Quantcast
Channel: စိတ်ကူးပျော်ရာ
Viewing all 6248 articles
Browse latest View live

စိတ်ကျရောဂါအဖြေရှာခြင်း

$
0
0


စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် မကောင်းတာ ကျန်းမာရေးပြဿနာပါ။ ဆရာဝန် တွေ ဟာ ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေး အတွက်ပါ တာဝန် ယူကြရ တယ်။ လူတိုင်းရဲ့ စိတ်ဟာ တသတ်မှတ်ထဲ တည်ငြိမ်နေတာ မဟုတ်ဘူး။ စိတ်မငြိမ် သက်တာ ကယောက်ကယက် ဖြစ်တာ သာမန်လူတို့ရဲ့ ထုံးစံပါ။ ဝမ်းနည်း ဝမ်းသာ စိုးရိမ်ကြောင့်ကြမှုဆိုတာ လောကသုံးပါး မလွဲမသွေ ကြုံတွေ့ နေရမှာပဲ မဟုတ်လား။ လူဖြစ်လို့ ဝမ်းနည်းတာ သဘာဝပါ။ ဒါပေမယ့် ခဏပါပဲ။ စိတ်ကျရောဂါကျတော့ မတူတော့ဘူး။ ကျနေတဲ့ စိတ်က တက်မလာ တော့ တာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ကင်းမဲ့တာ၊ ဘဝအဓိပ္ပါယ် ကင်းမဲ့သလို ခံစားရတာတွေ ဟာ စိတ်ကျရောဂါရဲ့ လက္ခဏာဖြစ်ပါတယ်။

စိတ်ကျရောဂါလို့ အမည်တပ်ဖို့ နည်းနည်းခက်တယ်။ဖြစ်တာတွေ တယောက်နဲ့ တယောက် တူချင်မှ တူမယ်။ စိတ်ကျရောဂါတွေမှာ လက္ခဏာတွေ ကိုယ်စီရှိ တယ်။ အဆင့် သတ်မှတ်ချက်၊ ရောဂါအပျော့အပြင်းလည်း မတူကြ ဘူး။ ဝေဒနာခံစား ရသူတွေဟာ အစွန်းနှစ်ပါး မလွတ်ကင်း ကြတာ များတယ်။ စားချင်စိတ်ကဲသူရှိသလို ဘာစားစား ခံတွင်းမတွေ့ပဲ အစား အသောက် ပျက်တာလည်း ရှိတယ်။ တချို့က အအိပ်ပျက် အအိပ်ခက်ပေမယ့် တချို့က အိပ်ပြီးရင်း အိပ်ချင်တတ်တယ်။ မျက်တွင်း ဟောက်ပက် အိပ်ရေးပျက်တာ စိတ်ရောဂါနဲ့သက်ဆိုင်တတ်တယ်။ ဒါကိုပဲ ပတ်ဝန်းကျင်က အတင်းပြောတော့ အပျင်းကြီးတယ်ဖြစ်တယ်။ အမှန်က ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ ခန္ဓာကိုယ်နရီစီးချက် မမှန်တော့ပဲ စိတ်ပျက်၊ အအိပ်ပျက် အစားပျက်ပြီး လူက ပိန်ချုံးလာတတ်တယ်။ တချို့ကလည်း အစားအသောက် တွေပိုစားလာတယ်။ စိတ်ခံစားမှုကို ဒီနည်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားရင်း ဝလာကြတယ်။ ဝလို့လှတယ်ဆိုချင်သူတွေ သတိထားပါလေ။

ဆယ်ကျော်သက်တွေမှာ ဖြစ်ရင် စကားအပြောအဆိုနည်းပြီး အပြုအမူကစ လေးလံ ထိုင်းမှိုင်း လာတာ သိသာတယ်။ အပြုသဘောမှန်သမျှ ကိုယ်နဲ့မဆိုင်သလို အပျက် သဘောတွေသာ တွေးမြင်လုပ်ကိုင်လာတယ်။ ဘာ့ကြောင့် မှန်းအဖြေရှာမရပဲ အကြောင်းမဲ့ ဝမ်းနည်းနေတတ်တယ်။ တချို့က အကြောင်းခံ မယ်မယ်ရရ မရှိဘဲ အော်ဟစ်ငိုကြွေးတာမျိုး လုပ်လာတယ်။ စိတိတိုလွယ် ဒေါသကြီးလွယ်တာလည်း ရှိပါတယ်။တဖက်သားကို အလိုလိုမုန်းတီးနေပြီး လောကကြီးနဲ့ သဟဇာတ မဖြစ် သလို ခံစားရတယ်။ ဆုံးဖြတ်ချက် မှန်သမျှ မှားယွင်းလာတယ်။ နေ့စဉ် မျှော်လင့် ချက် ကင်းမဲ့ တတွေတွေတမှိုင်မှိုင်နဲ့ ဝမ်းနည်းပူဆွေးတတ်တာ စိတ်ကျရောဂါရဲ့ လက္ခဏာပါ။ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသပါလေ။ ဒီလိုလူတွေက နှလုံးနဲ့ အစာအိမ် ရောဂါ သူများထက်ပိုဖြစ်တယ်။

အားလုံးထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ခံစားရတာ အဆိုးဆုံးနဲ့ ခံရ အခက်ဆုံး ပါပဲ။ နောက်ဆုံးအဆင့် ခေါ်ရမယ်။ လူ့ဘဝကြီးက အဓိပ္ပါယ်ကင်း မဲ့သလို ခံစားလာရပြီးနောက် လုပ်စရာ များများစားစား မကျန်တော့ဘူး။ အဆုံးသတ် မှာတော့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုး (suicide) တွေ ဖြစ်လာ တယ်။ အဖန်ငါးရာ ငါးကမ္ဘာဆိုတာ တွေလည်း ခေါင်းထဲမဝင်တော့ဘူး။ တရား သဘော လာမပြောပါနဲ့။ဘာ့ကြောင့်လဲဆိုတော့ ဘဝအတွက် ထွက်ပေါက်က ဒီတခု တည်းရှိတယ်လို့ ခံစားနေရလို့ပဲ ဖြစ်တယ်။

၂၀၁၃ မှာ စစ်တမ်းတခုလုပ်တော့ ချမ်းသာတဲ့နိုင်ငံအများစုဟာစိတ်ကျရောဂါ ခံစားရနိုင်ချေ ပိုများတာ တွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ အပြိုင်အဆိုင်လုပ်ရသူတွေရဲ့စိတ်ဖိစီးမှုဟာ လူသာမန်တွေထက် ပိုပါတယ်။ အလုပ်တာဝန်များသူ၊လူအများနဲ့ ဆက်ဆံရသူတွေဟာ စိတ်ကျရောဂါ ခံစားလွယ် လာကြတယ်။ ဒီနေ့ကမ္ဘာမှာ စိုးရိမ်စိတ် အများဆုံး၊ စိတ်ဖိစီးမှု အများဆုံး နိုင်ငံတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေဖြစ်ပါတယ်။ နှစ်စဉ် အမေရိကန်လူမျိုး (၂၅)သန်း လောက်ဟာ စိတ်ကျရောဂါခံစားနေရတယ်။ ၁၃မိနစ်တိုင်း လူတယောက် ဟာ သတ်သေမှုကြောင့် အသက်ဆုံးရှုံးနေတယ်။ အမေရိကားမှာ ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် သေဆုံးမှုက နံပတ်(၁၀)မှာ ရပ်တည်နေတယ်။ ထူးဆန်းတာက နှလုံး၊ ကင်ဆာ၊HIVလို ရောဂါတွေထက် စိတ်ကျရောဂါခံစားရသူ အရေအတွက်က ပိုများနေပါတယ်။ အနောက်နိုင်ငံ တွေမှာ အောင်မြင်မှု၊ကျရှုံးမှုကို မခံစားနိုင်သူတွေအတွက် ထွက်ပေါက်က အရက်၊ဆေးဝါး၊တားမြစ်ဆေးတွေ အလွယ်တကူရှိတယ်။ စိတ်ကိုပြောင်းလဲ စေတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကျရောဂါ ကို ကဲစေတယ်။ အရက်၊ဟော်မုန်း၊ ရောဂါဘယတွေကလည်း စိတ်ကို သက်ရောက် စေတယ်။ အကြောင်းအရာစုံလို့ တခုတည်းကို လက်ညှိုးထိုးလို့မရဘူး။

စိတ်ကျရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက များတယ်။

ဝမ်းနည်းမှုကြေကွဲမှု၊ အလုပ်အကိုင်၊ ဝင်ငွေဆုံးရှုံးမှု၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ သက်ဆိုင်တယ်။ ငယ်စဉ်က စိတ်အနာ တရဖြစ်ဖူးသူ (အဖေ အမေ ကွဲတာ၊ အဖိအနှိပ်ခံရတာ၊ ဆင်းရဲချို့တဲ့သူ) တွေဟာ ပိုခံစား ကြရတယ်။ မိဘ အုပ်ထိန်းမှု ညံ့တာနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ ပိုဆိုင်တာက ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောငိ့ ဖြစ်တယ်။ လုပ်ငန်းခွင် အပြိုင်အဆိုင်နဲ့ အလုပ် တာဝန်တွေက စိတ်ကို ဖိစီးစေတယ်။ ဒီအချက်တွေက အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကိုပါ ဆင့်ကဲဖြစ်စေ တယ်။ နယ်တွေ၊ တောရွာတွေမှာ ကျတော့ ရောဂါအမည်တပ်ဖို့ ပိုကောင်းတယ်။ စုန်းကိုက်သလို၊ နတ်ကိုင်သလို အပြုစားခံရသလို အမျိုးမျိုးပြောကြတာတွေဟာ စိတ်ကျရောဂါ ကြောင့် ဖြစ်တယ်။ တကယ်တမ်း စိတ်ကျရောဂါ အဖြေရှာကြည့် တော့ ဘုရားဟော သလိုပဲ။ "ပုထုဇ္ဇနော ဥမ္မတ္တကော"လူသာမန်တွေရဲ့စိတ်ဟာ တည်ငြိမ်မှုမရှိ၊ ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်လို့ဆိုတာ တွေ့ရပါတယ်။ ကိလေသာမကင်းသမျှ အတက်၊ အကျအပြောငိးအလဲကတော့ ရှိနေမှာပဲ ဖြစ်တယ်။

စိတ်ကျရောဂါရဲ့အခြေခံက စိတ်ထိခိုက်တာနဲ့ စိတ်ဒဏ်ရာရတာပါ။ ဒါကို မကုဘဲ ထားရင် ပိုဆိုးတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါကိုစိတ်နဲ့ပဲကုရတယ်။ ဒါပေမယ့် စနစ်တကျကုဖို့နဲ့ ခံစားရတဲ့ဝေဒနာ အတိမ်အနက်ကို နားလည်ဖို့လိုတယ်။ ကျနေတာတခုကို ဆွဲတင်ဖို့ဆေးနဲ့ ဆရာလိုပါတယ်။ ဒါပေမယ့် ဆရာဝန် (သို့) အပေါင်း အဖော်တွေက အားပေးရုံ၊ဖေးမရုံသာ တတ်နိုင်တယ်။ တကယ်ကုရမှာက ကိုယ့်စိတ်ကို ထိန်းဖို့၊ သိမ်းဖို့ ပရမ်းပတာ မဖြစ်စေဖို့ပါ။ စိတ်ကျသူတွေအတွက် လောကကြီးကို မှန်တချပ်လို့ သဘောထားပြီး တခြားဖက်က မြင်နိုင်အောင် လှုံဆော်ပေးရတယ်။ အကြည့်တွေလွဲနေ၊လောကကြီးကိုသုံးသပ်တာတွေ ပြောင်းလဲနိုင်အောင် ကူညီပေးရတယ်။ စိတ်ပညာရှင်တွေ၊ဆရာဝန်တွေက ဒီနေရာမှာတော့ အသုံးကျပါတယ်။ စိတ်ကျဝေဒနာသည်တွေအတွက် ပတ်ဝန်းကျင် အကူအညီ၊ ဖေးမမှု၊ စာနာမှု၊ နားလည်မှုက အရေးကြီးတယ်။ တခါတရံ မျှော်လင့်ချက် ကင်းမဲ့သူတွေကို အားပေးရတာ ကုသိုလ်ဖြစ်တယ်။

စိတ်ကျရောဂါကို ကုသလို့ရပါတယ်။ မကုပဲထားရင် ပိုဆိုးလာမယ်။ လေ့လာ မှုတွေအရ ဆေးပေးပြီး စနစ်တကျကုသသူရဲ့ (၈၀)ရာခိုင်နှုန်းကျော်ဟာ တိုးတက် ကောင်းမွန်လာတယ်။ ရောဂါဆိုးလေ ဆေးတိုးလေဆိုတာ စိတ်ကျရောဂါကို ဆိုလို တာပါ။ ဆရာဝန်က ဆေးပေးရသလို ဖြစ်သူဖက်က တွေးပေးရတာလည်း ရှိပါတယ်။ ထပ်လိုတာက စိတ်ဓာတ်ခွန်အားနဲ့ အားပေးစကားပါ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း က ထပ်ဆောင်းပေးရမှာက နားလည်မှုနဲ့ စာနာမှုပါ။ ကိုယ်တိုင် လိုအပ် တာကတော့ မိမိမှာ စိတ်ကျရောဂါရှိနေပြီဆိုတာသိနေဖို့နဲ့ ပြောင်းလဲချင် စိတ်ရှိဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆောင်ရင် အရာအားလုံးကို အောင်နိုင်ပါတ တင်နုတ်ုတ်ယ်။ စိတ်ကျရောဂါ အဖြေရှာပါတော့။

Credit to ဒေါက်တာ အေးမင်းထူး၊ ရတနာပုံသတင်းစာ (၅.၁.၂၀၁၅) မှ ပြန်လည်ကူးယူ ထုတ်နုတ် တင်ပြထားပါသည်။

MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
Mobile : 09-4310-4163 & 09-3023-7389

https://www.facebook.com/momopmm/photos/a.1491075344484926.1073741828.14905

ခေတ်မီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့

$
0
0
                           
လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကိုကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ … ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို

စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

ကောင်မလေး ဖတ်ဖို့

$
0
0
                   

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရပါဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ပါဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကိုသင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား၊

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်ပါနဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကိုမေ့တာနဲ့ သင့်ကို သူမချစ်တော့တာမဟုတ်ပါဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားလေးတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ပါဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုပါနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားပါနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွှတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့နောက်ချစ်သူ ဘယ်လောက်လှလဲ၊ သူ့နောက်ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောပါနဲ့၊ ဆုံးဖြတ်ချက်တွေ မချပါနဲ့။ ဒါဟာ သင့်ကို နောင်တရစေပါလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ့်ပါဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ပါဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရတယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်ပါတယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလိုဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေပါနဲ့.....သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေမကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းပါတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားပါနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင်သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးပါနဲ့။ လိုက်လိုက်မေးတာများသွားရင်သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူစိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ပါဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရပါတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက်ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်ပါတယ်။

(၃ဝ) လမ်းခွဲချိန် မငိုနဲ့.... လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ရှေ့မှာ မငိုပါနဲ့... သူ့ကွယ်ရာကျမှ ငိုပါ။


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

အထီးကျန်ခြင်းဝေဒနာတွေနဲ့အတူအနုပညာတွေကိုဖန်တီးခဲ့သော “ Yap Hanzhen ”

$
0
0

 

 
အသက်၁၆နှစ်အရွယ်မလေရှားနိုင်ငံသား“Yap Hanzhen”သည် လူတွေနှင့်ဆက်ဆံရတာခက်ခဲတဲ့ရောဂါတစ်မျိုးကိုနှစ်နှစ်အရွယ်မှာစတင်ခံစားခဲ့ရပါတယ်။သူငယ်စဉ်
ကလေးဘ၀မှဆယ်ကျော်သက်အရွယ်အထိလူတွေနဲ့စကားပြောဖို့အတွက်ခက်ခဲခဲ့ပါသည်။ 


သူနဲ့ဆက်ဆံပြောဆိုတဲ့အခါအဆင်ပြေစေဖို့အတွက်သူ့မိဘတွေသည်သူ့ကိုပုံဆွဲစာအုပ်တစ်အုပ်နဲ့ခဲတံ
တွေပေးခဲ့ပါသည်။သူ့ဘ၀ထဲကနေသူဖြစ်ချင်တဲ့အရာတွေကိုပြင်ပလောကထဲကိုရောက်လာဖို့အတွက်မိဘ
တွေကဖန်တီးပေးခဲ့ပါတယ်။

ဒါပေမဲ့သူ့ပုံဆွဲစာအုပ်ထဲကပုံရိပ်တွေကတော့သူ့မိဘတွေနဲ့ဆက်သွယ်ဖို့ထက်ပိုခဲ့ပါတယ်။အခုချိန်မှာ
တော့“Yap”၏ပုံဆွဲစာအုပ်ထဲကပုံရိပ်တွေသည်နိုင်ငံတကာပန်းချီပြခန်းတွေဆီကိုရောက်သွားခဲ့ပါသည်။သူ့ဆွဲသားခဲ့သည်
အနုပညာပုံရိပ်တွေကိုနိုင်ငံတကာ မှာပန်းချီပြပွဲတွေလုပ်ခဲ့ပါသည်။သူဆွဲသားခဲ့သည်ပုံတွေကိုလည်းစာအုပ်
အဖြစ်ထုတ်ဝေခဲ့ပါသည်။

“Yap”တွင်ထူးခြားမှုတစ်ခုလဲရှိပါသည်။မြင်တွေ့လိုက်တဲ့ပုံရိပ်တိုင်းကိုဓာတ်ပုံရိုက်ကူးထားသလိုမျိုးမှတ်မိနိုင်
နေတာပါပဲ။မှတ်ထားတဲ့ပုံရိပ်တိုင်းကိုလည်းအမှားမရှိပြန်လည်ရေးဆွဲနိုင်သလို၊၂၄နာရီအတွင်းမြင်တွေ့ခဲ့တဲ့
ပုံရိပ်တိုင်းကိုလဲထပ်တူရေးဆွဲနိုင်ပါသည်။ဒီလိုဆွဲ နိုင်တဲ့အပြင်၊သူ့မှာကိုယ်ပိုင်အနုပညာဖန်တီးနိုင်တဲ့စွမ်းရည်တွေ
လဲရှိနေပါတယ်။သူ့မိဘတွေသည်သူ့ကိုပုံဆွဲစာအုပ်ပေးလိုက်တာနဲ့တစ်နေ့တာမြင်တွေ့ခဲ့ရတာတွေ၊ခံစားခဲ့
ရတာတွေကိုပုံဆွဲစာအုပ်ပေါ်မှာဆွဲပြခဲ့ပါတယ်။

“Yap”သည်အခုချိန်မှာတော့ကျောင်းစာကိုတစ်နေ့၆နာရီလောက်သင်ယူလေ့လာနေရပါတယ်။ကျောင်းကနေ
အိမ်ကိုပြန်ရောက်လာရင်တော့ပန်းချီဆွဲခြင်းကိုခြောက်နာရီလောက်လေ့ကျင့်နေပြန်ပါတယ်။သူ့စိတ်ကူး
ထဲကအိပ်မက်ကတော့တစ်နေ့မှာပန်းချီအနုပညာရှင်တစ်ဦးဖြစ်လာဖို့ပါပဲ။သူသည်ပန်းချီဆွဲရခြင်းကိုနှစ်သက်တဲ့
အပြင်စန္ဒားတီးရတာကိုလည်းနှစ်သက်သူဖြစ်ပါသည်။
သူ၏နောက်ထပ် စိတ်ကူးလေးတစ်ခုကတော့ဂီတပညာရှင်တစ်ဦးဖြစ်ဖို့ပါပဲ။

သူ့အသက်၁၃နှစ်မှာပဲသူ့ဆွဲသားခဲ့သောပန်းချီကားတွေသည်အောင်မြင်ခဲ့ပါသည်။သူ့ပထမဦးဆုံးပန်းချီပြပွဲ
ကိုလည်းသူ့အသက်၁၃နှစ်မှာပဲပြုလုပ်ခဲ့ပါသည်။သူ့သည်ပန်းချီပြပွဲ၂၁ပွဲကိုကမ္ဘာအနှံ့မှာပြသခဲ့ပါသည်။ပရဟိတ
အလှူ ပွဲတွေအတွက်လည်းသူသည်ပန်းချီတွေကိုဆွဲပေးခဲ့ပါသည်။
သက်( ref: Via)

https://www.facebook.com/NewsWatchJournal/posts/805708772800259 

အတွေ့အကြုံမရှိသေးသောအလုပ်ကိုလျှောက်ရာတွင် အရေးကြီးသောအချက်တစ်ချက်

$
0
0


ဥပမာ သင်အလုပ်တစ်ခုကိုလျှောက်နေတယ်ဆိုပါစို့။ CV တစ်စောင်၊ Cover Letter တစ်စောင်လည်း သေသေချာချာရေးပြီးသွားပြီးဆိုပါစို့။ ဒါပေမယ့် သင့်မှာကအဲ့ဒိအလုပ်နဲ့ပက်သက်ပြီးအတွေ့အကြုံမရှိဘူး ဆိုပါစို့။ ဒါပေမယ့် အဲ့ဒိ CV နဲ့ Cover Letter မပို့ခင်မှာသေချာပြန်စစ်မိပါရဲ့လား။ လူတော်တော်များများ လုပ်လေ့ရှိတဲ့အမှားတစ်ခုကိုပြောပြပါမယ်။ သင့်ရဲ့ Cover Letter မှာအောက်ပါ ၀ါကျမျိုးတွေသုံးဖူး ပါသလား?
• “Despite my limited experience with marketing…”
• “Although I do not have experience directly managing people…”
• “While I only have work experience doing administrative tasks…”

အထက်ပါဝါကျများကတော့ အတွေ့အကြုံမရှိကြောင်းကို ၀န်ခံဖော်ပြတဲ့ ၀ါကျများဖြစ်ပါတယ်။ ဒါကိုမှားတယ်လို့တော့ ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူး။ဒါပေမယ့် ဒီလိုရေးခြင်းက သင်ဟာ သူ့အလုပ်အတွက် သိပ်သင့်တော်လှတဲ့သူမဟုတ်ကြောင်း ထောက်ပြနေသလိုပါပဲ။

သင်အရင်ကအတွေ့အကြုံမရှိခဲ့လည်း သင်အတွေ့အကြုံမရှိကြောင်းကိုဖော်ပြမယ့်အစား အခြားသင့်ရဲ့အားသာချက်တွေကို ပိုအာရုံစိုက်ဖော်ပြသင့်ပါတယ်။ သင့်ရဲ့အားသာချက်တွေက သူခေါ်ယူနေတဲ့ရာထူးအတွက် ဘယ်လိုသင့်တော်ကြောင်းဖော်ပြပါ။ သင့်ရဲ့စိတ်အားထက်သန်မှုကိုဦးစားပေးဖော်ပြပါ။ ဥပမာ အောက်ပါဝါကျမျိုးတွေသုံးလို့ရပါတယ်။
• “I’m excited to parlay my experience in PR to a more analytical marketing position.”
• “I’m ready to take the next step in my career- management.”
• “I’m eager to translate my success in this administrative position to a more client-focused role.”
ဒါကြောင့်မို့လို့အတွေ့အကြုံမရှိတဲ့အကြောင်းကိုထောက်မပြပါနဲ့။ သင်ရဲ့အားသာချက်တွေက သင်လျှောက်ထားတဲ့ ရာထူးအတွက် ဘာကြောင့်သင့်တော်သလဲဆိုတာကိုသာ အဓိကထားဖော်ပြပါ။

မိုးရှင်း (I.M.T)
www.work.com.mm
Ref:linkedin


https://www.facebook.com/Work.com.mm/photos/a.359562060790938.8592

ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )

$
0
0


ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိုပေးရတယ်။ Hyoscine, Cyclizine, Cinnarizine, Promethazine တို့ကိုပေးနိုင်တယ်။

အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ် အထက်ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ (အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီကြိုတင်သောက်ရမယ်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံတယ်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့်သောက်ပါ။ တခြားအအန်သက်သာဆေးတွေက မထိရောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် တနေ့ ၄-၆ ကြိမ်။ အိပ်ချင်မယ်။ အိပ်ပျော်နေမယ်။

အကြံပြုချက်များ

မိုးကုပ်စက်ဝိုင်းဆီကိုသာကြည့်ပါ။ အဝေးကိုကြည့်ပါ။ စာမဖတ်ပါနဲ့။ ခေါင်းကိုငြိမ်ငြိမ်ထားပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူနဲ့တွဲမထိုင်ပါနဲ့။ ခရီးမထွက်မီ အဆီ-အစပ်များတာမစားပါနဲ့။ အရက်မသောက်ပါနဲ့။ အပြင်ကို မမြင်ရချိန်မှာဆိုရင် မျက်စိတဖက်တည်းသာဖွင့်နေပါ။အိပ်နိုင်အောင်ကြိုးစားပါ။ ပီကေ (ခြူယင်းဂမ်း) ဝါးနေပါ။ လေအေး လေသန့်ရတာသက်သာစေတယ်။

Meclizine (Antivert), Dimenhydrinate (Dramamine) ဆေးတခုခုကို ခရီးမထွက်မီ နာရီဝက် တနာရီကြိုသောက်ပါ။ ဆေးက အိပ်ချင်မှာကိုသတိပြုပါ။ Scopolamine transdermal patches (1.5 mg) ဆေးကပ်ခွါ၊ Scopolamine tablet form (0.4 mg) ဆေးပြားသုံးနိုင်တယ်။ ခရီးမထွက်ခင် စောနိုင်သမျှစောစောကြိုကပ်ထားပါ။ တခါကပ်ရင် ၇၂ နာရီခံတယ်။ ပန်းနာ၊ မျက်စိရေတိမ်၊ ဆီးအသွားခက်သူတွေနဲ့မသင့်ပါ။ Metoclopramide နဲ့ Prochlorperazine ဆေးလဲ သုံးနိုင်တယ်။ head-worn computer device ခေါင်းတပ် ကွန်ပြူတာသုံးကိရိယာလဲ သုံးကြတယ်။ ViBAN မျက်စိတပ် ကိရိယာလဲ သုံးတယ်။ Wristband လက်ကောက်ဝတ်တပ်စရာလဲ သုံးတယ်။ Ginger root ချင်း (ဂျင်း) မြစ်ကိုလဲ သုံးကြတယ်။

  ဒေါက်တာတင့်ဆွေ

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.2

ဗုဒ္ဓနည်းကျ ရေစက်ချအမျှဝေနည်း ”

$
0
0



  မေး။ ။ ဘုရားအလိုကျ အမျှပေးဝေနည်းကိုလည်း တင်ပြပေးပါဘုရား။

  ဖြေ။ ။ ပထမဦးဆုံးအနေနဲ့ ရေစက်ချခြင်းအကြောင်းကို ကျမ်းဂန်များတွင် လာရှိတာကို ဖော်ပြပေးပါမယ်။
ကျမ်းဂန်များတွင် အလှူရှင်မှ အလှူခံလက်ထဲသို့ ရေစက်သွန်းချလှူလိုက်ပြီး အလှူခံပုဂ္ဂိုလ်သည်
အလှူရေစက်ကို လက်ဖြင့်ခံယူကာမျှဖြင့် အလှူဝတ္ထု သက်ရှိသက်မဲ့အရာအားလုံး
အလှူခံပုဂ္ဂိုလ်ပိုင်ဆိုင်သွားပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၁၆)

ဗိမ္ဗိသာရမင်း ဝေဠုဝန်ကျောင်းရေစက်ချပွဲပြုလုပ်စဉ်က
၁။ အလှူရေစက်ကို ရွှေကရားတွင်ထည့်ထားသည်။
၂။ မွှေးကြိုင်သောပန်းနံ့သာ ထုံမွှမ်းထားသည်။
၃။ အလှူရေစက်သည် မြအဆင်းကဲ့သို့ ကြည်လင်သန့်ရှင်းနေသည်။
၎။ အလှူရေစက်ကို ဗုဒ္ဓရဲ့လက်ထဲသို့ လောင်းချလှူဒါန်းသည်။ (ဗုဒ္ဓဝင်အဋ္ဌကထာ၊ ၂၅)

အထက်ပါရေစက်ချပုံကိုထောက်ဆ၍သာမန်ပုဂ္ဂိုလ်များအား လှူဒါန်းမည်ဆိုပါက ရေစက် ကို ရေကောင်း ရေသန့်ဖြင့် စီမံပါ။ ဘုရားအစရှိသော သံဃာတော်များအား လှူဒါန်းရေစက်ချမည်ဆိုပါက သက္ကစ္စဒါန အထောက် အပံ့ဖြစ်အောင် ရေထဲ တွင် မွှေးကြိုင်သော နံ့သာထည့်ထားပါ။

တစ်ခါ ရေစက်ခွက်စီမံပုံနဲ့ပတ်သတ်ပြီး
ကျမ်းဂန်များတွင် ဖော်ပြရာမှာ အနာထပိဏ်သူဌေး ဇေတ၀န် ကျောင်းလှူသော အခါ၊ ဒေဝါနံပိယတိဿမင်း မဟာမေဃဝန်ဥယျာဉ် လှူသောအခါတို့တွင် အလှူရေစက်ကို ရွှေကရား၌ ထည့်ထားပြီး ရေစက်သွန်းချကြပါတယ်။ (ဇာ၊ဋ္ဌ၊၁၊ ၁ဝ၉။ ဝိ၊ဋ္ဌ၊၁၊၆ဝ)

ကျောင်းစသော ထာဝရ၀တ္ထုရေစက်ချရာတွင် ရေစက်ခွက်မထားဘဲ ဘုရားရဟန္တာ လက်ထဲ၌သာ ရေစက် သွန်းချကြောင်း မှတ်သားရပါတယ်။ ဆွမ်းကပ်လှူဒါန်းရာတွင် ရေစက်ချရာ၌
ဗုဒ္ဓရဲ့သပိတ်၊ ဗုဒ္ဓမပါက မထေရ်ကြီး များရဲ့သပိတ်ထဲသို့ အလှူရေစက်သွန်းချလှူဒါန်းကြပါတယ်။ (ဓမ္မ၊ဋ္ဌ၊ စူဠပန်ဝတ္ထု)

ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များပေါ်လာချိန်တွင် ရုပ်ပွားတော်နဲ့တကွ သံဃာတော်များဆွမ်းလှူဒါန်းသောအခါ ရုပ်ပွားတော်စေတီတော်ကိုရည်စူး၍ ရေစက်ခံသပိတ်တို့ကို ရှေ့၌ထားကြပါတယ်။
(ဝိ၊ဋ္ဌ၊၃၊၄၂၄။ ဝိ၊သင်္ဂဟ၊၂၅၅။ ကင်္ခါဋီကာသစ်၊၂၉၈)

တဖန် ရေစက်ချပုံအနေအထားနဲ့ပတ်သတ်ပြီး ဗိမ္ဗိသာရမင်း၊ အနာထပိဏ်သူဌေးတို့သည် ရွှေ ကရားဖြင့် ရေစက်ချသောအခါ တံစက်မြိတ်မှရေကျသလို ရေကိုတဖြည်းဖြည်းချင်း
ယဉ်ယဉ်ကျေးကျေး ဗုဒ္ဓလက်တော်သို့ သွန်းလောင်းကြပါတယ်။

အလှူဒါနပြုလုပ်ရာတွင် ရေစက်ချရခြင်းအကြောင်းမှာ-

၁။ အလှူဝတ္ထုကိုယ်စားပြု၍ အလှူခံလက်ထဲသို့ အပ်နှင်းရန်အကျိုးငှာ အလှူဒါနမြောက်ကြောင်းပြရန် ရေစက်ချတာပါ။
၂။ ရေစက်ချသောအခါ အလှူခံကလက်ဖြင့် ခံယူလိုက်သဖြင့် အလှူဝတ္ထုအားလုံး အလှူခံပိုင်ဆိုင်သွားသဖြင့်
မည်သူမျှပြန်ယူသိမ်းပိုင်ခွင့် မရှိအောင် ရေစက်ချလှူဒါန်းရခြင်း ဖြစ်ပေတယ်။

သာဓကအားဖြင့် ဝေဿန္တရာမင်းသည် သားတော်သမီးတော်တို့ကို ရေစက်ချလှူဒါန်းလိုက်သောကြောင့် ဘိုးတော်မင်းသည်
သူ့မြေးများကို ပုဏ္ဏားထံမှ အာဏာဖြင့် သိမ်းယူမရသလို မြေးဖြစ်သူများကလည်း ဘိုးတော်မင်း ခေါ်တိုင်း
သွားလို့မရတော့ချေ။ ဒါကြောင့် အဘိုးဖြစ်သူမင်းက
မြေးတော်များကို ပုဏ္ဏားထံမှ ခွင့်ပြုချက်ဖြင့် ရွှေပိဿာ
(၁ဝဝဝ)နဲ့ ဝယ်ယူလိုက်ရပါတယ်။

ဒါကြောင့် အလှူဒါနပြုလုပ်တိုင်း အနည်းဆုံး စိတ်ထဲကနေဆုတောင်းခြင်း၊ ရေစက်ချအမျှဝေခြင်းများ ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဆက်လက်၍ ရေစက်ချအမျှဝေခြင်းနဲ့ပတ်သတ်ပြီး ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေ သေချာ
ကျနစွာ မသိကြတာကြောင့် ဦးဇင်းဖတ်မှတ်လေ့လာဖူးသမျှရေးပေးပါဦးမယ်။

အမျှဝေခြင်းကို ပတ္တိဒါနလို့ခေါ်ပြီး သာဓုခေါ်ခြင်းကို ပတ္တာနုမောဒနလို့ ခေါ်ပါတယ်။ ပတ္တိဆိုတာ ကုသိုလ်ရှင်က မိမိပိုင်သောကုသိုလ်ကို သူတစ်ပါးအား ပေးဝေရာတွင် ခံယူရရှိမည့် သာဓုခေါ်ဆိုသူထံ ပေးဝေသော ကုသိုလ်ကို ပြောတာပါ။ ထိုသို့ကုသိုလ်ပေးဝေရာတွင် တစ်စိတ်တစ်ပိုင်းကို ပေးတာမဟုတ် အညီအမျှရရှိအောင် ပေးပါတယ်။

ဥပမာ-ကုသိုလ်ရှင်က တစ်ပိဿာကုသိုလ်ရရင် သူရသလောက် တစ်ပိဿာလုံးကို ပေးဝေလိုက်တာပါ။
ဒါကြောင့် ပတ္တိ-ကုသိုလ်အမျှကို ဒါန-ပေးခြင်း၊ ဝေခြင်း။ ပတ္တိဒါန-အမျှဝေခြင်းလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ပတ္တာနုမောဒန-ပတ္တိ-အနုမောဒန၊ပတ္တိ-ကုသိုလ်အမျှကို၊
အနုမောဒန-ဝမ်းမြောက်စွာသာဓုခေါ်ဆိုခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ပတ္တိဒါန အမျှဝေရာတွင် မိဘဆရာသမား ဆွေမျိုးတို့အား အမျှဝေခြင်းကို သြဓိသအမျှဝေခြင်း၊
အလုံးစုံသော သတ္တဝါတို့အား အမျှဝေခြင်းကို အနောဓိသအမျှဝေခြင်းဟု ခေါ်ဆိုကြောင်း
ကျမ်းဂန်မှာ လာရှိပါတယ်။ (အဘိ၊ဋ္ဌ၊၁၊ ၂၀၂)

ထိုသို့ကုသိုလ်အမျှဝေရာတွင်ကုသိုလ်ရဲ့အကျိုးကိုပါ ဝေရာရောက်သွားသောကြောင့် ဆွမ်းအလှူဒါန
အမျှဝေသောအခါ သာဓုခေါ်ဆိုသူဟာ ဆွမ်းဒါနကုသိုလ်ရသလို အလှူရှင်ရဲ့
ဆွမ်းအကျိုးငါးပါးကိုလည်း ရရှိသွားပါတယ်။

သူတစ်ပါးက အမျှဝေလိုက်သော ဒါနကုသိုလ်၊ သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာကုသိုလ်စသည်
တို့ကိုလည်း ဝမ်းမြောက်ဝမ်းစွာ သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ် ဖြစ်ပါတယ်။
သူတစ်ပါးက အမျှမဝေတဲ့ကောင်းမှုကိုလည်း မိမိက သာဓုခေါ်ဆိုပါက ပတ္တာနုမောဒနကုသိုလ်မရပေမဲ့ အနုမောဒနကုသိုလ်ရခြင်းကြောင့် သူတစ်ပါးကောင်းမှုကိုတွေ့မြင်ပါက
ဝမ်းမြောက်ဝမ်းသာဖြစ်ပေးမယ်ဆိုရင် မုဒိတာဘာဝနာကုသိုလ်နဲ့နည်းတ
အနုမောဒနာအကျိုး ရရှိပါတယ်။

ထိုကုသိုလ်ကြောင့် မျက်မှောက်ဘဝတွင် လူချစ်လူခင်ပေါခြင်းအကျိုးရသလို တမလွန်တို့မှာလည်း
ခံတွင်းမှ ကြာညိုနံ့သင်းခြင်း အကျိုးများ ရရှိပါပေတယ်။

ပတ္တိဒါန၊ ပတ္တာနုမောဒနကုသိုလ်သည် ဒါနကုသိုလ်တစ်ခုသာ အကျုံးဝင်သည်မဟုတ်
သီလ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ စာချ၊ စာသင်၊ ကျမ်းပြုကုသိုလ်များတွင်လည်း အကျုံးဝင်တာမို့
ထိုကုသိုလ်များကိုလည်း အမျှဝေ၊ သာဓုခေါ်၊ ဝမ်းမြောက်ခြင်း အနုမောဒနာများ ပြုလုပ်ပေးပါက အကျိုးများစွာ ရရှိပါတယ်။

သာဓကအနေနဲ့ဖော်ပြပေးရမယ်ဆိုရင် မင်းတုန်းမင်းလက်ထက် အလုံဂိုဏ်အုပ် ကျောက္ကာ တောင်ဖီလာ ဆရာတော်သည် ရွှေတိဂုံဘုရားသွားဖူးတဲ့အခါလမ်းတွင် နတ်လူသာဓုခေါ်စေသော် ဆိုင်းဘုတ်တွေ့တိုင်း သာဓုခေါ်ဆိုသလို ဆိုင်းဘုတ်မရှိတဲ့ ကောင်းမှုလုပ်ထားတဲ့ အဆောက်အဦးများတွေ့ရင်လည်း သာဓုခေါ်ဝမ်းမြောက်ခြင်းများပြုလုပ်ခြင်းကြောင့် ပတ္တာနုမောဒန၊ အနုမောဒနာကုသိုလ်နှစ်မျိုးလုံး
ဘုရားဖူးသွားရင်း ယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် မိမိဗုဒ္ဓဘာသာဝင်များ ဘုရားဖူးသွားရင်းဖြစ်စေ၊ လမ်းသွားရင်းဖြစ်စေ ကြုံတွေ့ရတဲ့ ကောင်းမှုများကို
ယူတတ်မယ်ဆိုရင် ကုသိုလ်ချည်းပဲမို့ သတိထားယူတတ်ဖို့ရန် လေ့ကျင့်ပေးကြပါလေ။

ဒါပြင် လယ်တီဆရာတော်ဘုရားကြီး ကျမ်းစာရေးရင် ခဲတံချွန်ပေးရသော ဦးနန္ဒိယသည် ဆရာတော်ကြီးက
သင်္ကန်းစတဲ့ ပစ္စည်းဝတ္ထုများစွန့်ကြဲပါက မယူဘဲ နေ့စဉ် ဆရာတော်ရေးသားသော ကျမ်းပြုရခြင်း ပတ္တိဒါနကိုပဲ ခံယူလိုပါတယ်လို့ လျှောက်ထားပါတယ်။
ထိုအခါ ဆရာတော်မှ နေ့စဉ်ကျမ်းပြုရသော ကောင်းမှုများကိုဦးနန္ဒိယအား အမျှဝေပေးပါသည်လို့ မိန့်ကြားလျှင် ဦးနန္ဒိယမှ သာဓုခေါ်ဆိုတော်မူပါတော့တယ်။
ဒါဟာလည်း မျက်မှောက်တခဏတာ အသုံးပြုရမဲ့ ပစ္စည်းဝတ္ထုများထက် သံသရာတစ်လျှောက်လုံးအတွက် အရေးကြီးသောကုသိုလ်ကိုသာ အဓိကထားယူဖို့ သင်ခန်းစာရရှိစေတာမို့ ကျင့်သုံးလိုက်နာကြရပါမယ်။

ပတ္တာနုမောဒန-သာဓုခေါ်ဆိုရကျိုးနဲ့ပတ်သတ်ပြီး မျက်မှောက်အကျိုး၊ တမလွန်အကျိုးပေးများကို
ကျမ်းဂန်များမှ အနည်းငယ် ဖော်ပြပေးပါဦးမယ်။
သာဓုခေါ်ဆိုလိုက်သည်နဲ့ အကျိုးပေးများရရှိသွားရာ အကျိုးပေးစေတနာဇော(၇)ချက် ဇောသွားရာတွင်
ထိုဇောများထဲမှ ပထမဇောသည် မျက်မှောက်ဘ၀တွင် အကျိုးပေးသည်။
သတ္တမဇောသည် ဒုတိယဘဝတွင် အကျိုးပေးသည်။ အလယ်ဇောငါးချက်သည် တတိယဘဝမှစ၍
နိဗ္ဗာန်ရောက်တဲ့ထိ အကျိုးပေးသည်။

ပထမဇောက မျက်မှောက်ဘဝ အကျိုးပေးအရာတွင် ခဏချက်ခြင်းအကျိုးပေးတာရှိသလို နှစ်၊ လကြာမှ
အကျိုးပေးတာများလည်း ရှိပါတယ်။ လူနတ်ပြိတ္တာတို့တွင် ပရဒတ္တုပဇီဝိကပြိတ္တာလို့ခေါ်တဲ့ ရည်ညွှန်းပြီး နာမည်နဲ့အမျှဝေခံရတဲ့ ပြိတ္တာသာ အဲဒီပြိတ္တာက အမျှသာဓုခေါ်လိုက်တာနဲ့ ချက်ခြင်းအကျိုးပေးရရှိပါတယ်။
ကျန်တဲ့ လူ၊ နတ်၊ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာကယ်တို့မှာ အကြောင်းတိုက်ဆိုင်မှ
ခဏချက်ခြင်း အကျိုးပေးရကြပါတယ်။ များသောအားဖြင့် နောက်နောင်အချိန်ကြာမှသာ
အကျိုးပေးတွေ ရကြတာပါ။

လူတွေသာဓုခေါ်လို့ အကျိုးပေးရရှိတာကို မိမိတို့ဗုဒ္ဓဘာသာဝင်တွေမှာ မသိရှိကြတဲ့အတွက်
တချို့က သာဓုခေါ်တာ အကျိုးမရှိဘူးလို့ ထင်မြင်ယူဆနေကြတာတွေ ရှိနေကြတာမို့
လူ့ဘဝမှာပင် အမျှကုသိုလ်သာဓုခေါ်ဆိုမှုကြောင့် အကျိုးရရှိတာကို တင်ပြပေးပါဦးမယ်။

ဂေါတမဘုရားလောင်းတော်ဟာ တစ်ခုသောဘဝမှာ သင်္ခအမည်ရှိတဲ့ ကုန်သည်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
တစ်နေ့ တပည့်များစွာနဲ့ ကုန်ကူးသွားဖို့ သင်္ဘောဆိပ်သွားရာ လမ်းတွင် ဖိနပ်၊ ထီးမပါသော ပစ္စေကဗုဒ္ဓါတစ်ပါးကိုမြင်တွေ့ရသဖြင့် ဖိနပ်ထီး လှူဒါန်းခဲ့ပြီး သမုဒ္ဒရာကို ရွက်သင်္ဘောစီးသွားကြလေသည်။ လမ်းတွင် မုန်းတိုင်းကြောင့် သင်္ဘောမြုပ်နစ်သွားရာ ဘုရားလောင်းနဲ့အနီးနေတပည့်တို့က
သင်္ဘောတိုင်ထိပ်တတ်ပြီး သမုဒ္ဒရာထဲ ခုန်ချကြသည်။ ကျန်တပည့်များကတော့ သင်္ဘောနစ်ရင်း သေဆုံး
သွားကြလေသည်။ ဘုရားလောင်းသည် သမုဒ္ဒရာထဲမျောပါနေချိန်မှာ သီလစောင့်ထိန်းရင်း မျောလိုက်နေလေသည်။

အဲဒီချိန်မှာ မဏိမေခလာနတ်သမီးသည် ဘုရားလောင်းရဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ဖိနပ်ထီးလှူဒါန်းခဲ့တဲ့
ဒါနကြောင့် ကယ်တင်ရန် ရတနာလှေကြီးဖန်ဆင်း ရောက်ရှိလာလေသည်။

နတ်သမီးက ဘုရားလောင်းကိုပဲ ကယ်တင်ပြီးတပည့်ဖြစ်သူကို မကယ်တယ်ဘဲထားလေရာ
ဘာကြောင့် မကယ်တင်ရတာလဲလို့ နတ်သမီးကိုမေးရာ တပည့်ဖြစ်သူမှာ ကုသိုလ်မရှိလို့ မကယ်တင်ကြောင်းသိလိုက်တာနဲ့ဘုရားလောင်းမှ သူ့ကုသိုလ်ကို အမျှဝေပေးလိုက်သည်။ ထိုအခါ တပည့်ဖြစ်သူမှ သာဓုခေါ်ဆိုလိုက်သည်နဲ့ နတ်သမီးလည်း ကယ်တင်ပေးလိုက်လေသည်။ ဒီဇာတ်ကြောင်းလေးကတော့ သာဓုခေါ်ဆိုခြင်းကြောင့် ခဏချက်ခြင်း အကျိုးပေးရရှိသော လူ့ဘုံအကြောင်းပါ။
(ဒသကနိပါတ်၊ သင်္ခဇာတ်)

တစ်ခါ နတ်တို့ သာဓုခေါ်ဆိုမှုကြောင့် အကျိုးပေးရရှိပုံကို အနည်းငယ်တင်ပြပေးပါဦးမယ်။ မစ္ဆုဒ္ဒါနဇာတ်တွင်
ဘုရားလောင်းသည် မြစ်ထဲ၌ရှိသော ငါးတို့အား
ထမင်းများကျွေးမွေးပြီး အမျှဝေသောအခါ မြစ်စောင့်နတ်သည် သာဓုခေါ်ဆိုလိုက်သဖြင့် ချက်ခြင်း စည်းစိမ်းချမ်းသာတိုးပွားသွားသည်။ ယခု မြစ်စောင့်နတ်အကျိုးရရှိပုံကို
ထောက်ဆကြည့်ပြီး ကျန်တဲ့ ဝေမာနိကပြိတ္တာ၊ ဝိနိပါတိက အသူရာတို့လည်း ထိုနည်းတူ
အကျိုးရရှိသည်ဟု မှတ်သားနိုင်ပါပြီ။

ဒါနကောင်းမှုပြုတဲ့အခါ အလှူဝတ္ထုဟာ အလှူရှင်လက်ကနေ အလှူခံပုဂ္ဂိုလ်လက်သို့ရောက်ရင် အလှူအထမြောက်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်ကိုဆုတောင်းပြီး
ဒါနပြုမှသာ မိမိဒါနဟာ ပါရမီဒါနဖြစ်နိုင်သဖြင့် အနည်းဆုံး-ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတုလို့ ဆုတောင်းပြီးအမျှဝေမှသာ ပတ္တိဒါနဖြစ်ပါတယ်။

ဒါကြောင့် အနည်းဆုံး ဣဒံ မေ ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမလို့ဆိုပြီး အမျှဝေကာ ဒါနအလှူကို အဆုံးသတ်ကြစမြဲ ဖြစ်ပါတယ်။ဆုတောင်း ခြင်း၊ အမျှဝေခြင်းတို့မှာ ကိုယ်တိုင်ပြုလုပ်ရမှာမို့ တခြားတစ်ယောက်အား ကိုယ်စားပြုလုပ်ခိုင်းလို့ မရဘူးဆိုတာလည်း သိထားဖို့ လိုပါတယ်။
တချို့က ကိုယ်စားလှူခိုင်းပြီး အမျှဝေလို့မရဘူးလားဆိုပြီးမေးတတ်လို့ပါ။

ဆုတောင်းတဲ့အခါမှာလည်း ဤသို့လှူဒါန်းရသောအကျိုးအားကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏လို့
ဆုတောင်းရမှာဖြစ်သလို အမျှဝေတဲ့အခါမှာလည်း ဤကောင်းမှု၏ အဖို့ဘာဂကို
သတ္တဝါအားလုံး ရရှိကြပါစေဟု စိတ်စေတနာ လေးလေးနက်နက်နဲ့ပြုလုပ်မှသာဘုရားအလောင်း
သူတော်ကောင်းတို့လို ဖြစ်မှာပါ။

မြတ်စွာဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးဘ၀မှာ ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါတယ်။ အဲဒီလိုရေစက်ချ အမျှဝေပေးမှုကြောင့် မာရ်နတ်စစ်လာတိုက်ရာတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ကိုရရေး (သဗ္ဗညုတဉာဏ် ကိုရရေး)အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်းခဲ့ပြီး ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေ ဖြစ်သည်ဟု သက်သေပြုတဲ့အတွက် ပထဝီမြေကြီးက သက်သေခံခဲ့တာပါ။ တကယ်လို့ ကောင်းမှုကုသိုလ်များများ လုပ်ထားသူဟာ သေခါနီးမှာ မကောင်းတဲ့အာရုံစွဲလမ်းမိလို့ ငရဲသို့ ရောက်သွားလျှင် ယမမင်းက
သူ့အား အမျှဝေ ပေးဖူးသလားလို့ သတိပေးစကားပြောကြာတဲ့အခါ မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်၊ အမျှဝေပေးခဲ့တဲ့ကုသိုလ်တို့ကို အမှတ်ရ ပါက ငရဲမှ လွတ်မြောက်ကြရပါတယ်။

အလှူတစ်ခုပြုလုပ်ရာတွင် ဆုတောင်းခြင်းမပြုဘဲ လှူဒါန်းခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်လို့
နိဗ္ဗာန်ကို ဆုတောင်းမှသာ ဒါနပါရမီ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒါနပြုလုပ်ကြသူတိုင်း
ဆုတောင်းခြင်း၊ ရေစက်ချခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြတာပါ။

ရေစက်ချ အမျှဝေတယ်ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ တခြားဘာသာတွေမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့ ဝါဒဟာ အနတ္တ-ငါပိုင်ဆိုတာမထားဘူးဆိုတဲ့ ဝါဒဖြစ်လို့ပါ။ တခြားဘာသာ တွေမှာက အတ္တ-ငါပိုင်ပဲရှိတဲ့အတွက် အမျှဝေခြင်းများ မပြုလုပ်ကြပါဘူး။ ဦးဇင်းတို့ ဝါဒက အနတ္တဆိုတော့ ငါကုသိုလ်ရသလို၊ ငါကုသိုလ်ကြောင့် ကောင်းကျိုးခံစားသလို အားလုံးလည်း ငါလိုပဲ ခံစားကြရပါစေဆိုတဲ့ စေတနာနဲ့ အားလုံးအား တန်းတူပေးတဲ့ ရေစက်ချခြင်းပါ။ ဒါကြောင့် ဘာဖြစ်လို့ရေစက်ချရတာလဲ၊ အမျှဝေရတာလဲဆိုတော့ ငါတို့ဝါဒဟာ အနတ္တဝါဒ-ကိုယ်ပိုင်မထားဘဲ အားလုံးကို တန်းတူရစေချင်တဲ့ စေတနာရှိလို့ပါလို့ ဖြေရပါမယ်။

အဲဒီတော့ အမျှဝေတဲ့လူဟာ မိမိလုပ်တဲ့ ကောင်းမှုဟာ လျှော့မသွားဘဲ ပိုလို့သာ တိုးသွားတယ်ဆိုတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ပိုမိုမှတ်မိအောင် ထပ်ဆင့်ပြောပြပေးပါဦးမယ်။ မိမိအိမ်မှာ ဖယောင်တိုင်း တစ်တိုင် မီးထွန်းထားတယ်ဆိုပါစို့။ အဲဒီဖယောင်တိုင်တစ်ခုတည်း ထွန်းထားတာဆိုတော့ ဖယောင်တိုင်းထွန်းတဲ့ အိမ်မှာပဲ အလင်းရောင်အနည်းငယ်ရှိပြီး ကျန်တဲ့အိမ်တွေမှာ အလင်းရောင်မရှိဘဲ တစ်ရွာလုံးဖြစ်စေ၊ တစ်မြို့လုံးဖြစ်စေ မှောင်မည်းနေမှာပါ။ အဲဒီတော့ မိမိက မိမိထွန်းထားတဲ့ ဖယောင်းတိုင်က မီးကို အားလုံး လာရောက်ထွန်းညှီယူကြပါလို့ အမျှဝေသလို အားလုံးကို ရှယ်ယာလိုက်ပေးလိုက်တဲ့အခါကျတော့ တစ်မြို့လုံးဖြစ်စေ၊ တစ်ရွာလုံးဖြစ်စေ အလင်း ရောင်တွေတောက်ပသွားပါတယ်။ အဲဒီလို မိမိက သူများအား မိမိဖယောင်းတိုင်မှ မီးကို ရှယ်ယာပေးလိုက်သော်လည်း မိမိပင်ရင်းဖယောင်းတိုင်မှာအလင်းရောင် လျှော့နည်းမသွားတဲ့အပြင် မိမိရှယ်ယာလုပ်ပေးလို့ သူများတွေ အလင်း ရောင်းပါရရှိပြီး အလင်းရောင်များ ပိုမိုတိုးသွားသလို အမျှဝေတဲ့လူမှာလည်း အဲဒီလိုပဲ ကောင်းမှုလျှော့မသွားတဲ့အပြင် ကောင်းမှုတွေ ပိုမိုတိုးသွားပါတယ်။

မိမိပြုလုပ်တဲ့ကောင်းမှုကို ရေစက်ခွက်နဲ့ အမျှဝေရန် အခွင့်အခါမသင့်ပါက အပေါ်ကပြောခဲ့တဲ့အတိုင်း အာရုံပြုရမဲ့ အချက်အလက်တွေကို မိမိအာရုံပြုပြီး အမျှဝေပေးပါ။

မိမိအလှူဒါနပြုလုပ်ပြီး အမျှဝေတာကို အမျှဝေတာ
မသိလိုက်သူတွေ၊ နတ်ဗြဟ္မာတွေကို နတ်တွေကနေတဆင့် ပြောကြားပေးပါတယ်။ ဗုဒ္ဓအပါဒါန်ပါဠိတော်နဲ့ အဋ္ဌကထာတို့မှာ ဘုရားလောင်းစကြာမင်းကြီး အလှူဒါနပြုလုပ်ပြီး အမျှဝေတာကို နတ်တွေကတဆင့် ပြောကြား ပေးတယ်လို့ ဖော်ပြထားတာကို ထောက်ဆကြည့်ရင် မိမိအမျှဝေတာကို
နတ်တွေကတဆင့် သာဓုခေါ်နိုင်မဲ့ သတ္တဝါ
အားလုံးကြားသိအောင် ပြောဆိုပေးကြပါလိမ့်မယ်။

တရားနာသောအခါ ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုမယ်ဆိုရင် အဲဒီသူဟာ ဖြစ်လေရာဘ၀တို့မှာ အာခံတွင်းမှကြာညိုနံ့ထွက်ခြင်းအကျိုးကို ရရှိပါတယ်။ သာဓကအနေအားဖြင့် တင်ပြပေးရမယ်ဆိုရင်
မြတ်ဗုဒ္ဓလက်ထက်က သာဝတ္ထိမြို့မှာနေထိုင်တဲ့ သူဌေးသမီးရဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့အာခံတွင်းကနေ ကြာညိုနံ့ထွက်ခြင်း အကျိုးပေး ပါရှိလာပါတယ်။
တစ်နေ့မှာ မြတ်ဗုဒ္ဓတရားကို နာကြားရတဲ့အခါ သဒ္ဓါတရားဖြစ် သံဝေဂရပြီး ဇနီးဆီမှာ ခွင့်ပြုချက် တောင်းကာ ရဟန်းပြုသွားခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့သောအခါမှာ ကောသလမင်းက အဲဒီရဟန်းရဲ့ ဇနီးဟောင်းကိုမြင်ပြီး ခင်ပွန်းမရှိဘူး
ဆိုတာနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ကောသလမင်းကြီးက မိဖုရားထံ
ကြာပန်းများပေးတဲ့အခါ ပြုံးပြုံးရွှင်ရွှင်ဖြစ်ပြီးကြာပန်းကို နမ်းရှိုက်ကြည့်တော့ သူ့ခင်ပွန်းဟောင်းရဲ့
အာခံတွင်းနံ့ကို သတိရကာ ငိုပါတော့တယ်။ ဒါနဲ့ ကောသလမင်းကြီးက ဘာလို့ငိုတာလဲမေးတဲ့အခါ
သူ့ခင်ပွန်းဟောင်းရဲ့ အာခံတွင်းနံ့ဟာကြာပန်းရနံ့ထက် မွှေးကြိုင်တာကို သတိရလို့
ငိုမိတာပါလို့ ပြန်ပြောပါတယ်။

ကောသလမင်းဟာ မိဖုရားစကား မယုံတာနဲ့ အဲဒီရဟန်းထံမှ ကြာညိုနံ့ထွက်မထွက်
စမ်းသပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲလို့ သိသွားပြီးနောက် မြတ်ဗုဒ္ဓထံ မေးမြန်းလျှောက်ထားကြည့်တယ်
  မြတ်ဗုဒ္ဓက ဒကာတော်မင်းကြီး အဲဒီရဟန်းဟာ ရှေးအတိတ်ဘဝတုန်းက တရားနာသောအခါ
ရိုသေစွာနာယူပြီး သာဓုခေါ်ဆိုခဲ့တဲ့ ကောင်းမှုကံကြောင့် ယခုဘဝမှာ အာခံတွင်းက ကြာညိုနံ့သင်းရခြင်းအကျိုး ရရှိတာပါလို့ မိန့်တော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၂၁)

ဒါကြောင့် မိမိတို့ဟာ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကိုလည်း သတ္တဝါအားလုံးအား အမျှဝေပေးကြရမှာဖြစ်သလို
သူတစ်ပါးပေးဝေတဲ့ အမျှကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုကြရပါမယ်။ ဒါမှ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျဖြစ်ပြီး ဗုဒ္ဓသာသနာတွင်း လူဖြစ်ရကျိုးနပ်ကာ ဗုဒ္ဓပွင့်ရကျိုးလည်း နပ်မှာပါ။

ဦးဇင်းကတော့ ညစဉ်မေတ္တာပို့၊ ပရိတ်ရွတ်၊ ဂုဏ်တော်ပွား၊ တရားမှတ်ပြီးချိန်မှာ ကိုယ်ပြုတဲ့ ကောင်းမှုမှန်သမျှကိုလည်း သတ္တဝါအား လုံးအား အမျှဝေပေးတယ်။

ပြီးရင် ဘယ်သူက ဘယ်အချိန် အမျှဝေလည်းဆိုတာ သေချာမသိရတဲ့အတွက် တစ်နေ့တာရဲ့ အများကောင်းမှုတွေ အမျှဝေပေးထားတာကိုလည်း မှန်းဆသာဓုခေါ်ဆိုလေ့ရှိပါတယ်။
ဒါကတော့ ဦးဇင်းရဲ့ ကိုယ်ပိုင်အယူအဆပါ။ စာဖတ်သူအားလုံး အသိဉာဏ်ဗဟုသုတများ
တိုးပွားပြီး လိုရာပန်းတိုင်ကို အမြန်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

-[(အရှင်ကောမလ ဆန်နီနေမင်း) (သာသနတက္ကသီလ ဓမ္မာစရိယ)
B.A (Buddhism), M.A (သီရိလင်္ကာ)Ph.D, Thesis (သီရိလင်္ကာ)]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

3D, 4D တို့ထက် အဆင့်မြင့်တဲ့ 4DX ရုပ်ရှင်ရုံ

$
0
0


3D ပြီးတော့ 4D ရုပ်ရှင်ရုံ ပေါ်တာကိုလည်း သိကြမှာပါ။ ဒါ့အပြင် 4DX ဆိုတာ ၂၀၁၀ လောက်ကတည်းက ပေါ်နေတာကိုတော့ လူသိနည်းခဲ့ပါတယ်။ ကိုရီးယား နိုင်ငံမှ ကုမ္ဗဏီတစ်ခုမှ စတင် တိထွင်နိုင်ခဲ့ပြီး Avator, Frozen, Gravity တို့လို ဇာတ်ကားမှာ အသုံးပြုခဲ့တော့ ပိုမို လူသိများခဲ့ပါတယ်။ ကမ္ဘာမှာ ယင်း ရုပ်ရှင်ရုံပေါင်း ၄၀ ကျော် ရှိနေပါပြီ။

4D ဆိုတာကတော့ သုံးဖက်မြင် ရုပ်သံအပြင် ခုန်ပါ လှုပ်ရင် လှုပ်သလို ပြသမှာ ဖြစ်ပါတယ်။ 4DX ကတော့ ခုန်လှုပ်တာ အပြင် ဘေးဘယ်ညာနဲ့ အရှေ့အနောက် အရွှေ့ ပါ ပါဝင်လာပါမယ်။ ပြီးရင် ရုပ်ရှင်ဇာတ်ကားထဲကပေါ် မူတည်လို့ အနံ့လည်း ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ အနံ့ဆိုတာကလည်း လူတွေကို ကျန်းမာရေး မထိခိုက်စေမယ့် အနံ့မျိုးများသာ ဖြစ်ပါတယ်။ ဥပမာ ရုပ်ရှင်ထဲမှာ ဗုံးကွဲတိုင်း အပြင်မှာ အသက်အန္တရာယ်ရှိတဲ့ မီးခိုးအနှံ့များ ရနေလို့ မဖြစ်ပါဘူး။

ဒီအတွက်လည်း သေချာ စီမံ ဖော်စပ်ထားတဲ့ အနံ့များကို အဆင်ပြေရင် ပြေသလို လွင့်ပေးပြီး မိုးရွာခြင်း၊ ဖုံထခြင်း အစရှိသဖြင့်တိုပလည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ အဲ့ဒီထက် ပိုစုံလင်တဲ့ အသေးစိတ် အချက်အလက် များကို http://www.pocket-lint.com/news/132560-forget-3d-4dx-is-the-future-of-cinema-and-here-s-whyထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
  အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

http://www.innewsmyanmar.com/2015/02/3d-4d-4dx.html

စိတ်ကျန်းမာရေး အာဟာရ

$
0
0
နေ့စဉ် တဒင်္ဂလောက် ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ
နေ့စဉ် တဒင်္ဂလောက် ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ

  ဒေါက်တာသက်ဦး

ကျန်းမာရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ရုပ်ရော စိတ်ပါ အကျုံးဝင်ပါတယ်။ စိတ်ကျန်းမာရေးဆိုတာ ဘယ်လိုမျိုးလို့ ယူဆပါသလဲ။ စိတ်ကြည်လင် ရွှင်ပျနေတာ၊ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်တာ တွေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အခွင့်အလမ်းပေါ် မူတည်ပြီး ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်တွေ ရှိနေတယ် ဆိုရင်စိတ်ကျန်းမာရေး ပုံမှန်ရှိ နေတယ် လို့ ဆိုရမှာပါ။ ကိုယ်ခန္ဓာကျန်းမာဖို့ လုပ်ဆောင်ကြသလို စိတ်ကျန်းမာဖို့လည်း လုပ်ဆောင် လို့ရတဲ့ အချက်လေးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ တပတ်က စိတ်ကျရောဂါ အကြောင်းကို ရေးပြီးခဲ့ပြီမို့ ဒီတပတ်တော့ လွယ်ကူရိုးရှင်းတဲ့ နည်းနာလေးတွေနဲ့ စိတ်ကျန်းမာရေး တိုးတက်အောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုပါတယ်။

တခြားသူတွေနဲ့ ပေါင်းသင်းဆက်သွယ်ပါ
ကိုယ့်ကို ကူညီဖေးမခြင်းရော၊ စိတ်ရွှင်လန်းမှုပါ ပေးနိုင်မယ့် ကိုယ့်ဝန်းကျင်က လူတွေနဲ့ ခိုင်မာမြဲမြံတဲ့ ဆက်ဆံရေး တည်ဆောက် ကြည့်ပါ။ လူသားချင်း ပေါင်းသင်းဆက်သွယ်မှုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထောက်ကူပေး ပါတယ်။ အဲသလို ပေါင်းသင်း ဆက်ဆံရေးအတွက် အချိန်နဲ့ စိတ်အား စိုက်ထုတ်မှုက အချည်းနှီး မဖြစ်ဘဲ အကျိုး ရှိတာကို တွေ့ရမှာပါ။

ပျော်ရွှင်ဖို့ အချိန်ပေးပါ
ကိုယ့်အတွက် ပျော်ရွှင်ဖွယ်ရာ၊ ဝါသနာပါရာလေးတွေ လုပ်ဖို့ အချိန်ပေးပါ။ အဲဒါက တီထွင်ဖန်တီး မှုတွေနဲ့ အလို အလျောက် ဆောင်ရွက်မှုတွေ အတွက် တွန်းအားပါပဲ။ ကိုယ်စိုက်ထားတဲ့ သစ်ပင်တွေ အကြား လမ်းလျှောက်တာ၊ ကိုယ်နှစ်သက်တဲ့ စာအုပ်တအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ ဇာထိုးပန်း ထိုးလုပ်တာ၊ ကလေးတွေနဲ့ ဆော့ကစားတာ၊ အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဆော့ကစားတာတွေ အားလုံးလိုလိုက စိတ်ပျော်ရွှင်စေပါတယ်။

ပူးပေါင်းပါဝင် မျှဝေစေချင်
ကိုယ်နဲ့ စိတ်ဝင်စားမှု တူညီတဲ့ အသင်း အပင်း အဖွဲ့အစည်း တခုခုမှာ ပူးပေါင်း ပါဝင်ပါ။ အဲဒီလို လုပ်တာက ကိုယ်နဲ့ ဝါသနာတူတွေနဲ့ အတူ စုပေါင်း ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတခု ရရှိသလို ခံစားကြည်နူးရ ပါတယ်။ အားကစား အသင်း၊ တီးဝိုင်းတဝိုင်း၊ နံနက်ခင်း လမ်းလျှောက်တဲ့ အုပ်စု၊ အကအဖွဲ့၊ သီချင်းဝိုင်းဖွဲ့ဆိုတာ၊ စာအုပ်ဝိုင်းပြီးဖတ်ကြတာ စသဖြင့် လှုပ်ရှားမှုတွေက စိတ်ကျန်းမာရေး အထောက်အကူတွေ ပါပဲ။

ပရဟိတ ဆောင်ရွက်ကြစို့ 
စေတနာ့ဝန်ထမ်း အလုပ်တခုခု အတွက် အချိန်ပေးတာ ကလည်း စိတ်ကို ကျန်းမာစေပါတယ်။ အိမ်နီးချင်းကို လိုအပ်တာလေး ကူညီတာက အစ၊ အရပ်ထဲမှာ သာရေးနာရေး လုပ်တာအဆုံး၊ အားလုံးလုပ် သင့်ပါတယ်။ ပါဝင်ကူညီ ဆောင်ရွက်သင့်တဲ့ အလုပ်တွေက တပုံကြီးပါ။
အဲဒီ အလုပ်တွေ ဆောင်ရွက်တာ ကလည်း ကိုယ့်ဘာသာကိုယ် စိတ်ကျေနပ်မှု ဖြစ်စေသလို ကမ္ဘာကြီးမှာ ကိုယ်လည်း တထောင့်တနေ ရာ ပါဝင်နေပါလား ဆိုတဲ့ အသိလေးနဲ့ အားရစေပါတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတာမျိုးလို တခြားဘဝတွေ တိုးတက်အောင် ဖြည့်ဆည်း ပေးရင်းက ကိုယ့်ဘဝလည်း တိုးတက်စေပါတယ်။

မိမိကိုယ်မိမိ ဂရုစိုက်ပါ
တက်ကြွလှုပ်ရှားနေသူ ဖြစ်အောင် ကြိုးစားပြီး အာဟာရပြည့်အောင် စားသောက်တတ်ပါစေ။ ဒါမှလည်း ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြည့်စုံမှာ ပါ။ ရုပ်ကျန်းမာမှုနဲ့ စိတ်ကျန်းမာမှုက ဒွန်တွဲနေရမယ့် ကိစ္စတွေ မဟုတ်လား။ စိတ်နဲ့ ရုပ်ကျန်းမာရေးက တခုနဲ့တခု အမှီသဟဲ ပြု နေကြရ တာပါ။ကိုယ်လက် လှုပ်ရှားဖို့ အားကစားရုံသွား နေစရာ မလိုပါဘူး။ ခြံဝင်းလေးရှိရင် သစ်ပင်စိုက်၊ ရေလောင်း၊ ချုံရှင်းပေါ့။ တိုက်ခန်းနဲ့ နေရရင်လည်းဖုန်သုတ်၊ အမှိုက် လှဲပေါ့။ ကိုယ်လက် လှုပ်ရှားတာရယ်၊ အာဟာရ မျှတတဲ့ အစာတွေ စားတာရယ်က ရုပ်ရောစိတ်ပါ ကျန်းမာနေအောင် ထိန်းပေးတာ ပါပဲ။

မိမိကိုယ်မိမိ စိန်ခေါ်ပါ
လုပ်စရာ အသစ်အဆန်းလေး တခုခုကို ရည်ရွယ်ချက် ထားပြီး ကျွမ်းကျင်မှုအသစ်တွေ သင်ယူ ကြည့်ပါ။ ကိုယ် လုပ်နေကျ ကိုယ့်ရဲ့ လုပ်ငန်းခွင်က အရာတွေနဲ့ ကွဲပြားတာမျိုး ပေါ့။ ဥပမာ- အားကစားနည်း တခုခု လုပ်ကြည့်တာ၊ ဟင်းအမည် တမျိုးမျိုးစမ်း ချက်ကြည့်တာ မျိုးတွေပါ။ သင်ယူမှုက စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှု ဖြစ်စေပါတယ်။ နောက်ပြီး ကိုယ်လုပ် ချင်တာလေး ဖြစ်အောင် လုပ်ကြည့်မယ် ဆိုတဲ့ ဆန္ဒနဲ့ ယုံကြည်မှုက ကျွမ်းကျင်မှုနဲ့ ယုံကြည်မှုတွေ ရရှိ စေပြီး အလုပ်မှာ ပြီးမြောက်အောင်မြင်မှုနဲ့ တိုးတက်မှုတွေ ရစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ရင်ဆိုင်ပါ
ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတာ ဘာတွေလဲ လို့ သတိပြုပြီး ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ဆုံးဖြတ်ရမှာ ပါ။ တချို့ စိတ်ဖိစီးမှု ဖြစ်စရာတွေကို ရှောင်ကြဉ်နိုင် သလို တချို့ကိုကျတော့လည်း ဖြေရှင်းဖို့ ကြိုတင် ပြင်ဆင်နိုင်လာမှာ ပါ။ စိတ်ဖိစီးမှု ဆိုတာကလည်း ဘဝရဲ့ အစိတ်အပိုင်းတခု အဖြစ် လူတွေကို ပုံစံအမျိုး မျိုးနဲ့ ထိခိုက်စေတာ မဟုတ်လား။ ဒါပေမယ့် ကိုယ့်အတွက် သိပ်ခက်ခဲပြီး မဖြေရှင်းနိုင်တဲ့ အခြေအနေ ရောက်မှသာ ပြဿနာအဖြစ် မှတ်ယူရမှာပါ။ ယောနိသော မနဿီကာရ ဆိုသလို သင့်တင့်မျှတတဲ့ သဘောထား ခံယူချက်ရှိရင် စိတ်ဖိစီးမှုကို ခံနိုင်ကြမှာပါ။ စိတ် မသက်မသာ ဖြစ်လာချိန်တွေမှာ တရားထိုင်၊ ရှူရှိုက်၊ ယောဂလေ့ကျင့်မှု တွေနဲ့ လျော့ပြေအောင် ကြိုးစားလို့ ရပါတယ်။

လန်းဆန်းဖို့ အားဖြည့်ပါ
ယာဉ်တွေမှာ ဆီဖြည့်သလိုမျိုး လူမှာလည်း စွမ်းအင် ဖြည့်တင်းပြီး မောင်းနှင်မှ အဆင်ပြေနိုင်မှာပါ။ အိပ်ရေးဝ၀ အိပ်ပါ။ နေ့စဉ် အိပ်ရာဝင်ချိန် မှန်အောင် လေ့ကျင့်ပေးတာက ကောင်းမွန်စွာ အိပ်စက်နိုင်ရေးမှာ အရေးပါဆုံး ပေါ့။ အိပ်ရေးဝမှ ကိုယ်ရော စိတ်ပါ လန်းဆန်းပါတယ်။ ဒါပေမယ့်လည်း အိပ်ရေးဝတဲ့ တိုင်အောင် နွမ်းနယ်နုံးချည့်နေတဲ့ ခံစားမှုမျိုး လည်း ရှိနေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ နေ့စဉ် လန်းဆန်းမှုရဖို့ အချိန်တခုတော့ ပေးရပါ လိမ့်မယ်။ ဥပမာ- စိတ်ကို လွှင့်ပြီး ထားလိုက်တာမျိုး၊ နေ့လယ် ခင်းမှာ တွေးချင်ရာ တွေးနေလိုက်တာမျိုး၊ တိမ်တွေကို ခဏငေးကြည့် နေလိုက်တာမျိုး ပေါ့။ ဖြစ်နိုင်ရင် တနေ့တာ လုပ်ရမယ့် အချိန်ဇယားမှာ ဘာမှမလုပ်ရန်ဆိုတဲ့ အချိန်လေးတခု ထည့်သွင်းသင့်တာ ပါပဲ။

ပစ္စုပ္ပန်ကိုသတိပြုပါ
နေ့စဉ် တဒင်္ဂလောက်ဖြစ်ဖြစ် ကိုယ့်ရဲ့ အာရုံကို သတိထားကြည့်ပါ။ ရိုးရိုးလေးပဲ ပစ္စုပ္ပန်ကို ခံစား ကြည့်လိုက်ပါ။ မျက်နှာပေါ်ကို ထိုးကျနေတဲ့နေရောင် ခြည်နဲ့ ပါးပြင်ကို တိုးဝှေ့နေတဲ့ လေပြည်၊ ပြီးတော့ နှာသီးဖျားလေးကနေ ဝင်ထွက်နေတဲ့ လေ အစရှိတာ လေးတွေကို ခံစားကြည့်ရုံပါပဲ။ သိပ်တော့ လွယ်တဲ့ ကိစ္စ မဟုတ်လှပါဘူး။ အတိတ်က အကြောင်းတွေ တွေးရတာ၊ အနာဂတ်ကို ကြိုပြီး စိတ်ကူးယဉ် တွေးတောရတာက လွယ်ကူသလို လူတိုင်းလည်း လုပ်ဖြစ် ကြပေမယ့် ပစ္စုပ္ပန်မှာ နေဖို့ကတော့ အတော်လေး ကြိုးစားရမှာပါ။

ဒါပေမယ့် အချိန်တိုလေးတွေ လေ့ကျင့်ပေးတာကနေ စတင်ကြည့်ပါ။ ကိုယ့်ရဲ့ အတွင်းအပ ဖြစ်ပျက်နေတာလေးတွေ ကို သတိပြုမိတာကလည်း  စိတ်ကျန်းမာရေးကို  အတော်လေး အထောက်အကူပြုပါတယ်။ သမထ တရား ရှုမှတ်တာ ကလည်း အဆင်ပြေ တာပါပဲ။

အကူအညီတောင်းခံပါ
ရိုးရိုး စင်းစင်းလေးပါ ပဲ။ ကိုယ့်မိတ်ဆွေကို မအားလပ်တဲ့  အခိုက်မှာ ကလေးထိန်းကူဖို့ အကူအညီ တောင်းတာမျိုး၊ ကိုယ့်ရဲ့ ပြနေကျဆရာ ဝန်ကို စိတ်နဲ့ပတ်သက် ပြီးတိုင်ပင် နှစ်သိမ့်ဆွေး နွေးမှုခံယူဖို့ ဘယ်ကိုသွား သင့်သလဲ မေးမြန်းတာမျိုး ပေါ့။ လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံတတ် တာပါပဲ။ ကိုယ်ကလည်း ကူညီဖို့ ဝန်မလေး သင့် သလို ကိုယ့် အတွက် အကူအညီ တောင်းခံဖို့လည်း ဝန်မလေး သင့်ပါဘူး။ တလုံးတဝ မရနိုင်ပါဘူး ဆိုတဲ့ တိုင်အောင် အကူအညီ တောင်းတတ်တဲ့ အလေ့လေး လုပ်ပေးသင့်ပါတယ်။

တကယ်တမ်း ကျတော့လည်း ဘယ်သူမှ ပြီးပြည့် စုံပြီး ချမ်းမြေ့နေတဲ့ဘဝကို ရနေကြတာ မဟုတ်ပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး အတွက် လိုအပ်ချက်တွေ ရှိသလို ဖြည့်ဆည်းပေးလို့ ရတာတွေလည်း ရှိပါတယ်။ အခု တင်ပြခဲ့တာ လေးတွေကို ကြည့်ရင် ငွေကုန် ကြေးကျ မရှိဘဲ စိတ်ကျန်းမာရေးကို အထောက်အကူပြုမှာ လေးတွေ ပါပဲ။ အမူအကျင့်လေးတွေ၊ အတွေးအမြင် လေးတွေ ပြင်ဆင်သင့်တာ ပြင်ဆင်ရတာမျိုးက မလွယ်ကူလှပေမယ့် လေ့ကျင့်ပေးရင် အဆင်ပြေ ချောမွေ့လို့ စိတ်ရောကိုယ်ပါ ကျန်းမာကြ လိမ့်မယ်လို့ ယုံကြည်မိပါရဲ့။     ။

ကင်ဆာရောဂါ သတိပေးလက္ခဏာများ

$
0
0




ကင်ဆာရောဂါများတွင် သတိပေး၊ အသိပေးလက္ခဏတွေ ရှိနိုင်၊ ပြနိုင်ပါသည်။ ထို့အတူ လူများ ကင်ဆာ ရောဂါဖြစ်ရခြင်း သည် အန္တရယ်ဖြစ်နိုင်မှန်းသိလျက်အလိုလိုက် အမိုက်မှားကာ အန္တရယ်နှင့် ကစား နေ မိသည် များလည်းရှိနိုင်သည်။ မည်သို့ပင် ရှိစေကာမူ ကင်ဆာအားလုံး ၏ အန္တရယ်ဖြစ်စေသည့် အရာများ အား မိမိကိုယ်တိုင် (သို့ ) မိမိ မိသားစု၊ မိတ်ဆွေများ သိရှိထားပါက အချိန်နောက်မကျစေပဲ ကြိုတင် ကာကွယ် နိုင်စေရန် အတွက် medicalarticlesforpeople.blogspot.jp မှထုတ်နုတ် တင်ပြလိုက်ရပါသည်။

(MOMO Pharmacy Myanmar ၏ကျန်းမာရေးအသိပညာ အလှူဒါန ဖြစ်ပါသည်။ မည်သူမဆို share လုပ်နိုင်ပါသည်။)

သတိပေးလက္ခဏာများ

ကျက်ခဲသည့် ပုံမှန်မဟုတ်သောသွေး၊ သနံရည်၊ အရိအရွဲတို့ထွက်နေသည့် အနာများ၊ အရေပြားပေါ်(သို့) အရေပြား အောက်တွင်ပေါ်လာသည့် စမ်းမိသည့် အကျိတ်၊ အဖုများ၊ ကြွက်နို့(သို့) မှဲ့က သိသိသာသာ ကြီးလာခြင်း၊ အဖျားတာ ရှည်ခြင်း၊ အကြောင်းမဲ့ အရေပြား ပေါ်တွင်သွေးခြည်ဥကဲ့သို့ နီရဲညိုမည်းလာခြင်း၊ ၀မ်းမှန်ရာက ၀မ်းပျက်ဝမ်းချုပ်လာခြင်း၊ ပိန်လာခြင်း၊ အစာရေစာ မျိုရခက် လာခြင်း၊ မကြာမကြာ အစာ မကြေခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ ချောင်းဆိုးပြီး အသံဝင်ခြင်း။

1. ဦးနှောက်အကျိတ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

လူတို့ဖန်တီးသည့် လျှပ်စစ်၊ သံလိုက်စက်ကွင်းအားသုံးစက်ကိရိယာများကို ရေရှည်ကိုင်တွယ်အသုံးပြုရခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဓာတုဖျော်ရည်၊ ပိုးသတ်ဆေး၊ စည်သွပ်ဘူး၊ ပြုပြင်စီရင်ထားသော အသားများထဲတွင် ပါလေ့ ရှိသည့် နိုက်ထရိုဆိုအေမင်းန်စသည့် ဓာတုပစ္စည်းများနှင့်ထိတွေ့မှုရှိခြင်း။

သတိပေးလက္ခဏာများ

ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ နေ့စဉ်ရက်ဆက်ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နူံးညောင်းခြင်း၊ ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ရပ်ရပ်အကြောင်းမဲ့ချည့်နဲ့ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းအပါအ၀င် အမြင်အာရုံပြဿနာများရှိခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ တက်ခြင်း၊ စိတ်မမှန်ခြင်း၊ စကားပြောမမှန်ခြင်း၊ လေဖျန်းခြင်း၊ လေဖြတ်ခြင်း။

2. သွေးကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မျိုးရိုးဗီဇ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ မဟာဓာတ်အားလိုင်းများ၊ ပိုးသတ်ဆေးများ၊ ရေရှည်ဗိုင်းရပ်စ်ပိုး ၀င်ရောဂါ များဖြစ်ခြင်း၊ ဘဲန်ဇင်းန်၊ ကလိုရဲဖ်ဖင်နီကောလ် ပဋ္ဋီ ဇီဝဆေး။

သတိပေးလက္ခဏာများ

ဖြူဖျော့သွေးအားနည်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ခဏခဏဖျားခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ နှာခေါင်းသွေး လျှံခြင်း၊ အခြားသွေးယို၊ သွေးထွက်ခြင်းများ၊ အဖျား၊ သွေးအားနည်း၊ ဘေလုံး(သရက်ရွက်) (သို့)အသည်း(သို့)ပြန်ရည်အကျိတ်များကြီးခြင်း၊ ရောင်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ သွေးဥမွှားအရေအတွက်လျော့ကျလာခြင်း။

3. ရိုးတွင်းခြင်ဆီကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

အသက်၄၀ကျော် အမျိုးသားများတွင် အဖြစ်များခြင်း၊ ဓာတုပစ္စည်းများ (ဒိုင်အောက်ဆင်၊ ဓာတုပျော်ရည်၊ ကြေးချွတ်သန့်စင်ဓာတုပစ္စည်း) နှင့် ထိတွေ့မှုရှိခြင်း၊ ဓာတ်ရောင်ခြည် သင့်ခြင်း၊ အိပ်ခ်ျအိုင်ဗီပိုး၊ အသည်းရောင်အသားဝါပိုး၊ ရေယုန်ပိုး၊ အက်ပ်စတိန်းဘား ဗိုင်းရပ်စ် ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ်စသည့် ဗိုင်းရပ်စ်ပိုးများ ၀င်ရောက်ရောဂါရနိုင်ခြေရှိခြင်း။ မျိုးရိုး၊ ကိုယ်တွင်း ခုခံအား ညံ့ခြင်း၊ ပြဒါး(သို့)ပီဗွီစီနှင့်အထိအတွေ့ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် အဆက်အစပ် မကင်း။

သတိပေးလက္ခဏာများ

ကျောဘက်အရိုးထဲကနာခြင်းသည် ပထမဆုံးလက္ခဏာ။ ကိုယ်အလေးချိန် ကျခြင်း၊ အားနည်းအား ယုတ်သကဲ့ သို့ ခံစားရခြင်း၊ မကြာမကြာပိုးဝင်၍ ဖျားခြင်း၊ သွေးအားနည်းခြင်း။

4.အရေပြားကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

အရေပြားနေရောင်ကြာကြာခံခြင်း၊ အလားတူမီးလုံးများဖြင့် အသားညိုရန် ပြုလုပ်ခြင်း၊ အထူးသဖြင့် အသားဖြူ၊ အသားဝါများ၊ မှဲ့များသောရာဇ၀င်ရှိခြင်း၊ခြေထောက်(သို့) အ၀တ်အစားနှင့် အပွတ်အတိုက် များသောနေရာများ တွင်မှဲ့ရှိခြင်း၊ နေလောင်အမာရွတ်များရှိခြင်း၊ အရေပြားကင်ဆာဖြစ်ဖူးသူ မိသားစု ထဲမှာရှိခြင်း၊ မီးချောင်း၊ မိုက်ခရိုဝေ့ဖ်များနှင့်အထိအတွေ့များခြင်း၊ ခရမ်းလွန် ရောင်ခြည်သင့်ခြင်း၊ အရက်များခြင်း၊ သန္ဒေတားဆေး တာရှည်သုံးခြင်း၊ (ငါးနှစ် ကျော်)သမင်ဖြူ၊ ခရုသင်းထွက်ခြင်း၊ ကိုယ်တွင်းခုခံအားကျခြင်း။

သတိပေးလက္ခဏာများ

အရေးပြားပေါ်တွင် ကြွက်နို့နှင့်တူသောအဖုအပိမ့်ထွက်ခြင်း၊ ကျက်ခဲသော အနာပေါက်ခြင်း၊ မှဲ့များရှိပါက အရွယ်အစားကြီးလာခြင်း၊ အနာဖြစ်လာခြင်း အနာ ကျက်ခဲခြင်း၊ အနာရွတ်များမှ အနာဖြစ်လာခြင်း၊ မှဲ့များ၏ အနားဝိုင်း ပုံမှန်မဟုတ်ခြင်း၊ မှဲ့နက်ကြီးများပေါ်ခြင်း၊ မှဲ့မှသွေးထွက်ခြင်း။

5. လည်ချောင်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အရက်၊ ဆေးလိပ် အလွန်အကျွံသောက်ခြင်း။

သတိပေးလက္ခဏာများ

ချောင်းဆက်တိုက်ဆိုးခြင်း၊ အသံဝင်ခြင်း၊ မည်သို့ပင်ကုကု ပျောက်ခဲသော လည်ချောင်း ရောဂါများဖြစ်ခြင်း။

6. ပါးစပ်၊ ခံတွင်းနှင့်လည်ချောင်းကင်ဆ

အန္တရယ်ဖြစ်စေသည့်အရာများ

ခံတွင်းထဲတွင်သရိုးသရီဖြစ်ခြင်း၊ သွားကျိုးခြင်း၊ အံကပ်၊ သွားတုများ မတော်တော့ခြင်း၊ ပျက်စီးခြင်း၊ အရက်များခြင်း၊ ဆေးလိပ်များခြင်း၊ ဆေးရွက်ကြီးငုံဝါးခြင်း။

သတိပေးလက္ခဏာများ

ပါးစပ်၊ လည်ချောင်း၊ လျှာ၊ အနာဖြစ်ပါက ကျက်ခဲခြင်း၊ အသံဝင်ခြင်း။


7. အသည်းကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

မြေပဲ၊ မြေပဲထောပတ်၊ ပြောင်း၊ ပုဇွန်ခြောက်၊ ဆန်တို့ပေါ်ရှိ မှိုပိုးမှထွက်သော အဖလာအဆိပ်ကို စားမိခြင်း၊ အရက် အသောက် များခြင်း၊ ပိုင်ရိုလစ်ဇစ်ဒင်းန် အယ်လ်ကလွိုက်များ၊ ပေါ်လီဗီနိုင်းလ်ကလိုရိုဒ်၊ တမော့က်စီဖဲန် စသည်တို့နှင့် အထိအတွေ့ရှိခြင်း၊ သောက်မိခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်းခြောက်ခြင်း၊ သိုရီယမ်ဒိုင်အောက်ဆိုဒ်၊ သန္ဒေတားဆေးလုံး၊ အဲန်နာ ဘောလစ် စတီးရွိုက် အာဆင်းနစ်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ သံဓာတ်များခြင်း။

သတိပေးလက္ခဏာများ

နောက်ဆုံးအဆင့်တွင်တွေ့ရသောလက္ခဏာများ။

ညာဘက်နံရိုး အောက်ဘက်တွင်နာခြင်း၊ အသည်းကြီးခြင်း၊ အသားဝါခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အကြောင်းမဲ့ပိန်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ လေချုပ်ဝမ်းကယ်ခြင်း၊ သွေးအားနည်းခြင်း။

8. အဆုတ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

ဆေးလိပ်၊ အက်စ်ဘက်စ်တော့စ်။

မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်၊ နစ်ကယ်လ်၊ ကက်ဒ်မီယမ်(သို့) ရေဒီယို သတ္တိကြွပစ္စည်းများ၊ (ရေဒွန်ငွေ့) နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူး ခြင်း၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပီဗွီစီများ နှင့်ထိတွေ့မှုရှိခြင်း၊ တစ်နေ့ကော်ဖီငါးခွက်ထက်ပိုသောက်ခြင်း၊ ကဖင်းန်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း၊ အရက်များခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ် စသည့် ကင်ဆာဆေးများ သွင်းရခြင်း၊ မာဂျရင်းန် ထောပတ်၊ အဆီအစား များခြင်း။

သတိပေးလက္ခဏာများ

ချောင်းဆိုးမပျောက်ခြင်း၊ ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ နုံးခြင်း၊ အသက်ရှုမ၀ခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ညွန့်ရိုးအောင့်နာခြင်း၊အသံပြောင်းခြင်း၊ အသံဝင်ခြင်း၊ အားနည်းခြင်း၊ ပိန်လာခြင်း။

9. ရင်သားကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အသက်(၃၅)နှစ်ကျော်မှသားဦးကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးမထွန်းကားခြင်း။ ညီအကို မောင်နှမအရင်း အချာများထဲတွင် ရင်သားကင်ဆာဖြစ်ဖူးသော ရာဇ၀င်ရှိခြင်း။ အသက်(၃၀)မကျော်မီက ဓာတ်ရောင်ခြည်၊ ပိုးသတ်ဆေးစသည်တို့ဖြင့်ထိတွေ့ဖူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပိုးသတ်ဆေးများ အများအပြားထိတွေ့ကိုင်တွယ်ရခြင်း၊ ဓမ္မတာနောက်ကျခြင်း(သို့)စောစောလာခြင်း၊ သွေးဆုံးနောက်ကျခြင်း၊ ကော်ဖီ၊ အရက် အလွန် အကျွံသောက်သုံးခြင်း၊ အဆီအဆိမ့်၊ အချိုအစားများခြင်း၊ ဆီးချိုရှိခြင်း၊ သန္ဒေတားဆေးစား၍ ကာလရှည်ကြာစွာ သန္ဒေတား၊ သားဆက်ခြားခြင်း၊ ဟော်မုန်းအစားထိုးကုသမှုခံယူခြင်း၊ ကိုယ်ခန္ဒာက အီစထရိုဂျင် ဟော်မုန်း အထုတ်များခြင်း (သို့) အီစထရိုဂျင် ပါသောဆေးများစားခြင်း၊ အ၀လွန်ခြင်း။

သတိပေးလက္ခဏာများ

အကျိတ်၊ အဖု၊ ရင်သားအရေပြားထူအမ်းလာခြင်း၊ နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ နို့သီးခေါင်း ရောင်ရမ်း ထူအမ်းလာခြင်း၊ နို့မတိုက်ပဲနှင့်နို့သီးခေါင်းယားခြင်း၊ နီရဲခြင်း(သို့)ယားယံနီရဲကာအနာဖြစ်လာခြင်း၊ နို့သီးခေါင်းမှ သွေး၊ ပြည်၊ သနံရည် စသည့် နို့ရည်မဟုတ်သော အရည်များထွက်ခြင်း။

10.အစာအိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

သွေးအားနည်းခြင်း၊ အစာခြေရည်အထွက်နည်းခြင်း၊ အသား၊ အဆီအစားများကာ အသီးအရွက် အစားနည်းခြင်း၊ အစာအိမ်အနာကြာကြာဖြစ်ခြင်း၊အစာအိမ် ပေါလစ် (ညှာတံပါအကျိတ်) ထွက်ခြင်း၊ အပူအစပ် အစားများခြင်း၊ အသား ချောင်း၊ အသားပြား အစားများသဖြင့် တာရှည်ခံရန်ထည့် သည့် ယမ်းစိမ်း(ဆိုဒီယမ်နိုက်ထရိတ်)နိုက်ထရိုဆိုအေမင်း စသည့်ဓာတုပစ္စည်းများ ၀မ်းထဲ ရောက်ခြင်း၊ အကင်စာ အစားများခြင်း။ ငါးဆားနယ်၊ အသားဆားစိမ် အစား များခြင်း၊ အရက်၊ ဆေးလိပ်များခြင်း၊ အိပ်ခ်ျပိုင်လိုရိုင်ပို အစာအိမ်ထဲရောက်ခြင်း၊ အစာအိမ်အမြှေးပါးရောင်ခြင်း

သတိပေးလက္ခဏာများ

အစာမကြေခြင်း၊ အစာစားပြီးဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေး ချိန်လျော့ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ရင်ပြည့် ရင်ကယ်ခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ များသော အားဖြင့် လက္ခဏာထူးထူးခြားခြားမပြပါ။ နှောင်းမှ၊ လွန်မှသိကြရသည်။

11.အစာရေမျိုကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အသက်၄၅နှစ် နှင့် ၇၀ကြားဇရာ၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်စွဲ၊ ဗီတာမင်စီ၊ အေ၊ ဘီ၂ မပါသည့် အာဟာရစားခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးအစားနည်းခြင်း၊ အစာမကြေခြင်း။

သတိပေးလက္ခဏာများ

အစာမျိုရခက်ခြင်း၊ ခံတွင်း၊ လည်ချောင်းထဲတွင်အစာနင်ခြင်း၊ ရင်ပြည့်ခြင်း၊ ရင်ဘတ်နာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။

12.အူမကြီးနှင့်မစင်အိမ်ကင်ဆာ

အန္တရာယ်ဖြစ်စေသည့်အရာများ

အမျှင်ဓာတ်၊ ထုံးဓာတ်ပါဝင်သော အစားအစာများအစားနည်းခြင်း၊ အသီး အရွက် ထက် စာလျှင် အသားအစားများခြင်း။ ပေါလစ်ပ် အလုံးအကျိတ်ရှိခြင်း။ မိသားစုအတွင်း အူမကြီး ကင်ဆာဖြစ်သူရှိဖူးသည့်ရာဇ၀င်ရှိခြင်း။ဝမ်းချုပ် လွန်းခြင်း(သို့) ၀မ်းပျက်လွယ်ခြင်း၊ အူထဲတွင်အဆိပ်အတောက်များ များနေခြင်း၊ အဆီအဆိမ့် အသားအစားများခြင်း။ အစားကြူးခြင်း၊ အရက်အသောက် များခြင်း၊ သည်းခြေရည်မထွက်ခြင်း(သို့)အထွက်များခြင်း၊

နာတာရှည်အူရောင်ရောဂါဖြစ်သည့်အူမကြီးတွင်အနာဖြစ်ရောင်ရမ်းသော ရောဂါဖြစ်ဖူးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ စိတ်တို၊ ဒေါသထွက်လွယ်ကာ အဆိုးမြင်ခံစားမှုပြင်းထန်ခြင်း၊ မွေးရာပါရောဂါရှိခြင်း၊ အသက်၅၀ကျော်တွင် အဖြစ်များခြင်း။

သတိပေးလက္ခဏာများ

စအိုမှသွေးယိုခြင်း၊ ၀မ်းထဲတွင်သွေးမည်းမည်းပါခြင်း၊ ၀မ်းထဲတွင် ချွဲ၊ သွေးများဝမ်းနှင့် အတူပါလာခြင်း (သို့) သီးခြားစီပါ လာတတ်ခြင်း၊ ၀မ်းသွားသည့် အလေ့ အကျင့်ပြောင်းလာခြင်း၊ ၀မ်းပျက်ပျက်နေခြင်း၊ ၀မ်းဖော လိုက် ၀မ်းချုပ် လိုက်ဖြစ် လာ ခြင်း(သို့)၀မ်းဆက်တိုက်ချုပ်နေခြင်း၊ ၀မ်းသွားချင်စိတ်ဖြစ်ပေါ်နေခြင်း၊ ၀မ်း သွား ရသည့်အခါ ၀မ်းကျန်သကဲ့သို့ခံစားရခြင်း၊ အမြဲလိုလိုဗိုက်အောင့်၊ ဗိုက်နာ နေခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ လူပိန်လိုက်လာခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်ရောင်လာခြင်း၊ ဗိုက်နာခြင်း(သို့) မအီမသာဖြစ်ခြင်း။

13.သားအိမ်အတွင်းသားနှင့်သားအိမ်ကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးခြင်း၊ သွေးဆုံးပြီးချိန်နောက်ပိုင်းကာလသို့ရောက်နေခြင်း၊ မိသားစုဝင်များ ထဲတွင် သားအိမ်ကင်ဆာဖြစ်ဖူးသောရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးချိုရှိခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုး ရောဂါရှိခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ အဆီ အသားအစားများခြင်း၊ သားမြုံခြင်း(သို့)သားသမီးမရခြင်း၊ တမောက် ဆီဖဲန် (ကင်ဆာဆေး)သောက်ရခြင်း၊ အီစထရိုဂျင် ဟော်မုန်း အစားထိုး ကုထုံးဖြင့် တာရှည်ကုသ နေရခြင်း၊ ပုံမှန်မဟုတ်သော ဟော်မုန်း ပမာဏကြာ ရှည်နေခြင်း။

ကနဦးလက္ခဏာများ

ဓမ္မတာလာစဉ်မနာမကျင်ပဲ သွေးအဆင်းများခြင်း၊ ပုံမှန်မဟုတ်သော အရိအရွဲ ဆင်းခြင်း၊ ဓမ္မတာ လာစဉ် နာကျင်ကိုက်ခဲခြင်း၊ ဓမ္မတာအဆင်းများ၊ သွေး သွန်ခြင်း၊ တင်ပါးဆုံတစ်ဝိုက်ကိုက်ခဲခြင်း၊ ပိန်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း။

နောက်ကျမှသိရသော လက္ခဏာများ

ကြွက်တတ်ခြင်း၊ လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း၊ ၀မ်းဗိုက် အောက်ပိုင်း လေးလံခြင်း၊ ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း။

14.သားအိမ်ခေါင်းကင်ဆာ

အန္တရယ်ဖြစ်စေသည့်အရာများ

ငါးကြိမ်ကျော် ကိုယ်ဝန်ဆောင်သားမွေးခြင်း၊ငယ်ငယ်ရွယ်ရွယ် နှင့် လိင်ဆက် ဆံခြင်း၊ ဆီးပူညောင်းကျ (သို့) လိင်အင်္ဂါကြွက်နို့ဖြစ်ဖူးသော ရာဇ၀င်ရှိခြင်း၊ အိမ်ထောင်ဖက် (သို့) လိင်ဆက်ဆံဖက်များခြင်း၊ သားမြုံခြင်း၊ အီစထရိုဂျင် ဟော်မုန်း များကြာရှည်အသုံးပြုခြင်း။ သန္ဒေတားဆေး၊ ဆေးလိပ် အသောက် များခြင်း (သို့) ဆေး ခြောက်ရှုခြင်း၊ သားအိမ်ခေါင်းရေယုန်ဗိုင်းရပ်စ်ပိုးနှင့် သားအိမ်ခေါင်းတွင် တွယ်တတ် သောပက်ပစ်လိုးမားဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နာတာရှည်ဖောလစ်အက်စစ်ချို့တဲ့မှုဖြစ်ခြင်း၊ ဗီတာမင်(အေ) နှင့် (စီ)ချို့တဲ့ခြင်း၊ အဆီအဆိမ့်အစားများခြင်းနှင့် အ၀လွန်ခြင်း (သားအိမ်ကင်ဆာပါဖြစ်နိုင်)

သတိပေးလက္ခဏာများ

ကနဦးပိုင်း၊ လက္ခဏာမပြ။ ဓမ္မတာပေါ်စဉ်သွေးအဆင်းများခြင်း၊ အဖြူ၊ အနီမဟုတ်ပဲ သမားရိုးကျ မဟုတ်သည့်အရိအရွဲဆင်းခြင်း၊ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ သွေးများများ ဆင်းသည့်လများ များလာခြင်း၊ လိင်ဆက်ဆံသည့်အခါ နာကျင်ခြင်း၊ ဆက်ဆံပြီးသည့်အခါသွေးဆင်းခြင်း၊ ပကပ်စမီးယားခေါ်သားအိမ်ခေါင်းမှ အရိအရွဲများ ရယူကာ ဓာတ်ခွဲစမ်း သပ်ကြည့် သည့်အခါ ပုံမှန်မဟုတ်သောဆဲလ်များတွေ့ရခြင်း၊ ခြေကုန်လက်ပန်း ကျခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်လေပွခြင်း။

  ရွှေအိမ်စည်

Credit to http://medicalarticlesforpeople.blogspot.jp/မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

================

MOMO Pharmacy Myanmar,
အာရောဂျံ ဆေးခန်း၊
အမှတ် (၁၆) ဗဟိုလမ်း၊
(၁၃) ရပ်ကွက်၊ သီရိမြိုင် ဘူတာရှေ့၊
ရန်ကုန်။
ဆေးခန်းဖွင့်ချိန်
မနက် ၉း၃၀ မှ ၁၂း၀၀
ညနေ ၅း၀၀ မှ ၉ နာရီ
Mobile : 09-4310-4163 & 09-3023-7389
 

ရေချိုးရင်းနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ စစ်ကြည့်ကြရအောင်

$
0
0
(၁) ခြေထောက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

ကိုယ့်ကိုကိုယ် ယုံကြည်ချက်လွန်ကဲသောသူ၊ တကိုယ်ကောင်းဆန်တဲ့အတွေးတွေရှိတက်ပါတယ်။သူတပါးရဲ့ထင်မြင်ချက်ကိုလည်းလက်ခံတက်ဖို့လိုပါတယ်။(၂)လက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

သူကတော့ အချွဲသန်တက်ပြီး တယောက်တည်းနေရမှာကို သိပ်ကြောက်တက်ပါတယ်။ဒါပင်မဲ့ ပျော်ပျော်နေတက်တဲ့အတွက် သူငယ်ချင်းတွေများများရအောင်ကြိုးစားပါ။

(၃)ခေါင်း၊ဆံပင်ကနေစပြီး ရေလောင်းချိုးတဲ့သူ

သူကတော့ ဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာမှန်းရခက်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံးကို စိတ်ဝင်စားလေ့ရှိပြီး
လုပ်လိုက်ရင် တစ်ဝက်တစ်ပြတ် ဖြစ်နေတက်ပင်မဲ့ ပြီးမြောက်အောင်လုပ်လေ့ရှိပါတယ်။

(၄)ရင်ဘတ်၊ ဗိုက်ကနေစပြီး ရေလောင်းချိုးတဲ့သူ

ဘာမဆို အရမ်းစိတ်ပူတက်လေ့ရှိပါတယ်။ အဲဒီအတွေးကြောင့် မကောင်းတဲ့ဘက်ကိုတွေးတာများတက်တယ်။ တခါတလေတော့လည်း ဘာမှမတွေးဘဲ လုပ်ကြည့်ရင်ကောင်းပါတယ်။

အချစ်ရေးနဲ့ပတ်သက်လာသောအခါ …
=====================-

(၅)ဆံပင်နဲ့မျက်နှာကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ကိုယ်ချစ်တဲ့သူကို နောက်ကွယ်မှာပဲ ကြိတ်ချစ်နေရတဲ့သူဖြစ်လိမ့်မယ်။သူရဲ့စိတ်လေးကိုက သူတပါး
ဒုက္ခမရောက်အောင်၊ ကူညီချင်တဲ့စိတ်က အပြည့်ရှိပါတယ်။

ကူညီချင်တဲ့စိတ်ကြောင့် ငွေရေးကြေးရေးအတွက် အသုံးချခံရတက်ပါ
တယ်။အဲဒီလို မဖြစ်ရအောင် ပတ်ဝန်းကျင်က သတိပေးစကားကို နားထောင်သင့်ပါတယ်။

(၆)လက်နဲ့လက်ချောင်းကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ချစ်သူရဲ့ ဂရုတစိုက် အလေးထားမှုကို ခံယူချင်တဲ့သူဖြစ်ပါလိမ့်မယ်။ချစ်သူဖြစ်နိုင်တဲ့သူကတော့
သူ့အတွက် အချိန်ပေးနိုင်မှ တော်ရာကျမှာပါ။အချိန်တွေ အရမ်းပေးရတော့လည်း ရန်ဖြစ်တဲ့အခါလည်းရှိနိုင်ပါတယ်။
နှစ်ယောက်တည်း မနေပဲနဲ့ ပတ်ဝန်းကျင်နဲ့လည်း သင့်တင့်အောင်နေသင့်ပါတယ်။

(၇)လက်မောင်း၊ တတောင်ဆစ်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ အချစ်ရေးမှာ ချစ်သူရဲ့လိုအပ်ချက်ကို အမြဲဖြည့်စီးပေးချင်တဲ့ဆန္ဒရှိပါတယ်။ ချစ်သူက ဘာမှမတောင်းဆိုလာရင်
တခုခု လိုအပ်နေတယ်လို့ခံစားရမှာပါ။ကိုယ်ကလိုအပ်တဲ့အချိန်ကရင်လည်း သူကမရှိရင် စိတ်ဓိတ်ကျတက်ပါတယ်။

ချစ်သူကို အရမ်းအားမကိုးပဲ ကိုယ့်မှာ ရည်ရွယ်ချက်လေးတွေတော့ ထားသင့်ပါတယ်။တခါတလေလည်း စိတ်ပြေလက်ပြောက်
ကိုယ်လုပ်ချင်တာလေးတွေကို လုပ်သင့်ပါတယ်။

(၈)ခြေထောက်၊ ခြေဖနှောင့်ကို သေသေချာချာ အလေးထားပြီး သန့်စင်တဲ့သူ

သူကတော့ ချစ်သူကလိုချင်တဲ့အတိုင်း လိုက်လုပ်လေ့တော့မရှိပါ။

ကိုယ့်ကို လာပြီးချွဲတဲ့လူမျိုးနဲ့တော့ မကိုက်ပါ။တဖက်မှာ အလုပ်(သို့) ဝါသနာပါတဲ့အရာကို စွဲစွဲလမ်းလမ်းရှိတဲ့သူနဲ့ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

Happiness Is To You
Chelmo Team
Ref. Naver
Chelmo

အူကျရောဂါအကြောင်း

$
0
0


ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။

1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4. Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။

  ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။

ဒီစာကို ၁၇-၈-၂ဝ၁ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေ အတွက် ဆက်ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် တခြားနိုင်ငံသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီး တင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။

ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါ မယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။

Dr. တင့်ဆွေ

ကျန်းမာရေးသတင်းများ

https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.2

ကျွန်တော်လေးစားသော…အဖိုးအို

$
0
0




ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က
ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ
ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….
“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..
အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး
ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို
ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့
စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့
အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ
ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့
ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ
တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က
သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်
လူနာစောင့်ရှောက်ရေးဂေဟာကိုသွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ
မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား …နေမကောင်းလို့လားခင်ဗျာ…”
“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့်ကုသ စောင့်ရှောက်မှုခံယူဖို့အဲဒီမှာရောက်နေတာပါကွယ်..”
ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကိုစိတ်ဆိုးမှာလား”..

*“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ
ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”*

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း
မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ
ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ကျွန်တော့လက်ကိုအသာအယာဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

*” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ
သိနေသေးတယ်လေ” *

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်
ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော်
ကြိုးစားပြီး ထိန်းလိုက်ရတယ်…

အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့ကထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်ကနေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ
ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံးရှာဖွေနေတဲ့
ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့အချစ်မျိုးပါ…..
ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ
*အချစ်စစ်ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်….

ချစ်တယ်ဆိုတာပါးစပ်လေးနဲ့ ပြောရတာလွယ်ပေမယ့် ၊တကယ်ပေါင်းစပ်ဖို့ ကျတော့တကယ့်အချစ်စစ်ဆိုတာလိုတယ်လေ။

Credit: Unknown writter

ညအိပ်ယာဝင်ခါနီး မစားသင့်သော အစားအသောက် (၅) မျိုး

$
0
0




အစားအသောက်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ သို့ သော် ညအိပ်ယာဝင်ခါနီး
အစားအစာတွေအများကြီးစားမိတဲ့အခါ၊ အစာမကျေဗိုက်အင့်စေပြီး၊
အိပ်စက်ခြင်းကိုပါအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်
အောက်ပါအစားအသောက် (၅) မျိုးက အိပ်စက်ခြင်းကိုအဟန့် အတားဖြစ်စေနိုင်၍
အထူးသတိပြုရှောင်ရှားသင့်ပါတယ်။

(၁) အာလူးကြော်များ။

အာလူးချောင်းကြော်၊ အာလူးအကျွတ်ကြော်၊ ပြောင်းဖူးပေါက်ပေါက်
စတဲ့ဆီကြော်အစားအစာတွေထဲမှာဆီပါဝင်မှုလွန်စွာ များ ပြားလှပါတယ်။ အကယ်၍
ညအိပ်ယာမ၀င်ခင် တီဗွီကြည့်ရင်း ၄င်းအစားအစာတစ်မျိုးမျိုးကိ
လက်တဆုပ်စာလောက်စားမိတယ် ဆိုရင်ဘဲ၊ ကျေညက်စေဖို့ အတွက်
အစာအိမ်ထဲမှာအချိန်တော်တော်ကြာအောင် အစာချေဖျက်နေရပါတယ်။ နံက်မိုးသောက်၍
အိပ်ယာထတဲ့အခါမှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ ခံစားရပါလိမ့်မယ်။

(၂) လ္ဘက်ရည်/ကော်ဖီ/ကိုလာဖျော်ရည်များ။

ကဖိန်းဓာတ်များတဲ့ လ္ဘက်ရည်/ကော်ဖီပြင်းပြင်းဖြစ်စေ၊ နို့ ဓာတ်များတဲ့
လ္ဘက်ရည်/ကော်ဖီပျော့ဖြစ်စေ၊ ကိုလာအချိုရည်ဘဲဖြစ်စေ ၄င်းကဖိန်းဓာတ်များကို
ညနေ ၄ နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ဦးနှောက်နှင့်
အာရုံခံအဖွဲ့ အစည်း ကို တက်ကြွအောင်လှုံ့ ဆော်ပေးတာကြောင့်၊ သင့်ရဲ
့အိပ်စက်အနားယူချိန်ကို ဓါးပြတိုက်ခံရတတ်ပါတယ်။

(၃) အပူအစပ် အစားအစာများ။

ပူစပ်သော အစားအစာများကိုစားပြီးတဲ့အခါ၊ အစာအိမ်မှအက်ဆစ်တွေ
အထွက်များလာပြီး၊ ဘေးထွက်ဆိုးကျိုးအဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊
လေချဉ်တက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်းဖြစ်ရုံသာမက ညအိပ်ပျော်နေစဉ်
အာခြောက်၍ရေငတ်ခြင်းတို့ ကိုပါဖြစ် စေနိုင်ပါတယ်။ ဖြစ်နိုင်ရင်
ညစာဟင်းလျာကို အချို(အဖြူထည်)ချက်စားပေးနိုင်ရင် ပိုကောင်းပါတယ်။

(၄) ရေခဲမုန့် /သကြားလုံးအပါအ၀င် အချိုအစားအစာများ။

အချိုကဲတဲ့ အစားအစာတွေကို နံက်(သို့ မဟုတ်)နေ့ လည်မှာစားပေးနိုင်ပါတယ်။
သို့ သော် ညနေစောင်းမှစ၍ မစားသင့်တော့ပါ ဘူး။ အဘယ်ကြောင့်ဆိုသော်
၎င်းသွားရည်စာ မုန့် အချိုများက ဦးနှောက်ခွန်အားကိုကောင်းမွန်စွာလှုံ
့ဆော်ပေးတာကြောင့်၊ သွယ်ဝိုက်သောနည်းအားဖြင့်
နှစ်ခြိုက်စွာအိပ်မောကျခြင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ်။

(၅) အရက်သေစာများ။

အရက်သောက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားတာကြောင့် လူအများစုက
အရက်ကိုညအိပ်ယာဝင်ခါနီးသောက်သင့်တယ်လို့  ထင်မှတ်မှားနေကြပါတယ်။
အမှန်တကယ်မှာတော့ အရက်က အိပ်စက်ခြင်းကို လုံးဝဖျက်ဆီးပစ်ပါတယ်။

ဘေးအမြင်မှာ အရက် မူး၍ အိပ်ပျော်နေတယ်လို့ ထင်ရသော်လဲ၊ ကာယကံရှင်ကတော့
အိပ်မက်ဆိုးတွေမြင်မက်ခြင်း၊ ဂယောင်ဂတမ်းပြောဆိုအော် ဟစ်ခြင်း၊
ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခံခြင်း စတဲ့ဝေဒနာများဖြင့်
နှစ်ခြိုက်စွာအိပ်ပျော်လေ့မရှိပါဘူး။ အရက်ကို ဆေးဖြစ်ဝါးဖြစ်
မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာ ညအိပ်ယာမ၀င်ခင်
၎-နာရီခန့် အလိုမှာဖြစ်ပါတယ်။ (ဥပမာ ည ၁၀ နာရီအိပ်ယာဝင်သူဖြစ်ပါက ညနေ ၆
နာရီနောက်ပိုင်းမှစ၍ အရက်မသောက်သင့်တော့ပါဘူး)

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

အဖွဲ့လိုက်ပူးပေါင်းသည့် လုပ်ငန်းပြိုကွဲရခြင်း

$
0
0
            



၁ . ရနေသည်ထက် ပို၍လောဘကြီးခြင်း

အသင်းအဖွဲ နဲ့ အလုပ်လုပ်တဲ့အခါ လူညီဖို့ဆိုတာ အင်မတန်ခက်ပါတယ် ။ အကျိုးမြတ်ရလာလို့ ခံစားတဲ့အခါ တူညီနေရင်တောင် သူကပိုပင်ပန်းလို့ ၊ ကိုယ်ကပိုပင်ပန်းလို့ ဆိုပြီး ရနေတာထက် ရလိုခွင့် လောဘစိတ်တွေ ဝင်လာတတ် ပါတယ် ။ ရယူလိုခွင့် ၊ ရပိုင်ခွင့်လောဘတွေကြီးလာရင် အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်တွေများလာပြီးအဖွဲ့စည်းတစ်ခု ပြိုကွဲဖို့ရာ အဓိက အကြောင်းအရာ ဖြစ်လာစေပါတယ် ။

၂ . နေရာတကာ လိုက်ပါခြင်း

ဟိုတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ဒီတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ကိုယ်က ဗဟုသုတရချင်လို့ သိချင်တာမှန်ပေမယ့် အတူတွဲလုပ်ရတဲ့ သူတွေအတွက် အင်မတန် စိတ်ကသိကအောင့်ဖြစ်ရပါတယ် ။ ကိုယ်လုပ်နေတဲ့ အပိုင်းကလွဲလို့ အခြားကဏ္ဍကို အသေးစိတ် လိုက်သိချင်တာမျိုးကို ရှောင်ကြဉ်စေချင်ပါတယ် ။ ဒီလိုမှမဟုတ် ပါလေရာ ကိုယ်က သိချင်နေရင်တော့ အဖွဲ့အစည်းတစ်ခု ပြိုကွဲဖို့ အကြောင်းအရာ ဖြစ်လာစေပါတယ် ။

၃ . မာနစိတ်တွေရှိနေခြင်း

လုပ်ငန်းအကြောင်းနဲ့ပတ်သက်လို့ အပြည့်အဝနားမလည်ဘူး ၊ ကိုယ်ကလည်း ဦးမဆောင်နိုင်ဘူး ၊ ဒါပေမယ့် သူများဦးဆောင်တာကိုလည်း ကိုယ်က မလိုက်ချင်တဲ့ တလွဲမာနစိတ်တွေ ဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ကိုယ်လည်း မတတ်တဲ့အရာတစ်ခုကို တတ်သရောင် (သို့မဟုတ်) ဒီအဖွဲ့နဲ့မလုပ်ရလဲ ဘာမှမဖြစ်ဘူး ၊ ဝ မရှိပဲ ဝိလုပ်တဲ့ တလွဲမာနမျိုးတွေ ရှိနေမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု ပြိုကွဲဖို့ရာ ဖြစ်လာစေပါတယ် ။

၎. အဆိုးမြင်ဝါဒရှိခြင်း

ဒီကိစ္စမှာ ကိုယ်နစ်နာသွားပြီ ၊ ကိုယ်အကြောခံလိုက်ရပြီလို့ စိတ်အထင်နဲ့ ဘယ်သူဘာလုပ်လုပ် အဆိုးမြင်အကြည့်နဲ့ ရယူလိုခွင့်လောဘ ၊ အစွန်းရောက်သော အတွေးအခေါ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ် ။ အသင်းအဖွဲ့ ပြိုကွဲဖို့ရာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ် ။

ဒါကြောင့် အသင်းအဖွဲ့များစည်းလုံးဖို့ရာ -
၁ . ရပိုင်ခွင့် ၊ ရယူလိုခွင့် လောဘစိတ်ကို ထိန်းချုပ်ပါ
၂ . အကောင်းမြင်စိတ်ရှိပါ
၃ . ကိုယ်မတတ်သည့်အရာကို တတ်သလို အာမခံချက်မပေးမိပါစေနဲ့
၎ . နေရာတကာသိချင်တာမျိုးရှောင်ကြဉ်ပြီး ကိုယ့်အပိုင်းကို တာဝန်ကျေပါ
၅ . တလွဲမာန မထားပါနဲ့
၆ . သစ္စာရှိပါ
အသင်းအဖွဲ့နဲ့ လုပ်ဆောင်ကြသော အဖွဲ့အစည်းများ ၊ လုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ အကြုံပြုရေးသားလိုက်ရပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားပဲ့ကိုင်ရှင်ကြီး ဇာဂနာနှင့် စကားပြောခြင်း

$
0
0



----- ----- ----- -----
ဗိုလ်ချုပ်အတ္ထုပ္ပတ်္တိရုပ် ရှင်ကားကြီး စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ စရိုက်တဲ့အခန်းတွေနဲ့ ရိုက်ကွင်းပေါ်ကအကြောင်း လေးပြောပြပါဦး။
- အောင်တိုဘာ ၂၁ ရက်က မင်းထင်ကို ကိုကြီးက ဂျပန်လက်အောက်ခံအဖြစ်ရှိနေချိန်၊ ဂျပန် ကိုတပ်ဖျောက်ကာ ပြန်လည်တော်လှန်ဖို့ စစ်ထွက် မိန့်ခွန်းမပြောမီ ဗိုလ်ချုပ်က သားနှစ်ယောက်နဲ့ တတိယ ကိုယ်ဝန်ဆောင်ထားနေပြီဖြစ်တဲ့ ဒေါ်ခင်ကြည်ကို အ စောင့်နှစ်ဦးနဲ့အတူ နယ်ဘက်မှာပုန်းရှောင်ဖို့ စေလွှတ် တဲ့အခန်းက စရိုက်နေပါပြီ။ နောက်ရိုက်မယ့်အခန်း တွေက ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်မင်္ဂလာဆောင်တဲ့ အခန်း။ သူတို့နှစ်ယောက်တည်း တော်လှန်ရေးကြားထဲက အချစ်ခန်းလေးကိုပြချင်တာ။

ဒီဇာတ်ကား မရိုက်ဖြစ်တော့ဘူး၊ ပျက် သွားပြီလို့လည်း ကြားရတယ်။
- ၂၀၁၃တုန်းက ဒီဇာတ်ကားရိုက်ဖြစ်မှာ မဟုတ်တော့ဘူး။ ပျက်ပြီဆိုပြီး ဖြစ်သွားတာက၊ ကနေဒါက ပရိုဂျူဆာရောက်လာတော့ ကျွန်တော်တို့အဖွဲ့နဲ့ တွဲပြီး အလုပ်မလုပ်နိုင်ဘူးလို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကို သွားပြောတယ်။ ဗိုလ်ချုပ်ရုပ်ရှင် တဖွဲ့လုံးကို မလိုချင်ဘူးတဲ့။ အဲဒီအဖွဲ့ ဖျက်လိုက်တဲ့။ အကယ်၍ တယောက်တည်းနဲ့အလုပ်လုပ်ရရင်သူတို့က ငွေကြေးလည်း ထောက်ပံ့မယ်တဲ့။ ကျွန်တော်တို့ရေးထားတဲ့ ဇာတ်ညွှန်းကိုလည်း မသုံးတော့ဘူး။ ပထမတော့ အဲဒီလူပြောသလိုပဲ လုပ်ကြတာပေါ့ဆိုတော့ ကျွန်တော်တို့လည်းပက်လက်လန်ပြီ။ ကဲ၊ မလုပ်တော့ဘူးဆိုပြီး နေလိုက်တယ်။ နောက်ထပ် လေးငါးလလောက်ကြာတော့ အဲဒီဘက်က လူတွေ ဘာမှပြန်ပြီးမဆက်သွယ်တော့ဘူး။ အဲဒီကျမှ ကဲ၊ ဘယ်လိုလုပ်ကြမလဲ။ ဗိုလ်ချုပ်လည်း နှစ် ၁၀၀ ပြည့် တော့မယ်ဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရိုက်ကြ မယ်ဆိုပြီးဖြစ်သွားတာ။

ဒီကားရိုက်ဖို့အတွက် နိုင်ငံတော်က ငွေရေးကြေးရေးအရ ထောက်ပံ့ပေးတာမျိုး ရှိပါသလား။
- ကျွန်တော်တို့ တိုင်းပြည်က မရောင်ရာဆီလူးတယ်လေ။ ကျွန်တော်တို့ရဲ့မူက One More ပဲ။ တနိုင်ငံလုံးက လူတွေတယောက်ကို တထောင် ထည့်ပေးကြပါ။ လူဦးရေ သန်းသုံးဆယ်လောက် ထည့်လိုက်ရင်ရသွားပြီ။ အဲလိုဆို ပြည်သူတရပ်လုံးလည်း ပါလာမယ်။ အားလုံးစိတ်ဝင်စားမယ်ဆိုပြီး တယောက်တထောင်နဲ့ တနိုင်ငံလုံး အလကားပြမယ်။ ခုတော့ နောက်ကျသွားတာပေါ့။

ငွေရေးကြေးရေးအရ အခုလက်ရှိ ဘယ်လောက်ရှိလဲ၊ ဘယ်လောက်မှန်းထားလဲ။
- ကျွန်တော်တို့လက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင်သိန်းတထောင့်တရာ စွန်းစွန်းလေးပဲရှိတယ်။ ဗိုလ်ချုပ်က သီဟို၊ အင်္ဂလန်၊ ဂျပန်သွားတယ်။ အပျော်သွားတာ မဟုတ်ဘူး။ အရေးကြီးကိစ္စအတွက် သွားလာတဲ့နေရာတွေ။ အဲဒီတော့ သိန်းပေါင်းသုံးသောင်းကနေ ငါးသောင်းကြားထဲမှာ ကုန်မယ်။ ကျွန်တော်တို့တိုင်း ပြည်မှာ သိန်းပေါင်းသုံးသောင်းနဲ့ ငါးသောင်းတန်တဲ့ခြံတွေရှိနေတယ်။ ခြံတကွက်စာတောင်မရှိဘူး။ အဲဒီလူတွေကလှူချင်ပေမယ့် ကျွန်တော်တို့အဖွဲ့က ဘာမှလုပ်မပြနိုင်တဲ့အတွက် ဘယ်သူကယုံမှာလဲ။ အလကားသက်သက် ပိုက်ဆံဘယ်ထည့်ချင်ပါ့မလဲ။

လှူမယ့်သူတွေ လှူချင်လာအောင်ဘယ် လိုဆောင်ရွက်မှုတွေလုပ်ရင်ရမလဲ။
- အခု ဆုံးဖြတ်ထားတာက အစမ်း Teaser သဘောရိုက်ပြမယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့။အခု အခန်းလေးခန်းဆို အားလုံးကြည့်လို့ရအောင် Youtube ကနေပြမယ်။ ဒီလို ကြိုးစားပြီးရိုက်ထား ပါတယ်။ ကြည့်ကြည့်ပါ။ ဒါပေမဲ့ပိုက်ဆံတော့မရှိဘူး။အဲတော့ ၀ိုင်းပြီးလှူကြပါလို့ မေတ္တာရပ်ခံရမှာပဲ။

ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် တော်လှန်ရေးပန်းခြံမှာ စစ်ထွက်မိန့်ခွန်းပြောတဲ့ အခန်း၊ နောက်လုပ်ကြံခံရတဲ့ အတွင်းဝန်ရုံး၊ နောက် ဂျူဗလီဟောကတော့ မရှိတော့ဘူး။ မြို့တော်ခန်းမ ပါမယ်။ အဲဒီအခန်းတွေအတွက် အစိုးရဆီက အ ကူအညီရပါသလား။
- သေချာတာကတော့ မရဘူးလို့ပဲ ကျွန်တော် ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့အဖွဲ့က တော်တော်များများက ရဦးမယ်လို့ မျှော်လင့်နေကြတယ်။ ဘာကြောင့်လဲဆိုတောာ့ ဒီဇာတ်ကားဟာ ၂၀၁၅အတွက် မဲဆွယ်စည်းရုံးတယ်လို့ အစိုးရဘက်က ထင်နေတဲ့ အတွက် ကျွန်တော်တို့အကူအညီမရဘူး။ တော်လှန်ရေးပန်းခြံဆက်တင် ဆင်ပြီးရိုက်ရင် ဘယ်လိုမှ တူအောင် ရိုက်လို့မရပါဘူး။ ဒါကြောင့် ဆက်တင်တွေကို မလေးရှားမှာသွားရှာထားတယ်။ ညှိလည်း ညှိ ထားတယ်။ ကုန်ကျစရိတ် တွက်ထားပြီးသား။ အတွင်းဝန်ရုံးအတွက် ကျွန်တော်တို့သိန်းငါးရာလောက် သုံးရမယ်။ ဆက်တင်တော့ ပျံနေအောင်ရမယ်။ လှေ ကားထစ်ကအစ အကုန်လုံး။ နောက်ယိုးဒယားက နရစွမ်ရိုက်တဲ့ Studio မှာလည်း အလုပ်ဖြစ်တယ်။ အဲဒီမှာပစ္စည်းတွေကော၊ အင်္ကျီတွေကော အကုန်ရှိတယ်။ ဂျပန်ကုမ္ပဏီတခုကလည်း ပစ္စည်း။ အ၀တ်အစား၊ ကင်မရာကအစ အကုန်ကူညီမယ်။ ဒါကတော့ အန်တီ့ဆီကရတာ။ သေချာတာကတော့ ဒီကဟာတွေကို ကျွန်တော်အားမကိုးချင်ဘူး။ ကျွန်တော်တို့ အဖွဲ့က လူတွေကတော့ရမယ်လို့မျှော်လင့်ပြီး စာတင် တာ။ ရရင်လည်းရမှာပေါ့လေ။ ကျွန်တော်ကတော့ မယုံလို့ကြိုပြင်ပြီးသား။
ကြယ်စင်မော်ကွန်းကျတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်တံဆိပ်တွေ၊ ခေါင်းကနေခြေထောက်အထိ အားလုံးရတယ်။ ကျွန်တော်တို့ ကျတော့မရဘူးဆိုတော့ စဉ်းစားလို့မရတော့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်မယ်လို့ ဆုံးဖြတ်ပြီး နိုင်သလောက်တော့ လုပ်သွားမယ်။ ပိုက်ဆံကုန်သွား ရင်တော့ ကျွန်တော်တို့မရိုက်တော့ဘူး

ဇာတ်ညွှန်းပိုင်းနဲ့ပတ်သက်ပြီး ပြောပြပါဦး။
- ပထမအဆင့်က ဇာတ်ညွှန်းကို ချစ်ဦးညို၊ ဆရာကြည်စိုးထွန်းနဲ့ ဆရာငြိမ်းမင်း သုံးယောက်ကို ကမ်းလှမ်းတယ်။ စရေးတော့မယ်ဆိုတော့ ဆရာငြိမ်းမင်းက အလုပ်များနေတဲ့အတွက် နုတ်ထွက်သွားတယ်။ အဲဒီမှာ မြမြင့်မိုရ်ကို အစားထိုးလိုက်ရပါတယ်။ ဆရာသုံးယောက်ကရေးပြီးတော့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)ကို ပေးဖတ်တယ်။ ဖတ်ပြီးတော့ ဇာတ်ညွှန်းအတိုင်း ရိုက်မယ်ဆိုရင် ၆ နာရီလောက်ကြာမှာမို့ များနေတယ်။ ၃ နာရီဆို အလွန်ဆုံးပဲလေ။ ဒါကြောင့် ဆရာတွေဆီခွင့်တောင်းပြီး ကျွန်တော်မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်၊ အိအိခိုင်၊ ကိုမျိုးမင်းတို့ Edit လုပ်ပြီး ဘယ်အခန်းယူမယ်။ ဘယ်အခန်းမယူဘူးတိုင် ပင်တာ ရက်ပေါင်း၄၀လောက်ကြာပါတယ်။ နောက် အန်တီ့ကိုထပ်ပြတယ်။ ပြင်ပြီးတော့ ဒီအတိုင်းထားလို့ မရဘူး။ အင်္ဂလိပ်လို ဘာသာပြန်ရတယ်။ ဘာသာ ပြန်ပြီး ဇာတ်ညွှန်းကို သူများခိုးမှာစိုးလို့ အမေရိကား ကို မူပိုင်ခွင့်မှတ်ပုံတင်ရတယ်။ မှတ်မိသလောက် ဒေါ် လာ ၂၅၀၀ နဲ့ ၃၀၀၀ ကြားကုန်တယ်။ မှတ်ပုံတင်ပြီးမှ ရုပ်ရှင်ရိုက်လို့ ရမှာကိုး။ အဲဒီမှာနိုင်ငံခြားက ဒါရိုက် တာတွေ၊ ထုတ်လုပ်သူတွေဝင်လာပြီး ကကျိုးကကြောင်တွေ ဖြစ်တယ်။ အတိုချုပ်ပြောရရင် အခုကျွန်တော်တို့ပဲပြန်လုပ်ရတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ ကြာမြင့်ချိန်နဲ့ ဘယ်သူတွေက ဘယ်လိုတာဝန်ယူတယ်ဆို တာကိုလည်းသိပါရစေ။
- ရိုက်ကူးချိန် (၈)လနဲ့ (၁၄) ရက်လောက် ကြာလိမ့်မယ်။ ပြည်သူ့အရေးဂျာနယ်က ကိုမော်လင်း၊ သူ့ကို သမိုင်းဘက်မှာ တာဝန်ပေးထားတယ်။ ဇာတ်ညွှန်းပိုင်းကတော့ ကျွန်တော်နဲ့မင်းထင်ကိုကိုကြီး။ အ၀တ်အစားပိုင်းက ကြည်ဖြူသျှင်၊ အရိုင်း၊ ဝေဠု ကျော်၊ သရုပ်ဆောင်ရွေးချယ်တာနဲ့ လေ့ကျင့်သင်ကြားဖို့က ကိုမျိုးမင်း၊ လူမင်း၊ ကိုဝိုင်းတို့က တာဝန်ယူတယ်။ ငွေရေးကြေးရေးကိစ္စကို ဒေါ်အိအိခိုင်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့က တာဝန်ယူတယ်။ ကိုယ့်ဟာကိုယ်ပြန် ခွဲပြီးပြန်စရအောင်ဆိုပြီး လုပ်ခဲ့ကြတယ်။

ဖြည့်စွက်ပြောချင်တာများရှိရင်။
- ဗိုလ်ချုပ်မွေးနေ့မှာ အဲဒီဇာတ်ကားကြီးပြမယ်ဆိုပြီး မလုပ်နိုင်ခဲ့တာ၊ မမီခဲ့တာ တနိုင်ငံလုံးကို တောင်းပန်ချင်တယ်။ အခုစလုပ်နေပါပြီလို့။

သတင်းချစ်သူ
 

ချစ်ခြင်းရဲ့အနံ့အသက် heart emoticon

$
0
0


တိုက်ခန်းရဲ့ပထမထပ်မှာ ဇနီးမောင်နှံနှစ်ဦးနေပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝက စည်းကမ်းတကျပါပဲ။ မနက်ဆိုရင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်တယ်၊ ညနေဆိုရင် ပန်းခြံသွားလမ်းလျှောက်လေ့ရှိတယ်။ ဘဝကို ရိုးရိုးရှင်းရှင်း သူတို့ဖြတ်ကျော်ကြတယ်။ တိုက်ခန်းက လမ်းဖက်ကိုမျက်နှာမူထားတော့သူတို့က ဝရံတာတံခါးကို အမြဲဖွင့်ထားပြီး အဲဒီမှာထိုင်ရင်း စာအုပ်ဖတ်တယ်၊ ရေနွေးကြမ်းသောက်တယ်၊ ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို ကြည့်ပါတယ်။

သူတို့ရဲ့တိုက်ခန်းထဲကနေ ဟင်းနံ့တွေ မွှေးမွှေးကြိုင်ကြိုင် ပျံ့လွှင့်လာပြီဆိုရင် ဒါဟာ သူတို့ရဲ့သား အိမ်ပြန်လာပြီဆိုတာကို ကျွန်မသိလိုက်တယ်။ သူတို့ရဲ့သားက ကျောင်းပြီးတာနဲ့ တခြားမြို့မှာ အလုပ်သွားလုပ်နေတာဖြစ်ပြီး အိမ်ပြန်ခဲပါတယ်။ ကြာကြာနေလို့တစ်ခါ သားပြန်လာပြီဆိုရင် သူတို့ဇနီးမောင်နှံ အလုပ်များတော့တာပဲ။ နေ့တိုင်း ဈေးပြေးလိုက် ချက်ပြုတ်လိုက်နဲ့ အကောင်းဆုံး အရသာအရှိဆုံးအစားအစာတွေကို သားအတွက်ပဲ သူတို့ဖြစ်စေချင်ခဲ့တယ်။

အဲဒီလိုအချိန်မျိုးဆိုရင် တိုက်ခန်းထဲကနေ မွှေးကြိုင်တဲ့အနံ့တွေ လွှင့်ထွက်လာတတ်ပါတယ်။ သူတို့တိုက်ခန်းရှေ့ဖြတ်ရင်ကျွန်မက “ဒီကနေ့ကတော့ ငါးဟင်းထင်ပါရဲ့.. အဝေးကနေတောင် အနံ့ရတယ်”လို့ သူတို့ကို စနောက်တတ်တယ်။ အဲဒီအခါကျရင် အိမ်ရှင်မက “ဟုတ်တယ်.. လာစားပါဦးလား.. ငါးတွေက လတ်လတ်ဆတ်ဆတ်ပဲ”လို့ ဆိုတယ်။ ရက်သိပ်မကြာခင် သားပြန်သွားတော့ တိုက်ခန်းထဲကနေ မွှေးကြိုင်တဲ့ဟင်းနံ့ကို မရတတ်တော့ဘူး။ တိုက်ခန်းက နဂိုအတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြန်ပါတယ်။ အရင်လိုပဲ ဇနီးမောင်နှံနှစ်ဦးက ရိုးရှင်းတဲ့နေ့ရက်ကို အေးဆေးတည်ငြိမ်ဖြတ်ကျော်ကြပြန်ပါတယ်။

ချစ်ခြင်းမေတ္တာက အနံ့အသက်ရှိပါတယ်။ ဟင်းကောင်းထမင်းကောင်းတွေ နေရာအနှံ့စားနိုင်ပေမယ့် မိဘကိုယ်တိုင်ချက်ကျွေးတဲ့ ထမင်းဟင်းက သာပြီးအရသာရှိပါတယ်။

ကျွန်မရဲ့မိတ်ဆွေတစ်ဦးက ဆေးလိပ်မကြိုက်ပါဘူး။ ဒါပေမယ့် ရွာက နေအိမ်ဆီပြန်တဲ့အခါ ဈေးပေါတဲ့ဆေးပေါ့လိပ်နံ့ကိုရတိုင်း ဖခင်ဖြစ်သူကို သတိရမိတယ်လို့ဆိုတယ်။

သူငယ်ငယ်တုန်းက အိမ်မှာ စားဝတ်နေရေးကျပ်တည်းခဲ့တယ်။သူကျောင်းနေရဖို့ကိုပဲ ဦးစားပေးတော့ အိမ်အတွက်အသုံးစရိတ်ကို ချွေတာခဲ့ကြတယ်။ သူကျောင်းလခပြန်ယူတိုင်း မိဘနှစ်ပါးခေါင်းခဲခဲ့ရတယ်။ဒါပေမယ့် သူ့ကို ပညာပဲသင်ယူစေခဲ့တယ်။ မီးရောင်မှိန်မှိန်အောက်မှာဖခင်က ဆေးပေါ့လိပ်ကိုဖွာရှိုက်ရင်းသက်ပြင်းတွေ အထပ်ထပ်ချခဲ့တယ်။

“အဖေ.. ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့လား.. ကျန်းမာရေးထိခိုက်နိုင်တယ်။အိမ်မှာ ဒီလောက်ကျပ်တည်းနေတာ ကျွန်တော်ကျောင်းမနေတော့ဘူး”လို့ သူပြောတိုင်း ဖခင်က “ဆေးလိပ်သောက်တာက သားကို ခြင်မောင်းပေးဖို့ပါ။
ဒီအတွက် ပူပင်သောက မရောက်ပါနဲ့။ စာကိုပဲ ကောင်းကောင်းသင်ယူပါ။ ဘဝဆိုတာ ဒီလိုပါပဲ… ဖြတ်ကျော်လို့မရတဲ့အခက်အခဲဆိုတာ မရှိပါဘူး”

ဖခင်က ဘဝကို ပေါ့ပေါ့ပါးပါးပုံဖော်ခဲ့ပေမယ့် သူ့ခေါင်းအုံးက မျက်ရည်တွေနဲ့ရွဲစိုခဲ့ပါတယ်။

ခက်ခဲတဲ့နေ့ရက်တွေကို ဖခင်က သူ့ပခုံးနဲ့ ကြံ့ကြံ့ခံထမ်းခဲ့ပါတယ်။ ဆင်းရဲဒုက္ခနဲ့ရင်ဆိုင်ရပေမယ့်လည်း တစ်ချက်မှ မညည်းတွားခဲ့ဘူး။ ဘဝအမောကို ဆေးလိပ်သောက်တာနဲ့ပဲ ဖြေဖျောက်ခဲ့တယ်။ ဖခင်ရဲ့ကိုယ်ပေါ်မှာ ဆေးလိပ်နံ့ပြင်းပြင်းတွေသာ စွဲကျန်ရစ်ခဲ့တယ်။ အဝေးကနေတောင် အဲဒီအနံ့ကို ရတတ်တယ်။ ဆေးလိပ်နံ့ကို သူ မနှစ်သက်ပေမယ့် ဖခင်ကွယ်လွန်ပြီးချိန်ကျမှ အဲဒီအနံ့အသက်က သူ့ရင်ဘတ်နက်နက်တစ်နေရာမှာ ရှိနေခဲ့တယ်ဆိုတာကို သူတအံ့တသြသိလိုက်ရတယ်။

တစ်ခါက ခရီးဝေးသွားဖို့ ကျွန်မရထားစီးဖြစ်ခဲ့တယ်။ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာ အသက်ကြီးကြီးဇနီးမောင်နှံနှစ်ဦး ထိုင်ပါတယ်။ သူတို့က ပလတ်စတစ်အထုပ်တစ်ထုပ်ကို မလွှတ်တမ်း တင်းတင်းပွေ့ထားပါတယ်။ သူတို့ရဲ့မသကာင်္တဲ့အပြုအမူကို ရထားရဲကသတိထားမိသွားလို့ အထုပ်ကိုဖြည်ခိုင်းခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦးလုံးက အထုပ်ပေးမဖြည်ခဲ့လို့ ရဲက ပိုသံသယဝင်ပြီး အတင်းဖြည်ခိုင်းတော့မှ အထုပ်ထဲကနေ ချဉ်စူးစူးအနံ့တစ်မျိုး ထွက်လာခဲ့ပါတယ်။ တကယ်တော့ အထုပ်ထဲမှာ ထည့်ထားတာက မုန်ညင်းချဉ်တွေပါ။ သူတို့က မြို့တက်ပြီး သားဆီအလည်အပတ်သွားတာပါ။ သားက အိမ်ကလုပ်တဲ့မုန်ညင်းချဉ်ကို ကြိုက်နှစ်သက်လို့ သားအတွက် ယူသွားပေးတာဖြစ်ပါတယ်။ အနံ့ထွက်မှာစိုးလို့ သူတို့က အထပ်ထပ်ထုပ်ပြီး ရင်ခွင်ထဲထည့်ထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာ အဲဒီခရီးလမ်းကရူခင်းတွေကို ကျွန်မ မမှတ်မိတော့ပေမယ့် မုန်ညင်းချဉ်ထုပ်ကို တင်းတင်းပွေ့ဖက်ထားတဲ့ သူတို့ဇနီးမောင်နှံကိုတော့ ကျွန်မအမှတ်ရနေခဲ့ပါတယ်။ အဲဒီ ချဉ်စူးစူးအနံ့မှာ ချစ်ခြင်းမေတ္တာအနံ့အသက်တွေ ပါနေခဲ့လို့ဖြစ်ပါတယ်။

ဘဝကို နှလုံးသားနဲ့ရင်းပြီး ခံစားကြည့်ရင် နေရာတိုင်းမှာ ချစ်ခြင်းရဲ့အနံ့အသက်ကို ရှာဖွေတွေ့ရှိခံစားမိနိုင်ပါတယ်။ အဲဒီအနံ့အသက်က နှစ်လရာသီတွေထဲမှာ လွှင့်ပြန့်မွှေးကြိုင်နေပြီးအေးစက်ညိုမှိုင်းတဲ့လူ့ဘဝကိုနွေးထွေးထုံသင်းစေပါတယ်

  နိုင်းနိုင်းစနေ(Jan. 18. 2015)

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120

ရင့်ကျက်သူဖြစ်ဖို့

$
0
0
                  


==========

(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။

(၂) လမ်းလျှောက်ချိန် ကိုယ်ကို တည့်တည့်မတ်မတ် ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့ လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

(၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။

(၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တ ကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

(၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့် ကြိုးစားပြီး လုပ်ပါ။

(၆) ကိုယ့်ကိုယ် "သေးသေးလေး"(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ "လောက အကြီးကြီး"ကို ထည့်သွင်းထားပါ။

(၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။

(၈) ကိုယ့်ကိုယ်ကာကွယ်ဖို့ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။
အမှားနောက်က ဆင်ခြေတွေကို ဘယ်သူမှ နားမထောင်ချင်ကြဘူး။

(၉) ရမ်းသမ်းပြီး ဒေါသမထွက်နဲ့။ ဘယ်သူကမှ သင့်အပေါ် အကြွေးမတင်ဘူး။

(၁ဝ) မလိမ်ညာပါနဲ့။ အမှန်တရားဆိုတာ တစ်နေ့မှာ ပေါ်စမြဲပါ။

(၁၁) ဘယ်တစ်ဦးတစ်ယောက်ကိုမှ အထင်မသေးနဲ့။

(၁၂) အတိတ်ကို သင်မမေ့ချင်လဲရတယ်။ ဒါပေမဲ့ လက်လွတ်တတ်ရမယ်။

(၁၃) သင်ကိုယ်သင် တွေးထင်သလောက် သင်ဘယ်တော့မှ အရေးမပါနိုင်ဘူး။

(၁၄) ငွေကြေးနဲ့ ဖြေရှင်းလို့ရသမျှ ပြဿနာကို ပြဿနာလို့မခေါ်ဘူး။

(၁၅) "ချစ်တယ်"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တကယ့်စိတ်ရင်းနဲ့ပြောပါ။
"ဆောရီး"ဆိုတဲ့စကားကို ဘယ်အချိန်မှာပြောပြော၊ ဘယ်နေရာမှာပြောပြော ပြောပြီဆိုရင် တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(၁၆) အပြင်ပုံပန်းသဏ္ဍာန်နဲ့ ဘယ်တော့မှ တစ်ဘက်သားကို မဆုံးဖြတ်နဲ့။ ပြောစရာရှိတာကို ဖြေးဖြေးပြောပါ။ တွေးစရာရှိတာကို မြန်မြန်တွေးပါ။

(၁၇) ကိုယ့်ကိုယ်အားလပ်ချိန်လေးပေးပြီး တစ်ယောက်ထဲ ထီးထီးနေကြည့်ပါ။

(၁၈) ကိုယ့်ပစ္စည်းမဟုတ်ရင် မယူပါနဲ့။ ဘယ်လောက်ပဲနှစ်သက် နှစ်သက် လက်လွတ်တတ်ဖို့ နားလည်ပါ။

(၁၉) ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိဘူး။

(၂၀) လူသုံးယောက်ရှိရင် တစ်ယောက်က ကိုယ့်ထက်တော်သူဖြစ်တယ်။ ကိုယ့်ထက်ညံ့သူ မရှိဘူး။

"ငါ ကြိုးစားကြည့်ပြီးပြီးလား"လို့ ကိုယ့်ကိုယ်မေးကြည့်ပါ။ ဒီအချက်တွေကို လုပ်နိုင်ရင် သင် ရင့်ကျက်ပြီတဲ့....

Credit To: နိုင်းနိုင်းစနေ

သိမ်မွေ့သောစိတ်ကိုရှုမှတ်ပံ

$
0
0
                
 

တရားအားထုတ်ခါစမှာတော့ သတိပဋ္ဌာန်အစဖြစ်တဲ့ ကာယာနုပဿနာကို အခြေခံပြီး အားထုတ်ကြတယ်။ ကာယာနုပဿနာ ရှုရင်းကနေ အသေးစိတ် သိလာတဲ့ အခါကျတော့ ကာယာနုပဿနာနှင့် တွဲပြီး ဝေဒနာနုပဿနာလည်း ပါလာတယ်။ ဝေဒနာနုပဿနာကို ရှုနေရင်းကနေ ဝေဒနာရဲ့ အနတ္တသဘော၊ ဝေဒနာရဲ့ အနိစ္စသဘော၊ ဝေဒနာရဲ့ ဒုက္ခသဘော တွေကို တဖြည်းဖြည်း သိလာတယ်။ ဒီလို အားထုတ်ရင်းကနေ စိတ်ကိုလည်း ကြည့်တတ်လာတယ်။ သတိ၊ သမာဓိကောင်းလာတော့ စိတ်ထဲမှာ အတွေးအမျိုးမျိုး ပေါ်တိုင်း ပေါ်တိုင်း ချက်ချင်းသိတယ် ။တစ်ခါတလေ ဘယ်လောက်ထိ သိလဲဆိုရင် အတွေးလေးတစ်ခု ပေါ်တော့မယ် ဆိုတာကိုတောင် သိနေတယ်။ ဒါကို မလုပ်ဖူးတဲ့သူဆို ယုံနိုင်မှာ မဟုတ်ဘူး။ အတွေးတစ်ခု ပေါ်တော့မယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲလို့  မေးလိမ့်မယ်။ 

စိတ်ကလေး ဦးလှည့်တာကို သိတယ်။ လက်ရှိအာရုံမှာ ကောင်းကောင်း မနေချင်တော့တာကို သိတယ်။ လက်ရှိအာရုံကို လွှတ်ချင်သလိုလို ဖြစ်လာပြီဆိုတာကို သိတယ်။ အာရုံသိပ်မထင်ရှားတော့ဘူး။ ထင်ရှားအောင်လည်း မကြိုးစားချင်တော့သလိုလို ဖြစ်ပြီး နောက်အာရုံတစ်ခုဖက်ကို စိတ်ဦးလှည့် လာတယ်။ တစ်ခါတလေ ဘယ်အာရုံဘက်ကို သွားတော့မယ် ဆိုတာကိုတောင်မှ နဲနဲလေးရိပ်မိတယ်။ ဒါတော်တော်လေး သမာဓိကောင်းတဲ့ အဆင့်ကျမှ သိလာတာပါ။ အဲဒီလို သွားတော့မယ်ဆိုတာကို သိလိုက်တာနဲ့  ပြန်ငြိမ်သွားတယ်။ တခြားအတွေးတစ်ခု ပေါ်လာရင်လည်း တွေးတယ်လို့  သိလိုက်တယ်။ သိလိုက်တာနဲ့  ပြန်ပျောက်သွားတယ်။ ပြန်ပျောက်သွားတော့ စိတ်က အတွေးမရှိဘူး။ 

ရှင်းပြီးငြိမ်နေတယ်။ ငြိမ်နေတာကိုသိတယ်။ သိနေတာကိုသိတယ်။ အေးချမ်းနေတာကိုသိတယ်။ စိတ္တာနုပဿနာအဆင့်ကနေ ဓမ္မာနုပဿနာအဆင့်ကို ကူးသွားနေပြီ။ ဒါတွေဟာ လုပ်ရင်းနဲ့  သူ့အလိုလို ဖြစ်လာတာပါ။ ဥပမာဆိုပါတော့ - ခန္ဓာကိုယ်ကို ရှုမှတ်နေပြီ။ ခန္ဓာကိုယ် ရုပ်သဘော ပူခြင်း အေးခြင်း လှုပ်ရှားခြင်းကို တဖြည်းဖြည်း သိလာရင်းကနေ သတိ သမာဓိ ကောင်းပြီး ပစ္စုပ္ပန်တည့်လာခဲ့ရင် ပူခြင်း၊ အေးခြင်း၊ လှုပ်ရှားခြင်းသဘောဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး။ တကယ့်ကိုပဲ သဘာဝသဘောဆိုတာ သီးသီးခြားခြား မြင်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါနှင့် မရောဘူး။ လုံးဝပုံသဏ္ဌာန် မရှိတော့ဘူး။ နာမည်တပ်ဖို့  မလိုတော့ဘူး။ နာမည်လည်း မရှိတော့ဘူး။
အဲဒီလို ပညတ်ကင်းပြီးတော့ သီးခြားလေး မြင်လိုက်တဲ့အခါ အနတ္တဉာဏ်ဟာ အင်မတန်မှရှင်းတယ်။ အဲဒီအခါ စိတ်ထဲက အနတ္တပါလားလို့  နှလုံးသွင်းမိတတ်တယ်။ အနတ္တသဘောတွေပဲ။ သူ့ သဘော သူဆောင်တာပဲလို့  နှလုံးသွင်းမိတယ်။ အဲဒီနှလုံးသွင်းတဲ့ ဉာဏ်ကို ပြန်ကြည့်ရင် ဓမ္မာနုပဿနာ ဖြစ်သွားတယ်။ ဉာဏ်ကို ပြန်ရှုရင် ဓမ္မာနုပဿနာ ဖြစ်နေတယ်။ အနိစ္စကို ရှုရင်လည်း တဖြည်းဖြည်း ကြာလာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း သိတယ်။ သိသိချင်း ပျောက်သွားတယ်။ ဘာမှမကျန်အောင် ပျောက်သွားတယ်။ အဲဒီလို ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး၊ ဖြစ်တိုင်းသိတယ်၊ သိတိုင်းမရှိဘူး ဆိုတာ ရှင်းလာတယ်။ တစ်ခုဖြစ်ပြီး ပျက်သွားတယ်။ နောက်တစ်ခု မဖြစ်ခင် ကြားမှာ ကြားကာလ (Gap) လေး တစ်ခု ဖြစ်သွားတယ်လို့ တောင်မှ သိလို့ ရတယ်။ တစ်ခုနဲ့ တစ်ခု တစ်ဆက်တည်းမဟုတ်ဘူး ဆိုတာ ဉာဏ်ထဲမှာ အင်မတန်မှ ရှင်းတယ်။

♻️♻️♻️
အင်မတန် လျင်လျင်မြန်မြန် ဖြစ်နေ ပျက်နေတဲ့ ရုပ်သဘော၊ နာမ်သဘော တွေကို အင်မတန် လျင်မြန်တဲ့ သတိ သမာဓိတွေက လိုက်သိနေတာ။ လိုက်သိတော့ မမြဲပါလားလို့  သိတဲ့ဉာဏ် ဖြစ်လာတယ်။ အဲဒီလို မမြဲပါလားလို့  နှလုံးသွင်းတဲ့ဉာဏ်ကို ပြန်ကြည့်ရင် မမြဲဘူးဆိုတဲ့ ဉာဏ်ကို ရှုမှတ်ပြီးသား ဖြစ်သွားတယ်။ ဒါဟာ အနိစ္စဉာဏ်ကို ရှုမှတ်တာပဲ။ ဓမ္မာနုပဿနာဖြစ်သွားပြီ။ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်ထဲကို ၀င်သွားတယ်။ တစ်ခါတလေ အားထုတ်ရင်း အားထုတ်ရင်း ကနေ သိနေတာကိုပဲ ပြန်သိနေတယ်။ အဲဒါဆိုရင် သတိသမ္ဗောဇ္ဈင်ကို ရှုမှတ်ပြီးသား ဖြစ်နေတယ်။ ပွားများပြီးသား ဖြစ်နေတယ်။ အဲဒီတော့ သမ္ဗောဇ္ဈင်နဲ့ အညီ ဖြစ်သွားနေပြီနော်။ တစ်ခါတလေ အားထုတ်နေရင်းနဲ့  ပီတိသဘောမျိုးတွေ ဖြစ်လာတယ်။ နှစ်သက်နေတယ်။ သဘောကျ နေတယ်။ ကျေနပ်နေတယ်။ 


တရားအားထုတ်ရတာ မပျင်းဘူး။ အဲဒီစိတ်ကို ပြန်ရှုပါ။ ဒါဟာ နှစ်သက်နေတဲ့သဘော၊ သဘောကျနေတဲ့ သဘောလို့  မြင်လို့  ရှိရင် ဓမ္မာနုပဿနာ ဖြစ်သွားတာပဲ။ ပီတိသမ္ဗောဇ္ဈင်ကို ရှုမှတ်တဲ့သဘောမျိုး ဖြစ်နေတယ်။ တရားအားထုတ်နေရင်း အားထုတ်နေရတာ ကောင်းလိုက်တာ ဆိုပြီး ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ် ဖြစ်နေတယ်။ ပျင်းတယ်ဆိုတဲ့စိတ် မရှိတော့ဘူး။ လျှော့ချင်တဲ့စိတ် မရှိတော့ဘူး။ တိုးတိုးပြီးတော့ပဲ အားထုတ်ချင်တော့တယ်။ အဲဒီစိတ်တွေကို ပြန်ကြည့်ပါ။ ကြည့်လို့  ရတယ်။ သဒ္ဓါတရား တော်တော်ကောင်းတယ်။ ၀ီရိယတွေလည်း တော်တော် ကောင်းတယ်။ ဒါဟာ သဒ္ဓါတရား၊ ဒါဟာ ၀ီရိယလို့ ကြည့်လို့  ရတယ်။ အတွေးတွေ တော်တော်နဲသွားပြီးတော့ ရှင်းနေတဲ့အခါမှာ ပေါ်လာတဲ့ စိတ်ကလေးတွေက တစ်လုံးချင်း ပေါ်လာတယ်။ အရင်တုန်းကလို ဒလဟောကြီး ၀င်မလာဘူး။ အဲဒီလို အခါမျိုးမှာ စိတ်တော်တော်များများကို ကြည့်လို့  ရတယ်။ စိတ်ကလေးတစ်ခုခု ဖြစ်လာပြီဆိုရင် သူ့ ကို အေးအေးဆေးဆေး ကြည့်လို့ရတယ်။


တရားအားထုတ်တဲ့အခါမှာ သဒ္ဓါတရားတွေ ဖြစ်တယ်။ ကောင်းလိုက်တာ၊ ဟုတ်လိုက်တာ၊ မှန်လိုက်တာဆိုတဲ့ စိတ်တွေဖြစ်တယ်။ ဘုရားကို ကြည်ညိုတဲ့စိတ်တွေ ဖြစ်လာတယ်။ “တကယ် မလုပ်ကြသေးလို့  တကယ် မဖြစ်ကြတာပါ။ လုပ်ကြည့်ပါ” လို့  ပြောချင်တဲ့ စိတ်တွေလည်း ဖြစ်တတ်တယ်။ အဲဒီစိတ်ကိုပါ ပြန်ရှုမှတ်မှ။ ပြောချင်နေတဲ့စိတ်ကို မရှုမှတ်ရင် စိတ်ထဲမှာ တရားဟော တတ်တယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ တရားဟောရင် မကောင်းဘူး။ ကုသိုလ်စိတ် ဖြစ်ပေမယ့် တရားအားထုတ်မှုမှာ အနှောင့်အယှက် ဖြစ်တယ်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုး၊ မိဘတွေကို ကရုဏာ ဖြစ်တဲ့စိတ် ဖြစ်လာရင်လည်း အဲဒီစိတ်ကို ရှုမှတ်မှ။ ဒီကရုဏာစိတ်ကို ကြာကြာလက်မခံနဲ့ ။ 


ဒီအချိန်မှာ မကောင်းဘူး။ ၀ိပဿနာဉာဏ်ကို အနှောင့်အယှက် ဖြစ်သွားနိုင်တယ်။ ဖြစ်ပေါ်လာနေတဲ့ ကရုဏာစိတ်ကို ပြန်ကြည့်ပါ။ သေသေချာချာမြင်အောင် ကြိုးစားကြည့်ပါ။ မြင်အောင် ကြည့်နိုင်ရင် သိပ်ရှင်းတယ်။ အားလည်း အားရတယ်။ သိပ်ကျေနပ်တယ်။ အဲဒီအခါမှာ ဘုရားဟောတဲ့ အဘိဓမ္မာကို သွားဖတ်ကြည့်ရင် ကောင်းကောင်း သဘောပေါက်တယ်။ အဘိဓမ္မာဟာ တကယ်ဟုတ်လို့  ဟောထားတာပဲ ဆိုတာ ယုံကြည်သွားတယ်။ အားထုတ်ရင်းနဲ့  ကိုယ့်စိတ်ထဲမှာ ဖြစ်ပုံကို သေသေချာချာ ကြည့်ပါနော်။။ တစ်ခါတလေ စိတ်ထဲမှာ အေးနေတယ်။ အေးတာမှ စိတ်တင်မကဘူး။ ခန္ဓာကိုယ်ကြီးပါ အေးနေတယ်လို့ ခံစားရတယ်။ ကိုယ်အပူချိန် တကယ်ပဲ ကျသွားနိုင်တယ်။ တရားအားထုတ်လို့  ပဿဒ္ဓိဖြစ်တဲ့ အချိန်မှာ ကိုယ်အပူချိန် ကျသွားတယ် ဆိုတာ သေသေချာချာ စမ်းသပ်ကြည့်လို့ ရတယ်။ အဲဒီ အေးနေတာလေးကို ပြန်ကြည့်ရင် သိလို့ ရတယ်။ စိတ်ရဲ့ အေးငြိမ်းခြင်းဆိုတဲ့ စိတ်တစ်ခု ဖြစ်နေတယ်။ အေးငြိမ်းခြင်းရဲ့ သဘောလေးကို ပြန်ကြည့်လို့ ရတယ်။ ဓမ္မာနုပဿနာ ဖြစ်ပြန်တယ်။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများပြီးသားဖြစ်နေတယ်။

♻️♻️♻️
တစ်ခါတလေလည်း စိတ်က ထားတဲ့အာရုံမှာ ကပ်ပြီး တည်ငြိမ်နေတယ်။ ဥပမာ- လူအများ စားကြတဲ့ Chewing-gum (ပီကေ) ဆိုပါတော့။ ပီကေကို ပစ်လိုက်ရင် ထိလိုက်တဲ့ နေရာမှာ ကပ်နေတယ်။ ပြန်မကွာဘူး။ အဲဒီလိုပဲ စိတ်က အာရုံတစ်ခုကို ရှုမှတ်လိုက်ရင် အာရုံမှာ ကပ်သွားတယ်။ အာရုံကနေ ပြန်ကွာမထွက်ဘူး။ သာမန် သတိ၊ သမာဓိ နဲတဲ့ အခြေအနေမှာတော့ အာရုံတစ်ခုကို ရှုမှတ်ဖို့  ကြိုးစားရင်း သိသလိုလို ဖြစ်ပြီးတော့ ပြန်ကွာသွားတယ်။ တခြားအာရုံကို ရောက်ရောက်သွားတယ်၊ ထားတဲ့အာရုံမှာမနေဘူး။ အဲဒီလိုစိတ်ကို သေသေချာချာကြည့်နိုင်ပြီးတော့ စိတ်ကရှင်းသွားရင် သတိ၊ သမာဓိကလည်း ကောင်းနေတဲ့ အတွက်ကြောင့် စိတ်ကို အာရုံတစ်ခုပေါ်မှာ ဦးတည်လိုက်ရင် အဲဒီမှာပဲ ကပ်နေတယ်။ ဆက်ခါဆက်ခါ အဲဒီအာရုံမှာပဲထား၊ ဘယ်လောက် ကြာကြာဖြစ်ဖြစ် ထားလို့ ရတယ်။ တခြားအာရုံဆီမှာ ကြာရှည် မနေဘူး။ ကျယ်လောက်တဲ့အသံတစ်ခု ကြားရင်တောင်မှ တစ်ချက်ကြားပြီးတော့ ပြီးသွားတယ်။ အဲဒါ ဘာသံလဲဆိုတာကို လုံးဝ မစုံစမ်းဘူး။ ကြားလိုက်ပြီးတော့ ဘာသံမှန်း မသိလိုက်ဘူး။ ကြား၊ သိ၊ ပျောက်ပဲ။ ကြားခါမျှ ဖြစ်သွားတယ်။


အတွေးတစ်ခု ပေါ်လည်း ဒီအတိုင်းပဲ ပေါ်တော့မလို ဖြစ်သွားတာနဲ့  ပျောက်သွားတယ်။ ပေါ်လာရင်လည်း ပေါ်လာတာကို သိတာနဲ့ ပျောက်သွားတာပဲ။ ဘာဆိုတာကို ပညတ်တဲ့အဆင့် ၊ နာမည်တပ်တဲ့ အဆင့်ထိ မရောက်တော့ဘူး။ တစ်ခုခု ဖြစ်လာတယ်။ သိတယ်။ ချက်ချင်း မရှိတော့ဘူး။ အဲဒီလို သတိ သမာဓိ ကောင်းနေရင် စိတ်က တခြား အာရုံတွေကိုပြောင်းဖို့ မလွယ်တော့ဘူး။ အဲဒီလို မလွယ်တဲ့အတွက် စိတ်ကို ဒီအတိုင်း လွှတ်ထားလို့ ရတယ်။ လွှတ်ထားရင်လည်း နဂိုထားနေကျ အာရုံမှာပဲ ဆက်ပြီးနေတယ်။ အလိုလိုသိနေတယ်။ အဲဒီအခါမှာ ဘယ်လိုတွေးမိလဲဆိုတော့ တရားက သူ့ဟာသူ အားထုတ်နေတာပါလို့  တွေးမိတယ်။ ငါ တရားအားထုတ်တာ မဟုတ်တော့ဘူးလို့  သိလာတယ်။



  ပြင်ပ ကာမဂုဏ်အာရုံ တွေကို တွေးတောကြံစည်နေတဲ့ စိတ်ကလည်း မရှိတော့ဘူး။ စိတ်မှာဖြစ်နေတဲ့ ပစ္စုပ္ပန် အခြေအနေတွေကို တိုက်ရိုက် သိနေတဲ့ အခါမှာ ငြိမ်သက်နေရင် ငြိမ်သက်နေမှန်း သိတယ်။ သိနေတဲ့ စိတ်ကလေးကို ကြည့်ရင်သိတယ်။ သိတယ်ဆိုတဲ့ သဘောလေးတွေကို ပြန်သိတယ်။ အဲဒီ သိနေတဲ့ စိတ်ကလေးကို ရှုမှတ်နေရတာကိုက ပိုကောင်းနေပြန်တယ်။ ငြိမ်သက်နေတာ သက်သက်ကိုပဲ ရှုနေရင် ငြိမ်နေတာက အားကောင်းလာပြီးတော့ သိနေတာက အားနဲနေပြန်ရင် အနိစ္စကို မမြင်နိုင်တော့ဘူး။ သိတဲ့သဘော မှာလည်း အနိစ္စသဘော ပါတယ်။ သိတာကလည်း တစ်ချက်ချင်း တစ်ချက်ချင်း သိတယ်ဆိုတာကို သိတယ်။ တစ်သိပြီးရင် နောက်တစ်သိ။ သိတဲ့သဘောလေးဟာ တစ်ခုချင်း တစ်ခုချင်း ဖြစ်လာတယ်ဆိုတာ ပြန်မြင်လာတယ်။ ကြာရင် အဲဒီ သိတဲ့သဘောလေးက တဖြည်းဖြည်း မြန်လာတယ်။ မြန်မြန်သိလာတယ်။ သတိ၊ သမာဓိ သိပ်ကောင်းတုန်းမှာ အခြေအနေအမျိုးမျိုး စိတ်မှာ ဖြစ်ပေါ်လာတာကို သေသေချာချာ ဆက်တိုက် ကြည့်တတ်ရင် အလွန်သိမ်မွေ့ တဲ့ စိတ်တွေ ဖြစ်လာတယ်။ အဲဒီအခါမှာ သိစရာ မရှိတော့သလို ဖြစ်သွားတယ်။ 


တစ်ချက်မှတ်လိုက်ရင် ပျောက်သွားပြီးတော့ နောက်ထပ် ဘာမှ မပေါ်လာတော့ဘူးလို့  ထင်ရတယ်။ ဘာမှ မရှိတာကြီးကို သိနေတယ်။ အဲဒီ အခြေအနေ သဘောသဘာဝ လက္ခဏာဟာ အာကိဉ္စညာယတန ဆိုတဲ့ အရူပဈာန်နဲ့  အတော်လေး သွားတူနေတယ်။ တစ်ခါတလေ သိနေတာလေးက သိမ်မွေ့ လွန်းလို့  သိသလိုလို မသိသလိုလိုတောင် ဖြစ်တတ်တယ်။ အဲဒါတွေကို တတ်နိုင်သလောက် သိအောင် ကြိုးစားမှ။ မသိလို့ ရှိရင် ဘာမှ ရှုမှတ်စရာမရှိ ဖြစ်ပြီးတော့ ဒီအတိုင်းပဲ ငြိမ်နေပြီး ဘာမှ မသိတော့သလို ဖြစ်နေတယ်။ တစ်ခါတလေ အဲဒါကိုပဲ တရားထူးလို့  ထင်တတ်တယ်။ ဘာမှ မရှိတော့ဘဲ အကုန်ချုပ်နေတယ်။ ဘာမှ မသိသလို ဖြစ်နေရင် သိတဲ့စိတ် ရှိသေးသလား ဆိုတာ ပြန်ကြည့်ပါ။ သိတဲ့စိတ်ကို ပြန်သိလို့ ရသေးရင် ဒါ-လောကီစိတ်ပဲ။ လောကီအဆင့်မှာပဲ ရှိသေးတယ်။ လောကုတ္တရာစိတ်က သိတာကို ပြန်သိလို့ မရတော့ဘူး။ ဒီလိုအားထုတ်လို့  အဆင်ပြေလာတဲ့ အခါမျိုးမှာ ကိုယ့်ရဲ့ အားထုတ်မှုကို ရပ်တန့် မပစ်ဘဲ ဆက်ပြီး အားထုတ်ဖို့  အရေးကြီးတယ်။

♻️♻️♻️
တချို့တပည့်တွေ ဒကာဒကာမတွေဟာ သူတို့ အားထုတ်တာ အတော်ကို ကောင်းနေပြီ။ ဆက်ကြိုးစားမယ် ဆိုရင် အများကြီး တိုးတက် သွားနိုင်တယ်။ အဲဒီအခါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဆက်အားထုတ်မယ်ဆိုရင် တကယ် တိုးတက်မှာပါ။ ဒကာကြီးတစ်ယောက်က လျှောက်တယ်။ “တပည့်တော် ဆက်အားထုတ်ရင် ဘာဖြစ်မယ်ဆိုတာကို သိတယ်။ အဲဒီတော့ တပည့်တော် ဆက်မလုပ်ဘူး။ ဒီလောက်နဲ့  တော်ထားအုံးမယ်။” တဲ့။ သူက ဘာနဲ့  ဥပမာတူသလဲဆိုတော့ ချောက်ကြီးတစ်ခုကို ဟိုဘက် ဒီဘက် ကူးဖို့ အတွက် အလယ်ခေါင်မှာ ကြိုးတစ်ချောင်း ရှိတယ်။ အဲဒီကြိုးကို ကိုင်ပြီး လွှဲလိုက်ပြီး ကြိုးကို လွှတ်လိုက်ရင် ဟိုဘက်ကမ်းကို ရောက်သွားမှာနော်။ ဒီဘက်ကို ပြန်လာလို့ မရတော့ဘူး။ ဟိုဘက်ကို ရောက်ခါနီးမှ မလွှတ်ရဲဘူး။ ကြိုးကို ဒီအတိုင်းပဲ ကိုင်ထားတယ်။ ဒါကြောင့် ဒီဘက်ကို ပြန်လာတယ်။ စိတ်ရဲ့  သဘာဝက ဘယ်လောက် ဆန်းကြယ် သလဲနော်။ လိုချင်လွန်းလို့ကြိုးစားတယ်။ တကယ် ရတော့မယ် ဆိုတော့ နေဦး၊ စဉ်းစားအုံးမယ် ဆိုတာ ဖြစ်လာတယ်။ အဲဒီစိတ်ကိုလည်း ပြန်ကြည့်တတ်ဖို့ လိုတယ်။ 


ဒီစိတ်မျိုးက ဖြစ်တတ်တယ်။ ဒီလို အကြိမ်များများ လွှဲနေတတ်တယ်။ လောကီစိတ်ဘက်ကို ပြန်ပြန်လာတယ်။ အကယ်၍ ဆက်အားထုတ်ပြီး တကယ် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီ ဆိုရင်တော့ လွှတ်လိုက်ရုံပဲရှိတယ်။ ဒါကို မှတ်ထားသင့်တယ်။ အကယ်၍ ကိုယ်ကိုယ်တိုင် ဖြစ်လာခဲ့ရင် ဒီစိတ်ကို နားလည်ဖို့ လိုတယ်။ အပြစ် မတင်သင့်ဘူး။ ဒါဟာ စိတ်ရဲ့သဘာဝပဲ။ နေနေကျ နေရာမှာ ဆက်နေချင်တယ်။ ဒီနေရာကိုပဲ ပိုကောင်းအောင် ပြုပြင်ပြီး ဆက်နေသွားချင်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာသစ်ကို သွားရမှာ နဲနဲ ကြောက်တတ်တယ်။ ဒကာ၊ ဒကာမ တွေအားလုံး တရားကို တကယ် စွဲစွဲမြဲမြဲ အားထုတ်ကြပါ။ စွဲမြဲရင် တိုးတက်ပါတယ်။ မတိုးတက်ဘူး ဆိုတာ မရှိပါဘူး။ အဲဒါကို ယုံကြည်စိတ်ချဖို့  အင်မတန် အရေးကြီးတယ်။ ဘ၀မှာ အရေးကြီးဆုံးက နေ့ စဉ် နေ့ စဉ် ကောင်းသည်ထက် ကောင်းတာတွေ လုပ်သွားဖို့ ၊ မြင့်သည်ထက် မြင့်တဲ့ဘက်ကို သွားဖို့ နဲ့  နောက်ဆုံးမှာ အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ် ရဖို့  ဖြစ်ပါတယ်။

ဒကာ ဒကာမတွေ အားလုံး တစ်နေ့ တခြား စိတ်ထား သဘောထား ပိုကောင်းလာပြီး မိမိကိုယ်ကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ကြပါစေ။ အမြင့်ဆုံး အသိဉာဏ်ကို ရအောင် ကြိုးစားနိုင်ကြပါစေ။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)၏
“ကိုယ်ရည်ကိုယ်သွေးမြင့်မားစေရန်” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

မူရင်းတရားတော် အသံဖိုင်
http://snd.sc/L0j48c

မူရင်းတရားတော် စာမူ
http://www.vimuttisukha.com/2010/03/blog-post_18.html

Vimuttissukha Bliss
https://www.facebook.com/vimuttisukha.bliss?fref=ts၏ Note ကို ပို့စ်အဖြစ် ပြန်လည်ကူးယူ ပူဇော်ပါသည်။

https://www.facebook.com/726279324101890/photos/a.827168774012944.1073

ထိုင်းပုံစံ ထော့မန်ပါ ငါးဖယ်ကြော်

$
0
0

 ငါးဖယ်ကြော်
ငါးဖယ်ကြော်

ငါးဖယ်ကြော်ကို ပုံမှန်ရိုးရာထက် အသွင်တမျိုး ထူးဆန်းတဲ့ အရသာလေးနဲ့ ကြော်စား ကြည့်ရအောင်ပါ။ မြန်မာပြည်က ငါးဖယ်စစ်စစ်နဲ့ ကြော်စားတာ အရသာ အရမ်းကိုကောင်းပါတယ် …။ ထိုင်းလိုတော့ ထော့မန်ပါ လို့ ခေါ်ပါတယ်။
ထိုင်းငါးဖယ်ကြော် (Thai Style Fish Pancake)
ပါဝင်ပစ္စည်းများ
ငါးဖယ်သား စစ်စစ် – ၆၀၀ ဂရမ်
အနီရောင်ပာင်းအနှစ် – ၁ ဇွန်း (ထမင်းစားဇွန်း)
ပာင်းခတ်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သကြား – ပါသည်ဆိုရုံ
ငါးငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
ကြက်ဥ – ၁ လုံး
ပဲတောင့်ရှည်ပါးပါးလှီး – ၁/၄ ခွက် (လက်ဖက်ရည်ပန်းကန်)
တောရှောက်ခါးရွက် – ၅ ရွက် (အရွက်ကလေးတွေကို ထပ်ပြီး မျှင်မျှင်လှီး)
ဆီ – ကြော်ရန်
စတီးဇလုံကြီးကြီးထဲမှာ ငါးဖယ်၊ ကြက်ဥ၊ အရသာ၊အနီရောင် ပာင်းခတ်အနှစ် တို့ကို ထည့်ပြီး လက်ဖနောင့်နဲ့ ထိုးနယ်ပါ …။

ဇလုံကို ခပ်စောင်းစောင်းထားပြီး ငါးဖယ်သားကျစ်ပြီး ပွလာစေဖို့ ၅ ချက်လောက် ရိုက်ပြီးနယ်ပါ။
ပါးပါးလှီးထားတဲ့ ပဲတောင့်ရှည်နဲ့ တောရှောက်ခါးရွက် တို့ကိုလည်း ထည့်ပေါင်းနယ်ပါ။
ဒယ်အိုး တလုံးမှာ ဆီများများကို ပူသည်ဆိုရုံလေး မီးအပူရှိန်ပေးထားပါ။ ငါးဖယ်တွေကို ဒိုးလိုးပုံစံလေးတွေ ရအောင် ပြုပြင်ယူပြီး ဒယ်အိုး ဆံ့လောက်သည်အထိ ထည့်ပြီးပြီးဆိုမှ မီးအရှိန်ကို မြှင့်တင်ပြီး ရွှေညိုရောင်လေး ရအောင် ကြော်ယူ စစ်ထားပါ။
ဆီများများနဲ့ Deep fried ကြော်တဲ့ပုံစံမျိုး (ဆီပေါလော) ကြော်ဖို့တော့ လိုအပ်ပါမယ်။ ငါးဖယ်ကြော် ပူပူလေးနဲ့ တွဲဖက်ဖို့အတွက် ကြက်သွန်နီ၊ သခွားသီးပါးပါးလှီးကို ကြက်ဖ ဆော့စ်လေးလောင်း၊ မြေပဲထောင်းလေး ထည့်ကာ နံနံပင်နဲ့ အလှဆင်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။     ။ အခုလို ငါးဖယ်နယ်ပြီးသားကို city mart တွေမှာ အရံသင့် ရနိုင်ပါတယ်။
http://burma.irrawaddy.org/entertainment/2015/01/31/70619.html 
Viewing all 6248 articles
Browse latest View live