၊ သွေးမလျှောက်ရောဂါတို့ကြောင့် သွေးပေါင်ကျစေပါတယ်။

ထို့ပြင်သွေးတိုးကျဆေးများ ဆက်တိုက်သောက်သုံးခြင်း၊ နှလုံးရောဂါ ပျောက်ဆေး၊ လေဖြတ်ရောဂါနှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများတွင် ထိုဆေးများ၏ ဘေး ထွက်ဆိုးကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရသဖြင့် မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။

သွေးပေါင်ကျ လက္ခဏာများ -

သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ပြင်မူးနောက်နောက်ဖြစ် ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရေငတ်ခြင်း၊ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနှင့် အရေပြားအရောင်ဖျော့တော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊နှလုံးလျင်မြန်စွာ ခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှူနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက်မွန်း ကြပ်ခြင်း စသည်တို့က သွေးပေါင်ကျလက္ခဏာများ ဖြစ်ပါတယ်။

အနေအထိုင်ဆင်ခြင် ကုထုံးနည်း -

၁။ ခြေထောက်မှသွေးများ နှလုံးထံသို့ပြန်လည်စီးဆင်းလာစေအောင် အိပ်ရာထက်တွင် ပက်လက်လှန် ပြီး၊ ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာလှုပ် ရှားပေးပါ။

၂။ ယောကကျင့်စဉ်ကလည်း စိတ်ငြိမ်၍အာရုံကြောအဖွဲ့အစည်းကို မျှတစေသည့်အပြင် သွေးလည် ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်လာစေပါတယ်

၃။ အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။

၎။ ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့မဟုတ်) တစ်ဖက်သို့ ရုတ်တရက်ခေါင်းလှည့်ခြင်း မပြုလုပ်ရ။

၅။ ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (ဝါ) မီးပူဒဏ်မခံပါနှင့်။

၆။ လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့၊ခန္ဓာကိုယ်ယန္တရားကြီးကိုလည်းအားပြန်ဖြည့် ပေးဖို့လိုပါတယ်။ တစ်နေ့လျှင်အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးစလုံးအ တွက်သဘာဝအားဖြည့်ဆေးပါပဲ။

၇။ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှကျောရိုးနှိပ်ခံရခြင်းက အရိုး၊ အရိုးဆက်၊ ကြွက်သားတို့ကို ပြေလျော့၍ ပင်ပန်းနွမ်းနွယ်မှု သက်သာစေရုံသာမက သွေးလည်ပတ်စီးဆင်းမှုကိုလည်းကောင်းမွန် စေပါတယ်။

၈။ ဖြည့်ဖြည်းမှန်မှန်လမ်းလျှောက်၍ အသက်ရှူသွင်းလေ့ကျင့်ခန်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်တိုးတက်စေပါတယ်။ တစ်နေ့လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း လေရှူသွင်းပါ။ လေတစ် ကြိမ်ရှူတိုင်းအနည်းဆုံး သုံးမိနစ်ကြာအောင် ရှိုက်ပါ။

အစားအသောက် ကုထုံး -

၁။ခန္ဓာကိုယ်အတွင်း ရေဓာတ်ကျရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံးသောက်ရေရှစ်ခွက် (သို့မဟုတ်) အရည်ရွှမ်းသောသစ်သီးများများစားပေးပါ။

၂။ ဆားနှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့သော် အလွန်အကျွံမစားပါနှင့်)

၃။ စပျစ်သီးခြောက် ၁၀ လုံးကို ရေတစ်ညသိပ်ပြီးစားပါ။ ထိုအတိုင်း တစ်လတိတိစားပေးပါက သွေးပေါင်ကိုပုံမှန်ဖြစ်စေပါတယ်။

၎။ ဗန်ဒါစေ့ကို နွားနို့ပူပူဖြင့်သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။

၅။ မြေပဲမှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါရှိလို့ မြေပဲကြော်စားပေးပါ။

၆။ စွန်ပလွန်သီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်သောက်ခြင်းကလည်း ထိရောက်မ့ဖြစ်စေပါတယ်။

၇။ သဘာဝကြံရည်က ခွန်အားတိုးပွားစေပြီးမူးမော်ခြင်းကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

၈။ ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့၊ ဂျုံမြက်ကိုနွားနို့ဖြင့်ပြုတ်၍ တစ်နေ့နှစ်ကြိမ်သောက် ပေးပါ။

၉။ ဆီကြော်မုန့်များနှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်းက သွေးပေါင်အတက်အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများလည်း ဖြစ်လာစေပါတယ်။

၁၀။ ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား၊ သကြား သင့်ရုံဖျော်သောက်ပေးခြင်းကအမူးအ မော်ပြေစေသလို သွေးပေါင်ချိန်ပြန်တက်လာစေပါတယ်။

၁၁။ ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်အားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

၁၂။ ခန္ဓာကိုယ်တွင် ပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက် စီယမ်ကြွယ်ဝသော ငှက်ပျော်သီး၊ မုန်လာဥနီ၊ တရုတ်နံနံပင်တို့ စားပေးပါ။

၁၃။ တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့်ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သော အဆီနည်းသည့်အသား၊ ကြက်ဥ၊ နို့၊ နို့ထွက်ပစ္စည်းနှင့် ချောကလက် စားပေးပါ။

၁၄။ ကြက်သွန်ဖြူက သွေးဖိအားကိုထိန်းညှိပေးလို့ ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူနှစ်တက် (နှစ်မြွှာ) စားပါ။ (သို့မဟုတ်) ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးကာ၊ အိပ်မော ကျစေလို့ ညအိပ်ရာဝင်ခါနီး ဂျင်စင်းဖျော်ရည် တစ်ခွက်သောက်ပေးနိုင်ပါတယ်။ဆေးဖက်ဝင်ဟင်းခပ် အမွှေးအကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက်များက သွေးပေါင် တက်လာစေသလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

၁၅။ ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့်ကြော်စားပေးပါက ၂၄ နာရီအတွင်း သွေးပေါင်ချိန် တက်လာစေပါတယ်။

၁၆။ ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျစေတဲ့ သဘာဝဓာတ်စာများပါပဲ။

၁၇။ ကဖိန်းဓာတ်ပါသော လက်ဖက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။

၁၈။ အမဲအသည်းကို ကြော်စားခြင်းကချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ ဆိုပါတယ်။

၁၉။ အစားအစာများကို နဲနဲနှင့်မကြာခဏစားပေးခြင်းက သွေးပေါင်ချိန်ရုတ်တရက် လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။

အချို့သော သွေးအားနည်းရောဂါလက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့ အတွေ့အကြုံ မရှိပါက ဆေးမှားသောက်တတ်ကြပါတယ်။ သွေးပေါင်ချိန်အရမ်းထိုးကျသွားပါက နီးစပ်ရာဆရာဝန် ပြေးခေါ်ပါ။ ဆရာဝန်မရောက်ခင် နှလုံးနှင့်ဦးနှောက်ထဲသို့သွေးပြန်လည်စီးဆင်းစေရန်နှင့် သတိလစ် မေ့မြောခြင်းမဖြစ်စေရန်တို့အတွက် ခြေထောက်နှစ်ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။


http://www.searchmyanmar.com/link/comment/cid/41058#content-41058


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

“အပါယ်ဘေးကို ဆင်ခြင်ပါ။”

$
0
0


ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။
မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို
အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။
ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲ
နည်းတူပင်ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍၄င်း၊
စောင်းလျက်အိပ်စေ၍၄င်း ၊ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို
ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။

အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံရသော ငရဲသားတို့သည်
●ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ များစွာစိတ်ဆင်းရဲရ၏။
●အလွန်ကြမ်းတမ်းရက်စက်စွာကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လဲစိတ်ဆင်းရဲရ၏။
●သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ၍သိပ်ခြင်း၊
●မီးလောင်ခံရခြင်း၊
●သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း၊
●ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လည်းအတိုင်းမသိကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ချမ်းသာပေးပါ စသည်ဖြင့်မျက်ရည်စီးယိုငိုကြွေးမြည်တမ်းလျက်
တောင်းပန်သော်လဲ မည်သူကမျှ မကယ်၊ မသနား၊ချမ်းသာ မပေးချေ။
မိမဲ့ ဘမဲ့ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော
ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ မခြားဘဲ ခံစား၍ နေရရှာလေတော့၏။

ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကိုအားထုတ်ခွင့် မရနိုင်တော့ချေ။ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော
တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ၊ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။
သွေးတို့သည် မြစ်ဖြစ်၍စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာ
ကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို
အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက်
ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် မီးလျှံရဲရဲတောက်သောသံရထား၌နွား မြင်း တို့ကဲ့သို့
တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲ နေလျှင် ရဲရဲတောက်သောသံဒုတ်ကြီးများဖြင့်
အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။

ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက်
ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီခေါ် သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။
ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ ၊
အမြှုပ်တစီစီထလျက်နစ်မြုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။
တဖန် အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏အထက်နခမ်းဝသို့ ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။
အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။

ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည်
မီးတဟုန်းဟုန်းအမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။
ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာတရာစီရှိ၏။လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။ အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင်
အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။

အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့်
ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌ ထိုငရဲကြီး၏ တံခါးဝတခုခုသည် ပွင့်၏။

ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့ အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင်မောပန်း
လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာကြာလျှင်
ထိုတံခါးကြီးသည်ပိတ်သွားလေ၏

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် “ဘင်ပုပ် ငရဲ” ထဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့် လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။
ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ၊ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍
ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က “ရိုက်နှက်၍ ထိုလက်ပံပင်တို့၌တက်ချည်
ဆင်းချည် ပြုစေကုန်၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။
ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။ရောက်သည်နှင့်တပြိုင်င်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား ရှိသော အရွက်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်ပေါ်၌
ကျလေကုန်၏။ လက်၊ ခြေ ၊ နား၊ နှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင်
သံမြေပြင်၌ သင်ဓုန်းသွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။ ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။
ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ထိုငရဲမှလွတ်ပြန်လျှင် “ဝေတ္တရဏီ” မည်သောကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျိုက်ကျိုက်ဆူသော သံရည်အထိ ပြည့်၏။
သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်ဓုန်းသွားခင်းလျက် ရှိ၏။
ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။

ငရဲသားသည်ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ သင်ဓုန်းသွား ရှိသောကြောင့်၎င်း၊ သံရည်ပူဖြင့် လောင်ခြင်း စပ်ခြင်းကြောင့် ၎င်း ဗိုင်းကနဲလဲရှာလေ၏။
လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။
ကမ်းပါး၌ ရှိသောကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊ ချောင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။
ငရဲသား၏ ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော ထိုငရဲသားကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှားချိတ်ကြီးဖြင့် ဆယ်တင်၍ “ဘာအလိုရှိသလဲ”ဟု မေးကုန်၏။ တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော သံတုံးသံခဲတို့ဖြင့်ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။

ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကို အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတယောက်က ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။
အခြား ငရဲထိန်းတယောက်က ထိုနည်းတူပင် တဘက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်သောထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍
ကျွေးကြလေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ အာခေါင် လည်ချောင်းအူတို့ကို လောင်ကျွမ်းပြီးလျှင်
အောက်ဒွါရမှ ထွက်သွားကုန်၏ ရေငတ်သည်ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သောသံရည်တို့ကို
လောင်းထည့်၍ ပေးကုန်၏။

ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားကုန်၏။ ငရဲသားသည်
မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။ ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို
ငရဲကြီးထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။ ဤ ငရဲဒုက္ခတို့ကို “ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်၊
ဒေဝဒူတသုတ်” စသည်တို့၌ကျယ်ဝန်းစွာ ဟောထား၏။ ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။

ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့်ရင်ဆိုင်တွေ့နေရသောသူတို့သည် ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ ဆုံးမအားပေးအပ်၏။

■ဝိပဿနာ ရှုနေသော အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊ မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊
ရှေးကလဲ ခံစားခဲ့ရလှလေပြီ၊ ငရဲဒုက္ခနှင့် ဧကံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တ နေသော်လည်း သင်သည် ဤဝိပဿနာအလုပ်ကို
အားထုတ်ခွင့် ရမည်မဟုတ်ပေ။

■ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။သို့ဖြစ်၍ သင်မပျင်းပါနဲ့၊
မမေ့ပါနဲ့၊ ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့ =
ဤသို့သော အဓိပ္ပါယ်ကိုပင်ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံး
အမတော်ကို ရိုသေစွာ လိုက်နာပါလော့။“ဈာယ (တုဝံ) ဘိက္ခု မာ ပမာဒေါ၊မာ တေ ကမာဂုဏေ
ရမေဿု စိတ္တံ၊မာ လောဟဂုဠံ ဂိလီ ပမတ္တော၊မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။”
(ဓမ္မပဒ ၃၇၁-ဂါထာ)
ဘိက္ခု- ရဟန်း။
တုဝံ-သင်သည်။
ဈာယ-မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။
မာ ပမာဒေါ - မေ့၍မနေလေလင့်။
တေ စိတ္တံ - သင်၏စိတ်ကို။
ကာမဂုဏေ - ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။
မာရမေဿု - မွေ့လျော်နှစ်ခြိုက်က်ပျော်ပိုက်၍ မနေစေလင့်။
ပမတ္တော - မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။
နိရဟံပတွာ - တရံတခါ ငရဲရွာသို့ရောက်လတ်၍။
လောဟဂုဠံ - မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။
မာဂိလီ - အလိုမကျဘဲ မမျိုရမိ ပါစေလင့်။

ဒယှမာနော - ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။
ဣဒံ ဒုက္ခန္တိ - ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊
မာ ကန္ဒီ - ဟစ်အော်ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

■တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်မရနိုင်။
အဖျား၌ သံချွန်တပ်သောနှင်တံ ၊ ရိုးရိုး နှင်တံတို့ဖြင့် ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို
ရုန်းဆောင်နေရသော မြင်း နွား ကျွဲဖြစ်စဉ်၌လည်း အားထုတ်ခွင့်မရနိုင်။
■ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင် ငတ်မွတ်နေစဉ်၌လဲအားထုတ်ခွင့် မရနိုင်။
■ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့် ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။

ထိုတိရစ္ဆာန် ၊ ပြိတ္တာ၊အသူရကာယ်တို့သည် အားထုတ်သော်လည်းဝိပဿနာဉာဏ် မဂ်ဖိုလ်ညာဏ်တို့ကို မရနိုင်ကုန်။ အိုသူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင်
“ဝိပဿနာအလုပ်” ကို အားထုတ်နိုင်သည့် အခါပေတည်း။သို့ဖြစ်၍သင်မပျင်းနဲ့၊မမေ့နဲ့၊အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။

-【ဆဋ္ဌသင်္ဂီတိ ပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး
ဝိပဿနာရှုနည်း မှ- 】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

ဝက်ခြံလုံးဝ မထွက်ချင်ရင် ဒီနည်းလမ်းတွေကို သုံးကြည့်လိုက်ပါ

$
0
0

         
လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက် ခြင်းဟာ ပြဿနာ တစ်ခု ဖြစ်မယ် ထင်ပါတယ်။

မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြ ပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါ တယ်။ အမျိုး သားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေ ပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက် တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစား အသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်း ကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

Ref-healthnewsေ

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

အလှပျက်စေတဲ့အဆီကွက်တွေကို ပယ်ဖျက်ပေမယ့် ကော်ဖီအစွမ်း

$
0
0

အမျိုးသမီးတွေရဲ့ ပေါင်၊ ခြေသလုံး၊ လက်မောင်းနဲ့လက်ဖျံတွေမှာ အဆီကွက်ထပြီး အလှပျက်နေတယ် ဆိုရင် အလွန်အသုံးတည့်မယ့် ဆေးနည်းတခု ရှိနေပါတယ်။ 


 



 ကော်ဖီဟာ အဆီကွက်တွေကို ပျောက်ကင်းအောင်လုပ်တာနဲ့ ရေချိုး ဂျယ်လ်စတဲ့ အသားအရေ လှပ   
အောင် လုပ်တဲ့ ပစ္စည်းတွေမှာ အလွန်နာမည်ကြီးတဲ့ ပစ္စည်းတမျိုးဖြစ်ပါတယ်။

ကော်ဖီရဲ့ အသုံးဝင်မှုဟာ အလှအပလိုက်စားသူ အမျိုးသမီးတွေနဲ့ ကိုယ်ခန္ဓာကိုယ်ပေါ်က အဆီကွက်တွေ ပျောက် ကင်းစေတဲ့ နည်းလမ်းကောင်းတခုလည်းဖြစ်ပြီး ၃ ရက်၊ ၄ ရက်မှာ တကြိမ်လုပ်ဆောင်ပေးမယ်ဆိုရင် အတိုင်းအ တာ ပေါ် မူတည်ပြီး သိပ်မကြာခင်မှာပဲ အဆီကွက်တွေ ပပျောက်ကာ အသားအရေ ချောမွတ် သွားစေ တယ်လို့ Beautiful Girls Magazine က ဖော်ပြထားပါတယ်။ 


လုပ်ပုံလုပ်နည်းကလည်း အလွန်ပဲ ရိုးစင်းပါတယ်။ ကော်ဖီမှုန့်စစ်စစ်ကို ဇလုံတခုတည်း ထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ။ ဆားနဲ့ ကော်ဖီကို သမအောင် မွှေပါ။ ပြီးတော့ သံလွင်ဆီ ဒါမှမဟုတ် anti-cellulite oil လို့ခေါ်တဲ့ အဆီကျဆီကို ထပ်ရောပြီး သမအောင် မွှေပါ။ 

 ဒါဆိုရင် ကော်ဖီနဲ့ ဆား၊ သံလွင်ဆီတို့ သမအောင်မွှေထားတာကို အသင့်သုံးလို့ရနေပါပြီ။ ဒီလိုအခြေအနေရောက်ပြီဆိုရင် သင်ရဲ့ ခန္ဓာကိုယ်မှာ တပိုင်းစီ၊ တပိုင်းစီကို အသားထဲ့ စိမ့်ဝင်အောင် ပွတ်လိမ်းရပါမယ်။ အကြိမ်ကြိမ်ပွတ်လိမ်းပြီးရင် လက်နဲ့ပဲ ကော်ဖီနဲ့စပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားသန့်ရှင်းရပါမယ်။ 

( မှတ်ချက်။ ။ မည်သည့် ဆပ်ပြာ၊ ရေတို့နဲ့မျှ မဆေးကြောပစ်ရပါဘူး)

နောက်တဆင့် က လျှောက်သီး၊   လျှောက်ခါးသီး၊ လိမ္မော်သီး ဒါမှ မဟုတ် လာဗင်ဒါလို့ ခေါ်တဲ့ ခရမ်းရောင် အဆင်းရှိတဲ့ Lavender ပန်းဆီတွေနဲ့ ခုနက ကော်ဖီပါတဲ့ အဆီတွေကို ရောသမမွှေရပါမယ်။ 


အဲဒီလို နောက်ဆုံး ရောစပ်ထားတဲ့ အဆီကို ခန္ဓာကိုယ်မှာ သုပ်လိမ်းကာ မိနစ်အနည်းငယ်ကြာဆုတ်နယ်ပေးပြီး ပလပ်စတစ်နဲ့ ပတ်ပြီး ဖုံးအုပ်ထားလိုက်ပါ။ ၁၀ မိနစ်လောက်ကြရင်တော့ သုပ်လိမ်းထားတဲ့ အဆီတွေကို ဖယ်ရှားလိုက်ပါ။ 

သိသိသာသာ အဆီကွက်တွေ လျော့ပါးလာတာတွေ့ရပါလိမ့်မယ်။ အမျိုးသမီးတွေ အဆီကွက်ကြောင့် အလှပျက်တယ်ထင်ပြီး စိတ်ညစ်စရာတွေ ကင်းဝေးစေမည့် နည်းလမ်းကောင်း တခု ဖြစ်တယ်ဆိုတာ အသုံးပြုသူများ လက်တွေ့ သိရှိနိုင်ပါလိမ့်မယ်။ 

 အိမ့်သံစဉ် ~

 


ကမ္ဘာတစ်ဝန်းတွင် ခက်ခဲပင်ပန်းစွာဖြင့် ပညာသင်ယူနေရသည့် ကျောင်းသူကျောင်းသားလေးများ

$
0
0



ပညာရေး ကဏ္ဍသည် လူ့အဖွဲ့အစည်း တိုးတက်မှု၏ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ပညာရေးကဏ္ဍကို မြှင့်တင်ရန် အခြေခံ အကျဆုံး လိုအပ်ချက်မှာမူ စာသင်ကျောင်းလေးများ ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျောင်းနေအရွယ် ကလေးငယ်များသည် မိမိတို့ သက်ဆိုင်ရာ စာသင်ကျောင်းလေးများတွင် သွားရောက် ပညာသင်ကြားကြသည်။ ယင်းတို့အနက်မှ အချို့သော ဒေသများရှိ ကလေးငယ်များသည် ပညာသင်ယူရန်အတွက် စာသင်ကျောင်းသို့ ခက်ခက်ခဲခဲ စွန့်စား သွားလာရသည်များလည်း ရှိတတ်သည်။

ပညာသင်ကြားမှုတွင် သက်တောင့်သက်သာ လိုလေသေးမရှိ အရာရာ ပြည့်စုံစွာဖြင့် လေ့လာဆည်းပူးနိုင်သူများ ရှိသလို နေ့စဉ်နေ့တိုင်း ခက်ခဲပင်ပန်းစွာ စွန့်စားသွားလာရင်း ပညာယူရရှာသည့် ကလေးငယ်များ ရှိနေကြောင်းကို UNESCO က ဖော်ပြခဲ့သည်။ အချိန်မရွေး ရေကြီးနိုင်သည့်၊ တောင်ပြိုနိုင်သည့် လမ်းကြောင်းများတွင် သွားလာရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို ကမ္ဘာ့နေရာ အနှံ့အပြားတွင် တွေ့မြင်နိုင်မည် ဖြစ်သည်။

လမ်း၊ တံတားများ ဆောက်လုပ်ပေးခြင်း၊ ကျောင်းကားများ စီစဉ်ပေးခြင်း အစရှိသည့် အခြေခံလိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့် အချို့သော နယ်ပယ်ဒေသများတွင် နေ့စဉ် ခက်ခက်ခဲခဲ ကျောင်းတက် သွားလာနေရသည့် ကလေးငယ်များ၏ ပုံရိပ်အချို့ကို ယခုကဲ့သို့ စုစည်းဖော်ပြအပ်ပါသည်။



၁။ တရုတ်နိုင်ငံ၊ ဂူလူအရပ်ရှိ တောင်ပေါ်ဒေသတွင် ဖွင့်လှစ်ထားသည့် ကျောင်းကလေးကို ကမ္ဘာပေါ်တွင် လူသူအရောက်အပေါက် အနည်းပါးဆုံး ကျောင်းလေးတစ်ခုအဖြစ် သတ်မှတ်ထားသည်။
ကျောင်းသူ ကျောင်းသားများသည် အသွားအပြန် (၅)နာရီမျှ ခရီးကို တောင်ပတ် လမ်းကျဉ်းလေးအတိုင်း ခြေလျင် လျှောက်၍ သွားလာရသည်။ လမ်းကျဉ်းလေးသည် အချို့သော နေရာများတွင် အကျယ်(၁)ပေမျှသာ ရှိလောက်အောင် ကျဉ်းမြောင်းပြီး အလွန် အန္တရာယ်များသည့် အခြေအနေမျိုး ဖြစ်သည်။



၂။ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဇန်ရှီဝမ် ရွာကလေးတွင် တောင်စောင်းတစ်ခုပေါ်၌ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားသည်။
ကျောင်းတက်မည့် ကလေးငယ်များသည် နံဘေးတွင် အကာအကွယ် တစ်စုံတစ်ရာမျှ မရှိသည့် နံရံကပ် လှေကားများကို ကုပ်တွယ်ပြီး အတက်အဆင်း ပြုလုပ်ရသည်။
ပေပေါင်းများစွာ မြင့်မားသည့် နေရာသို့ ယင်းကဲ့သို့ အတက်အဆင်း ပြုလုပ်ရခြင်းကြောင့် အနည်းငယ်မျှ ချွတ်ချော်သွားရုံဖြင့် အသက်ဘေး နီးလှသည်။



၃။ အိန္ဒိယနိုင်ငံ ဘက်ခြမ်းရှိ ဟိမဝန္တာ တောင်ခြေရွာကလေးတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းလေးသို့ ကျောင်းသားလူငယ်များ သွားရောက်နေပုံ ဖြစ်သည်။
အေးခဲလှသည့် ရာသီဥတုတွင် ရေခဲကျောက်ဆောင်များပေါ် ခြေမချော်အောင် ကြိုးစားထိန်းသိမ်း လမ်းလျှောက်သွားရင်း နေ့စဉ် ကျောင်းတက်ကြရသည်။



၎။ အင်ဒိုနီးရှားနိုင်ငံ၊ လီဘက်ရှိ ခနော်နီ ခနော်နဲ့ ကြိုးတံတားသည် ဆိုင်းကြိုးများ ပြတ်တောက်ပြီး ယိုယွင်းပျက်စီးလျက် ရှိသည်။
မည်သို့ပင်ဖြစ်စေ ဒေသခံ ကလေးငယ်များသည် ပြုပြင်ခြင်း မရှိသေးသည့် အဆိုပါ ကြိုးတံတားကိုပင် တွယ်ကပ်၍ တသွင်သွင် စီးဆင်းနေသော မြစ်ပြင်ပေါ်မှ ဖြတ်ကူးကာ ကျောင်းတက်ကြရသည်။



၅။ ကိုလံဘီယာနိုင်ငံရှိ ရီယိုနီဂရို မြစ်ပေါ်တွင် ကောင်းကင်ဆိုင်းကြိုးများ သွယ်တန်းထားသည်။
အဆိုပါ ဒေသအတွင်းမှ ကျောင်းသူကျောင်းသားများသည် မြေပြင်အထက် မီတာ(၄၀၀)အမြင့်တွင် ဆိုင်းကြိုးများကို စီးနင်းလိုက်ပါသွားပြီး မီတာ(၈၀၀)ထိ ခရီးပေါက်အောင် သွားလာရသည်။ ယင်းခရီးစဉ်သည် ၎င်းတို့၏ နေ့စဉ် ကျောင်းတက်ကျောင်းဆင်း ဖြတ်သန်းရသည့် အတွေ့အကြုံ တစ်ရပ်လည်း ဖြစ်သည်။



၆။ အင်ဒိုနီးရှား နိုင်ငံရှိ ရိုင်အူတွင် ကျောင်းသူကျောင်းသား ကလေးငယ်များသည် ကနူးလှေငယ်များကို ကိုယ်တိုင်လှော်ခတ်၍ ကျောင်းတက်လေ့ရှိသည်။



၇။ အိန္ဒိယနိုင်ငံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် သစ်မြစ်တံတားကြီး တစ်ခုသည် ကျောင်းသူကျောင်းသား လူငယ်များအတွက် ချောင်းကူးတံတားတစ်ခု ဖြစ်လာသည်။



၈။ မြန်မာနိုင်ငံတွင် လယ်ယာမြေသုံး ကျွဲတစ်ကောင်၏ ကျောပေါ်တွင် စီးနင်းလိုက်ပါရင်း ကျောင်းသွားနေသည့် မိန်းကလေးငယ် တစ်ဦး၏ ပုံရိပ်ဖြစ်သည်။



၉။ အိန္ဒိယနိုင်ငံ၊ ဘယ်လ်ဒန်ဂါတွင် သုံးဘီးတပ် ယာဉ်ငယ်လေးများပေါ် ကလေးငယ်များကို ပြွတ်သိပ်တင်ဆောင်ပြီး ကျောင်းကားသဖွယ် အသုံးပြုကြသည်။



၁၀။ တရုတ်နိုင်ငံ၊ ဆီချွမ်ဒေသရှိ ဒူဂျင်ဂျန်း အရပ်တွင် နှင်းရည်များ စိုစွတ်နေချိန်၌ တံတားပျက် တစ်ခုပေါ် သတိကြီးကြီး သွားလာပြီး ကျောင်းတက်နေရသည့် ကလေးငယ်များ ရှိနေဆဲ ဖြစ်သည်။



၁၁။ အင်ဒိုနီးရှား နိုင်ငံ၊ ပန်ဂူရူရန်တွင် လူအမြောက်အမြား တင်ဆောင်လာသည့် ကူးတို့ရေယာဉ်များ၏ ခေါင်မိုးထက်မှ လိုက်ပါရင်း နေ့စဉ် ကျောင်းတက်နေရသည့် ကလေးငယ်များကို တွေ့မြင်နိုင်မည် ဖြစ်သည်။



၁၂။ သီရိလင်္ကာနိုင်ငံတွင် (၁၆)ရာစုလက်ရာ ဂါလီခံတပ်ကြီးကို ဖြတ်သန်းပြီး ကျောင်းတက်ရသည့် လူငယ်များလည်း ရှိကြသည်။
ခံတပ်ကြီး၏ အချို့သော နေရာများတွင် ပျဉ်ချပ်ငယ်များကို လမ်းသဖွယ်ခင်းပြီး ချိတ်ဆက် သွားလာကြရသည်။



၁၃။ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် ဝန်တင်မြင်းလှည်းတစ်စီးပေါ်၌ မဆန့်မပြဲ စုရုံးလိုက်ပါရင်း ကျောင်းသွားတက်သည့် ကလေးငယ်များ၏ ပုံရိပ်ဖြစ်သည်။



၁၄။ အင်ဒိုနီးရှားနိုင်ငံ၊ ကလင်ကပ် ကျေးရွာလေးတွင် ကျောင်းသူကျောင်းသားများသည် မသေမသပ် ပြုလုပ်ထားသည့် သစ်ဖောင်လေးများပေါ် လိုက်ပါရင်း ရေစီးသန်သောမြစ်ကို ဖြတ်သန်းကာ ကျောင်းတက်ကြရသည်။



၁၅။ တရုတ်နိုင်ငံရှိ တောတောင်ထူထပ်ရာ ပီလေဒေသတွင် မိဘများက (၁၂၅)မိုင်မျှ ကွာဝေးသည့် ဒေသတွင် သားသမီးများကို ကျောင်းအိပ်ကျောင်းစား သွားရောက် အပ်နှံထားသည်။
ကျောင်းသွားအပ်သည့်အခါ ဖြတ်သန်းရသည့် နေရာတစ်ခုမှာ နက်ရှိုင်းသော ချောက်ကမ်းပါး နံဘေး၌ ခြေဖဝါး တစ်ချပ်စာသာ ချနိုင်လောက်အောင် ကျဉ်းမြောင်းသော လမ်းကြောင်းလေးအတိုင်း ကုတ်တွယ် သွားလာရခြင်း ဖြစ်သည်။



၁၆။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းရှိ ပန်ဒန်းတွင် မြစ်တစ်စင်းပေါ်၌ တံတားထိုးထားခြင်း မရှိချေ။
ထို့ကြောင့် အနီးအနားရှိ ရွာများမှ ကလေးငယ်များသည် မြစ်ကိုဖြတ်ကာ သွယ်တန်းထားသည့် ကြိုးတန်းတစ်ခုကို လက်ဖြင့်ကိုင်ပြီး ကျန်ကြိုးပေါ်တွင် နင်းလျှောက်ကာ ကျောင်းတက်ရသည်။



၁၇။ ဖိလစ်ပိုင်နိုင်ငံ၊ ရီဇဲလ် ဒေသတွင် မူလတန်းကြို ကျောင်းတစ်ကျောင်းမှ ကျောင်းသူကျောင်းသားများသည် လေထိုး တာရာများပေါ် မှီခိုလိုက်ပါရင်း မြစ်ကိုဖြတ်ကာ တစ်ဖက်ကမ်းရှိ ကျောင်းတွင် သွားရောက် ပညာသင်ယူကြရသည်။

_Ref: Xposethereal

 http://7daydaily.com/story/19867#.VAh0b2OM-So

ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးဝင် ဂီဇာပိရမစ်ကို ဘယ်လို တည်ဆောက်ခဲ့သလဲ

$
0
0


 

 
အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ဂီဇာပိရမစ် တည်ဆောက်ရာမှာ ကျောက်တုံးတွေကို အနား(၁၂)နားပါတဲ့ ဒိုဒက် ကက်ဂွန် (Dodecagon)ပုံစံပြောင်းပြီး သယ်ခဲ့ကြဖွယ်ရှိတယ်လို့ သုံးသပ်ပါတယ်။ အီဂျစ်ဘုရင် ကူဖူရဲ့ ဂူသင်္ချိုင်း ဂီဇာ ပိရမစ်ကို ဘီစီ ၂၅၆၀မှာ တည်ဆောက်ပြီး ဘီစီ ၂၅၄၀မှာ ပြီးစီးတယ်လို့ အီဂျစ်သမိုင်း လေ့လာသူတွေက ယူဆခဲ့ကြပါတယ်။ ဂီဇာပိရမစ်ဟာ ကမ္ဘာ့အံ့ဖွယ် ခုနှစ်ပါးထဲမှာ ရှေးအကျဆုံးဖြစ်သလို စက်ကိရိယာ အကူအညီမပါဘဲ
လူသားတွေတည်ဆောက်တဲ့ အဆောက်အဦတွေအနက် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။


လွန်ခဲ့တဲ့နှစ်ပေါင်း (၄၅၀၀)ကျော်က ဂီဇာပိရမစ်ကြီး တည်ဆောက်ရမှာ
ကျောက်တုံးတွေကို ဘယ်လို သယ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုး ရှိခဲ့ပါတယ်။ ပိရမစ်ကြီးကို နှစ်တန်ခွဲလေးတဲ့
ကျောက်တုံးပေါင်း ၂.၄သန်းနဲ့ နှစ်(၂၀)နီးပါး တည်ဆောက်ခဲ့ရတာဖြစ်ပြီး
ကျောက်တုံးတွေကို နိုင်းမြစ်ဝှမ်းကနေ သယ်ယူခဲ့ရတာ ဖြစ်ပါတယ်။

 ထုံးကျောက်၊ နှမ်းဖတ်ကျောက်တွေ အသုံးပြုထားပြီး ကူဖူဘုရင် ခန်းဆောင်မှာရှိတဲ့ နှမ်းဖတ်ကျောက်တွေက အကြီးဆုံးပါပဲ။
(၁၂)နှစ်ဆက်မြောက် ဘုရင် ဒီဂျီဟူတီဟိုတက်ရဲ့ ဂူသင်္ချိုင်းမှာ ပိရမစ်တည်ဆောက်ဖို့ ကျောက်တုံးတစ်တုံးကို လူ ၁၇၂ဦး စွတ်ဖားနဲ့ဆွဲနေတဲ့ပုံ ပါဝင်နေလို့ ကျောက်တုံးသယ်ရာမှာ စွတ်ဖားတွေ အသုံးပြုကြလိမ့်မယ်လို့ ထင်မြင်ချက်ပေးကြသလို တချို့တွေက ရေစီးလမ်းဖောက်ပြီး ကျောက်တုံးတွေကို
ရေထဲမျောလိမ့်မယ်၊ ပုခက်လို ပစ္စည်းမျိုးကို သုံးခဲ့လိမ့်မယ်၊ ကွေးထားတဲ့ သစ်သားတွေကို ကျောက်တုံး တစ်ဖက်တစ်ချက်မှာထားပြီး လိမ့်ရလွယ်အောင် လုပ်ခဲ့လိမ့်မယ် ဆိုပြီး ဖြစ်နိုင်ခြေ အမျိုးမျိုး သုံးသပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ အင်ဒီယားနား တက္ကသိုလ်က ရူပဗေဒ ပညာရှင်တွေကတော့ ကျောက်တုံးရဲ့ မျက်နှာပြင်တိုင်းမှာ သစ်လုံးတွေချည်ပြီး ကျောက်တုံးကို ဒိုဒက်ကက်ဂွန်ပုံ
ပြောင်းလိုက်ရင် မြေပေါ်ကိုသက်ရောက်နေတဲ့ ဖိအားလျှော့ပါးစေပြီး ရွှေ့လျားပွတ်တိုက်မှုရဲ့ မြောက်ဖော်ကိန်း ၀.၃အထိ ဖြစ်သွားလို့ ကျောက်တုံးအလေးချိန်ရဲ့ ၀.၁၅ ဆ အားစိုက်ရုံနဲ့ ကျောက်တုံးကို ရွှေ့အောင်လိမ့်နိုင်လိမ့်မယ်လို့ လက်တွေ့ပြသခဲ့ပြီး ပိရမစ် ဆောက်သူတွေ အဲဒီနည်းကို သုံးခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ပိရမစ်တွေ တည်ဆောက်ကြတဲ့အခါ အမြင့်ပိုင်းနဲ့ အနိမ့်ပိုင်းကို ဆက်သွယ်ထားတဲ့ အတွင်းပိုင်းဆင်ခြေလျောလမ်းကနေ ကျောက်တုံးတွေကို ဆွဲယူပြီး စီခဲ့ကြမယ်လို့ နှစ်တော်တော်ကြာ ယူဆခဲ့ကြပေမယ့် နယူးပို့တ်က အင်ဂျင်နီယာတစ်ယောက်ကတော့ အဲဒီအယူအဆကို ပယ်ချပါတယ်။ ပိရမစ်တွေ တည်ဆောက်နည်းကို စဉ်းစားရင် ရှေးဟောင်း သုတေသီတစ်ယောက် အမြင်ထက် အင်ဂျင်နီယာ တစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ပဲ စဉ်းစားသင့်တယ်လို့ ပီတာဂျိမ်းက ပြောပါတယ်။
သူ့အယူအဆကတော့ ပိရမစ်ဆောက်တဲ့အခါ ထောင့်လေးထောင့်မှာ အရင်ကျောက်တုံးတွေစီမယ်။

အလယ်မှာ ဗဟိုချက်တစ်ခုထားမယ်။ အဲဒီဗဟိုချက်ပေါ်မှာ ရုပ်အလောင်းတွေထည့်ဖို့ ကျောက်ကန်ခန်းဆောင် တည်ဆောက်မယ်။ အတွင်းပိုင်းမှာ ပိုသေးတဲ့၊ ပိုပေါ့ပါးတဲ့ ကျောက်တုံးတွေကို ထားပြီး တစ်လွှာချင်းဆင့် တည်ဆောက်မယ်၊ ပိရမစ်အပြင်ပိုင်းမှာ ထုထည်ကြီးတဲ့ ကျောက်တုံးကြီးတွေကို အသုံးပြုပြီး ငြမ်းဆင်တည်ဆောက်မယ် ဆိုတာပါပဲ။
Nz(ရိုးရာလေး)
Ref:Dailymail
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/posts/750247931685128

သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်

$
0
0





လက်တလော အင်မတန် နာမည်ကြီးနေတဲ့ ဟောလိဝုဒ်က Naked pic သတင်းကတော့ သိကြမှာပါ။ Hunger Game က မင်းသမီးချော Jennifer Lawrence နဲ့အတူ အခြားသော မင်သမီး နဲ့ မော်ဒယ်ပေါင်း မြောက်များစွာရဲ့ ကိုယ်လုံးတီး ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းမှာ အင်မတန် ပြန့်နှံ့သွားပါတယ်။ ဥပဒေ နဲ့ အရေးယူမှုဆိုတာ နောက်မှလာတာပါ။ Digital Platform ပေါ် ရောက်သွားပြီ ဖြစ်တဲ့ ပုံနဲ့ မှတ်တမ်းများကို ပြန်ဖြတ်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းတာနဲ့ တင် အဖက်ဆယ် မရအောင် ဇာတ်လမ်းက ပြီးနေပါပြီ။ အင်တာနက် နဲ့ အိုင်တီ ပစ္စည်း အသုံးပြုမှု တိုးတက်လာတဲ့ မြန်မာပြည်မှာလည်း ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ မဖြစ်အောင် ဘယ်လို တားဆီးရမယ်ဆိုတာပဲ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

မှတ်တမ်း ပစ္စည်းလုံခြုံရေးနဲ့ ပက်သက်လို့

ကိုယ်ကတော့ ဘာရယ်လို့ မဟုတ် သူများ ပြရန် မသင့်တော်တဲ့ အချက်အလက်တွေ ရှိနေပြီ။ (ကိုယ်လုံးတီးပုံများကိုသာ ဆိုလိုခြင်း မဟုတ်ပါ)။ အဲ့ဒီ မှတ်တမ်းတွေကို သိမ်းဆည်းမယ်ဆိုရင် လုံခြုံရေးက အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပစ္စည်းများ ဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Hard Disk တို့မှာ သိမ်းထားဖြစ်တယ် ဆိုရင် ယင်း ပစ္စည်းတွေမှာ Password တွေခံရမယ်ဆိုတာလည်း သိကြမှာပါ။ ဒါတင်မကသေး။ Digital Device မှာ သိမ်းလိုက်တဲ့ ပစ္စည်းများက Delete လုပ်လိုက်လဲ ယခုခေတ် Software ပေါင်းစုံနဲ့ ပြန်လည် Retrieve လုပ်လို့ ရပါတယ်။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် မိုဘိုင်းဖုန်း ပြင်ဆိုင် အချို့ဟာ Data recovery software အချို့နဲ့ မိန်းကလေးများ အသုံးပြုတဲ့ ဖုန်းအပျက်များထဲက ဓာတ်ပုံများ၊ ဗီဒီယိုများကို ပြန်ယူတယ်လို့ ကြားဖူးတယ်။ (သေချာ မသိပါ)။ နိုင်ငံတကာမှာတော့ Amazon တို့လို အွန်လိုင်း ဈေးကွက်မှာ တင်ရောင်းတ့ ဖုန်းတွေကို ဟက်ကာများကို ပြန်ဝယ်ပြီး မှတ်တမ်းတွေ ပြန်ယူခြင်း ဖြစ်ပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး အချက်အလက် မှတ်တမ်းများကို Digital format နဲ့ မသိမ်းနိုင်ရင်အကောင်းဆုံး ဖြစ်ပြီး သိမ်းလိုက်ပြီ ဆိုရင်လည်း ယင်းပစ္စည်းကို ကိုင်တွယ်မယ့်လူတွေကို သေချာ စိစစ်ဖို့ လိုအပ် ပါမယ်။

အွန်လိုင်းပေါ်မှာ သိမ်းခြင်းနဲ့ ပက်သက်လို့

အခု ဖြစ်သွားတဲ့ ကိစ္စက Apple ရဲ့ iCloud မှာ အားနည်းချက် ရှိလို့ ဖြစ်ပါတယ်။ iCloud မှာ အားနည်းချက် မရှိပါဘူး။ Find my iPhone လို့ခေါ်တဲ့ ဖုန်းပြန်ရှာတဲ့ App မှာ အားနည်းချက် တစ်ခုရှိပြီး ယင်းကနေ iCloud ကို လွယ်တကူ ဝင်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဟက်ကာတို့လက်ထဲမှာ မင်းသမီးပေါင်း ၁၀၀ ကျော်ရဲ့ ပုံနဲ့ ဗီဒီယိုများ ရှိသတဲ့။ ဒီခေတ်ကြီးထဲမှာ ဘယ် Online Storage မှ စိတ်မချရပါဘူး။ Online Storage ကတော့ စိတ်ချရတယ်လို့ ထားလိုက်ပါတော့။ အသုံးပြုသူရဲက နမော်နမဲ့ နိုင်မှုကြောင့်လည်း လွယ်တကူ ပါသွားနိုင်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့် Password ကို သူ့အမည်အတိုင်း ရိုက်ထည့်လို့ ပွင့်သွားတာမျိုးတောင် ကြုံဖူးပါတယ်။ Security question မှာ မွေးရပ်ဇာတိ၊ မိဘ အမည်တို့ ထည့်တာလောက်ပဲ ထားတတ်ကြတော့ Gmail အကောင့်ပါသွားသူ သူငယ်ချင်းများလည်း မနည်းပါဘူး။ Online ပေါ်မှာ သိမ်းဆည်းမှုက System က perfect ဖြစ်နေရင်တောင် အသုံးပြုသူရဲ့ မပြည့်ဝတဲ့ ဗဟုသုတကြောင့် ပါတတ်ပါသေးတယ်။ အချို့ဆို Gmail နဲ့ Facebook တို့ကို နမော်နမဲ့ နိုင်စွာပဲ အင်တာနက်ဆိုင်မှာ ထားခဲ့တာတွေ အများကြီးပါ။

မှတ်တမ်းတင်ခြင်းနဲ့ ပက်သက်လို့

အချို့က မင်္ဂလာဆောင် မှတ်တမ်းကို ပြန်ကြည့်ချင်တယ်။ အချို့က မင်္ဂလာဆောင် အခမ်းအနား မှတ်တမ်းတင် မက သူများ ပြန်ပြရန် မသင့်တဲ့ အမှတ်တရတွေပါ ရိုက်ကြ ပါတယ်။ ကောင်းမှု တစ်ခုပြုလုပ်ပြီး အမြဲ အမှတ်ရနေဖို့ မှတ်တမ်းတင်တာ မဟုတပ်ဲ ဒီ ကာမအာရုံတွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့် တာ ကတော့ တဏှာရဲ့ စွဲဆောင်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ မှတ်တမ်း မှတ်ရာတွေ တင်တဲ့အခါ ငါ ဟာ ကောင်းရာကောင်းကြောင်း အတွက် မှတ်တမ်း တင်တာလား၊ မကောင်းရာမကောင်းကြောင်း အတွက် မှတ်တမ်းတင်တာလား ဆိုတာ စဉ်းစားစရာပါ။ မင်္ဂလာအခမ်းအနား နဲ့ အလှူအခမ်းအနား မှတ်တမ်းများက ကြည်နူးစရာပါ။ အဲ့ဒီထက် ပိုတဲ့ မှတ်တမ်းများကတော့ မိမိရဲ့ စိတ်ဆန္ဒပေါ်မှာသာ မူတည်ပါတော့တယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကို စာရေးသူ မထိခိုက်လိုပါ။ မိမိကိုယ်တိုင်သာ စဉ်းစားဆင်ခြင်စေရန်သာ ဖြစ်ပါတယ်။ Take your own risk ဟု ဆိုသည့်အတိုင်းပင် ဖြစ်သည်။

မှတ်တမ်းတင်သူသာ မရှိလျှင်

မှတ်တမ်းတွေ ထွက်ကျကုန်တယ်ဆိုတာ မှတ်တမ်းတင်တဲ့သူရှိလို့ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိသာ မှတ်တမ်း တင်မထားရင် ဒါတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အချို့က ကိုယ်တိုင် မှတ်တမ်း မတင်ပေမယ့် နမော်နမဲ့ နိုင်မှုကြောင့် မှတ်တမ်းအတင်ခံရတာမျိုးတွေလည်း ရှိပါတယ်။ နည်းပညာ ခေတ်ကြီးထဲမှာ World Wide အင်တာနက် အသုံးပြုသူရဲ တစ်ဝက်တိတိဟာ သားကောင်များ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရင် သားကောင်က ၉၀ ရာခိုင်နှုန်းကျော် ရှိပါလိမ့်မယ်။

ဒါကြောင့်မို့ Digital device နဲ့ Software များကို သူများသုံးလို့ လိုက်သုံးတာလောက်၊ လှလို့ လိုက်သုံးတာလောက် မဟုတ်ပဲ လုံခြုံရေးအတွက် သေချာ လေ့လာပြီးမှ၊ သေချာ သုံးတတ်မှပဲ အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

နှလုံး သွေးကြောကျဉ်းနဲ့ သံပုရာသီး

$
0
0
                        
 

နှလုံးနဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်လည်း နှလုံးအားနည်းတာ၊ သွေးကြောကျဉ်းတာမျိုးဖြစ်နေတာနဲ့ ဖတ်မိတာလေးများကို အရေးရှိရင် ပြန်ကြည့်ရအောင် တင်ဖြစ်သွားတာမနည်းဘူး။ ကောင်းမယ်ထင်တာများ ထပ်တွေ့ရင်လဲ ထပ်စုထားဦးမှာပါ။ တချို့ဖတ်မိတဲ့နည်းလမ်းလေးများလည်း မနည်းဘူး။ ဒါပေမယ့် များတာနဲ့ မတင်ဖြစ်သေးဘူး။ ဂျာမန် ဆရာဝန်များကလည်း သေညှိုး ဖြစ်လာခဲ့ရင် နှလုံးသွေးကြောပိတ်ဖို့ သိပ်မဝေးတော့ဘူး လို့ပြောဆိုထားတာလည်း တွေ့မိပါရဲ့။ အဲဒါမျိုး ဖြစ်ရင်တော့ သတိထားကြရမှာပေါ့။

ကျနော့်မှာတော့ လွန်ခဲ့တဲ့ နှစ်များစွာထဲက အိပ်ပျက်တွေ များခဲ့တာကြောင့် နှလုံးကို လေဟပ်ပြီး မေ့လဲခဲ့တာလည်း သုံးခါလောက်ရှိတယ်။ ဒီကြားကာလတွေမှာလဲ အိပ်ပျက်များလာရင် နှလုံးက စူးအောင့်တာမျိုးလည်း ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။ ပညာသင်နေတဲ့အချိန်ထဲက ညဥ့်နက်သန်းခေါင် ၃ နာရီလောက်မှ အိပ်တာက များခဲ့တာလည်း ပါမည်။

၂၀၀၈.ခုတုန်းက အထူးကုဆရာဝန်ကြီးနဲ့ တကိုယ်လုံးကို ဘာရောဂါများ ရှိလဲလို့ ဓာတ်မှန် ငါးမျိုးလောက် ရိုက်ပြီး ဆေးစစ်ခဲ့တာ ဘာရောဂါမှ မရှိဘူးတဲ့၊ နှလုံးကတော့ အားနည်းနေတယ် ပြောတယ်။ ကျနော်က ညဘက် အအိပ်နည်းတယ်လို့ အရင်ထဲက ညဥ့်နက်မှအိပ်ပြီး အခု လေးငါးနှစ်မှာဆို မနက် ၄ နာရီ ၅ နာရီလောက်မှ အိပ်တာများတယ်၊ အစောအစောဆုံး အိပ်တဲ့ နေ့ဟာ ၄ နာရီလောက် ဖြစ်နေတယ်လို့ ပြောတော့ ဆရာဝန်က ဘာမှ မပြောတော့ဘူး။ ဆေးယူဦးမလားတောင် မေးတယ်။ မယူချင်ရင်တောင် ရသလို ပုံစံပြောတယ်လေ။ အဓိက အအိပ်မမှန်လို့ နှလုံးအားနည်းတဲ့ သဘောပေါ့။
အဲဒီမှာ နှလုံးအားဆေး တလစာ ဝယ်ခဲ့ပါတယ်။ သောက်တာ အတော်လေး လန်းတယ်။ပြတ်သွားတော့ ဆက်မစားဖြစ်တော့ဘူး။

ကျနော့်မှာ လက်ကိုင် စွဲထားတဲ့ ဆေးနည်း တခုရှိတယ်။ အဲဒါက တခြားတော့ မဟုတ်ဘူး။ သံပုရာသီးပဲ။

အဲဒီနည်းကို လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ထဲက ပြည်က အမေကြီး တယောက်က သူကိုယ်တိုင် ပျောက်ခဲ့လို့ ပေးခဲ့တာပါ။ ကျနော် မေ့လဲကျချိန်ထဲကသုံးဖူးတယ်။ကောင်းတယ်။ ကောင်းသွားရင် ပစ်ထားလိုက်တာပဲ။ ဖြစ်လာရင် ပြန်သောက်လိုက် လုပ်နေတာ အခုထိဆိုပါတော့။


နည်းက မခက်ပါဘူး။ သံပုရာသီး တခြမ်းကို ပွက်ပွက်ဆူထားတဲ့ ရေနွေး မိုက်ခွက် တလုံးထဲကို နည်းနည်းလေး ညှစ်လိုက်ပြီး အစေ့ပါ အကုန်လုံး စိမ်ထားလိုက်တယ်။ အဲဒါကို ရေနွေး အေးခါနီးနီးရင် သောက်လို့ ရပြီ။ အေးသွားလဲ ကျန်တာများကို တနေကုန်ရေဆာတိုင်း သောက်နေရုံပဲ။ တနေ့ကို သုံးခါလောက် သောက်နိုင်ရင်တော့ ကောင်းတယ်။ ကျနော်ကတော့ တနေ့ မိုက်ခွက်(ဖန်ခွက်ကြီး)တလုံးပဲ သောက်တယ်။ နှစ်ရက် သုံးရက်လောက် သောက်လိုက်ရင် သိသာသွားတယ်။ နောက်ရက်ဆို ကောင်းသွားတာပါပဲ။ ကျနော် စဖြစ်လို့ သောက်တုန်းကတော့ တပတ်လောက် သောက်ခဲ့တာပါ။ တပတ်နဲ့ ကောင်းသွားလို့ 

ပစ်ထားလိုက်တာ။


ဖြစ်လာမှ ပြန်သောက်ပဲ။ ဒီလိုနေလာခဲ့တာ နှလုံးသွေးကြောကျဉ်းတာကတော့အတော်လေးကို ကောင်းတယ်။သောက်ချင်တဲ့ မိတ်ဆွေများနဲ့ နီးစပ်ရာများကို ဆင့်ကမ်းချင်ရင် အလွယ်တကူအသုံးပြုနိုင်ဖို့ပါ။ သွေးတို့ လေငန်းတို့ ကာကွယ်တဲ့ အနေနဲ့ အခွံနဲ့ အစေ့များကိုပါ..ဝါးစားနိုင်ရင် ကောင်းတယ်။ သွေကျနေရင်တော့ အစေ့ကို မစားပါနဲ့။ အခွံကတော့ လေကောင်းတယ်လေ။ သံပုရာအချဉ်ဓာတ်ကတော့ နှလုံးသွေးကြောမှ အဆီများကို ဖယ်ရှားပေးလိုက်တာပါပဲ။သံပုရာသီး အသုံးဝင်တဲ့ အစွမ်းတွေကတော့ အများကြီးပါ။ နှလုံးနဲ့ ပတ်သက်တာလေးကို သုံးချင်သူများအတွက် မျှလိုက်တာပါ။

http://www.searchmyanmar.com/link/comment/cid/41161#content-41161


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.34473255

အီးမေးလ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ

$
0
0


အင်တာနက်တွေ အသုံးပြုနေရင်း နီးနီး၊ ဝေးဝေး ရှိနေကြသူ တယောက်နဲ့ တယောက် အလွန်မြန်မြန် ဆန်ဆန် စာနဲ့ဆက်သွယ်တဲ့ အီးမေးလ်ဆိုတာကို တီထွင်ခဲ့သူကို သင်သိပါသလား။ 






 V.A. Shiva Ayyadurai၊ ဓာတ်ပုံ- ဝီကီပီဒီးယား 

တကယ်တော့ အီးမေးလ်ကို စတင်တီထွင်ခဲ့သူဟာ အိန္ဒိယနိုင်ငံ ဘုံဘေက တမီနွယ်ဖွား အသက် ၁၄ နှစ် အရွယ် အထက်တန်း ကျောင်းသား V.A. Shiva Ayyaduraiဆိုသူဖြစ်ပါတယ်။ 

သူက electronic office system ဆိုတဲ့ အီးမေးလ်ဆိုတာကို တီထွင်ခဲ့တာ ၁၉၇၈ ခုနှစ်ကပါ။ အဲဒီတုန်းက သူ့အသက်က ၁၄ နှစ်ပဲ ရှိသေးပြီး အမေရိကန်အစိုးရကလည်း သူ့ကို အီးမေးလ်တီထွင်ခဲ့တဲ့အတွက် တရား ဝင် အသိအမှတ်ပြု လက်မှတ်လည်း ရရှိထားပါတယ်။ 

အီးမေးလ်တီထွင်မှုဟာ နည်းပညာခေတ်ကို ကြီးမားတဲ့ သမိုင်း မှတ်တိုင်တခု စိုက်ထူလိုက်တာလည်းဖြစ် သလို မဟာအပြောင်းအလဲကြီးလို့ လည်း ခေါ်လို့ ရပါတယ်။ အီးမေးလ် ကြောင့် ဘယ်လောက်ဝေးနေတဲ့ သူကို ဖြစ်စေ စက္ကန့်ပိုင်းအတွင်း ကိုယ်ပြောချင်တဲ့ ပို့ချင်တဲ့ စာတွေကို ပေးပို့နိုင်တာဖြစ်ပါတယ်။  

လူတွေက အသားမည်းမည်း ရွှေ့ပြောင်းအခြေချလာသူ လူငယ်လေး တဦးကို အီးမေးလ်တီထွင်ခဲ့သူပါလို့ အသိအမှတ်ပြုဖို့ ၀န်လေးနေတဲ့အကြောင်း သူ က ပြောဆိုထားပါတယ်။ 

သူနဲ့ HuffPost သတင်းဌာနနဲ့ တိုက်ရိုက်အင်တာဗျူးလုပ်တာမှာ သူပြောသွားတဲ့ မူးရင်းစကားက အလွန်ပဲ စိတ်ဝင်စားဖို့ ကောင်းတာကြောင့် မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ 

"After that took place, you have a sense of disbelief among people that comes from not so much the technology issue, but there’s a lot of economic issues associated here," he continued. "[The discovery] wasn't done at MIT; it wasn’t done at the military; it wasn’t done at a big institution. It was done in Newark, NJ, one of the poorest cities in the United States. It was done by a dark-skinned immigrant kid, 14 years old." 

အိန္ဒိယနိုင်ငံ ဘုံဘေမှာ ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က မွေးဖွားခဲ့ပြီး ၇ နှစ်သားမှာ မိသားစုနဲ့ အတူ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်း အခြေချ နေလာခဲ့သူတဦးလည်း ဖြစ်ပြီး အခုတော့ Ph.D ဘွဲ့ရခဲ့ ပြီးကာ အမေရိကန် သိပ္ပံ ပညာရှင်တဦးလည်းဖြစ်နေသူပါ။ 

သူဟာ ကျန်းမာရေးဆိုင်ရာ နည်းပညာသစ်တွေ ကိုလည်း တီထွင်ဖန်တီးခဲ့သူဖြစ်ပါတယ်။


အိမ့်သံစဉ် ~



အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေသူများ ဖတ်ပေးကြနော်

$
0
0
                    

အင်တာဗျူးဖြေခါနီးတိုင်းရင်ခုန်နေသူများ ဒီPostလေးဖတ်ပေးကြနော်။
ဒီအချက်တွေအတိုင်းလိုက်နာနိုင်မယ်ဆိုရင်တော့ အင်တာဗျူးအောင်ဖို့
၉၀%လောက်သေချာသွားပါပြီ။

။တကယ်တော့ အင်တာဗျူးဖြေခါနီးတိုင်း လူတော်တော်များများ စိတ်လှုပ်ရှားကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ လူတော်တော်များများကအင်တာဗျူးဖြေနည်းကိုမသိကြတာပါ။ ဒီလိုပြောလိုက်လို့ အင်တာဗျူးဖြေနည်းဆိုပီးပုံသေနည်းရှိလို့လားလို့မေးလာစရာရှိပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘယ်အင်တာဗျူးမဆိုပုံသေအချက်အလက်လေးတွေရှိပါတယ်။အင်တာဗျူးတစ်ခုကိုဘယ်လိုဖြေရမလဲဆိုတာသိသွားရင်တော့အင်တာဗျူးဆိုတာကြောက်စရာကိုမရှိတော့ပါဘူး။ကဲဒီတော့အင်တာဗျူး မတိုင်ခင် ကြိုတင်ပြင်ဆင်ခြင်း၊ အင်တာဗျူးအခန်းထဲသို့ဝင်ရောက်ခြင်း၊
အင်တာဗျူးအခန်းထဲတွင် ဆောင်ရန်ရှောင်ရန်များနဲ့ အင်တာဗျူးတွင် မေးလေ့ရှိသောမေးခွန်းများဆိုပီးလေးပိုင်းခွဲပြောပါမယ်။

အင်တာဗျူးမဖြေခင်ဘာတွေကြိုတင်ပြင်ဆင်သင့်သလဲ?

(၁) မိမိအကြောင်းကောင်းကောင်းပြောနိုင်အောင်ပြင်ဆင်သွားပါ။အင်တာဗျူးတွေမှာအရင်ဆုံးမေးတဲ့မေးခွန်းကတော့။ Tell me something about yourself? ပါပဲ။ သင်ဟာဒီမေးခွန်းအတွက်အရှည်
ကြီးဖြေဖို့မလိုပါဘူး။ သူတကယ်သိချင်တာကပထမအချက်ကသင့်ရဲ့ Englishစာအရည်အသွေးပါပဲ။ဒုတိယအချက်ကတော့ သင့်ရဲ့စိတ်ဝင်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ပက်သက်နေမှုရှိသလား။
တတိယအချက်ကသင့်ဟာရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ဆိုလားဆိုတာသိချင်တာပါ။ သင့်အကြောင်းကိုသင့်CVကြည့်ချင်းအားဖြင့် အကြမ်းဖြင်းသူသိပီးပါပီ။
-နာမည်၊ အသက်၊ မိဘနာမည်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း၁၀ကြောင်းဆိုလုံလောက်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့ သင်ဟာဘာသာစကားလေ့လာမှု၊ကွန်ပျူတာတာနဲ့
တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့သူက သူ့အလုပ်အတွက် သင်ဟာတစ်နည်းတစ်ဖုံအသုံးဝင်နိုင်တယ်လို့တွက်နိုင်ပါတယ်။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကိုကြိုက်တယ်ဆိုရင်တော့ သင့်ကိုဗဟုသုတကောင်းကောင်းရှိမဲ့သူ
တစ်ယောက်လို့ထင်မြင်နိုင်ပါတယ်။ရေကူးတာကိုဝါသနာပါတယ်လို့သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်လို့ သူထင်မြင်နိုင်ပါတယ်။ ၀ါသနာတွေစိတ်ဝင်စားတာတွေကိုကြည့်ပီးသင့်ရဲ့ပုံစံကိုသူကအကြမ်းဖျင်းခန့်မှန်းမှာပါ။

(၂) လူမှာအ၀တ် တောင်းမှာအကွပ် ဆိုတဲ့စကားပုံအတိုင်းပေါ့ အ၀တ်အစားအရမ်းအရေးကြီးပါတယ်

သင့်ကိုအင်တာဗျူးမေးမဲ့သူကသင့်ရဲ့ဝတ်စားဆင်ယင်ပုံကိုစကြည့်ကတည်းကအမှတ်ပေးနေပါပီ။စမတ်ကျကျနဲ့သပ်သပ်ရပ်ရပ်ဝတ်တတ်ဖို့အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားဆိုလို့ ဈေးကြီးဖို့မလိုဘူးနော် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်ရှိဖို့ပဲလိုတာပါ။ အဲဒိတော့ သင့်တော်မယ့်အ၀တ်အစား
အင်တာဗျူးမတိုင်ခင်ညကတည်းကမီးပူတိုက်ပြင်ဆင်ထားပါ။

(၃) အချိန်ကိုလေးစားတယ် ဆိုတာကလူတော်တစ်ယောက် ရဲ့အမူအကျင့်ပါ။

သင်အင်တာဗျူးကိုသတ်မှတ်ထားတဲ့အချိန်ထက်နောက်ကျမှရောက်တယ် ဆိုရင်တော့အဲဒိအင်တာဗျူးကိုမအောင်ဖို့က ၉၀%လောက်
သေချာသွားပါပီ။ ဒီတော့အင်တာဗျူးဖြေရမယ့်အချိန်နဲ့နေရာကိုသေချာစုံစမ်းပါ။ အဲဒိကိုရောက်ဖို့ဘယ်လောက်ကြာမလဲစုံစမ်းပါ။ ရန်ကုန်မှာကကားကကျပ်တော့ ကြိုသွားသင့်ရင်သွားလို့ရတာပေါ့။ အင်တာဗျူးမတိုင်ခင်
၁၀မိနစ် ၁၅မိနစ်လောက်ကြိုပီးအင်တာဗျူးဖြေရမဲ့နေရာကိုရောက်အောင်သွားပါ။ အရမ်းကြီးလဲစောဖို့မလိုပါဘူး။အရမ်းကြီးစောရောက်ရင် သင်ဟာအရမ်းကိုစိတ်လှုပ်ရှားပီးစိုးရိမ်စိတ်လွန်ကဲတဲ့သူတစ်ယောက်လို့
အမြင်ခံရပါလိမ့်မယ်။တကယ်လို့မလွှဲမရှောင်သာအခြေအနေမျိုးကြောင့် နောက်ကျနေတယ်ဆိုရင်တော့ကုမ္ပဏီကိုဖုန်းဆက်ပီးသင်နောက်ကျကြောင်းကို အကြောင်းကြားပါ။ (ဒါပေမဲ့အဲလိုအခြေအနေမျိုးကဖြစ်ကိုမဖြစ်သင့်တာပါ)

(၄) အမွှေးနံ့သာ၊ရေမွှေးတွေအလွန်အကျွံမသုံးစွဲပါနဲ့။

သင့်ကိုအင်တာဗျူးမဲ့သူကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်လို့ပါ။

(၅) ယောင်္ကျားလေးတွေအနေနဲ့ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖီးပါ။

နားကပ်တွေတပ်ထားရင် ဖြုတ်သွားပါ။ ရှုတ်ရှုတ်ရှက်ရှက်
တွေမ၀တ်မိပါစေနဲ့။

(၆) အမျိုးတွေ၊သူငယ်ချင်းတွေ၊ကလေးတွေ

ဘယ်တော့မှအင်တာဗျူးကိုမခေါ်သွားမိပါစေနဲ့။ ကိုယ့်ကိုကိုယုံကြည်မှုမရှိတဲ့
သူတစ်ယောက်လို့အထင်အမြင်ခံရနိုင်ပါတယ်။

(၇) သင်အလုပ်လျှောက်ထားတဲ့

ကုမ္ပဏီအကြောင်းကိုတတ်နိုင်သလောက်စုံစမ်းထားပါ။အင်တာနက်မှာလဲရှာဖွေလို့ရပါတယ်။အခုခေတ်မှာကုမ္ပဏီတော်တော်များများဟာကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေရှိလာကြပါပီ။သင့်ရဲ့လေ့လာစုံစမ်းမှုဟာသင့်ကိုအင်တာဗျူးအခန်းထဲမှာအများကြီးအကူအညီပေးပါလိမ့်မယ်။

(၈) အင်တာဗျူးအခန်းထဲမှာအင်တာဗျူးပီးခါနီးလို့ သင့်ကိုအင်တာဗျူးသူက Any Question? လို့မေးတဲ့အချိန်မှာပြန်မေးနိုင်မဲ့သင့်တော်တဲ့မေးခွန်းမျိုးတွေ စဉ်းစားထားပါ။ မေးခွန်းမေးခြင်းက သင်ဟာအလုပ်ပေါ်မှာစိတ်ဝင်စားကြောင်း
ကိုပြသနိုင်မဲ့ အခွင့်အရေးပါ။

(၉)သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ကိုအသံထွက်မှန်မှန်နဲ့ပြောနိုင်အောင် လေ့လာထားပါ။ တကယ်လို့မသိရင်ကုမ္ပဏီကreceptionistကိုမေးနိုင်ပါတယ်။

(၁၀) သင့်ရဲ့လက်ကိုင်ဖုန်းကိုအင်တာဗျူးအခန်းထဲမ၀င်ခင်မှာ silent mode သို့မဟုတ် ပိတ်ထားပါ။

အင်တာဗျူးအခန်းထဲကိုဝင်ရောက်နည်း

(၁) အင်တာဗျူးအခန်းထဲမ၀င်ခင် အမြဲတမ်းဝင်ခွင့်တောင်းပါ။ အခန်းတံခါးကစေ့ထားတယ်ဆိုရင်သို့မဟုတ်
ဖွင့်ထားရင်တောင် ညင်ညင်သာသာနဲ့ ၂ကြိမ် ၃ကြိမ်ခန့်ခေါက်ပီး May I come in?ဆိုတာကိုပြောသင့်ပါတယ်။အခြေအနေပေါ်တော့မူတည်တာပေါ့ ခေါက်စရာတံခါးမရှိတဲ့အခါမျိုးဆိုရင်တော့ May I come in?ဆိုရင်လုံလောက်ပါပီ။
သူ့ဆီကနေနှုတ်နဲ့ဖြင့်ဖြင့် အမူအရာနဲ့ဖြင့်ဖြင့်ဝင်ခွင့်ပြုကြောင်းပြောမှသာ အခန်းထဲကိုဝင်ပါ။

(၂)အင်တာဗျူးအခန်းထဲဝင်တဲ့အချိန်မှာသင့်ရဲ့စတိုင်ဘောင်းဘီကိုဆွဲတင်တာ ဖြစ်ဖြစ် သင့်ရဲ့နက်ခ်တိုင်ကို ပြင်တာဖြစ်ဖြစ်မလုပ်သင့်ပါ။သင်အခန်းထဲမ၀င်ခင်ကတည်းကသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ထားပါ။ အင်တာဗျူးအခန်းထဲသို့ယုံကြည်မှုရှိရှိ၊ တည်တည်ငြိမ်ငြိမ်ဖြင့်ဝင်သွားပါ။ သင်ဟာထိုအင်တာဗျူးအခန်းထဲကိုရောက်လာဖို့ အရည်အချင်းတွေနဲ့
ပြည့်စုံသူဖြစ်လို့သာရောက်လာတာပါ။
ဘာမှအားငယ်စရာကြောက်စရာမလိုပါဘူး။

(၃) သင့်ကိုအင်တာဗျူးမဲ့သူရဲ့နာမည်ရဲ့ နာမည်ကိုသေချာသိရင် ( Mr, Mrs, Miss,Ms,Dr)စသည်ဖြင့်ခေါင်းစဉ်တပ်ပီးlastnameနဲ့တွဲခေါ်လို့ရပါတယ်။ အချိန်အခါပေါ်လိုက်ပီးGoodMorning,Afternoon,Eveningစသည်ဖြင့် နှုတ်ဆက်ပါ။နာမည်ခေါ်နည်းအကြောင်းမသိသေးတဲ့သူတွေအတွက် နည်းနည်းလောက်ထပ်ရှင်းပြချင်ပါတယ်။Mr(Mister /ˈmɪs.tə / )ကိုတော့ ယောင်္ကျားလေးကိုနာမည်တပ်ရာမှာသုံးပါတယ်။
Mrs(/ˈmɪs.ɪz/ )ကိုတော့အိမ်ထောင်ရှိတဲ့အမျိုးသမီးအတွက်သုံးပါတယ်။ Miss(/mɪs/ )ကိုတော့အပျိုမိန်းကလေးအတွက်သုံးပါတယ်။ Ms(/mɪz/ )ကိုတော့ အိမ်ထောင်ရှိလားမရှိလားမသေချာတဲ့အခါမှာသုံးပါတယ်။
ထိုနာမည်တွေအားလုံးကိုlastnameနဲ့သာတွဲခေါ်ရပါမယ်။ ဥပမာ David Beckhamဆိုပါတော့။ Mr Beckhamလို့ပဲခေါ်ရပါမယ်။ သူကDavidလိုခေါ်ပါလို့မပြောမချင်းDavidလို့မခေါ်ရပါ။ အကယ်၍ အင်တာဗျူးမဲ့သူရဲ့နာမည်မသိဘူးဆိုရင်တော့ ယောင်္ကျားလေးဆိုရင် Sir ၊ မိန်းကလေးဆိုရင် Ma’am ဆိုပီးယဉ်ယဉ်ကျေးကျေးသုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့နာမည်ခေါ်နည်းအကြောင်းကိုအကြမ်းဖျင်းသိသွားလောက်ပါပီ။

(၄) ပြုံးဖို့မမေ့ပါနဲ့ ။

(၅) ထိုင်ခုံထိုင်ဖို့ခွင့်မပြုသေးပဲနဲ့မထိုင်ပါနဲ့။

ခွင့်ပြုချက်ရမှသာထိုင်ပါ။ Sit down,pleaseလို့သူကပြောရင် Thank You
ပြောဖို့မမေ့ပါနဲ့။တစ်ခါတစ်လေသင်ဝင်လာတာကိုသူတို့သတိမပြုမိပဲ ရှိတတ်ပါတယ် ။ထိုအခါမှာနှုတ်ဆက်ခြင်းဖြင်
သူတို့attentionရအောင်ယူလို့ရပါတယ်။

အင်တာဗျူးအခန်းထဲမှာဆောင်ရန်ရှောင်ရန်များ

(၁) ခါးမတ်မတ်ထိုင်ပါ။ တောင့်တောင့်ကြီးတော့မဟုတ်ဖူးပေါ့။ သက်တောင့်သက်တာရှိရုံမတ်ပေါ့။သင့်ကိုအင်တာဗျူးမဲ့သူနဲ့ eye contact ရှိပါစေ။ အကြာကြီးတော့စိုက်မကြည့်နဲ့ပေါ့။အခန်းထဲမှာရှိတဲ့
အခြားအရာတွေကိုတောင်ကြည့်မြောက်ကြည့် မလုပ်မိပါစေနဲ့။ သင့်ကိုအာရုံစူးစိုက်မှုအားနည်းတဲ့သူတစ်ယောက်အဖြစ်မြင်သွားနိုင်ပါတယ်။

(၂) ခုံပေါ်မှာငြိမ်ငြိမ်ထိုင်ပါ

ပျင်းတိပျင်းရွဲထိုင်ခြင်း၊ခိုင်ခုံနောက်ကိုမှီပီးထိုင်ခြင်း၊ ဒူးလှုပ်ခြင်း၊ လက်ချောင်းများဖြင့်ခုံပေါ်မှာတဒေါက်ဒေါက်ခေါက်ခြင်း၊ တစ်ခုခုကိုကုတ်ခြစ်နေခြင်းကဲ့သို့သောအမူအရာများကိုရှောင်ပါ။
ထိုအမူအရာများကသင့်ကိုမိနစ်အနည်းလေးကိုတောင် အာရုံမစူးအစိုက်နိုင်တဲ့သူတစ်ယောက်အဖြစ်အထင်အမြင်ခံရစေနိုင်ပါတယ်။

(၃) မေးခွန်းတစ်ခုဖြေခါနီးတိုင်းနှာခေါင်းပွတ်ခြင်း၊ခေါင်းကုတ်ခြင်းများမလုပ်မိပါစေနဲ့။ သင်ဟာမရိုးသားတဲ့မမှန်ကန်တဲ့အဖြေကိုဖြေတော့မယ်လို့ အထင်အမြင်ခံရနိုင်ပါတယ်။

(၄)သင့်မှာအလုပ်နဲ့ပက်သက်တဲ့စာရွက်စာတမ်းတွေ၊ certificateတွေပါတဲ့အိတ်မျိုးပါလာရင် စားပွဲပေါ်ဘယ်တော့မှ
မတင်ပါနဲ့။ သင့်ပေါင်ပေါ်မှာသာထားပါ။

(၅)ပီကေ(သို့မဟုတ်)တစ်ခုခုဝါးခြင်း၊အစားအစာစားခြင်းအင်တာဗျူးအခန်းထဲမှာ မလုပ်မိပါစေနဲ့။ အရက်၊ဆေးလိပ်အင်တာဗျူး မလာခင်ရှောင်ပါ။ အနံ့အသက်မထွက်ပါစေနဲ့။

(၆) မပွင့်တပွင့်၊ပျော့တိပျော့ရဲအသံဖြင့် စကားမပြောပါနဲ့။ ယုံကြည်မှုရှိစွာ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားပြောပါ။

(၇) အင်တာဗျူးမေးတဲ့သူမေးတဲ့မေးခွန်းကို Yes or No ပဲတုံးတိကြီးမဖြေပါနဲ့။ ဖြစ်နိုင်ရင်အကြောင်းပြချက်ရှင်းပြပါ။

(၈) မေးခွန်းကိုနားမလည်ရင် ယဉ်ကျေးစွာပြန်မေးဖို့မရှက်ပါနဲ့။ နားမလည်ပဲရမ်းမဖြေပါနဲ့။
Could you please say it again,Sir? Or Would you mind telling me again,Sir? စသဖြင့်ယဉ်ကျေးစွာမေးပါ။

(၉)သူမေးတဲ့မေးခွန်းကိုမသိဘူးဆိုရင် I don’t know လို့တုံးတိတိမဖြေပါနဲ့။
I’m sorry,I have no idea,Sir. ဆိုပီးယဉ်ယဉ်ကျေးကျေးဖြေတာကပိုသင့်တော်ပါတယ်။

(၁၀) Slangတွေ informalစာလုံးတွေ၊ ရိုင်းတဲ့စာလုံးတွေမသုံးမိပါစေနဲ့။ အတတ်နိုင်ဆုံးယဉ်ကျေးစွာပြောပါ။
ဥပမာ“I want to……”အစား“I would like to……”ကပိုယဉ်ကျေးပါတယ်။
Yep,Yeah,Ya,Nopeတို့အစား Yes or No ပဲသုံးပါ။
Broken English or Pidgin English မသုံးမိပါစေနဲ့။

(၁၁) အခွင့်အခါသင့်တိုင်း Please တို့ Thank youတို့ကိုသုံးပေးပါ။

(၁၂) အင်တာဗျူးမေးသောသူနှင့် ဘယ်သောအခါမှအခြေအတင်မငြင်းပါနဲ့။

(၁၃) အင်တာဗျူးမေးသောသူတစ်ယောက်ထက်ပိုနေရင် သင့်ကိုမေးနေသောသူကိုအာရုံပိုစိုက်ပေးပါ။

အင်တာဗျူးတွင်မေးလေ့ရှိသောမေးခွန်းများ

(၁) Tell me something about yourself?သင့်အကြောင်းနည်းနည်းလောက်ပြောပြပါလား။
ဒီမေးခွန်းကတော့အင်တာဗျူးတိုင်းမှာအရင်ဆုံးမေးလေ့မေးထရှိတဲ့မေးခွန်းပါပဲ။ ဒီမေးခွန်းနဲ့ပက်သက်ပီးဒီဆောင်းပါးရဲ့ပထမဆုံးအပိုဒ်မှာရှင်းပြထားပါတယ်။

(၂) Why did you quit your last job?ဘာလို့အရင်အလုပ်ကထွက်ခဲ့တာလဲ?
ဒီမေးခွန်းကိုမေးရခြင်းရည်ရွယ်ချက်ကတော့သင်ဟာအဆိုးမြင်တတ်တဲ့သူ တစ်ယောက်လားအကောင်းမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာကိုသိချင်တာပါ။အကယ်၍သင်ကအရင်အလုပ်မကောင်းကြောင်း
အရင်သူဌေးမကောင်းကြောင်းပြောမယ်ဆိုရင်တော့သင့်ကိုအတင်းပြောတတ်တဲ့သူ၊အဆိုးမြင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်။ဒီတော့ဒီမေးခွန်းအတွက်အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
There’s isn’t room for growth with my current employer and I’m ready to move on to a new challenge to use my skills and experiences in a different capacity than I have in the past.
အခြားသင့်တော်တဲ့အဖြေတွေလဲရှိပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးတာပါ။

(၃) Why do you want this job? Or why do you want to work at our company?
ဘာလို့ဒီအလုပ်ကိုလိုချင်တာလဲ? ဘာလို့ငါတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်တာလဲ။
ဒီမေးခွန်းကတော့သင့်ရဲ့အလုပ်ပေါ်ခံယူတဲ့သဘောထား၊သူတို့ကုမ္ပဏီပေါ်မြင်တဲ့အမြင်ကိုသိချင်တာပါ။
ဥပမာအနေနဲ့ အောက်ပါအဖြေမျိုးဖြေလို့ရပါတယ်။
I well understand that this is a company on the way up and I want to be a part of this business .I think I can use my skills and experiences to improve this business and I want to
improve myself by working at this company.

(၄) What’s your expected salary?
ဒီမေးခွန်းအတွက်ကတော့ ပထမဆုံးအင်တာဗျူးမှာမဖြေတာအကောင်းဆုံးပါပဲ။ အလုပ်ကမ်းလှမ်းခြင်းခံရတဲ့အခါမှသာဆွေးနွေးတာအကောင်းဆုံးပါပဲ။မလွှဲသာမရှောင်သာအခြေအနေမျိုးကြောင့်ဖြေရမယ်ဆိုရင်လဲကိုယ်လုပ်မဲ့ရာထူး
ကဘယ်လောက်ရလေ့ရှိသလဲစုံစမ်းထားပါ။လစာကိုအရမ်းကြီးလဲနည်းပီး မတောင်းမိပါစေနဲ့ သင့်အရည်အချင်းကိုမယုံရာကျပါတယ်။ အများကြီးလဲမတောင်းမိပါစေနဲ့သူ့အတွက်သင့်ကိုအလုပ်ခန့်ဖို့ခက်သွားပါ လိမ့်မယ်။

(၅) What are your strengths and weakness?
ဒီမေးခွန်းအတွက်ကတော့ အားသာချက်ကိုဖြေရတာကလွယ်ပါတယ်။ ဥပမာ
I’m detail oriented, hardworking, a team player, etc….ဆိုပီးဖြေလိုက်လို့ရပါတယ်။
အားနည်းချက်အတွက်ကတော့ဖြေတတ်ဖို့လိုပါတယ်။သင်မပြင်နိုင်သေးတဲ့သင့်ရဲ့တကယ့်အားနည်းချက်ကိုဘယ်တော့မှမပြောပါနဲ့။သင်ပြင်ပီးသားအတိတ်ကအားနည်းချက်တစ်ခုကိုပြောလို့ရပါတယ်။
ဥပမာအနေနဲ့ အောက်ပါအတိုင်းဖြေလို့ရပါတယ်။
“I used to come in late to work a lot but after my supervisor explained
why it was necessary for me to come in on time, I was never late again.”

(၆) နောက်ဆုံးတစ်ချက်ကတော့ အင်တာဗျူးပီးခါနီးမှာ Any Question?ဆိုပီးမေးလေ့ရှိပါတယ်။ အဲဒိအချိန်မှာ
သင်ကမေးခွန်းတစ်ခုမှ မမေးဘူးဆိုရင်တော့ သင်ဟာသူပြောခဲ့တာတွေကိုအလုံးစုံစိတ်မ၀င်စားခဲ့ဘူးလို့
ထင်နိုင်ပါတယ်။သင်အလုပ်မှာစိတ်ဝင်စားကြောင်းပြဖို့မေးခွန်းတစ်ခုခုတော့မေးပါ။ဥပမာအနေနဲ့အောက်ပါမေးခွန်းတွေကိုမေးနိုင်ပါတယ်။
When can I expect to hear from you?
What is the typical work week?
Is overtime expected?
If I am extended a job offer, how soon would you like me to start?

အထက်ပါမေးခွန်းများဟာအနည်းအကျဉ်းမျှသာဖြစ်ပါတယ်။အခြားအင်တာဗျူးနဲ့ပက်သက်ပီးမေးလေ့မေးထရှိတဲ့မေးခွန်းများကိုအင်တာနက်မှာရှာဖတ်ချင်ရင်တော့ www.jobsearch.about.comနဲ့https://www.work.com.mm/en/helpful-resources.htmlမှာရှာဖတ်နိုင်ပါတယ်။
 

နောက်ဆုံးအနေနဲ့ပြောချင်တာကတော့
- ကုမ္ပဏီကသင့်ကိုဘာတွေလုပ်ပေးနိုင်သလဲဆိုတာထက် သက်ကဘာတွေလုပ်ပေးနိုင်သလဲဆိုတာကိုဖော်ပြပါ။

- သင်ဟာအရည်အချင်းရှိလို့သာအင်တာဗျူးအခန်းထဲကိုရောက်နေတာပါ။ သူကသင့်ကိုအလုပ်မခန့်ရင် သူအတွက်အရည်အချင်းရှိတဲ့ သင့်ကိုဆုံးရှုံးမှာပါ။ သင်သာအရည်အချင်းရှိရင် သင့်အတွက်အလုပ်ဆိုတာမရှားပါဘူး။ ဒီတော့
အင်တာဗျူးအခန်းထဲမှာဘယ်တော့မှာမကြောက်ပါနဲ့။

- English စကားကိုအတတ်နိုင်ဆုံးပီပီသသနဲ့ ယုံကြည်မှုရှိစွာပြောနိုင်ပါစေ။

- ဒါ့အပြင် အပေါ်ကဆောင်ရန်ရှောင်ရန်လေးတွေကိုသာလိုက်နာမယ်ဆိုရင် သင်ဟာအလုပ်ရဖို့ ၉၀ရာခိုင်နှုန်းသေချာသွားပါပီ။

work.com.mmအသုံးပြုပြီး အင်တာဗျူးရတဲ့အခါ အသုံးချနိုင်ကြပါစေ။

မိုးရှင်း(I.M.T)
www.work.com.mm


 https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695

လောကမှာ ကိုးကွယ်ရာ

$
0
0
 

လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ
အများအပြားရှိတယ်။

ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့
မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း အလေးအနက်သိရှိဖို့ လိုအပ်တယ်။

 

လောကမှာ ကိုးကွယ်ဆည်းကပ်မှုတွေ အလွန် များတယ်။မိမိတို့ ယုံကြည်ရာ ဘာသာတရား အားလျော်စွာ
ကိုးကွယ်ဆည်းကပ်ကြတဲ့အထဲမှာသုံးမျိုးသုံးစားကိုးကွယ်ကြတဲ့နေရာမှာ ဟိန္ဒူဘာသာဝင်တွေ
ကိုးကွယ်တာ သုံးမျိုးရှိတယ်။

သုံးမျိုးက ဘာလဲလို့ဆိုရင်“ဗြဟ္မာရယ်၊ ဗိဿနိုးရယ်၊ သိဝရယ်”
နတ်ဘုရားမျိုးဖြစ်တယ်။သူတို့ကိုးကွယ်တာလည်း အဓိကအားဖြင့် ဒီသုံးမျိုးပဲ ကိုးကွယ်တာ။

ဒါကြောင့်မို့လို့ ဟိန္ဒူဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာဝင်တွေဟာ သူတို့ရဲ့သင်္ကေတ အမှတ်အသားက“ဥုံ”ဆိုတဲ့ စာလုံးလေး ဖြစ်တယ်။
အိန္ဒိယစာလုံးနဲ့ ရေးထားတဲ့ “ဥုံ”ဆိုတဲ့ စာလုံးလေးကို အဆောင်အဖြစ် အသုံးပြုပြီး ရေးထားကြတယ်။

●အဲဒီ “ဥုံ”ဆိုတာ နတ်ဘုရားသုံးဆူကို ကိုယ်စားပြုတဲ့ အက္ခရာ သုံးလုံးပဲ။
ဒါကို မသိတော့ လူတွေက လိုက်ပြီးတော့ ဥုံကို ရွတ်နေကြတာ။ဒါလည်း သတိထားစရာပဲ။
ဥုံ ဆိုတာ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့ ဒီလို မှတ်ထားရမယ်။ဥုံပဲဖြစ်ဖြစ် ၊ သြောင်းပဲဖြစ်ဖြစ် အသံထွက် အမျိုးမျိုးထွက်တယ်။

ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင်
“ဥုံ”ဆိုတဲ့ စကားလုံးဟာ
●အ- အက္ခရာရယ်၊
●ဥ- အက္ခရာရယ်၊
●မ- အက္ခရာရယ်
အဲဒီသုံးလုံးကို ပေါင်းရွတ်တာ။

အိမ်ရောက်တဲ့အခါ ကိုယ့်ဟာကိုယ် ပေါင်းရွတ်ကြည့်။ဒီသုံးလုံးဟာ ဘယ်အသံထွက်လာလဲဆိုတာ။
အ၊ ဥ၊ မ အဲဒီသုံးလုံးကို ပေါင်းထွက်တယ်ဆိုလို့ရှိရင်“အုမ်(ဥုံ)” ဆိုတဲ့ အသံ ထွက်တယ်။

အဲဒါ အ-ဆိုတာ ဗြဟ္မာကို ရည်ညွှန်းပြီး ရွတ်တာ၊ဥ-ဆိုတာ သူတို့အခေါ် ဗိသျှနူ၊
ဗမာတွေခေါ်တာက ဗိဿနိုး၊ ဗသျှနူ ဆိုတာ နောက်က ဥ-ဆုံးတယ်။
ဗိဿနိုးနတ်ကို ရည်ညွှန်းပြီးတော့ ရွတ်တာ၊မ-ဆိုတာက ဗမာတွေ အသိအခေါ်က သိဝ၊
သူတို့အခေါ်က သျှီဗမ်ဆိုတဲ့နတ်၊နောက်က မ-အက္ခရာအဆုံးရှိတယ်၊
အဲဒီနတ်ဘုရားတွေကို ကိုယ်စားပြုပြီးတော့ ရွတ်တာ။

ဒါကြောင့်မို့ ဥုံဆိုတဲ့ စကားလုံးဟာ ဗုဒ္ဓဘာသာတွေနဲ့ မဆိုင်တဲ့ စကားလုံးဖြစ်သည့်အတွက်ကြောင့်
မရွတ်သင့်ဘူးလို့ ဒီလိုမှတ်ရမယ်။

ခရစ်ယာန်တွေကလည်းပဲ သူတို့ ကိုးကွယ်တာ trinity လို့ခေါ်တယ်။
သူတို့လည်း သုံးခုပဲ၊God ဆိုတဲ့ father ရယ်၊သန့်ရှင်းသောဝိညာဉ်တော်ရယ်၊
သားတော်ရယ် ဆိုပြီးတော့ ဒီသုံးခု trinity ဆိုပြီးတော့ ကိုးကွယ်တာပဲ။

ကမ္ဘာမှာ ဘာသာရေးတွေ တစ်ခါတစ်ရံမှာ ခပ်ဆင်ဆင်ပဲ၊အယူအဆလေးတွေ နီးစပ်ကြတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တွေကတော့ အဲဒီ ကောင်းကင်ဘုံက ဘုရားတွေနဲ့လည်း မသက်ဆိုင်ဘူး။

ဘာကို ကိုးကွယ်တာတုံးဆိုတော့ “ဗုဒ္ဓ ဓမ္မ သံဃ”လို့ဆိုတဲ့ ရတနာသုံးပါးကို
ကိုးကွယ်တယ်။ကိုယ်ကိုးကွယ်တဲ့ ဘာသာရဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်သိရှိ နားလည်ပြီးတာ့မှ
ကိုးကွယ်တာ ကောင်းတယ်။ကိုးကွယ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

အသက် ၃၄ နှစ် အရွယ်သည် အမျိုးသမီးများအဖို့ စိတ်ဖိစီးမှု အမြင့်မားဆုံး အချိန်ဖြစ်

$
0
0



တာဝန်မျိုးစုံကို မဖြစ် ဖြစ်အောင် လုပ်ဆောင် ရသည့် အရွယ် အမျိုးသမီးများ၏ အသက် သုံးဆယ်ကျော် ပိုင်းသည် ဘ၀၏ စိတ်ဖိစီးမှု အများဆုံး အချိန် ကာလ ဖြစ်ကြောင်း လေ့လာမှုများ အရ သိရှိရသည်။ ငွေဝင် ငွေထွက်ကို စနစ်တကျ ထိန်းသိမ်းရင်း အိမ်ထောင်တစ်ခု ထူထောင်ကာ လုပ်ငန်းခွင် တွင်လည်း အောင်မြင်မှု ရရှိစေရန် လုပ်ဆောင် ရခြင်းသည် အသက် (၃၀) ကျော် အမျိုးသမီးများ အတွက် စိတ်ဖိစီးမှု ပမာဏကို တိုးစေကြောင်း လေ့လာ သိရှိရသည်။

အသက် ၃၄ နှစ် အရွယ်တွင် အမျိုးသမီး များသည် အလုပ်နှင့် ဘ၀အကြား ချိန်ညှိနိုင်ဖို့ အခက်ခဲဆုံး အချိန်ကို ရင်ဆိုင်ကြရပြီး စိတ်ဖိစီးမှုကို ပိုမို ကြုံတွေ့ကြ ရကြောင်း သိရှိရသည်။ ထို့အတူ အသက် ၂၅ အရွယ် သည် စိတ်ဖိအား အနည်းဆုံး နှင့် အပျော်ရွှင်ဆုံး အချိန် ကာလ ဖြစ်ကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။ ဗြိတိန် မှ အမျိုးသမီး (၂၀၀၀) ကို လေ့လာကြည့်ရာ သူတို့ အနေဖြင့် အသက် (၂၅) ၀န်းကျင်တွင် အပျော်ရွှင်ဆုံး ဖြစ်ပြီး၊ ပူပင် ကြောင့်ကြ အနည်းဆုံး ဖြစ်ကြောင်း လေ့လာ တွေ့ရှိရသည်။ အမျိုးသမီးများ ပူပန် ကြောင့်ကြမှု များပြီး မပျော်ရွှင် နိုင်ရခြင်းမှာ စိတ်ဖိစီး များကြောင့် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီး သုံးပုံ တစ်ပုံက ၀င်ငွေ ပိုမို ရရှိခြင်းသည် နေထိုင်မှု ဘ၀ ပုံစံကို ပိုမို ကောင်းမွန် စေနိုင်ကြောင်း ပြောကြားခဲ့သည်။ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် ကလည်း အမျိုးသမီး များကို စိတ်ဖိစီး စေသည့် အကြောင်းရင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ အမျိုးသမီးတွေ အနေနဲ့ အသက် သုံးဆယ်ကျော် လာရင် မိသားစု ဘ၀နဲ့ လုပ်ငန်းခွင်ကြား ချိန်ညှိ နေကြရပြီး ဗြိတိန် မှာတော့ အမျိုးသမီးများ အတွက် ကိုယ်ပိုင် အချိန်ဆိုတာ မရှိသလောက် နည်းနေကြောင်း လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသမီးများကို စိတ်ဖိစီးမှု ဖြစ်စေရသည့် အဓိက အကြောင်းရင်း (၁၀) ချက်မှာ ၀င်ငွေ မလောက်ငခြင်း၊ မိမိ ကျန်းမာရေး၊ မိသားစု နှင့် မိတ်ဆွေများ၏ ကျန်းမာရေး၊ ကလေးများ ပျော်ရွှင်စေရန် နှင့် ပျော်စရာ မိသားစုလေး ပိုင်ဆိုင်လိုစိတ်၊ တစ်ခြား သူများကို နားလည်ပေးရန် ကြိုးပမ်းရခြင်း၊ ကိုယ့်ကိုယ်ကို စွဲဆောင်မှု မရှိမှာ စိုးရိမ်စိတ်၊ အလှအပများ ယုတ်လျော့လာခြင်း၊ အလုပ် နှင့် လုပ်ငန်းခွင် ရပ်တည်မှု အနေအထား၊ မိတ်ဆွေများ နှင့် အချိန် ကုန်နိုင်မှု နည်းပါးလာခြင်း နှင့် ခန္ဓာကိုယ် အချိုးအစားတို့ ဖြစ်ကြောင်း သိရှိရသည်။ လေ့လာမှု စစ်တမ်းကို အလှအပ ရေးရာ ကုန်ပစ္စည်းများ လုပ်ငန်း ဖြစ်သော Inner Me က ပြုလုပ်ထားခြင်း ဖြစ်သည်။
 

ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေးများ

$
0
0


✿ ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာ အထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး
လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့
Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။ လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

✿ အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက်ချဉ်ထည့်ထားပါတယ် ။
အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက်
ဦးနှောက်ဆဲလ်များထုတ်လုပ်မှုကိုထိခိုက်စေတယ် ။အလှုမီနီယမ်ဒြပ်ကခန္ဓာကိုယ်ပြင်ပသို့ထုတ်ပစ်ဖို့မလွယ်ကူတာမို့ကိုယ်ခန္ဓာထဲမှာစုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ခန္ဓာကိုယ်ကိုထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

✬အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။
ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့မှတ်ဥာဏ်ကောင်းစေပါတယ် ။
ကယ်လဆီယမ်ဒြပ်Calcium လည်းပါဝင်တာမို့ အရိုးအတွက်အထောက်အကုပြုနိင်ပါတယ် ။

✿ ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။ ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ်သက်ကြပါတယ် ။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အု ကအလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသောအစားအစာများတွင်နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

✬ အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။
များပြားသောဗီတာမင်များ ပါဝင်သောသစ်သီးများကိုစားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ် ။ အစာအိမ်ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ် ။ ကီဝီသီးတွင်ဗီတာမင်စီအများဆုံးပါဝင်တာမို့ ကီဝီသီး တစ်လုံးက
လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ဗီတာမင်စီ နဲ့ညီမျှပါတယ် ။

✿ Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။
အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။
အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။

*** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

✬အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ် ။
အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက
ကျွဲကောသီးကိုစားခြင်းဖြင့်အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

✿ အသားကင်များရဲ့အဆိပ်ဖြေဆေးကကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။ တုတ်ထိုးအသားကင်အစရှိသော ကင်စားသောအစားအစာအမျိုးမျိုး ကို မီးသွေး (မီးကင် )လိုက်တဲ့အခါ
ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

✬အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။
အသားကင်များကိုသုံးဆောင်ပြီးနောက်ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ
ထဲတွင် သစ်စေးဓာတ် cellulose အများဆုံးပါဝင်တာမို့အသားကင်ထဲတွင်ပါဝင်သောဘေးအန္တရာယ်ကို
ဖြစ်စေတဲ့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။
အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိပါတယ် ။

✿ ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥသုပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ် ။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

✬ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။
ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစားအစာဖြစ်ပါတယ် ။
ပဲအမျိုးမျိုးတွင်ပါဝင်သောသစ်စေးက အစားအစားထဲတွင်ပါဝင်သောခဲဓာတ် က အစာအိမ်ကစုပ်မယုသွားနိင်င်အောင်ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ်ဓာတ်ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ် ။
တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ခဲဓာတ်ကိုပျက်ပြားစေပြီး
ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်းကိုလျှော့နည်းနိင်စွမ်းရှိပါတယ် ။။။။။။။။။။။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းက စားတတ်ရင် ဘေးအန္တရာယ် မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ ။
အများစု ကြိုက်နှစ်သက်သောပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ် ။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ

ကောင်းသန့် (မအီတဲ့ဒံပေါက်)မှ ပြန်လည်မျှဝေပါသည်။

~~~ Jin Li Chao ღ(✿‿✿)ღ



https://www.facebook.com/183769381716549/photos/a.365971570162995.87504.18376

“လူတော်နှင့်လူကောင်း”

$
0
0

 

မြတ်စွာဘုရားရှင်လက်ထက်တော်က“ဧကူဒါန”လို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဧကူဒါန ကို ပုဒ်ခွဲရင် ဧက-ဥဒါန ပါ။အဓိပ္ပာယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး
အဲဒီ “ဂါထာ တစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူ”လို့ အဓိပ္ပာယ်ရပါတယ်။

ဒါပေမယ့် ဧကူဒါနမထေရ်ဟာ ဂါထာတစ်ပုဒ်ပဲရပေမယ့် အဲဒီ ဂါထာတစ်ပုဒ်က ပြောတဲ့
အတိုင်း လိုက်နာကျင့်ကြံတဲ့သူပါ။နည်းနည်းသိပေမယ့် သိသလောက်လေးကိုပဲ
အတိအကျ လိုက်နာကျင့်သုံးသူပါ။အဲဒီလို အသိနဲ့အကျင့် ထပ်တူကျသွားလို့လည်း
မကြာခင်ကာလမှာပဲ “ရဟန္တာမထေရ်”တစ်ပါးဖြစ်သွားခဲ့ရပါတယ်။

ဧကူဒါနမထေရ်ဟာ တောထဲမှာ တစ်ပါးထဲနေပြီးသူရတဲ့ဂါထာလေးတစ်ပုဒ်ကိုပဲ ဥပုသ်နေ့
ရောက်လာပြီဆိုရင် ရွတ်ဆိုဟောပြောလေ့ ရှိပါတယ်။

ဧကူဒါနမထေရ်က ဂါထာလေးကို မရွတ်ခင်တောထဲမှာနေကြတဲ့ နတ်အားလုံးကိုလည်း
တရားနာဖို့ အမြဲဖိတ်ခေါ်လေ့ရှိပါတယ်။ဧကူဒါနမထေရ် ဂါထာလေးရွတ်ပြီးလို့ဆုံးတာနဲ့
တောထဲမှာနေကြတဲ့နတ်အားလုံးက၀ိုင်းပြီးသာဓုခေါ်ကြပါတယ်။ နတ်တွေရဲ့သာဓု
ခေါ်သံဟာ တစ်တောလုံး ဟိန်းထွက်သွားလေ့ ရှိပါတယ်။

ဒီအစီအစဉ်လေးက ဥပုသ်နေ့တိုင်းပြုမူနေကျ အစီအစဉ်လေးပါ။

ဧကူဒါနမထေရ် အမြဲရွတ်လေ့ရှိတဲ့ ဂါထာလေးကိုလည်းဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။
“အဓိစေတသော အပ္ပမဇ္ဇတော ၊မုနိနော မောနပထေသုသိက္ခတော ။
သောကာ နဘ၀န္တိ တာဒိနော ၊ဥပသန္တဿ သဒါ သတီမတော ။”

ဒီလိုနဲ့ တစ်နေ့မှာတော့ပိဋကတ်သုံးပုံဆောင်တဲ့ ဆရာတော်နှစ်ပါးဟာ
တပည့်အခြံအရံငါးရာစီနဲ့ ဧကူဒါနမထေရ်ရဲ့နေရာ တောထဲကို ရောက်လာကြပါတယ်။

တိပိဋက ဆရာတော်နှစ်ပါး ကြွလာတော့ဧကူဒါနမထေရ်က တော်တော်လေး
ဝမ်းမြောက်သွားပါတယ်။နေရာထိုင်ခင်းပေးပြီး ဧကူဒါနမထေရ်က ဘာစလျှောက်သလဲဆိုတော့ -

“အရှင်ဘုရားတို့ .... တပည့်တော်ကိုတရားဟောပါဦး ဘုရား၊ တပည့်တော်
တရားနာချင်လို့ပါဘုရား ” လို့လျှောက်ထားလိုက်ပါတယ်။

တိပိဋက ဆရာတော်နှစ်ပါးက“တရားနာမယ့်သူက အရှင်ဘုရားတစ်ပါးပဲလား ” လို့ ပြန်မေးလိုက်ပါတယ်။
ဧကူဒါနမထေရ်ကလည်း“တပည့်တော် တစ်ပါးတည်း မဟုတ်ပါဘူး ဘုရား၊
တောထဲကနတ်တွေလည်း လာနာလေ့ရှိပါတယ် ဘုရား၊ တရားဆုံးရင် သူတို့က
သာဓုခေါ်လေ့ရှိပါတယ် ဘုရား” လို့ပြန်ဖြေလိုက်ရပါတယ်။

ဒီလိုနဲ့ တိပိဋကဆရာတော်နှစ်ပါးတစ်လှည့်စီ တရားဟောရော ဆိုပါတော့။
တိပိဋက ဆရာတော်နှစ်ပါးက ပိဋကသုံးပုံထဲကတကယ့်အနှစ်တွေကိုရွေးပြီး ဟောပြောကြ
ပါတယ်။ ဒါပေမယ့် တရားသာဆုံးသွားတယ်၊ဘယ်နတ်ကမှ သာဓုမခေါ်ပါဘူး။
ဒီတော့ တိပိဋက ဆရာတော်နှစ်ပါးကမေးခွန်းထုတ်ပါတော့တယ်။

“အရှင်ဘုရားပြောတော့ နတ်တွေကသာဓုခေါ်တယ်ဆို၊ အခု ဘာသံမှမကြားရပါလား၊
တပည့်တော်တို့မှာ ဟောလိုက်ရတာဖတ်ဖတ်ကိုမောရော”

“တပည့်တော် ဟောရင်တော့အမြဲသာဓုခေါ်လေ့ရှိတယ် ဘုရား”

“ဒါဆို အရှင်ဘုရား ဟောပြစမ်းပါဦး”

“မှန်ပါ့ ဘုရား”

“အဓိစေတသော အပ္ပမဇ္ဇတော ၊မုနိနော မောနပထေသုသိက္ခတော ။
သောကာ နဘ၀န္တိ တာဒိနော ၊ဥပသန္တဿ သဒါ သတီမတော ။”

ဧကူဒါန မထေရ်က သူရွတ်ဆိုနေကျဂါထာလေးကို ရွတ်လိုက်ပါတယ်။ဂါထာဆုံးတာနဲ့

နတ်တွေက တစ်တောလုံး ညံသွားအောင်ဝိုင်းပြီး သာဓုခေါ်ကြပါတယ်။
နတ်တွေရဲ့သာဓုခေါ်သံကြားတော့တိပိဋက ဆရာတော်နှစ်ပါးရဲ့ တပည့်တွေက
ဘယ်လို ပြောသလဲဆိုတော့“နတ်တွေက မျက်နှာလိုက်တာ”တဲ့။

ကိစ္စပြီးလို့သာ ပြန်လာကြရတယ်။ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေက သိပ်ပြီး
မကျေနပ်ကြပါဘူး။ ဒါကြောင့် ကျောင်းပြန်ရောက်တဲ့အခါ နတ်တွေမျက်နှာလိုက်တဲ့အကြောင်းကို မြတ်စွာ
ဘုရားရှင်ကို လျှောက်ပြကြပါတယ်။

မကျေနပ်တဲ့စကား ဆိုလာတဲ့ တိပိဋကဆရာတော်နှစ်ပါးရဲ့ တပည့်တွေကို မြတ်စွာဘုရားက
ဘယ်လိုရှင်းပြသလဲဆိုတော့ -

“ချစ်သားတို့ .. သင်လည်းသင်ပါရဲ့၊သိလည်းသိပါရဲ့၊ ဟောလည်းဟောပါရဲ့၊
ဒါပေမယ့် အဲဒီပုဂ္ဂိုလ်ကို တရားဆောင်တဲ့ပုဂ္ဂိုလ်လို့ မခေါ်သေးဘူး။
သိရုံတင်မကဘူး၊ ကျင့်လည်းကျင့်ပါမှ တရားဆောင်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ် "
လို့ ဟောပြလိုက်ရပါတယ်။ 



မြတ်စွာဘုရားရှင်ရဲ့အဓိကဆိုလိုချက်ကတော့ သိရုံတင်မလုံလောက်သေးဘဲ အသိနဲ့အကျင့်
တွဲပါနေမှ၊ အသိနဲ့အကျင့် ဟပ်မိနေမှ လူသာဓုခေါ်၊ နတ်သာဓုခေါ် ဖြစ်တယ်ဆိုတာပါပဲ။

× × × × × × × × × ×

ဘာရယ်တော့မဟုတ်ပါဘူး၊ ဒီအတောအတွင်း“အသိနဲ့အကျင့်” အကြောင်းလေး စဉ်းစားနေမိ
လို့ ဒီဝတ္ထုလေး ထုတ်ပြလိုက်ရတာပါ။

ဧကူဒါနမထေရ်က နည်းနည်းပဲသိပေမယ့်သိသလောက်ကို ကျင့်သူပါ။
ကျင့်ပြီး မြတ်စွာဘုရား မျှော်လင့်တဲ့ပန်းတိုင်ကိုလည်း ရောက်နေသူပါ။

တိပိဋကဆရာတော်နှစ်ပါးကတော့အသိနဲ့ပတ်သက်လို့ ပိဋကသုံးပုံတောင်ဆောင်ထား
တာဆိုတော့ အထူးပြောစရာမလိုတော့ပါဘူး။ဒါပေမယ့် အကျင့်ကျတော့ မရှိသေးပါဘူး။
အဲဒီတော့ နတ်တွေက သာဓုမခေါ်တော့ဘူးပေါ့လေ။

လောကမှ ဘယ်လောက်ပဲ သိသိ၊မိုးပျံအောင်သိ၊ ဒါပေမယ့် အကျင့်ပါတွဲမပါနိုင်သေးဘူး ဆိုရင် ဘ၀ကအဓိပ္ပာယ်မရှိသေးပါဘူး။အကျင့်ဟာ လူတစ်ယောက်ရဲ့ဘ၀ကို သိပ်ပြီး ပြဋ္ဌာန်းပါတယ်။

ဒီနေရာမှာ အသိနဲ့အကျင့်ကို အခြေခံပြီး“လူတော်နဲ့လူကောင်း”ဆိုပြီး ထပ်ခွဲလို့ရပါသေး တယ်။

လူတော်ဆိုတာ ဘာသာရပ်တစ်ခုအပေါ်မှာကျွမ်းကျင်တတ်မြောက်တာ၊ ဒါမှမဟုတ်
ဘာသာရပ်မျိုးစုံအပေါ်မှာ ကျွမ်းကျင်တတ်မြောက်တာပါ။

လူကောင်းဆိုတာ ကိုယ့်ရဲ့ကံသုံးပါးအမူအရာတွေကို အထူးစောင့်စည်းပြီး
ကိုယ်တိုင်လည်းအကုသိုလ်မဖြစ်အောင်နေတယ်။ကိုယ့်ကြောင့်လည်း သူတစ်ပါးအကုသိုလ်မဖြစ်အောင်နေတယ်။နောက်..ကိုယ်တိုင်လည်း ကုသိုလ်ဖြစ်အောင်နေတယ်။
ကိုယ့်ကြောင့်လည်း သူတစ်ပါး ကုသိုလ်ဖြစ်အောင်နေတယ်။ဒါမျိုးကတော့ လူကောင်းပေါ့။

ဒီစာရေးဆဲမှာပဲ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်ရဲ့ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေတွေကို
လည်း နားထောင်နေဖြစ်ပါတယ်။လူတော်နဲ့လူကောင်း ခွဲတဲ့နေရာမှာ
ဆရာမ ပြောပြတာလေးက ပိုရှင်းပါတယ်။ ဆရာမက

“လူတော်ဆိုတာ အသိပညာပိုင်း၊ အတတ်ပညာပိုင်း၊လူကောင်းဆိုတာက အကျင့်ပညာပိုင်း၊
အသိနဲ့ပြည့်စုံရင်လူတော်၊အကျင့်နဲ့ပြည့်စုံရင်လူကောင်း ”ပါတဲ့။

တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးနေတုန်းတိတ်ခွေပါ တွဲနားထောင်ဖြစ်တော့တော်တော်လေးအဆင်ပြေသွားပါတယ်။
 

လောကမှာ လူတော်နဲ့လူကောင်း၊ဘယ်ဟာပိုလိုအပ်သလဲ မေးလာခဲ့ရင်
အထူးဖြေစရာ မလိုတော့ပါဘူး။

ဒါပေမယ့် လောကအတွက် အလုပ်လုပ်တဲ့နေရာမှာတော့ လူတော်က သူ့ရဲ့ကျွမ်းကျင်မှု
ပညာကို အခြေခံပြီး လူကောင်းတစ်လှမ်းစာလုပ်နိုင်ရင် သူက ငါးလှမ်းဆယ်လှမ်းစာ
ပိုလုပ်နိုင်ပါတယ်။

ထပ်ပြီး ဒါပေမယ့် ရရင်တော့ ၊တော်ပြီး မကောင်းရင်တော့ တော်တော်ကြောက်ဖို့
ကောင်းပါတယ်။ ဥပမာ - အထူးကုဆရာဝန်ကြီးတစ်ယောက်၊ သူ့ဘာသာရပ်မှာ
သိပ်တော်တယ်။နိုင်ငံခြားကလည်း ဘွဲ့တွေအများကြီးရထားတယ်။
ဒါပေမယ့် မကောင်းဘူး။ဆေးခန်းကို လူနာများများလာဖို့ပဲမျှော်လင့်နေမယ်။ ပိုက်ဆံကို ပုံမှန်ထက်ပိုပိုယူမယ်။ငါးမိနစ်ကြည့်ရမှာကို နှစ်မိနစ်ပဲကြည့်မယ်။
ဆေးကုမ္ပဏီကြီးတွေနဲ့ ပေါင်းပြီး“ဆရာရေ .... ဒါ ကျွန်မတို့စမ်းဖော်ထားတဲ့ဆေး၊
ဆရာ့လူနာတွေကို စမ်းသပ်ကုကြည့်စမ်းပါ။ဒါက ဆရာ့အတွက် မာစီဒီးကား”ဆိုပြီး
ပေးလာတဲ့လာဘ်ကိုယူပြီး လူနာတွေကိုဆေးအစမ်းသပ်ခံပုံစံမျိုး ကျင့်သုံးနေမယ်ဆိုရင်တော့လောကအတွက် သိပ်အန္တရာယ်ကြီးပါတယ်။

လူတော်ဖြစ်ဖို့ဆိုတာ ကံနဲ့လည်း ဆိုင်ပါတယ်။ပြည့်ပြည့်စုံစုံ ပြောရရင်တော့ကံ ၊ ဥာဏ် ၊
ဆန္ဒ ၊ လုံ့လ ၊ ကျန်းမာ ၊ ဆရာမိဘအားပေးမှုတွေနဲ့ပြည့်စုံမှပါ

ဒီအချိန်ကျမှ ဆရာဝန် ၊ အင်ဂျင်နီယာ ထဖြစ်ချင်လို့လည်း မရတော့ပါဘူး။

► အတိတ်ကံအရ လူတော်ဖြစ်ခွင့်မရတော့ပေမယ့်လူကောင်းဖြစ်ခွင့်တော့ ရပါသေးတယ်။
အဲဒါကတော့ 〝လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေး″ရှိလိုက်ဖို့ပါပဲ။
အဲဒီ လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးကိုပဲအခြေခံပြီး ကိုယ့်ရဲ့ ကံသုံးပါးကို အထူးစောင့်
စည်းလိုက်ရင် မကြာခင်အချိန်အတွင်းမှာလူကောင်းဖြစ်လာပါလိမ့်မယ်။

လူတစ်ယောက်ရဲ့ဘ၀ကို ကံသုံးပါက အဓိကပြဋ္ဌာန်းထားတာဆိုတော့ ကံသုံးပါးကို
ဂရုစိုက်လိုက်ရင်ပဲ အားလုံး ပြည့်စုံသွားပါတယ်။

ချဲ့ပြောရရင်တော့ ရှင်ရာဟုလာ ကို ဆုံးမတဲ့အတိုင်းပါပဲ။အတွေးတစ်ခု တွေးတော့မယ်ဆိုရင် မတွေးခင်
စဉ်းစားလိုက်ပါဦး။ ကိုယ်တွေးမယ့်အတွေးဟာ မိမိကော ၊ သူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား ။
ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့။ ဒီလိုပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင်လည်းမပြောခင် သေချာစဉ်းစားလိုက်ပါဦး၊
ကိုယ်ပြောလိုက်မယ့်စကားဟာ မိမိကောသူတစ်ပါးကော နှစ်ဦးလုံး ထိခိုက်နိုင်မလား။
ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့တော့။

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းမလုပ်ခင် စဉ်းစားလိုက်ပါဦး။ ကိုယ်လုပ်မယ့်အလုပ်ဟာ
မိမိကော ၊ သူတစ်ပါးကော နှစ်ဦးစလုံး ထိခိုက်နိုင်မလား။ထိခိုက်နိုင်တယ်ဆိုရင် မလုပ်နဲ့တော့။

တကယ်လို့ အမှတ်တမဲ့တွေးမိ ၊ ပြောမိ ၊လုပ်မိခဲ့တယ်ဆိုရင်လည်း ကိုယ့်ရဲ့ အတွေး ၊
အပြော ၊ အလုပ် တွေဟာ မိမိ ၊ သူတစ်ပါးထိခိုက်သလား ဆိုတာကို နောင် စောင့်စည်းဖို့
ပြန်ပြန်စဉ်းစားရပါတယ်။ဒီ တွေး ၊ ပြော ၊ လုပ် ကံသုံးပါးလေးကို မတွေးခင် ၊
မပြောခင် ၊ မလုပ်ခင် ကြိုကြိုစဉ်းစားတတ်တဲ့ အကျင့်လေးကို စွဲသွားအောင် အကျင့်လေး
လုပ်လုပ်သွားဖို့ပါပဲ။ စွဲသွားရင် နောက်ပိုင်း အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။

အဲဒီကတစ်ဆင့်တက်ပြီး သူတစ်ပါးအကျိုးရှိစေမယ့် အတွေးလေးတွေ တွေးသွားမယ် ၊
သူတစ်ပါး အကျိုးရှိစေမယ့် အပြောလေးတွေ ပြောသွားမယ် ၊သူတစ်ပါး အကျိုးရှိစေမယ့် အလုပ်ကလေးတွေလုပ်သွားမယ်ဆိုရင် မကြာခင်အချိန်အတွင်းမှာ လူကောင်း ဖြစ်လာမှာပါ။

တကယ်လို့ ကိုယ်ကတော်ပြီး မကောင်းဖြစ်နေတယ်ဆိုရင်လည်း (ကိုယ့်စိတ်ကိုယ်ပဲ အသိ
ဆုံးဆိုတော့) ကိုယ့်စိတ်ကလေးကို ကောင်းချင်တဲ့စိတ်ကလေးဖြစ်အောင် ပြောင်းယူလိုက်ဖို့ပါပဲ။ နဂိုက
တော်ပြီးသားဆိုတော့ ကောင်းဖို့ပြုပြင်တဲ့နေရာမှာသိပ်ပြီး ခက်မယ်မထင်ပါဘူး။

လူ့ဘ၀ဆိုတာ ခဏလေးပါ။သတော့လည်း ထားခဲ့ရတာပါပဲ။မသေခင်လေးမှာ ကောင်းအောင်နေလိုက်တာပဲကောင်းပါတယ်။ အဓိက ကတော့ ကောင်းချင်တဲ့စိတ်ကလေး ရှိဖို့ပါပဲလေ။
× × × × × × × × × ×
ဒီစာရေးလို့ ဆုံးခါနီးမှာပဲ ကိုယ့်ကိုယ်ကိုလည်းသူများမကြားအောင် စိတ်ထဲကနေ အသာ
လေး ပြန်မေးကြည့်မိပါတယ်။“ရဝေနွယ် ရယ် သူများသာ အသိတွေ ၊ အကျင့်တွေ ၊
လူတော်တွေ ၊ လူကောင်းတွေ ပြောနေတာ ကိုယ်တိုင်ကော အသိနဲ့အကျင့်
ထပ်တူကျပြီလား ၊ လူကောင်း ဘယ်နှစ်ရာခိုင်နှုန်းဖြစ်ပြီလဲ”

“ . . . . . . . . . . . . . . . . . . . . . . . . . . .”

အဖြေက ထွက်မလာပါဘူး။ အဖြေအစားသက်ပြင်းရှည်ပဲ ထွက်လာပါတယ်။
ဘာပဲပြောပြော လူကောင်းမဖြစ်သေးပေမယ့်လူကောင်းဖြစ်ချင်တဲ့ စိတ်ကလေးတော့ ရှိနေ
တာဆိုတော့ “လူကောင်းဖြစ်ချင်တဲ့စိတ်ကလေးရှိနေတာလေးကကို လူကောင်းဖြစ်ဖို့ ခွင့်အလမ်းတစ်ခု
ပဲလေ .. ”လို့ ကိုယ့်ကိုယ်ကို ဖြေဆည်ရင်းအတွေးမေးခွန်းကို ခပ်မြန်မြန်ရပ်လိုက်ရပါတော့တယ်။

(Future Light မဂ္ဂဇင်း ၊ ဇွန် ၊ ၂၀၀၅)
ကျမ်းကိုး - ၁။ ဓမ္မပဒအဋ္ဌကထာ (ဒုတွဲ) ၊ ဧကူဒါနမထေရ်ဝတ္ထု ။
၂။ ဓမ္မဗျူဟာဆရာမ ဒေါ်ခင်လှတင်၏ ပါရမီကျင့်စဉ် ပို့ချချက်တိတ်ခွေများ။
-【ဆရာတော်ရဝေနွယ် (အင်းမ) ၏“အတွေးများနှင့်မိတ်ဖွဲ့ခြင်း ... စာအုပ်မှ”ကောက်နှုတ်ပူဇော်မျှဝေပါသည်။】


Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.617313618278654.107

IS ပါးကွက်သားများ လက်မှ သေကံမရောက် သက်မပျောက်ခဲ့သူ

$
0
0

ဆွန်နီ အစွန်းရောက် စစ်သွေးကြွများ ဖြစ်သည့် IS (Islamic State) စစ်သွေးကြွများသည် တိုက်ပွဲများ အတွင်း ဖမ်းဆီး ရမိခဲ့သည့် သုံ့ပန်းများကို ရှင်းလင်း ပစ်ရာ၌ နာမည်ကြီးလှပြီး အားလုံးသော သုံ့ပန်းများမှာ IS တို့၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။

survuver
သုတ်သင် ခံရသူများ အနက်မှ လွတ်မြောက်လာသူ ဟူစိန် (ကွင်းအနီဖြင့် ၀ိုင်းထားသည်)။

သို့သော် အဆိုပါ သုတ်သင်မှုများ အတွင်းမှ အီရတ် ရှီအိုက် စစ်သား တစ်ဦးမှာ ကံကောင်းထောက်မ စွာဖြင့် လွတ်မြောက်လာ ခဲ့သည်။ အလီဟူစိန်ကာဒ်ဟင်မ် အမည်ရှိ ယင်းစစ်သားသည် IS တပ်ဖွဲ့များ တီကရစ်မြို့ကို သိမ်းပိုက်စဉ်က ဖမ်းဆီးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ယခုတစ်ပတ် အတွင်း ပြုလုပ်ခဲ့သည့် IS တို့၏ သုတ်သင်မှု အတွင်းမှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

ယခု ကွက်မျက် မှုတွင် IS ပါးကွက်သားများသည် အလီဟူစိန် ကာဒ်ဟင်မ် အပါအ၀င် သုံ့ပန်း တစ်ရာခန့်ကို လက်နောက်ပြန် ကြိုးတုပ်ကာ မြေပေါ်တွင် ဒူးထောက် ထိုင်စေပြီး ခေါင်းကို အနောက်မှ ပစ်ခတ်ကာ သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ပါးကွက်သားသည် ဟူစိန်၏ ဘေးမှ သုံးဦးကို ခေါင်းများသို့ ထိမှန်အောင် ပစ်နိုင်ခဲ့သော်လည်း ဟူစိန်ကို ပစ်ရာတွင် လွဲချော် သွားခဲ့သည်။ သို့သော် ဟူစိန်က သေဆုံးဟန် ဆောင်ကာ ရှေ့သို့ လှဲချခဲ့ပြီး သူ့ရဲဘော်များ၏ အလောင်းကောင်များ အကြားတွင် ပါးကွက်သားများ ပြန်ထွက် သွားသည် အထိ မလှုပ်မယှက် လှဲနေခဲ့ရသည်။ ယင်းသုတ်သင်မှု တွင် ဟူစိန်တစ်ဦးတည်းမှ လွဲ၍ မည်သူမျှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။

ယင်းနောက်တွင်မူ သူ၏ အိမ်အပြန် ခရီးကို စတင်ခဲ့ပြီး သုံးရက် အကြာတွင်မှ အီရတ်ပြည် တောင်ပိုင်းရှိ နေအိမ်သို့ အရောက်ပြန်လာ နိုင်ခဲ့သည်။ လက်ရှိအချိန် တွင် သမီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့နေပြီ ဖြစ်သည့် ဟူစိန်က IS တို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများ အတွင်းမှ သူ၏ ပုံကို ပြန် လည် ရွေးချယ်ပေး ခဲ့သည်။

ဟူစိန်က "အသတ်ခံရဖို့ စောင့်နေချိန်မှာ ကျွန်တော့် သမီးလေးရဲ့ 'ဖေဖေ'ဆိုတဲ့ ခေါ်သံလေးကိုပဲ ကြားနေမိတယ်။ ကျွန်တော့် ခေါင်းကို ကျည်ဆံ လွဲသွားချိန်မှာ ကျွန်တော် အမြန်ပဲ သေချင်ယောင် ဆောင်ခဲ့ရပါတယ်"ဟု ဆိုခဲ့သည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/27166-is

 ဖခင်တဦး၏ သမီးအပေါ်ထားနိုင်တဲ့ မေတ္တာ စိတ်က သူ့ သေဘေးကို ကယ်တင်ပေး
လိုက်ပုံထင်တယ်(Thitsar ParamiSociety)

-------------------------------------------------------

တကယ်မေတ္တာစိတ်တွေ ဖြစ်ပွားနေရင် အန္တရာယ်ကင်းတယ်ဆိုတာ ရိပ်စားမိပါ... 

ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ သဘာဝအတိုင်း အရုပ်မနှင့် တူသူ

$
0
0
                       

                         

                      

 



                       

 

                    

                     

ယူကရိန်းနိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိ Lolita Richi အမည်ရတဲ့ အမျိုးသမီး ငယ်လေးဟာ ဘာနဲ့မှ ခွဲစိတ်ပြုပြင်ခြင်းမရှိပဲ အရုပ်မ (ဘိုမရုပ်)နဲ့ တူနေတာ ကြောင့် အွန်လိုင်းမှာ နာမည်ကြီးလာပါတယ်။ ရုရှားတို့ အသုံးပြုတဲ့ VK ဆိုရှယ်မီဒီယာပေါ်မှာ ပရိတ်သတ်ပေါင်း များစွာ ရှိပြီး သူမဟာ ပုံများ တင်လျက် ရှိပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက သာမန်လူလိုသာ နေလာခြင်း ဖြစ်ပြီး ဘာ ပလက်စတစ် ဆာဂျရီနဲ့မှ ခွဲစိတ်ထားခြင်း မရှိပဲ ဘိုမရုပ်နှင့်တူနေခြင်း ဖြစ်ပါတယ်။ မျက်လုံးကိုတော့ ဘိုမရုပ်တွေလို ကြီးအောင် မျက်ကပ်မှန် တပ်ထား ပါတယ်။ အဲ့ဒါကလွဲလို့ ကျန်တာ ဘာမှ ပြုပြင်ခြင်း မရှိပါဘူး။ အထက်တန်းကျောင်း စတက်ချန်ကစလို့ သူမဟာ ဘိုမရုပ်နဲ့ သိသိသာသာ တူလာတာကြောင့် နေထိုင်မှု ပုံစံပါ လိုက်လှံ ပြောင်းလဲခဲ့ ပါတယ်။ 

ဒါကြောင့်မို့ ခါး size ၂၀ သာ ရှိပြီး 32F bra size ရှိပါတယ်။ အရပ်ကတော့ ၅ ပေ ၄ လက်မ ပါ။ ယူကရိန်းမှာ ဘိုမနဲ့ တူအောင် ခွဲစိတ်ပြုပြင်သူ ၂ ယောက်ကမ ရှိလာပြီး သူမ ကတော့ သဘာဝအတိုင်း ဖြစ်တာကြောင့် အချိန်တို အတွင်း နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။ 

သူမ တင်တဲ့ ပုံတွေကို သူမရဲ့ အမေကိုယ်တိုင် ရိုက်ပေးခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ပုံကိုလည်း ဘာ Photoshop နဲ့မှ ပြုပြင် စီရင်ထားခြင်း မရှိကြောင်း ပြောဆိုထားပါ သေးတယ်။ အထက်တန်းကျောင်းမှာလဲ ဘိုမနဲ့ တူတာကြောင့် အများ ဂရုတစိုက် အကြည့်ခံရသူ ဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာလည်း အနုပညာ လိုင်းဘက်သို့ ရောက်ရှိလာနိုင်ဖွယ်သူ တစ်ဦး ဖြစ်ကြောင်း ခန့်မှန်းထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
 https://www.facebook.com/yoyarlaydotcom/photos/pcb.750909498285638/750907781619143/?type=1&theater
Viewing all 6248 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>