Quantcast
Channel: စိတ်ကူးပျော်ရာ
Viewing all 6248 articles
Browse latest View live

အသက် ၂၀ ရောက်မှ နားလည်ခဲ့ရသော အတွေးအမြင်စကား ၈ ခွန်း

$
0
0

 

လူ့ဘ၀ သက်တမ်း အနှစ် ၂၀ ကို ဖြတ်ကျော်ပြီးသည့်နောက်မှာ … အနှစ်၂၀ ဆိုတဲ့ အချိန်အတွင်း မိုးဒဏ်လေဒဏ် တွေနဲ့ ဘ၀နွံ တွေကို ကျွန်တော်တို့ ဖြတ်ကျော် ခံစားခဲ့ကြရပါတယ်။ အောင်မြင်ခဲ့တာ ရှိသလို ဆုံးရှုံးမှုကို ရင်ဝယ်ပိုက်ခဲ့ရတဲ့ အချိန်တွေလဲ ရှိခဲ့ကြပါတယ်။ ထို့အတူ ဘ၀ ခံစားချက်တွေ၊လောကဓံ သင်ခန်းစာ အတွေ့အကြုံတွေကိုလဲ အဲဒီ နှစ် ၂၀ က လူသားတွေကို ပေးအပ်ခဲ့ပါတယ်။ တကယ်လို့ သင်ဟာ အခု အသက် ၂၀ ရှိပြီ ဆိုရင်… ကျွန်တော်လိုပဲ အောက်ပါ အတွေ့အကြုံ ခံစားချက် ၈ မျိုးကို ရခဲ့ ပြီးပြီလို့ ဆိုနိုင်ပါတယ်။

အဲဒါတွေက တော့…
၁) ချစ်ပြီဆိုရင် နက်နက်နဲနဲ ချစ်ပါ… စွန့်လွှတ်ပြီဆိုရင် အစွန်းဆုံးထိ စွန့်လွှတ်ပါ၊ လှည့်မကြည့်ပါနဲ့။ မဖြစ်နိုင်တာကို စောင့်စားခြင်း ဆိုတဲ့ အရာဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။

၂) လောက အမြင်ရှင်းမှ နာကျင် ခံစားရတာ သက်သာမယ်။ လေ့လာပြီးမှ လုပ်ခြင်းက အမှားနည်းပါတယ်။

၃) ကိစ္စအများစုက အတွေ့အကြုံရှိမှ နားလည်နိုင်တယ်။ အမှားလုပ်မိလို့ ဆုံးရှုံးဖူးမှ လူ့ဘ၀ရဲ့ လိုအပ်ချက်၊ မလိုအပ်ချက်ကို နားလည်လာတယ်။မှားမှာ မကြောက်ပါနဲ့ ၊ ရှေ့တိုးဆောင်ရွက်ပါ။

၎)ဆောင်းရာသီ ရောက်တာနဲ့ သီးနှံတွေ မှည့်သည်ဖြစ်စေ မမှည့်သည်ဖြစ်စေ အားလုံး ရိတ်သိမ်းကြရတယ်။ ထို့အတူ ဘ၀ရဲ့ကောင်းခြင်း ဆိုးခြင်းတွေကို အချိန်တန်ရင် မိမိဘာသာ ရိတ်သိမ်း ကြရတယ်။ အဲဒီ ကောင်းခြင်း ဆိုးခြင်း တွေက ပေးတဲ့ အမှတ်သညာတွေကို နှလုံးသားထဲမှာ ထည့်ပြီး ရှေ့ဆက်ကြရတယ်။

၅) မိမိဘေးနားက ကံကောင်းခြင်းတွေကို တန်ဖိုးထားပါ။ ကံကောင်းခြင်းတွေ ဆုံးရှုံးတော့မှ နောင်တရတာမျိုး မဖြစ်ပါစေနဲ့။ ဖြစ်နိုင်တာတစ်ခုက သင့်ရဲ့ ဘေးမှာ တကယ်စိတ်ရင်းစေတနာပြည့်ဝတဲ့သူ တစ်ဦးဦး ရှိနေနိုင်ပါတယ်။ သူ့ကို တန်ဖိုးထား ဆက်ဆံ ပါ။

၆) လူ့ဘ၀ဆိုတာ ကားတစ်စီးနဲ့ ခရီးသွားသလိုပါပဲ။ ကားပေါ်မှာ အရောင်အဆင်း အသွင်အပြင် အမျိုးမျိုးရှိတဲ့ ခရီးသည်တွေ ပါကြတယ်။ အကျင့်စရိုက် အမူအရာ မျိုးစုံနဲ့ ခရီးသည်တွေကို သင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကားရပ်တဲ့အချိန်မှာတော့ အားလုံးကို လက်ပြကျန်ရစ်ပြီး ကိုယ့်အိမ်ပြန်လမ်းလေးကိုပဲလျှောက်လှမ်းကြရမှာဖြစ်ပါတယ်။


http://www.searchmyanmar.com/link/comment/cid/38654#content-38654

အရှေ့ မှအနောက်သို့ ..ဗုဒ္ဓသာသနာရောက်လေပြီ

$
0
0


.........ဒီအကြောင်းလေးကို ရေးဖြစ်သွားတော့လည်း ရေးရင်းနဲ့ ဝမ်းသာတဲ့ပီတိလေး
.တစ်ခုကို ခံစားရပါတယ်။ကျွန်တော့်မိတ်ဆွေတွေလည်း ကျွန်တော်ခံစားရတဲ့ပီတိလေး
.ကို ထပ်တူမျှဝေခံစားနိုင်ဖို့ အတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းပဲဖြစ်ပါသည်။

...........ဗုဒ္ဓဝါဒရဲ့အရင်းအမြစ်ဟာ အာရှပဲဖြစ်ပါသည်။ဗုဒ္ဓဝါဒဟာအာရှတစ်ခွင့်ပြန့် နှံ့ ခဲ့
.သော်လည်း၊ခေတ်မှီတိုးတက်တဲ့အချိန်အတိုင်းအတာတစ်ခုအထိ ဥရောပမှာတော့ လူ
.သိများခြင်းမရှိသေးခဲ့ပါဘူး၊အိန္ဒိယအင်ပါရာဘုရင်ကြီးစေလွှတ်ခဲ့တဲ့ သာသနာပြုအဖွဲ့ 
.ဟာလည်း ဥရောပမှာအသီးသီးတဲ့အခြေအနေတစ်ခုအထိ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။
.ဥရောပနဲ့ အမေရိကတိုက်တွေကို ဗုဒ္ဓဝါဒရောက်ရှိခဲ့တဲ့အကြောင်း(၃)ရပ်ရှိပါသည်။

.(၁).အနောက်ဥရောပ.ပညာရှင်တွေမှတစ်ဆင့်ပြန့် ပွားရာက်ရှိမှု။

.(၂).အတွေးအခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ အနုပညာရှင်တွေရဲ့ လုပ်ဆောင်မှု။

.(၃).သြစတေးလျ၊၊မြောက်အမေရိကနဲ့ ဥရောပသို့ အမျိုးမျိုးသောဗုဒ္ဓဘာသာအာရှဘုရား
.....ဖူးတွေ ရောက်ရှိလာမှု.........တို့ ကြောင့်ပဲဖြစ်ပါသည်။

............."သင်ကိုယ်တိုင်လာပြီး ဗုဒ္ဓဘာသာရဲ့အယူအဆသဘောထားတွေကို ကြည့်
.လှည့်ပါ."....ဆိုတဲ့စကားဟာ မြောက်များလှစွာသော အနောက်တိုင်းသားတွေကို ဆွဲ
.ဆောင်နိုင်ခဲ့ပါသည်။တစ်ခုခုကို ယုံကြည်ဖို့ သူတို့ ကိုမခိုင်းပါဘူး၊မြတ်ဗုဒ္ဓ၏အဆုံးအမ
.တွေကို ပထမဆုံးလိုက်နာကြည့်ခိုင်းတဲ့ သဘောသာဖြစ်ပါသည်။

............လွယ်ကူသောခရီးသွားလာမှုနဲ့ ဆက်သွယ်မှုတွေ ဖွံ့ ဖြိုးလာတာနဲ့ အမျှ
.အနောက်တိုင်းသားတွေဟာ ဒီရာစုနှစ်မှာ ဗုဒ္ဓဝါဒနဲ့ ပက်သက်ပြီး တော်တော်လေး
.ရှာဖွေသိရှိလာကြပါသည်။ဗုဒ္ဓဘာသာရဲ့အခြေခံအယူအဆတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊
.အာရုံစူးစိုက်မှုနဲ့ သတ္တဝါအားလုံးအပေါ် ဂရုစိုက်မှုတွေဟာ အနောက်မှာနေထိုင်ကြတဲ့
.များစွာသောအုပ်စုတွေအပေါ် သက်ရောက်မှုရှိလာပါသည်။

..............မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို အာရှမှာရှိတဲ့နိုင်ငံအတော်များများဟာ နှစ်ပေါင်း
.(၂၅၀၀)ကျော်သိရှိပြီးဖြစ်ပေမဲ့ ဥရောပ(သို့ )အမေရိကမှာရှိတဲ့ လူအနည်းငယ်သာသိရှိ
.ခဲ့ကြပါတယ်။မကြာသေးတဲ့အချိန်ကာလလေးမှာပဲ အာရှကဗုဒ္ဓဘာသာဝင်တွေဟာ
.ဥရောပကို အခြေချရွှေ့ ပြောင်းလာခဲ့ကြပါသည်။အများစုဟာပဋိပက္ခတွေကြားက ဒုက္ခ
.သည်တွေဖြစ်ပြီး၊တိဗက်လူမျိုးတွေအများအပြားပါဝင်ပါသည်၊ဥပမာ-၁၉၅၉ ခုနှစ်မှာ
.တရုတ်ကတိဗက်ကိုလွှဲပြောင်းရယူပြီးနောက် တိဗက်မှထွက်ပြေးလာကြသူတွေဖြစ်ပါသည်။

၁၉၅၀နဲ့ ၁၉၆၀ တွေမှာဖြစ်ပွားခဲ့တဲ့ အင်ဒိုချို င်းနားကစစ်ပွဲတွေကြောင့် ဗီယက်နမ်
.လူမျိုးများစွာဟာ ဥရောပကို ရွှေ့ ပြောင်းလာခဲ့ကြသည်။ထိုင်းလန်ကဲ့သို့ သောနိုင်ငံက
.ဗုဒ္ဓဘာသာဝင်တွေဟာ ဥရောပမြို့ ကြီးတွေမှာ စီးပွားရေးကိုလုပ်ဆောင်လာခဲ့ကြပြီး
.သူတို့ အားလုံးဟာ ဗုဒ္ဓဘာသာယုံကြည်မှုကို နေရာသစ်ဆီသို့ ယူဆောင်လာခဲ့ကြခြင်း
.ပဲဖြစ်ပါသည်။ဗုဒ္ဓဘာသာအဆောက်ဦးတွေတည်ဆောက်ဖို့ အားတက်သရောကူညီခဲ့
.ကြသူတွေပဲဖြစ်ပါသည်။

..............၁၈ရာစုလောက်မှာ ဗုဒ္ဓဘာသာမူရင်းစာအချို့ ဟာဥရောပကိုရောက်ရှိလာပြီး
.အာရှမှာရှိတဲ့လက်အောက်ခံကိုလိုနီနိုင်ငံတွေကို အလည်အပတ်သွားကြတဲ့သူတွေ
.ယူဆောင်လာခဲ့ခြင်းပဲဖြစ်သည်။အဲဒီမူရင်းစာတွေဟာ ဥရောပကပညာရှင်အချို့ ရဲ့စိတ်
.ဝင်စားမှုကို နိုးကြားစေခဲ့ပြီး ပညာရှင်တွေဟာ စတင်ပြီးလေ့လာခဲ့ကြပါသည်။

..........၁၉ရာစုအလယ်လောက်မှာတော့ ဗုဒ္ဓဘာသာမူရင်းစာအချို့ ကို ဥရောပကဘာ
.သာစကားတွေနဲ့ ဘာသာပြန်ခဲ့ကြသည်။ပညာရှင်တွေဟာ ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေ
.ကိုနှစ်သက်လာကြပြီး သူတို့ ရေးသားတဲ့စာတွေထဲမှာ ဗုဒ္ဓဘာသာရဲ့အယူအဆတွေကို
.ထည့်သွင်းရေးသာလာခဲ့ကြသည်။၂၀ရာစုအစောပိုင်းမှာတော့ ဗုဒ္ဓဘာသာမူရင်းစာတွေ
.ကိုပိုပြီးကောင်းမွန်တဲ့ဘာသာပြန်မှုတွေကို ပြုလုပ်ခဲ့ကြပြီး အင်္ဂလိပ်၊ပြင်သစ်၊ဂျာမနီစ
.ကားတွေနဲ့ ဘာသာပြန်ခဲ့ကြပြီဖြစ်ပါသည်။အလုံးစုံသောထေရဝါဒကျမ်းစာတွေနဲ့ 
.အချို့ အရေးကြီးသောမယာယာနစာတွေလည်းပါဝင်ခဲ့သည်။

...........အစပိုင်းမှာတော့ဗုဒ္ဓဝါဒလေ့လာမှုဟာ ပညာရှင်တွေအတွက်သာသီးသန့် ဖြစ်
.ခဲ့ပြီးနောက်ပိုင်းမှာတော့ ပုံစံပြောင်းလဲလာခဲ့သည်၊ဥရောပတိုက်သားအချို့ ဟာဗုဒ္ဓဝါဒ
.နဲ့ ပက်သက်ပြီး ဖတ်ရှုနေရတာတစ်ခုတည်းဖြင့်မလုံလောက်သေးဘူးဟုယူဆလာကြ
.ပြီး အာရှကို ခရီးထွက်လာခဲ့ကြသည်။

..........ဥရောပကမြို့ ကြီးတွေမှာ ဗုဒ္ဓဘာသာအဖွဲ့ စည်းတွေတည်ထောင်ခဲ့ကြပြီး၊ရှေးအ
.ကျဆုံးနဲ့ အကြီးဆုံးအဖွဲ့ အစည်းကတော့ ၁၉၂၄ခုနှစ်မှာစတင်ထောင်ခဲ့တဲ့ လန်ဒန်ဗုဒ္ဓ
.ဘာသာအဖွဲ့ အစည်းပဲဖြစ်ပါသည်။

............၂၀ရာစုအစောပိုင်းမှာ ဗုဒ္ဓဝါဒကိုလေ့လာဖို့ အာရှကိုခရီးသွားသူတွေပြန်ရောက်
.လာကြပြီး၊အချို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေပင်ဖြစ်နေကြသည်၊သူတို့ တွေဟာဥရောပက
.ဗုဒ္ဓဘာသာဝင်တွေကို အင်အားတိုးစေခဲ့သည်၊အသိတရားဖွံ့ ဖြိုးစေခဲ့ကြသည်၊သီရိလ
.င်္ကာနဲ့ ဗုဒ္ဓဘာသာနိုင်ငံအချို့ ကဘုန်းကြီးတွေနဲ့ ပေါင်းစည်းမိသွားကြပြီး ဥရောပမှာ
.ဗုဒ္ဓဘာသာအပေါ်စိတ်ဝင်စားမှု အတော်ကြီးထွားလာခဲ့ကြသည်။ဗုဒ္ဓဘာသာအဖွဲ့ စည်း
.တွေတိုးပွားလာခဲ့သည်၊ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေလည်း ပါဝင်လာခဲ့ကြသည်။

.ယနေ့ အချိန်မှာတော့အာရှရဲ့ဗုဒ္ဓသာသနာကြီးဟာ ဥရောပမှာတဖြေးဖြေးထိန်းလင်းလို့ 
.လာပြီဖြစ်ပြီး ဘာသာဝင်တွေတိုးပွားလျှက်ရှိနေကြောင်းတင်ပြလိုက်ရပါသည်။
..........................................................................................................
-မျိုးချစ်.
Myo Chit - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။

https://www.facebook.com/buddhasonlu/posts/350283691803375

အသားအရေနဲ့ ဆံပင်အတွက် ရှာလကာရည်ကို အသုံးပြုနိုင်တဲ့ နည်းလမ်း (၅ ) သွယ်

$
0
0

 

ရှာလကာရည်က သင့်ကို ၀ိတ်ကျအောင် အများကြီး ကူညီပေးနိုင်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးတွေ တော်တော်လေး ရေးသားခဲ့ပြီးပါပြီ။ ဒါ့အပြင် ရှာလကာရည်ကပဲ သင့်အသားအရေနဲ့ ဆံပင်အတွက်လည်း အများကြီး အထောက်အကူပြုတယ်ဆိုတာ ထပ်မံပြောပြပေးချင်ပါတယ်။

၁။အသားအရေကို နူးညံစေဖို့ အထောက်အကူပြု

ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကို သင်ရေချိုးခါနီး ချိုးမယ့်ရေနွေးနွေးလေးထဲ ၈အောင်စလောက်ရောပြီး ချိုးပေးမေယ်ဆိုရင် သင့်အသားအရေဟာ နူးညံ့သွားပါလိမ့်မယ်။

၂။ တိုနာအဖြစ်လည်း သုံးနိုင်

ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကိုပဲ တိုနာအဖြစ်သုံးတဲ့နည်းလေး ပြောပြပေးပါမယ်။ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနှစ်ခွက်စာလောက်ရောလိုက်ပါ။ အဲ့ဒါကို ဂွမ်းစလေးနဲ့ယူပြီး တိုနာအဖြစ်သုံးလို့ရပါတယ်။ ရေပြန်ဆေးချစရာမလိုပါဘူး။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်အသားအရေက တင်းတင်းရင်းရင်းဖြစ်သွားစေမယ့်အပြင် ချွေးပေါက်တွေလည်း ကျဉ်းသွားမှာပါ။

၃။ဆံပင်တွေ တောက်ပြောင်လှပအောင် စွမ်းဆောင်ပေး
 

ရေတစ်ခွက်မှာ ရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ပြီးသွားတဲ့အခါ ဆံပင်ကို ရေလောင်းချပြီးနောက် အဲ့ဒီအရည်ကို ခေါင်းကို သုတ်လိမ်းလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ရေနဲ့စင်အောင်ဆေးချလိုက်ပြီး ဆံပင်ပျော့ဆေးထပ်သုံးလိုက်ရုံနဲ့ ဆံသားတွေ အရင်ထက်ပိုမိုတောက်ပြောင်လာတာကို သတိထားမိမှာပါ။

၎။နေလောင်ထားတဲ့ အသားအရေအရောင်ကို လျော့ချပေးနိုင်
 

ရေလေးခွက်နဲ့ ရှာလာကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းစာကို ရောပြီးတဲ့နောက် နေလောင်ခံထားရတဲ့ အသားအရေပေါ်ကို ရေစိုဝတ်လေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ သူက အသားအရေကို ထိန်းညှိပေးနိုင်တဲ့အတွက် အသားအရေ အရင်ထက် ပိုညီသွားပါလိမ့်မယ်။

၅။ဗောက်ထခြင်းက ကင်းဝေးစေနိုင်
 

ရေနဲ့ရှာလကာရည်ကို ဆတူရောလိုက်ပါ။ ပြီးတဲ့နောက် ခုနရောထားတဲ့ အရည်နဲ့ ခေါင်းမလျှော်ခင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ တကယ်လို့ ဆန္ဒရှိသေးရင် ရှန်ပူထဲကိုလည်း ရှာလကာရည်တစ်ဇွန်းထည့်ပြီး လျှော်နိုင်ပါတယ်။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်ဦးခေါင်းမှာ ဗောက်မထအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

http://www.searchmyanmar.com/link/comment/cid/41303#content-41303

သိထားသင့်တံ့ သက္ကရာဇ်များ

$
0
0

            
(  ၁ ) မဟာသက္ကရာဇ်၊
( ၂ ) သာသနာသက္ကရာဇ်၊
( ၃ ) မြန်မာသက္ကရာဇ်၊
( ၄ ) ခရစ်သက္ကရာဇ်၊
( ၅ ) ဘီစီ၊ အေဒီ။

( ၁ ) မြတ်စွာဘုရား ထင်ရှားရှိစဉ်နှင့် ( ကာလဒေ၀ီလ ရသေ့နှင့် ဘိုးတော်အဉ္ဇနမင်းကြီးတို့ ထားခဲ့သောနှစ် ) ကိုမဟာသက္ကရာဇ်။ မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈ နှစ်တွင် ဖွားမြင်သည်။

( ၂ ) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ပထမသင်္ဂါယနာတင်သောနှစ် ( အရှင်မဟာကဿ ပနှင့်အဇာတသတ် မင်းကြီးတို့ ထားခဲ့သော နှစ်မှစ၍ ခေါ်သောနှစ် ) ကို သာသနာနှစ်။

( ၃ ) သာသနာနှစ်ကို ၆၂၂ တစ်ကြိမ်၊ ၅၆၀ နှစ် တစ်ကြိမ်နှစ်ကြိမ် ဖြို၍ ခေါ်သော ယခုရှိသည့် သက္ကရာဇ်ကို မြန်မာ နှစ်၊ မြန်မာသက္ကရာဇ်။ ( ထို့ကြောင့် ၆၂၂ + ၅၆၀ = ၁၁၈၂ နှင့် ယခုလက်ရှိ မြန်မာသက္ကရာဇ်ကို ပေါင်းလျှင် သာသနာနှစ်ပေါ်သည်။

( ၄ ) သာသနာ ၅၄၄ အရောက်တွင် ခရစ်တော်မွေးဖွား၍ ထိုအချိန်မှစ၍ ခေါ်သောနှစ် သက္ကရာဇ်ကို ခရစ်သက္က ရာဇ်။ ( ထို့ကြောင့် ၅၄၄ တွင် ခရစ်သက္ကရာဇ် ၁၉၉၈ ကို ပေါင်းလျှင် သာသနာသက္ကရာဇ် ။ )

( ၅ ) ဘီစီ ဟူသည်မှာ BEF0RE CHRIST ( ခရစ်မတိုင်မီ ) ဟု အဓိပ္ပာယ်ရ၍ အေဒီမှာ ANN0 D0MINI( ငါတို့ဘုရားသခင်နှစ် ) ဟု အဓိပ္ပါယ်ရှိသော ယခုထင်ရှား၍ အင်္ဂလိပ်သက္ကရာဇ်
( သာဓက - ဘီစီ ၅ ရာစုဟုဆိုလျှင် ခရစ်တော်မပေါ်မှီ နှစ်ငါးရာ၊ အေဒီ ၅ ရာစုဆိုလျှင် ခရစ်တော်ပေါ်ပြီး နှစ်ငါးရာ )


https://www.facebook.com/photo.php?fbid=10203912766652331&set=a.1055992772842.1

အချိုမှုန့် ဆိုတာ ဘာလဲ"ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်

$
0
0






DrKo Ko Gyi
ချစ်မိတ်ဆွေ.......
သင့်အိမ်ထဲမှာ သင်နှင့်အတူ သင့်မိသားစုကိုပါ အသံတိတ်
သတ်ဖြတ်သွားနိုင်တဲ့ လူသတ်သမားကို သင်ကိုယ်တိုင် အိမ်ထဲသို့
ဖိတ်ခေါ်ထားမိသလားဆိုတာ မိတ်ဆွေကိုယ်တိုင် စီစစ်သင့်ပါပြီ။

အချိုမှုန့် ဆိုတာ ဘာလဲ"ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ရေရှည် မှန်မှန် စားသွားရင် ဒီလောက်အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ်။အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား?ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။

ဲ(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။

မှတ်ချက်။ ။ ကျွန်တော်တို့ မိသားစု အချိုမှုန့် နဲ့ ပြတ်စဲလမ်းခွဲဖို့တော်တော့်ကိုခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ ကျွန်တော့်အမေရဲ့ဆေးပညာဆိုင်ရာဗဟုသုတနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် အချိုမှုန့်နဲ့
လမ်းခွဲခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပါပြီ။

မိသားစုအားလုံးဟာ အမေ့ရဲ့ကျေးဇူးကြောင့် အသံတိတ်လူသတ်သမားရန်က ကင်းဝေးခွင့်ရခဲ့ပါတယ်။
Reference: Myawady Health

https://www.facebook.com/thitsar.parami/posts/795024707216741

အနံ့

$
0
0


 


အလယ်တန်း တုန်းက ဆရာမတစ်ယောက်က အနံ့တွေနဲ့ပတ်သက်ပြီး မွှေးတဲ့ အနံ့နဲ့ နံတဲ့အနံ့ ဘယ်ဟာကသန့်ရှင်းတဲ့ အနံ့လဲလို့ကျောင်းခန်းထဲမှာမေးဖူးတယ်။ ကောင်းကောင်းမှတ်မိတာကတော့တတန်းလုံးနီးပါးအမွှေးနံ့လို့အော်ကြတာမှတ်မိတယ်၊ ဆရာမက ဘာအနံ့မှမရှိတဲ့ အနံ့ကမှသန့်ရှင်းတဲ့အနံ့၊ လတ်ဆတ်တဲ့အနံ့လို့ အဖြေပေးခဲ့တာလဲမှတ်မိနေသေးတယ်။

၁၉၈၉ - ၁၉၉၀ လောက်တုန်းက ရေမွှေးဘောလ်ပန် ဆိုတာတွေပေါ်ပါတယ်၊ နှင်းဆီနံ့၊ စံပယ်နံ့ တွေတော့ကောင်းကောင်းမှတ်မိပါတယ်၊ တခြားအနံ့တွေတော့ မသုံးခဲ့လို့မမှတ်မိတော့ပါဘူး၊ ဒီနှစ်မျိုးကလဲလူသုံးများခဲ့တယ်ထင်ပါတယ်။

လူတိုင်းကအနံ့ဆိုးတွေကိုမနှစ်သက်ပါဘူး၊ ရေမြောင်းပုတ်နံ့၊ အညစ်အကြေးနံ့၊ အသားပုပ်နံ့၊ ဟင်းရွက်ပုပ်နံ့၊ စသည်ဖြင့်ပေါ့၊ ဒီအနံ့တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာလဲသိကြပါတယ်။
နောက်တစ်မျိုးက သဘာဝအပင်ကအနံ့ ညမွှေးပန်းနံ့၊ ယုဇန ( တချို့ကတော့ အရမ်းကြိုက်ကြပါတယ်)၊ ဆောင်းတွင်းမှာပွင့်လေ့ရှိတဲ့ သဘာဝပင်မြင့်ပန်း (ချင်းမိုင်မှာသာတွေ့ဖူးတာပါ)၊ အဆုပ်လိုက်ပွင့်ပါတယ်၊ အနံ့တွေစူးရှလွန်းတာကြောင့်အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

မကောင်းတဲ့အနံ့ကလူကိုစိတ်အနှောင့်ယှက်ပေးနိုင်သလို မွှေးတဲ့အနံ့တွေကတော့ လူကိုစိတ်ကြည်နူးစေပါတယ်၊ ခုခေတ်မှာတော့ အမွှေးနံ့သာနဲ့လုပ်တဲ့ဖယောင်းတိုင်တို့၊ ပန်းပေါင်းစုံတွေနဲ့ရေချိုးတာတို့၊သဘာဝအသီးနံ့နဲ့လုပ်တဲ့ အဝတ်ဗီဒိုထဲထည့်တဲ့ အမွှေးတုန်းခဲတို့၊ အခန်းထဲဖျန်းတဲ့ဆေးတို့၊ ကားထဲထည့်တဲ့ရေမွှေးခဲတို့၊ စပါးလင်နဲ့လုပ်တဲ့ခြင်နှင်ဆေးတို့၊ မန်ကျည်းသီးဆပ်ပြာ၊ သဘောင်္သီးဆပ်ပြာ၊ ပျားရည်နဲ့လုပ်တဲ့ဆပ်ပြာ စသည်ဖြင့် အမျိုးစုံလင်အောင်ထုတ်လုပ်ကြပါတယ်၊ အနံ့လေးကသင်းရုံလေးနဲ့အာနိသင်လဲရှိတာမို့ လူကြိုက်များပါတယ်။

တချို့တွေက ပန်းပွင့်တွေနဲ့ ပန်းရနံ့တွေနဲ့ မုန့်လုပ်တယ်၊ အဖျော်ရည်လုပ်ပါတယ်၊သင်းရုံလေးပဲဆိုရင်စားလို့ကောင်းပေမဲ့ ၊ များလွန်းရင်လဲ မုန့်အရသာပျက်စေပါတယ်။

တခါတလေမှာလူတွေကထွက်တဲ့ချွေးနံ့၊ ဆိုးရွားတာကသူတို့ကိုယ်၌က သူ့အနံ့ထွက်မှန်းမသိပဲ ဘေးကလူတွေမှာ ခေါင်းကိုက်မတတ်ခံစားရတာပဲ၊ဒီလိုကိစ္စမျိုးက ပြောတော့လဲ သူရှက်သွားမလားပဲ လို့အားနာနေတာနဲ့ပဲ ပြောမထွက်ကြဘူး၊ အဲ့ထက်ဆိုးတာက အမွှေးနံ့သာတွေသုံးဖို့တားမြစ်ထားတယ်ဆိုတဲ့တယူသန်ဘာသာရေးသမားတွေပါ။

အနံ့အသက်ကြိုက်တဲ့လူတွေထဲမှာထူးထူးခြားခြား ဓါတ်ဆီနံ့ကြိုက်တဲ့သူကိုတွေ့ဖူးသလို၊ ကိုယ်တိုင်မသောက်ပဲဆေးလိပ်နံ့ကြိုက်တယ်ဆိုတဲ့လူတွေလဲတွေ့ဖူးပါတယ်။



ဆေးလိပ်ကိုသောက်သူက အငွေ့ကိုမှုတ်ထုတ်ပေမဲ့ ဘေးကလူတွေက မသောက်ပဲ မထင်မှတ်ပဲရှုမိတတ်တယ်၊ ရှောင်မရအောင် ဆေးလိပ်သောက်သူတွေရှိတဲ့ဘေးပတ်ဝန်းကျင်မှာနေရတာဆိုးပါတယ်။ ဆေးလိပ်ကကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်ဆိုလဲမမှု၊ မိခင်ဆေးလိပ်သောက်ရင်မွေးလာမဲ့ကလေးကအဂါင်္မစုံဖြစ်တတ်တယ်ဆိုလဲမကြောက်၊ စီးကရင်ဗူးတွေမှာ သွားတွေပျက်ဆီးတဲ့ပုံတွေအဖုံးမှာပြထားလဲမကြောက်။

 သောက်သူသာဖြစ်ရင်ဘာအရေးလဲ၊ တချို့များကားတဖက်မောင်းပြီး လက်တဖက်ကအပြင်ထုတ်ပြီးကားမောင်းသေးတာ၊ ဆိုင်ကယ်မောင်းသူတချို့ကလဲ မောင်းရင်းတန်းလန်း လက်ထဲစီးကရက်နှင့် ၊ တလမ်းထဲသွားရမယ်၊ ကိုယ့်ဆိုင်ကယ်ကသူတို့ နောက်မှာဖြစ်နေမယ်ဆိုရင်တော့ စီးကရက်နံ့ရှုပြီးလိုက်ပေရာ့၊ ခေါင်းနောက်ပေရော့၊ ဘေးပတ်ဝန်းကျင်ကိုဂရုစိုက်ရမှန်းမသိတတ်တဲ့၊ မလေးစားတဲ့လူတွေရှိသရွေ့တော့ရောဂါလဲရမှန်းမသိရနိုင်တာပဲ။

အနံ့ကလူတွေရဲ့စိတ်ကို၊လူကိုလန်းဆန်းစေတယ်၊ စိတ်ညစ်ညူးစေတယ် ဆိုရင် အနံ့ရဲ့လူတွေအပေါ် သြဇာသက်ရောက်မှုကြီးပါတယ်။
သင့်အနေနဲ့ရော ဘယ်လိုအနံ့တွေနဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုသြဇာ
သက်ရောက်စေမှာလဲ။

ပိတောက်


https://www.facebook.com/photo.php?fbid=10203951687945339&set=a.1055992772842.

“ မေတ္တာရှေ့ထား တုံ့ပြန်ပါ ”

$
0
0
                     



“ ကိုယ်နေနေရတဲ့( Society ) မှာကနှုတ်စည်းကမ်းရှိတဲ့သူတွေရှိသလိုနှုတ်စည်းကမ်းမရှိတဲ့သူတွေလည်း
ရှိနိုင်တယ်။ ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေရဲ့စကားတွေကို လိုက်ပြီးတော့ပြဿသနာဖြစ်နေရင်တော့ ဆုံးနိုင်မှာ
မဟုတ်တော့ဘူးတဲ့။ အဲဒါကိုတော့မြတ်စွာဘုရားက မေတ္တာနှလုံးအစဉ်သုံးတဲ့။ ဒီလိုဟောခဲ့ပါတယ်။
ဘာပဲပြောပြော မေတ္တာနဲ့သာတုန့်ပြန်ပါတဲ့။

နံပါတ် (၁) က စိတ်မဆိုးမိအောင်လို့ထိန်းလိုက်ပါ။

နံပါတ်(၂)က တကယ်လို့ စိတ်မထိန်းနိုင်လို့ဒေါသဖြစ်မိရင်လည်း မကြားဝံ့မနာသာ
စကားတွေနဲ့ မတုံ့ပြန်လိုက်ပါနဲ့တဲ့။

လူက ကိုယ့်ကို လာပြီးဆဲရင် ပြန်ပြီးတော့ဆဲတတ်ကြတယ်နော်။ ဒါကြောင့် ယုတ်ယုတ်
မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့လို့ ပြောတာ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ဒါက မျိုးသိပ်နိုင်တဲ့အဆင့်အထိ ပြောတယ်။
တချို့က ပြောသေးတယ်။ မျိုးသိပ်ရတာများလာရင် ပေါက်ကွဲကုန်မယ်နော်တဲ့။

တစ်နည်းအားဖြင့် သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်။ ဒါကြောင့်မို့
မပေါက်ကွဲရအောင် ဘယ်လိုလုပ်ရမလဲဆိုရင်-

(၃) ဒီစကားပြောလာတဲ့ ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါတဲ့။

ဟော - စိတ်ဓာတ်ကို ပြောင်းလိုက်တာနော်။ဟုတ်တာကော၊ မဟုတ်တာရော ပြောလာတဲ့
ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ် မွေလိုက်ပါ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ။

(၄) စတုတ္ထအချက်ကတော့ - ဒီလိုပြောတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကို လိုလားတဲ့စိတ်နဲ့တကယ့်ကို မေတ္တာပို့ပေးပါ။

သူ့ကိုပဲ ကြည့်ပြီးတော့ မေတ္တာပွားပေးပါ။ဒီလိုမှမလုပ်ရင် ပေါက်ကွဲသွားနိုင်တာကိုး။

အဲဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကိုဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -
- ပထမအချက်က ပြောလာတဲ့ သူကို စိတ်မဆိုးမိအောင်စိတ်ကို ထိန်းလိုက်ပါ။
- ဒုတိယက ကြမ်းတမ်းတဲ့စကားတွေနဲ့မတုံ့ပြန်ပါနဲ့တဲ့။
- တတိယကတော့ အဲဒီပုဂ္ဂိုလ်ရဲ့ အကျိုးကိုလိုလားတဲ့ စိတ်ကလေးမေတ္တာစိတ်ကိုမွေးလိုက်ပါတဲ့။ ပိုပြီးတော့ ခိုင်မာလာအောင်အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါတဲ့
လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပါဘူး။ဒါပေမယ့် လေကျင့်ယူရမှာ ဖြစ်တယ်။ လေ့ကျင့်ရင်တော့ အောင်မြင်နိုင်တယ်။

- ( ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ )

{ မေတ္တာနှလုံးအစဉ်သုံးမှ ကောက်နုတ်ဖော်ပြချက်ဖြစ်သည်။ }

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 

အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ

$
0
0


ဒေါ်လှရီ (ဓာတ်ပုံ - သီဟ)
 
‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီသည် လူသာမန်တို့မရောက်လို၊ မနေလိုသည့် နေရာတစ်ခုတွင် သားသမီးများနှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျားတစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်းသုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။

လူမစည်ကားအပ်သည့် နေရာများဟု သတ်မှတ်ကြသည့် ဆေးရုံ၊ တရားရုံး၊ သင်္ချိုင်းကုန်း စသည့်နေရာများနှင့် တွဲစပ်၍ လုပ်ကိုင်စားသောက်နေရသည့် အောက်ခြေအလုပ်သမားများကို လူမှုအသိုင်းအ၀ိုင်းက ယခုအချိန်ထိ အမြင်ကြည်လင်ခြင်းမရှိသေးပေ။ အထူးသဖြင့် ဆေးရုံများရှိ ရေခဲတိုက်အလုပ်သမားများနှင့် သင်္ချိုင်းကုန်းများရှိ ခေါင်းတလားဖြင့် စီးပွားရေးလုပ်စားကြသူများသည် သာမန်လူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ရန်ခက်ခဲသည့် အနေအထားတွင်ပင် ရှိသေးသည်။

ထိုသူများထဲတွင် ဒေါ်လှရီလည်း တစ်ဦးအပါအ၀င်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီလုပ်စားရသည့် အလုပ်မှာ တခြားခေါင်းတလားအလုပ်ဖြင့် စီးပွားရှာသူများကဲ့သို့ ခေါင်းတလားရောင်းခြင်းမဟုတ်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများ လုပ်လေ့မရှိသည့် ဆိုက်ကားနင်းသည့်အလုပ်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီသည် သွားလာလှုပ်ရှားနိုင်သည့် လူများကို လိုရာခရီးသို့ လိုက်ပို့ပေးရသည့် ဆိုက်ကားနင်းခြင်းအလုပ်မဟုတ်ဘဲ ခေါင်းတလားများအား ဆိုက်ကားဖြင့် သယ်ပို့ပေးရသည့်အလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုနေသည်။

ဗဟန်း၊ ရွှေတိဂုံစေတီမြောက်ဘက်မုခ်အနီးတွင် မွေးဖွားလာခဲ့သည့် ဒေါ်လှရီသည် အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ အလုပ်ရှိရာနောက်သို့ လိုက်လာရင်း ယခုရေဝေးသုသာန်အနီး ခေါင်းတလားများရောင်းချသည့် ဆိုင်ခန်းတစ်ခုတွင် ဆိုင်ခန်းရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်နေသူဖြစ်သည်။ ခင်ပွန်းမှာ ယခင်ကပင် ထိုအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် ဒေါ်လှရီလည်း သျှောင်နောက်ဆံထုံးပါ လိုက်လာရင်းပင် ထိုအသိုင်းအ၀ိုင်းထဲတွင် ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း ခင်ပွန်းဖြစ်သူက ယမကာရဲ့ကျေးကျွန်ဖြစ်ကာ အလုပ်လုပ်ကိုင်ခြင်းမရှိတော့သည့် အခြေအနေတွင် မိသားစုစားဝတ်နေရေးအတွက် ဒေါ်လှရီ ယခုအလုပ်ကို အရဲစွန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျသည့် ဒေါ်လှရီသည် အသက်(၂၈)နှစ်အရွယ်တွင် ယခုအလုပ်ကို စလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ခါစအချိန်များက ခေါင်းတလားသယ်သည့် အလုပ်အပြင် စီးနင်းလိုသူများအား လိုရာခရီးသို့ လိုက်ပို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းတလားသယ်သည့် အလုပ်သာ အလုပ်များလာခဲ့သည်ဟုဆိုသည်။

‘‘ယောက်ျားက မူးပဲနေတော့ ယောက်ျားကို မခံချင်တာနဲ့ ဆိုက်ကားဝင်နင်းခဲ့တာပါ’’ဟု ဒေါ်လှရီက ဆိုက်ကားဖြင့် ခေါင်းတလားစသယ်ဖြစ်ပုံကို ဖွင့်ဟသည်။
ဒေါ်လှရီ အလုပ်လုပ်စက ယခုရေဝေးသုသာန်မပေါ်မီ ယခင်သုသာန်အဟောင်းနေရာတွင် စလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က အခြားအမျိုးသားဆိုက်ကားနင်းသူများနှင့် အပြိုင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။
‘‘ရေဝေးမတိုင်ခင် ရေဝေးအနောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီကတည်းက လုပ်ခဲ့တာ။ မနက်တိုင်းလည်း မထသ ၃၇ ဂိတ်ကို လေးနာရီအရောက်သွားပြီး ခရီးသည်ကြိုဆိုက်ကားနင်းတယ်။ အမျိုးသားဆိုက်ကားနင်းသူတွေနဲ့ အပြိုင်ပဲ အဲဒီတုန်းက ဆိုက်ကားက ငါးစီးလောက်ပဲ ရှိသေးတယ်’’ဟု ဒေါ်လှရီက သူ၏အလုပ်ဘ၀အစပိုင်းအချိန်များကို ပြောပြသည်။

ယခုအချိန်ထိလည်း အချို့သော ခေါင်းတလားလုပ်သူအချို့နှင့် အလုပ်သမားများက ဈေးသွားလိုသည့်အခါတွင် ရံဖန်ရံခါ လိုက်ပို့ပေးရသေးသည်ဟု ဆိုသည်။ ဒေါ်လှရီအလုပ်လုပ်ခါစက ခေါင်းတလားတစ်လုံးအား ခရီးဝေးသို့ လိုက်ပို့ရလျှင် ငါးရာကျပ်သာရရှိခဲ့သော်လည်း ထိုအချိန်များက နေ့စဉ်ဝင်ငွေ တစ်သောင်းခန့် ပျမ်းမျှရသည်ဟု ဆိုသည်။ ယခုနောက်ပိုင်းတွင်တော့ သူမ၀င်ငွေ လျော့ကျလာသည်။ ခေါင်းတလားဆိုင်တန်းများက ရေဝေးအအေးတိုက်သို့ ခေါင်းတစ်လုံးပို့ရလျှင်
 နှစ်ရာကျပ်နှင့် အနီးနားဒေသများဖြစ်သည့် ကုန်းတလပေါင်ကဲ့သို့ နေရာများအထိ ပို့ရလျှင် ကျပ်ခြောက်ထောင်အထိရရှိသည်ဟု ဆိုသော်လည်း သူ၏တစ်နေ့ဝင်ငွေမှာ ပျမ်းမျှသုံးထောင်ဝန်းကျင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် လူအများက နာရေးကိစ္စများတွင် ပြင်ပသို့ အားမကိုးတော့ခြင်းကြောင့်ဟု ဆိုသည်။ ‘‘အသက် ၂၈ နှစ်လောက်တုန်းကတော့ တစ်နေ့ကို တစ်သောင်း၊ တစ်သောင်းကျော်ကျော်လောက် ရတာပေါ့။ အခုတော့ အဲဒီလောက်မရတော့ပါဘူး။ အဖွဲ့အစည်းတွေလည်း ပေါ်လာတာကိုး’’ဟု ဒေါ်လှရီက သူ၏လက်ရှိအလုပ်အကိုင်အခြေအနေကို ပြောပြသည်။

ဒေါ်လှရီနေထိုင်ရာနေရာသည် ရပ်ကွက်နှင့် သိပ်အလှမ်းဝေးလှသည် မဟုတ်သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တော့ ခပ်စိမ်းစိမ်းပင်နေသည်ဟု သူကဆိုသည်။ ‘‘အခေါင်းအလုပ်ကို လုပ်နေတော့ သူတို့က စဏ္ဍာလလို့ သတ်မှတ်ထားကြတယ်လေ။ ထိုအခြေအနေဖြစ်နေသော်လည်း ဒေါ်လှရီတွင် စိတ်ပျက်အားငယ်မှုကို မတွေ့ရပါ။ သူ့သားသမီးများနှင့် ဘ၀ကို ရဲရဲတင်းတင်းပင် ဖြတ်သန်းနေသည်။ ခင်ပွန်းဖြစ်သူ ယမကာကျေးကျွန်ဖြစ်ပြီးနောက် အိမ်ထောင်စုဝင်ငွေကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပြီး ခင်ပွန်းအား အိမ်တွင်နေစေကာ သောက်လိုသမျှ ခွင့်ပြုခဲ့သည့် ဒေါ်လှရီသည် ခင်ပွန်းဆုံးပါးသွားချိန်တွင်လည်း သူ့အတွက် ထူးခြားမှုမရှိခဲ့ဘဲ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ မိသားစုအတွက် အဓိက၀င်ငွေကို ရှာဖွေပေးနေသည်။

သားသမီးခြောက်ဦး၏မိခင် ဒေါ်လှရီသည် ငယ်စဉ်ကပင် မိခင်၊ ဖခင်များ ဆုံးပါးသွားခဲ့သဖြင့် ပညာရေးကံအားနည်းခဲ့သူဖြစ်သည်။ သူတို့၏ ဘ၀ဖြတ်သန်းမှုအရလည်း သားသမီးများအား ပညာရေးအမွေ ကောင်းစွာပေးနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဖြင့်ပင် သားသမီးများအား ကျောင်းမှနုတ်ပယ်ကာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်စေခဲ့သည်။ သူ၏ သားသမီးများသည်လည်း သူ့လိုပင် ရေဝေးသုသာန်ကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည်။
သို့သော် ဒေါ်လှရီသည် လက်ရှိတွင် အလုပ်အကိုင်ရှိသည့် သားသမီးများ၏ ထောက်ပံ့မှုကိုမရရှိဘဲ သူ့ဝမ်းသူကျောင်းကာ အတူနေသမီးနှစ်ယောက်နှင့် ဘ၀ကို ဖြတ်သန်းလျက်ရှိသည်။

အဖွဲ့အစည်းများ ပေါ်ပေါက်လာသဖြင့် ၀င်ငွေလျော့ကျလာသည့် ဒေါ်လှရီသည် သူ၏ လျော့ကျသွားသည့်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပြန်ဖြည့်သည့်အနေဖြင့် ရေဝေးသုသာန်ရှိ အလုပ်သမားများအား ထမင်းချိုင့်ပို့ခြင်းအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။
မြန်မာမုန့်များလုပ်ရောင်းသည့် မျိုးရိုးမှ ဆင်းသက်လာသည့် ဒေါ်လှရီသည် သူ့တွင် အခြားအလုပ်တစ်ခုရွေးချယ်ရန် အခွင့်အလမ်းရှိပါက ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရောင်းချလိုသည့် ဆန္ဒရှိသည်ဟုဆိုသည်။

သို့သော် အိမ်ထောင်ရေးကံမကောင်းခဲ့သူ ဒေါ်လှရီသည် လက်ရှိ သူလုပ်ကိုင်ရာ အလုပ်ကိုပင် အသက်ထက်ဆုံး လုပ်ကိုင်သွားရမည်ဟု ယူဆနေသူဖြစ်သည်။ ‘‘အလုပ်ကတော့ အသက်မသေမချင်း လုပ်စားနေရမှာပဲ’’ဟု မျက်နှာတွင် သနပ်ခါးအဖွေးသားလိမ်းထားသော ဒေါ်လှရီကပြောသည်။ သူ၏မျက်လုံးများကတော့ မပြီးဆုံးသေးသည့် ဘ၀တိုက်ပွဲကို တွေးတောရင်း မျှော်ငေးလျက်။


http://www.7daydaily.com/story/20303#.VBGt4GOM-Sp

ဂျပန်နိုင်ငံက ယုန်ကျွန်း

$
0
0




Ōkunoshima လို့ အမည်ရတဲ့ ကျွန်းဟာ ဂျပန်နိုင်ငံ ပိုင် ကျွန်းတစ်ကျွန်း ဖြစ်ပြီး ၂.၅ မိုင်သာ ကျယ်ဝန်းပါတယ်။ ယင်းကျွန်းမှာ ထူးခြားချက်က ယုန်ပေါင်း မြောက်များစွာ အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါတယ်။

ကမ္ဘာစစ် ကာလက ဂျပန်တို့ အတွက် ဓာတု အဆိပ်မျာ ထုတ်လုပ်တဲ့ ကျွန်း ဖြစ်ခဲ့ပြီး အဆိပ်တန်ပေါင်း ၅၀၀၊ ၆၀၀ မက ထုတ်လုပ်ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော လျှို့ဝှက်လက်နက် စမ်းသပ်တဲ့ နေရာဖြစ်ပြီး ယနေ့တိုင်လည်း ဓာတု လက်နက် စက်ရုံ ဟောင်းများကို နေရာတိုင်းမှာ မြင်တွေ့ နေရပါသေးတယ်။ ယင်းက ရတဲ့ ပစ္စည်းများကို တရုတ်ပြည် စစ်ပွဲမှာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်က စလို့ ယင်းနေရာဟာ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်တဲ့ နေရာ တစ်ခု ဖြစ်လာပါတယ်။

ဟိုတယ်ရှိတယ်။ ဂေါက်ကွင်းရှိတယ်။ အပန်းဖြေစရာ နေရာ ရှိပြီး စက်ရုံဟောင်း များကိုလည်း လည်ပတ်နိုင်ပါတယ်။ ထူးခြားချက် ကတော့ နေရာတိုင်းမှာ ယုန်တို့ ပြေးလွှား သွားလာနေခြင်း ဖြစ်ပါတယ်။ ဖမ်းဆီး သတ်ဖြတ်ခြင်းကို အရေးယူ တားမြစ် ပါတယ်။ လူဦးရေထက်တောင် များပြားနေတဲ့ ယုန် အရေအတွက်က လူတို့နဲ့ ရင်းနှီးကျွမ်းဝင်လာပြီး လူတွေနောက်ကို အစားအစာ ရဖို့ အတွက် လိုက်တတ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် များကို နောက်ကို လိုက်လို့ အစာတောင်းတဲ့ ယုန်များဟာ ချစ်ျန်းစဖွယ် ဖြစ်ပြီး လည်ပတ်သူတို့ကို စွဲဆောင်နိုင်ခဲ့ ပါတယ်။ ဒါကြောင့်မို့ Ōkunoshima ကို ယုန်ကျွန်း အဖြစ် အမည်တွင် စေခဲ့ ပါတယ်။
.
Ref:wiki,Dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

ပိန်သွယ်သော အမျိုးသားတို့ ကိုယ်အလေးချိန် မြင့်တက်လာစေရန်

$
0
0

သင့်ခန္ဓာကိုယ်က အရပ်အမောင်းနဲ့ မလိုက်အောင် ပိန်သွယ်နေရင် ကိုယ်အလေးချိန်မြင့်တက် လာစေမယ့် နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။
(၁) ရေသောက်ပါ

ရေအလုံအလောက် သောက်တာက ကိုယ်အလေးချိန် မြင့်တက်မှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ကိုယ်အလေးချိန် မြင့်တက်အောင် ကြိုးစားနေချိန် ကျန်းမာဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေရရှိဖို့ ရေများများသောက်တာက အထောက်အကူပေးတဲ့ အချက်ဖြစ်ပါတယ်။

(၂) ယခုထက် ပိုစားပါ

နှစ်ပတ်အတွင်း ကိုယ်အလေးချိန်များများ မတက်လာဘူးဆိုရင် တစ်နေ့မှာ ကယ်လိုရီ ၂၅၀ ခန့် ထပ်တိုးပြီး စားသင့်ပါတယ်။ ကယ်လိုရီ ရရှိစေဖို့ ပေါင်မုန့်ညို၊ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အခွံမာစေ့တွေ ထပ်တိုးစားသင့်ပါတယ်။

(၃) နေ့တိုင်း ကယ်လိုရီရယူမှုကို မြှင့်တင်ပါ

တစ်နေ့မှာ အစာကို နည်းနည်း နည်းနည်းနဲ့ လေး-ငါးကြိမ်ခန့် စားပေးပါ။ ဒါက ပိန်သွယ်တဲ့ အမျိုးသားတွေအနေနဲ့ တစ်နေ့မှာ အစာကို မကြာခဏ စားပေးသင့်ပါတယ်။

(၄) ခန္ဓာကိုယ်အလေးချိန်အတွက် ရည်မှန်းချက်ထားပါ

ကိုယ်အလေးချိန်ကို တိုင်းတာပြီး တစ်လအတွင်း ကိုယ်အလေးချိန် ဘယ်လောက်အထိ တိုးလာအောင် လုပ်မယ်ဆိုကာ ကြိုးစားပါ။ ပိန်သွယ်တဲ့ ခန္ဓာကိုယ်ကို အဆီတွေ တိုးလာမယ့်အစား ကြွက်သားထုထည် တိုးအောင် လေ့ကျင့်ခန်းလုပ်ပါ။

(၅) ကယ်လိုရီ တွက်ချက်ပါ

ဝလာစေဖို့ အစားအသောက်ကို အဆီအအိမ့်စာတွေ၊ အချိုစာတွေ ပြောင်းစားမယ့်အစား ကိုယ်စား နေကျ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာပမာဏကိုသာ မြှင့်တင်ပေးပါ။ အရင်က ထမင်းတစ်ပန်းကန်စားခဲ့ရင် တစ်ပန်းကန်ခွဲ စားနိုင်အောင် ကြိုးစားပါ။

(၆) အလေးမပါ

အစာကို အာဟာရပြည့်အောင် စားပြီး လေ့ကျင့်ခန်းလုပ်ပေးတာက ကျန်းမာစေပြီး ကိုယ်ခန္ဓာ သန်စွမ်းဖျတ်လတ်စေပါတယ်။ အလေးမတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာကြောင့် တိုးလာတဲ့ ကယ်လိုရီတွေဟာ ကြွက်သားတွေအဖြစ် ကူးပြောင်း သွားစေနိုင်ပါတယ်။ အစပိုင်းမှာ တစ်ပတ်မှာ နှစ်ရက်ခန့် အလေးမပေးပါ။ နောက်မှ တဖြည်းဖြည်း တိုးပြီး တစ်ပတ်မှာ အနည်းဆုံး ငါးရက်ခန့် အလေးမလေ့ ကျင့်ခန်းလုပ်ကာ ကြွက်သားထုထည် တည်ဆောက်ပေးပါ။

(၇) အိပ်ရေးဝဝ အိပ်စက်အနားယူပါ

တစ်ည အနည်းဆုံး အိပ်ချိန်ရှစ်နာရီရှိတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပေးကာ စွမ်းအင်တွေ တိုးစေပါတယ်။
http://www.searchmyanmar.com/link/comment/cid/41397#content-41397
Good Health 


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

ကျန်းမာစေရန် ရောင်စုံစားပါ

$
0
0




သင်ရဲ့ ထမင်း ပန်းကန်ထဲမှာ သက်တံရောင် အစားအစာတွေ ရှိနေတာဟာ နုပျို ကျန်းမာ စေတာကြောင့် သင့်ပန်းကန်ထဲမှာ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အဖြူရောင်နဲ့ အပြာရောင်ရှိတဲ့ အစားအသောက်တွေ ပါဝင် သင့်ပါတယ်။

အနီရောင်

အရသာရှိတဲ့ အနီရောင် အစားအသောက် တွေကို စားပေးတဲ့အခါ အနီရောင် အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်တွေမှာ အင်သိုဆိုင်ယာနင် ပါဝင်နေတာ ကြောင့် ဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကို အကာအကွယ် ပေးနိုင်ပါတယ်။ အနီရောင်ရှိတဲ့ အစားအစာတွေကတော့ စတော်ဘယ်ရီသီး၊ အနီရောင် ပန်းသီးနဲ့ ငရုတ်သီး အနီ၊ သလဲစေ့ စတာတွေပဲ ဖြစ်ကြပါတယ်။ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကိုလည်း ကျန်းမာစေပါတယ်။

လိမ္မော်ရောင်နှင့် အဝါရောင်

ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့လို အဝါရောင်နဲ့ လိမ္မော်ရောင် ရှိတဲ့ အစား အစာတွေကို စားပေးရင် အမြင်အာရုံကို ကောင်းမွန်စေပြီး ခုခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ အဝါရောင် အသီးအနှံတွေထဲမှာ ပါဝင်တဲ့ ဘီတာ ကယ်ရိုတင်းတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါမှာ ဗီတာမင်အေ အဖြစ် ပြောင်းသွားတာကြောင့် ကင်ဆာ ရောဂါနဲ့ နှလုံးရောဂါ အန္တရာယ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် ချဉ်တဲ့ အသီးအနှံတွေမှာ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ်လည်း ပါဝင်နေတာကြောင့် ဖရီးရယ်ဒီ ကယ်တွေကို ကင်းဝေးစေပြီး ခုခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ်။

အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်
အစိမ်းရောင်

အစိမ်းရောင် အစားအစာထဲမှာ ပါတဲ့ ကလိုရိုဖီးတွေဟာ သွေးဆဲလ် ထုတ်လုပ်မှု အားကောင်း စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစိမ်းရောင် အစားအစာ တွေထဲမှာ လူတင်ဓာတ် ပါဝင်တာကြောင့် အတွင်းတိမ်ရောဂါ အန္တရာယ်နဲ့ အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးတာကို လျော့ကျ စေနိုင်ပါတယ်။ အစိမ်းရောင် အစား အစာတွေ ကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ရွက်လိပ်ဂေါ်ဖီထုပ် စတာတွေပဲ ဖြစ်ကြပါတယ်။ အဖြူရောင် သစ်တော်သီး၊ အခွံမာသီးနဲ့ သီဟိုဠ်စေ့လို အစေ့အဆန်တွေမှာ အန်သို ဆိုင်ယာနင်တွေ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စထရော ပမာဏကို လျော့ကျ စေပါတယ်။

အဖြူရောင်

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ ထဲမှာလည်း ကွာဆီတင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှု လျော့ကျ စေကာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေပါတယ်။ ပဲပိစပ်၊ အဖြူရောင်ပဲ၊ ဘာလီစေ့နဲ့ ထမင်းတွေဟာလည်း သင်စားသင့်တဲ့ အဖြူရောင် အစားအစာတွေပဲ ဖြစ်ကြပါတယ်။

ကြယ်စင်

Aye Chan Mon Credit To;မြ၀တီ
 

ဘာကြောင့် ငိုတာလဲ

$
0
0


နှုတ်ခမ်းတွေ တုန်ယင်လာမယ်၊ မျက်လုံးတွေက နီရဲစိုစွတ်လာမယ်၊ ပြီးရင် မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မျက်ရည်တွေ စီးမကျလာအောင် ထိန်းထားမယ်။ ဒီနည်းနဲ့ မျက်ရည်တွေကို မထိန်းထားနိုင်ရင်တော့ ငိုတယ်ဆိုတာ ဖြစ်လာပါပြီ။


ငိုတယ်ဆိုတာ မထူးဆန်းပါဘူး။ မိခင်ဝမ်းဗိုက်ထဲက ထွက်လာကတည်းက လူတွေဟာ ဘဝတခုကို ငိုခြင်းနဲ့ စတင်ခဲ့ကြတာပါ။ ဒါပေမဲ့ အရွယ်ရောက်ပြီးသူတွေအတွက်တော့ ငိုတာနဲ့ ပတ်သက်ပြီး တယောက်နဲ့တယောက် ကွဲပြားခြားနားမှုတွေ ရှိလာပါတယ်။


တချို့လူတွေဟာ အငိုလွယ်တတ်ကြပြီး တချို့လူတွေကတော့ လုံးဝကို မငိုကြပါဘူး။ အငိုလွယ်လွန်းပြီး မကြာခဏ ငိုတတ်ကြသူတွေဟာ သူတို့ဘယ်အချိန်က နောက်ဆုံးငိုခဲ့တယ်ဆိုတာကိုတောင် မမှတ်မိနိုင်လောက်အောက်ပါပဲ


အောက်ပါတို့ဟာ ငိုခြင်းနဲ့ပတ်သက်ပြီး အနောက်တိုင်းဆေးပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေ
လေ့လာတွေ့ရှိထားသမျှ အကြောင်းအရာတွေ ဖြစ်ပါတယ်။


သင် ဘာကြောင့် ငိုတာလဲ---
သင်ဟာ ပျော်တဲ့အခါ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ ငိုတာပါ။ ငိုတယ်ဆိုတာဟာ ခံစားမှုတခုခု အများအားဖြင့် ဝမ်းနည်းမှုနဲ့ နာကျင်မှုတွေကို သဘာဝအတိုင်း စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတခု ဖြစ်ပါတယ်။ ဒါ့အပြင် ခံစားမှုတွေနဲ့အတူ စွမ်းအင်တည်ဆောက်ခြင်းလည်း ဖြစ်နိုင်ပါတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာရှင် Stephen Sideroff က ဆိုပါတယ်။


ငိုတာဟာ ရှင်သန်မှုကို အထောက်အကူပြုတဲ့ ဖြစ်စဉ်တခုလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ တစုံတခုကို လိုအပ်တယ်ဆိုတာကို ဖော်ပြတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် တစုံတယောက်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့ ကြိုးစားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သင်ငိုတာကို စောင့်ကြည့်နေတဲ့ သူဆီမှ အထောက်အပံ့ကို
အောင်အောင်မြင်မြင် ရရှိစေမယ့် နည်းလမ်းတခုလည်း ဖြစ်ပါတယ်လို့ ဖလော်ရီဒါရှိ Tampa ဆေးရုံမှ အာရုံကြော စိတ်ပညာရှင် Jodi Deluca က ဆိုပါတယ်။


ဒီထက်ပိုအဓိကကျတဲ့အချက်ကတော့ ငိုတာမှာ ဇီဝဓာတုဆိုင်ရာ ရည်ရွယ်ချက်တခုရှိပါတယ်။ ငိုတာဟာ ခန္ဓာကိုယ်မှ ဖိစီးမှုဟော်မုန်း ဒါမှမဟုတ် အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်တဲ့ နည်းလမ်းတခု
ဖြစ်ပါတယ်လို့ ငိုခြင်းနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့တဲ့ Deluca က ဆိုပါတယ်။
 

ဘယ်သူတွေက ပိုငိုတတ်သလဲ---
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပါတယ်။ ဓလေ့ထုံးစံတွေအရလည်း အမျိုးသမီးတွေဟာ ပိုပြီးငိုခွင့်ရှိနေပါတယ်။အမျိုးသားတွေအတွက်တော့ ငိုတာဟာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာတခု ဖြစ်နေပါတယ်။


တချို့လူတွေက အငိုလွယ်ပြီး တချို့လူတွေက ငိုခဲတာအတွက်တော့ သုတေသီတွေက ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။ ပင်ကိုစိတ်ရင်းက အဓိကကျတယ်လို့သာ ယူဆထားကြပါတယ်၊ နောက်တချက်ကတော့ အတိတ်က စိတ်ဒဏ်ရာရဖူးတဲ့သူတွေဟာ ပိုငိုတတ်ကြပါတယ်။ အထူးသဖြင့် အတိတ်ရဲ့ လွှမ်းမိုးမှုက ရုန်းမထွက်နိုင်တဲ့သူတွေအတွက် ပိုမှန်ပါတယ်။
 

ငိုခြင်း၏ အကျိုးကျေးဇူး---
ငိုပြီးတဲ့နောက်မှာ စိတ်ပေါ့သွားတယ်ဆိုရင် ငိုလိုက်တာက ကောင်းတယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် ဒီလိုမဖြစ်နိုင်ပါဘူး။ ဒက်ခ်ျ အမျိုးသမီး ၂၀၀-နီးပါးကို လေ့လာတဲ့ သုတေသနတခုမှာ အများစုက ငိုပြီးတဲ့အခါ ခံစားမှုပိုကောင်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းအတွက် မဟုတ်ပါဘူး။ စိတ်ဓာတ်ကျဆင်းမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုကို တိုင်းတာစစ်ဆေးရာမှာ ရမှတ်မြင့်နေသူတွေဟာ ငိုပြီးတဲ့နောက် ခံစားမှုပိုဆိုးသွားတာကို တွေ့ရပါတယ်။


ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကို အတိအကျ မသိပေမယ့် စိတ်ဓာတ်ကျနေသူ ဒါမှမဟုတ် စိုးရိမ်ပူပန်နေသူတွေဟာ တခြားသူတွေလို ငိုပြီးတဲ့နောက် အကျိုးကျေးဇူးမရတာကိုတော့ သိရှိရပါတယ်။

Credit to ဆွေဆွေမျိုးနိုင်(ဆေးဝါးတက္ကသိုလ်)

Aye Chan Mon Credit To; နည်းစနစ်ကျကျအတွေးအခေါ်


https://www.facebook.com/excellencemedia/photos/a.329330483825158.78075.32239622

နိုဘယ်ဆုစတင်သူ အဲဖရက်နိုဘယ်

$
0
0
                      


==========================

နိုဘယ်ဆုဆိုတာကို ကောင်းကောင်းကြီးကြားဖူးမှာပါ
နိုဘယ်ဆုဆိုတာ အဲဖရက်နိုဘယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စတင်တည်ထောင်ချီးမြှင့်ပေးခဲ့တာလို့လည်း သိကြပါတယ်။ ဒါပေမယ့် အဲဖရက်နိုဘယ်ဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ကောင်းကောင်းမသိကြပါဘူး။
အဲဖရက်နိုဘယ်ဆိုတာ ယနေ့ခေတ်လူ ကျွန်တော်တို့အတွက် သူတော်ကောင်းတစ်ယောက်ဖြစ်ပေမယ့် သူ့ခေတ်သူ့အခါက လူတွေအတွက်တော့ သူဟာ ဗီလိန်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
အဲဖရက်နိုဘယ်ကို ၁၈၃၃ခုနှစ်မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ အဲဖရက်နိုဘယ်ဟာ သားသမီးရှစ်ယောက်ရှိတဲ့ မိသားစုမှာ လေးယောက်မြောက်သားဖြစ်ပါတယ်

အဲဖရက်နိုဘယ် အသက်ကိုးနှစ်အရွယ်မှာတော့ သူတို့မိသားစုဟာ ဆွီဒင်ကနေ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဲဖရက်ရဲ့ ဖခင်ဖြစ်သူ အီမန်နြူရယ်နိုဘယ်ဟာ တီထွင်သူအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့မှာ တော်ပီဒိုထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့်ဖြစ်ပါတယ်။

အဲဖရက်တို့ညီအစ်ကိုတတွေဟာ ရုရှားနိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားကလေးတွေဖြစ်နေတာမို့ ရုရှားစာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနိုင်ကြခြင်းမရှိတဲ့အတွက် အိမ်တွင်းမှာပဲ အိမ်တွင်းပညာရေးကို သင်ယူခဲ့ကြရပါတယ်။ ဆရာတွေကို အိမ်မှာ ခေါ်ယူသင်ကြားစေခဲ့တာပါ။
လာရောက်သင်ကြားပေးတဲ့ ရုရှားဆရာတွေထဲက တစ်ဦးကတော့ ရုရှားပညာရှင်ကြီးဖြစ်ပြီး အော်ဂင်းနစ်ဓာတုဗေဒပညာရပ်ရဲ့ ဖခင်ကြီးလည်းဖြစ်သူ နီကိုလိုင် နီကိုလာရဲဘိခ်ျ ဇီညင်ဖြစ်ပါတယ်။

ဆရာကြီးဟာ အဲဖရက်ရဲ့ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတွေကို စိတ်ဝင်စားလျက်ရှိခြင်းအား တိုးမြင့်လာစေခဲ့ပြီး အဲဖရက်ကို နိုက်ထရိုဂလစ်စရင်းနဲ့ ၄င်းရဲ့ ပေါက်ကွဲနိုင်စွမ်းဂုဏ်သတ္တိတွေအကြောင်း ပြောပြရှင်းလင်းနားလည်စေခဲ့ပါတယ်။

အသက်၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ဓာတုဗေဒကို စိတ်ဝင်စားသူလူငယ်ကလေး အဲဖရက်ဟာ ဥရောပမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့ပါတယ်။ သူဟာ ဒိန်းမတ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန်စတဲ့ တိုင်းပြည်တွေကို လှည့်လည်သွားလာခဲ့ပြီး များစွာသော ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံဆည်းပူးခွင့်တွေ ရရှိခဲ့ပါတယ်။

ပညာသင်ကြားခြင်းများ ပြီးဆုံးတဲ့အခါမှာတော့ အဲဖရက်ဟာ ရုရှား၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေမှာ သူ့ရဲ့ ဓာတုဗေဒသုတေသနလုပ်ငန်းတွေကို အကောင်အထည်ဖော်ပါတယ်။ အဓိက ကတော့ နိုက်ထရိုဂလစ်စရင်းအကြောင်းလက်တွေ့စမ်းသပ်ခြင်းတွေပါပဲ။ လက်တွေ့စမ်းသပ်မှုတွေဟာ အသက်အန္တရာယ်နဲ့ လက်တစ်ကမ်းဖြစ်ပေမယ့် အဲဖရက်က မလျှော့သောဇွဲ၊ မြဲမြံတဲ့ လုံ့လနဲ့ အစဉ်တစိုက် လုပ်ကိုင်နေခဲ့ပါတယ်။

များစွာသော စမ်းသပ်လုပ်ကိုင်မှုများအပြီးမှာတော့ အဲဖရက်ဟာ ပေါက်ကွဲအားပြင်းထန်တဲ့ ဒိုင်းနမိုက်ဆိုတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်တည်ဆောက်နိုင်လိုက်ပါတော့တယ်။
အဲဖရက်ဟာ ဒိုင်းနမိုက်ကို တီထွင်နိုင်ပြီးတဲ့အခါမှာပဲထိုခေတ်က လူ့အဖွဲ့အစည်းဟာ သူ့တီထွင်မှုကို ရန်လိုစွာ၊ မလိုလားစွာ တုန့်ပြန်ခဲ့ကြပါတယ်။

တကယ်တော့ ရထားလမ်း၊ အဝေးပြေးလမ်း၊ လိုဏ်ခေါင်းများနဲ့ ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ အဲဖရက်ရဲ့ တီထွင်မှုဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ တီထွင်မှုဖြစ်တာမို့ အဲဖရက်ကိုယ်တိုင်ဟာ ဘာကြောင့် လူ့အဖွဲ့အစည်းက မလိုလားသလဲဆိုတာကို အံ့သြနေခဲ့ရှာပါတယ်။
အဲဖရက်ရဲ့ ညီအစ်ကိုတွေဟာ ဒိုင်းနမိုက်ကြောင့် ရုရှားအင်ပါယာအတွင်း ရေနံရှာဖွေထုတ်လုပ်ရေး လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို အဲဖရက်ကိုယ်တိုင်လည်း ဒိုင်းနမိုက်ကြောင့် စီးပွားရေးအရ အောင်မြင်လာခဲ့ပါတယ်။

အဲဖရက်ဟာ ဒိုင်းနမိုက်ထုတ်လုပ်ဖို့ စက်ရုံပေါင်းများစွာကို ကမ္ဘာတစ်ဝှန်းမှာ တည်ထောင်နိုင်ခဲ့ပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေဟာ အဲဖရက်ရည်မှန်းသလို ခေတ်မီလူ့အဖွဲ့အစည်းတည်ထောင်ရန် လိုအပ်တဲ့နေရာမှာ သုံးကြရုံသာမက အဲဖရက်မမျှော်လင့်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေမှာပါ ထည့်သွင်းအသုံးပြုခြင်း ခံခဲ့ကြရပါတယ်။
ဒိုင်းနမိုက် မပေါ်ပေါက်ခင်က ယမ်းစိမ်းကဲ့သို့သော ရှေးရိုးပေါက်ကွဲပစ္စည်းများကိုသာ အသုံးပြုတဲ့ လက်နက်တွေဟာ တစ်ခါပေါက်ကွဲလျှင် တစ်စုံတစ်ယောက်သာ အထိအခိုက်ရှိနိုင်ခဲ့ပေမယ့်ဒိုင်းနမိုက်ပေါ်ပေါက်လာတဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များပါ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

သည်လိုနဲ့ ကောင်းတဲ့အကွက်ကို နည်းနည်းပဲမြင်ပြီး မကောင်းတာကိုပဲ များများမြင်တတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း လူထုဟာ အဲဖရက်ကို အမြင်စောင်း၊ မကျေမနပ်ဖြစ်နေကြပါတော့တယ်။
ဒါပေမယ့် အဲဖရက်ဟာ ဒါကို ဂရုမပြုနိုင်သေးဘဲ သူရဲ့လုပ်ငန်းတွေကြားမှာပဲ နစ်မြုပ်နေခဲ့ပါတယ်။
၁၉၈၈ခုနှစ်မှာတော့ အဲဖရက်ရဲ့ ဘ၀ကို အလှည့်အပြောင်းဖြစ်စေမယ့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လို့လာခဲ့ပါတယ်။

အဖြစ်အပျက်က ပြင်သစ်သတင်းစာတစ်စောင်ရဲ့ နာရေးသတင်းတစ်ခုပါ။
နာရေးသတင်းခေါင်းစဉ်ကတော့ “ သေမင်းတမန်ကုန်သည်ကြီး ကွယ်လွန်ရှာပြီ” လို့ဖြစ်ပြီး သတင်းထဲမှာတော့ ဒိုင်းနမိုက်တီထွင်သူ အဲဖရက်နိုဘယ် ကွယ်လွန်ပြီဖြစ်ကြောင်း လွဲမှားစွာ ရေးသားဖော်ပြခဲ့ပါတယ်။

နာရေးသတင်းထဲမှာတော့ အဲဖရက်ကို ဒိုင်းနမိုက်ဘုရင်ကြီး၊ သေမင်းတမန်ကုန်သည်ကြီး၊ သေခြင်းတရားပေါက်ကွဲမှုဖြစ်စဉ်ကုန်သည်ကြီး စသဖြင့် ဂုဏ်ပုဒ်များကို လှိုင်လှိုင်ဖော်ပြရေးသားခဲ့ပါတယ်။

မှားယွင်းမှုစစ်စစ်သော်လည်းကောင်း သို့မဟုတ် အရွဲ့တိုက်ရေးသားခဲ့ခြင်းသော်လည်းကောင်း ဖြစ်နိုင်ပေမယ့် ဘာပဲပြောပြော အမှားကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဲဒီသတင်းကို ဖတ်မိလိုက်တဲ့အခါမှာတော့ အဲဖရက်ဟာ လူထုရဲ့အမြင်မှာ ကမ္ဘာလုံးဆိုင်ရာဗီလိန်ကြီးတစ်ဦးဖြစ်နေပြီဖြစ်ကြောင်း သူ့ကိုယ်သူ သတိထားမိလိုက်ပါတော့တယ်။

အဲဖရက်ဟာ သူ့ရဲ့ တီထွင်မှုအတွက် ၀မ်းနည်းစွာ ခံစားရပြီး သည်အတွက် ကမ္ဘာ့လူထုကို တစ်ခုခု ပြန်ပေးဆပ်ဖို့လဲ စဉ်းစားလိုက်မိပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် ကမ္ဘာ့သမိုင်းမှာ ဗီလိန်ကြီးတစ်ဦးအဖြစ် မှတ်တမ်းမတင်စေလိုတာလည်း စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဲဖရက်ဟာ သူ့ရဲ့ ပိုင်ဆိုင်သမျှငွေကြေးများကို ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးလုပ်ဆောင်သူများကို အသိအမှတ်ပြု၊ ဆုချီးမြှင့်ဖို့ အစီအစဉ်တစ်ခု ချမှတ်ခဲ့ကာ သေတမ်းစာတစ်စောင် ရေးသားပါတော့တယ်။
သည်လိုနဲ့ပဲ ယနေ့အခါမှာ ကျွန်တော်တို့ သိနေတဲ့ နိုဘယ်ဆုနဲ့ နိုဘယ်ဆုချီးမြှင့်ရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့ပါတော့တယ်ခင်ဗျာ။

အဲဖရက်နိုဘယ်နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်အလက်များ
- - ဆေးလိပ်မသောက်၊ အရက်မကြိုက်၊ ဖဲမရိုက်၊ လောင်းကစားမလုပ်။
- - ဆိတ်ငြိမ်အေးချမ်းသော ဘ၀ပုံစံကို ကြိုက်နှစ်သက်သော်လည်း ဘ၀တစ်လျှောက်လုံး ရှုပ်ထွေးစည်ကားသော မြို့ပြဘ၀တွင်သာ ကျင်လည်ခဲ့ရ။
- - မိခင်ဆွီဒင်ဘာသာစကားအပါအ၀င်အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ် စသော ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်။
- - တေးသီချင်း၊ ၀တ္ထုနှင့် ကဗျာလင်္ကာအချို့ ရေးသားသီကုံးခဲ့။

Credit -Original Writer

Aye Chan Mon Credit To; The Express Times
 

မပြောင်းလဲသော အကျိုးတရားများ

$
0
0

                     

★ တစ်လောက ဂျာနယ်တစ်စောင် လက်ဆောင်ရလို့ ဖတ်ကြည့်တော့ တစ်နေရာမှာ တွေ့လိုက်ရတာက
ဘယ်မင်းသမီးလေးရဲ့ ဘယ်ပွဲတက်တဲ့ဝတ်စုံက သိန်း ဘယ်နှစ်ဆယ်၊ ဘယ် မင်းသမီးရဲ့ ပွဲတက်ဝတ်စုံက ဘယ်နှစ်သိန်းဆိုတာ ဖတ်လိုက်ရတော့။ သြော် သူတို့ တွေ ရုပ်ရည်ကလည်းလှ၊ စည်းစိမ်ဥစ္စာကလည်း ပေါ ကြွယ်ဝလို့ ရောက်လေရာနေရာမှာ အခြံအရံကလည်းပေါများ လှပါလားဆိုတာလေး တွေးမိလိုက်ပါတယ်။

★ သူတို့ရဲ့ဘဝပြည့်စုံကြွယ်ဝမှာပေါ့၊ ဒီလိုပြည့်စုံ ကြွယ်ဝစေတဲ့ အကျိုးတွေကို ခံစားရဖို့
အကြောင်း တွေက ပါလာတာကိုး။ သူတို့ရဲ့ ရေတွက်လို့ရနေသေး တဲ့ ပြည့်စုံချမ်းသာမှုလေးကို ခဏထားလိုက်ပါဦး။

★ ဘုရားလက်ထက်တော် တစ်ချိန်တုန်းက သာဝတ္တိ မြို့မှာ ထီးနန်းအုပ်စိုးတဲ့ ကောသလမင်းကြီးရဲ့ မိဖုရားကြီး မလ္လိကာဆိုရင် အင်မတန်မှ ချမ်းသာကြွယ်ဝပြီး
ဘုန်းကံကလည်း အလွန်ကြီးမားသလို အခြံအရံလည်း
ပေါများလှပါတယ်။ မိဖုရားကြီးဟာ အသဒိသဒါနရှင် ကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။

★ အသဒိသ ဒါနရှင်ဆိုတာကလည်း ဘုရားတစ်ဆူ ပွင့်မှ တစ်ယောက်သာပေါ်တာပါ။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ တိုင်းသူပြည်သားတွေနဲ့ ပြိုင်လှူတာ မိဖုရား ကြီးက နိုင်ပါသတဲ့။ ကောသလဘုရင်ကြီးရဲ့ မိဖုရား ခေါင်ကြီးလည်း ဖြစ်ပြန်တော့ အစစအရာရာ ပြည့်စုံကြွယ်ဝလှပါတယ်။
သူ့ရဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေက
အကျိုးပေးလို့ ချမ်းသာပြည့်စုံပေမယ့် မိဖုရားကြီးဟာ ခန္ဓာကိုယ်အချိုးအစားက သိပ်မလှ တဲ့အပြင် မျက်နှာကလည်း ကြည့်ပျော်ရှုပျော်လောက် ပဲရှိပါတယ်။

★ အဲဒါကို သူက စိတ်ထဲမှာ မတင်မကျဖြစ်နေတာ ပါ။သူဒီလောက်ပြည့်စုံကြွယ်ဝချမ်းသာနေပြီးမှ
ရုပ်ရည်ကျတော့ဘာကြောင့် လှပချောမောမှု မရှိတာ လဲဆိုတဲ့ အကြောင်းကို သူသိပ်သိချင်နေပါတယ်။
တစ်နေ့မှာတော့ သူ့စိတ်ထဲမှာ သိပ်သိချင်နေတဲ့ အကြောင်းအရာတွေကို မြတ်စွာဘုရားကို
မေး လျှောက်ဖို့အတွက် မြတ်စွာဘုရား သီတင်းသုံးနေတဲ့ ဇေတဝန်ကျောင်းတော်ကို ရောက်လာပါတယ်။

★ ဇေတဝန်ကျောင်းတော်ကို ရောက်တော့ မြတ်စွာဘုရားဆီချဉ်းကပ်လို့ အလွန်ရိုသေအလေးအမြတ်ပြု တဲ့
အမူအရာနဲ့ ရှိခိုးကန်တော့ပါတယ်။ နောက်ပြီး သင့်တော်တဲ့ တစ်နေရာမှာထိုင်လို့ သူသိချင်တာလေး ကို မေးမြန်းခွင့်ပြုဖို့ မြတ်စွာဘုရားဆီမှာ ခွင့်တောင်း ပြီး သူ့စိတ်ထဲမှာ သိပ်သိချင်နေတာတွေကို မေးပါ တော့တယ်။

★ သူမေးတဲ့မေးခွန်းက လေးခုပါ။ မိဖုရားကြီးက ''အရှင်ဘုရား လောကမှာ တချို့အမျိုးသမီးတွေဟာ
ရုပ်ဆင်းကလည်းမလှ ပစ္စည်းဥစ္စာကလည်း ဆင်းရဲ နွမ်းပါးပါတယ်။ အခြံအရံတန်ခိုးအရှိန်အဝါကလည်း နည်းပါးလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေက အဆင်းမလှပေမယ့် ချမ်းသာကြွယ်ဝပါတယ်။
အခြံ အရံပေါများပြီး တန်ခိုးရှိန်ဝါလည်း ကြီးမားလှပါတယ်။

★ တချို့အမျိုးသမီးတွေမှာတော့ရုပ်ဆင်းလှပေမယ့် ဆင်းရဲနွမ်းပါပြီး အခြံအရံလည်းမရှိ၊ တန်ခိုးအရှိန်
အဝါလည်း နည်းလှပါတယ်ဘုရား။ တချို့အမျိုးသမီးတွေ ကျပြန်တော့ ရုပ်ဆင်းလည်း လှပချောမောလို့
ချမ်းသာကြွယ်ဝသလို အခြံအရံတွေပေါများပြီး တန်ခိုး အရှိန်အဝါကလည်း ကြီးမားလှပါတယ်ဘုရား။
ဒီလိုမျိုး အကျိုးပေးတွေ မတူညီတာဘယ်လို အကြောင်း ကြောင့်ပါလဲဘုရား''လို့ မေးလျှောက် ပါတယ်။

★ အဲ ဒီအခါ မြတ်စွာဘုရားက ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေဟာ
အမျက်ဒေါသကြီးမားလှပါ တယ်။ ရဟန်း သံဃာတို့ကို ပေးကမ်းလှူဒါန်းခြင်းဆို တဲ့ ဒါနကိုလည်း
မပြုပါဘူး။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှုတွေ၊
လာဘ်လာဘရရှိမှုတွေ အပေါ်မှာ လည်း မနာလိုဝန်တို ငြူစူ စောင်းမြောင်းမှုတွေ ဖြစ်ပေါ် ပါတယ်။
အဲဒီလို အမျိုးသမီးမျိုးဟာ ဒီဘဝကနေ နောင်တစ်ချိန် လူပြန်ဖြစ်ခဲ့မယ်ဆိုရင်တော့ရုပ်ဆင်း ကလည်းမလှ၊
ခန္ဓာကိုယ် ပုံသဏ္ဍာန်အချိုးအစား လည်းမကျ
ဆင်းရဲနွမ်းပါးပြီး အခြံအရံ တန်ခိုးအရှိန် အဝါ နည်းပါးပါလိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက
အမျက်ဒေါသကြီးပါတယ်။ ဒါပေမယ့် ပေးကမ်း လှူဒါန်းခြင်းဆိုတဲ့ ဒါနမှူကို ပြုလုပ်ပါတယ်။ သူတစ်ပါး တွေရဲ့ ပြည့်စုံမှုအပေါ်မှာလည်း မနာလိုဝန်တိုမှု စတာ တွေလည်း မဖြစ်ပါဘူး။ အဲဒီလိုအမျိုးသမီးမျိုးက ဖြစ်လေရာဘဝမှာ အဆင်းမလှပေမယ့် ချမ်းသာ ကြွယ်ဝပြီး
အခြံအရံပေါ များလို့ တန်ခိုးရှိန်ဝါလည်း ကြီးမားပါလိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေက
အမျက်ဒေါသနည်းပါတယ်။ ဒါပေမယ့် ရဟန်းသံဃာ တို့ကို ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ဒါနမှုလည်းမရှိ
သူတစ်ပါးတွေရဲ့ အပေါ်မှာလည်း မနာလို ဝန်တိုမှု တွေ
ဖြစ်ပေါ်ပါတယ်။ အဲဒီလို အမျိုးသမီးက ဖြစ်လေ ရာဘဝမှာ အဆင်းလှပေမယ့် ဆင်းရဲနွမ်းပါးပြီး အခြံအရံလည်းမရှိဘဲ တန်ခိုးရှိန်ဝါ နည်းသူဖြစ်ရပါ လိမ့်မယ်။''

★ ''ချစ်သမီး မလ္လိကာ တချို့အမျိုးသမီးတွေကျတော့ အမျက်ဒေါသနည်းပါတယ်။ ရဟန်း၊ သံဃာစတဲ့ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း ပေးကမ်းလှူဒါန်းမှုဆိုတဲ့ ဒါနတွေကို ပြုလုပ်ပါတယ်။ သူတစ်ပါးတွေရဲ့ ပြည့်စုံ ကြွယ်ဝမှု လာဘ်လာဘရရှိမှုတွေအပေါ်မှာလည်မနာလိုဝန်တိုငြူစူစောင်းမြောင်း တဲ့စိတ်လည်း မရှိပါ ဘူး။
ဒီလို အမျိုးသမီးကျတော့ ဖြစ်လေရာဘဝတိုင်း မှာ ရုပ်ဆင်းလှပ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး
တန်ခိုးရှိန်ဝါကြီးမားလို့ အခြံအရံတွေ ပေါများပါ လိမ့်မယ်''

★ ''ချစ်သမီးမလ္လိကာ အမျိုးသမီးတွေ ရုပ်ဆင်းလှသူ မလှသူ စတာတွေ ဖြစ်ပေါ်လာရတာ ဒီအကြောင်းတွေ ကြောင့်ပါပဲ''လို့ မြတ်စွာဘုရားက ဖြေကြားပေးတော် မူခဲ့ပါတယ်။
မြတ်စွာဘုရားရဲ့ အဖြေစကားကို ကြား လိုက်ရတော့
မိလ္လိကာ မိဖုရားကြီးရဲ့ အသိညာဏ်မှာ ကိုယ်ပြုလုပ်ခဲ့တဲ့ ခိုင်မာတဲ့ ကံအကြောင်းတရားတွေ ကြောင့် မပြောင်းလဲတဲ့ ကံကံရဲ့အကျိုးတွေကို ပြန်ပြီး သိနားလည်လိုက်ပါပြီ။

★ ဒါကြောင့် မိဖုရားကြီးက မြတ်စွာဘုရားကို ''အရှင်ဘုရား တပည့်တော်ဒီနေ့ကစပြီး အမျက် ဒေါသမကြီးသူဖြစ်စေရပါမယ်ဘုရား။ ရဟန်းသံဃာ စသော အလှူခံပုဂ္ဂိုလ်တို့ကို ပေးလှူသူဖြစ်စေရပါ မယ်ဘုရား။ သူတစ်ပါးတွေရဲ့ ပြည့်စုံကြွယ်ဝမှုတွေ အပေါ်မှာလည်း မနာလိုဝန်တိုစိတ်မရှိသူ ဖြစ်စေရ ပါမယ်ဘုရား''လို့ မြတ်စွာဘုရားကို ကတိပေး လျှောက်
ထားလိုက်ပါတော့တယ်။

★ ဒီဇာတ်ကြောင်းထဲက မလ္လိကာ မိဖုရားကြီးရဲ့ စိတ်ဓာတ်ကို အခုခေတ်အမျိုးသမီးတွေ
အတုယူ သင့်ပါတယ်။ အမျိုးသမီးတွေဆိုပေမယ့် အမျိုးသားတွေ ကလည်း လှချင်ပချင် ကြွယ်ဝချင်တာပဲဆိုတော့ အမျိုးသားတွေနဲ့လည်း သက်ဆိုင်တာပါပဲ။ ဒီဘဝမှာ သာမက ဘဝဆက်တိုင်း အစစအရာရာ ပြည့်စုံလှပ ကြွယ်ဝချမ်းသာ ချင်တယ်ဆိုရင်တော့ ဘဝဆက်တိုင်း မပြောင်းလဲတဲ့
ကောင်းမှုကံ အကျိုးတရားတွေ ပြည့်စုံ ခိုင်ခန့်အောင် ဒီဘဝမှာ ပြည့်စုံခိုင်ခန့်တဲ့ ကောင်းမှုကံ
အကြောင်းတရားတွေကို ထူထောင်သွားရမှာပါ။

★ ဒီဘဝမှာ ရတနာသုံးပါး၊ မိဘ ဆရာသမားတွေနဲ့ ပူဇော်သင့် ပူဇော်ထိုက်သူတွေ အပေါ်မှာ လှူဒါန်းပူ ဇော်မှုတွေပုလုပ်လို့ ဒေါသတွေ နည်းနိုင်သမျှ နည်း အောင်ထိန်းလို့ မနာလိုဝန်တို ငြူစူစောင်းမြောင်း အတင်း ပြောမှုတွေကို
ရှောင်ရှားလို့ သွားမယ်ဆိုရင်တော့ ဖြစ် လေရာ ဘဝမှာခိုင်ခန့်တဲ့၊ မပြောင်းလဲတဲ့ပြည့်စုံ ကြွယ်ဝချမ်းသာမှု အကျိုးတရားတွေကို ရရှိခံစားသွား ရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။

အဂ္ဂပတ္တော ပမောဒတိ။
သာသနာနွယ်

(ရွှေမြန်မာဂျာနယ်)

၁၉-၁၂-၂ဝဝ၆
 

ရေတွင်းတူးရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားနည်း

$
0
0


ဂန့်ဂေါဘက်က ရွာတစ်ရွာတွင် ရေတွင်းတူးရာ တစ်ရွာလုံး ရေတွင်းတူးရန် နှစ်နေရာ ရှာရာ ယခုနေရာကျမှ ရေတွေ့တော့သည်ဟု သိရသည်။ ရေ ရှိ-မရှိ၊ ရေ ရ-မရကို “ကြေးနီချောင်း”ဖြင့် ရှာရသည်ဟု သိရသည်။

ရေတွင်းမှာ အတောင် (၂၈)တောင် အနက်ရောက်၌ ရေတွေ့သည်။ ရေမှာ ကြည်လင်သော ရေကောင်းရေသန့် ရသည်။ ကျောက်တုံးကျောက်ခဲချည်းပဲ ထော်လာဂျီ ငါးစီးတိုက်ခန့် ရသည်။ ဤသို့ ကျောက်သဲရမှတော့ အဘယ်မှာ ရေမကောင်းဘဲ နေမည်နည်း။


ရေတွင်းတူးသူများမှာ (၄)ယောက်ရှိသည်။ ရပ်ကွက်ကပါ ဝိုင်းကူကြသည်။ ရေတွင်းမှာ နက်သဖြင့် နံနက် ၆-နာရီမှ ၁၂-နာရီထိ တစ်ကြိမ်၊ ညနေ ၂-နာရီမှ ၆-နာရီထိတစ်ကြိမ် နှစ်ကြိမ်ဆင်းတူးကြသည်။
တွင်းထဲသို့ မဆင်းမီ ဖယောင်းတိုင် မီးထွန်းချကြည့်ရာ မီးသေသွား၏။ အောက်ဆီဂျင်မရှိ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားရန် ငှက်ပျောလက်အစိုများကို ခုတ်၍ ကြိုးဖြင့်ချည်ကာ ရေတွင်းထဲသို့ ချလိုက်တင်လိုက် အကြိမ်ကြိမ် ပြုလုပ်ရ၏။ နာရီဝက်ခန့်ကြာ၏။ ပြီးမှ မီးထွန်းကြည့်ရာ မီးမသေမှ တွင်းထဲ ဆင်းဆင်းတူးရ၏။

ဤနည်းဖြင့် ငှက်ပျောလက်အစိုများဖြင့် ရေတွင်းထဲ ချလိုက်တင်လိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို ဖယ်ရှားပြီး တူးတူးသွားရာ ရက်ပေါင်း ၂၀-နီးပါး တူးသောအခါမှ ရေတွေ့၍ ရေရလာသည်။ ရေမှာ ကျောက်ခဲ ကျောက်တုံးများကြားမှ ထွက်လာသောရေဖြစ်၍ ရေကြည်ရေသန့် ရလေသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ နံနက်ခင်း အအေးဓာတ်ရှိလျှင် နည်းပါးပြီး၊ ညနေပိုင်း အပူချိန်များလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် များပါသည်။ သို့အတွက် ရေတွင်းနက်နက် တူးပါက ပထမဦးစွာ ဖယောင်းတိုင် မီးထွန်းချကြည့်ပါ။ မီးသေက တွင်းထဲ မဆင်းပါနှင့်ဦး။

ငှက်ပျောလက်အစိုများ (၄-၅-၁၀)လက်ခန့်ကို ခုတ်ယူပြီးမှ ချလိုက်တင်လိုက် လုပ်ခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို အပေါ်သို့ ဖယ်ထုတ်ပါ။ အနည်းဆုံး နာရီဝက်ခန့်ကြာ ပြုလုပ်ရပါသည်။ ထိုသို့ ပြုလုပ်ပြီးမှ ဖယောင်းမီး ချကြည့်၍ မီးမသေမှ ရေတွင်းထဲ ဆင်းတူးပါ။
ဤသို့ဖြင့် အသက်ဘေးမှ ကင်းဝေးပြီး ရေတွင်းနက်နက် တူးနိုင်ကြောင်း ကိုယ်တွေ့မျက်မြင် ရေးသားလိုက်ရပါသတည်း။

ဝင်းသူ

https://www.facebook.com/kyawminn9/posts/716872038428425 

ကင်ဆာအကြောင်း တစေ့တစောင်း

$
0
0
               
  ဒေါက်တာသက်ဦး

ပြောင်းလဲ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အတူ ရှာဖွေတွေ့ရှိမှု အသစ်တွေထဲမှာ ရောဂါဘယတွေ ကလည်း ထိပ်ဆုံးက ပါလာပါတယ်။ အဲဒီထဲကမှ ကင်ဆာဆိုတာကြီး ပေါ်ပေါက်လာတော့ လူသားတွေ အတွက် ချောက်ချား စရာပါပဲ။ နည်းလမ်းပေါင်းစုံ သုံးပြီး ကုသဖို့၊ ကာကွယ်ဖို့ ကြိုးစားပေမယ့် ရာနှုန်းပြည့် အောင်မြင်မှု မရနိုင်သေးဘဲ ဝေဒနာ လျော့ပါးဖို့၊ သက်တမ်း ဆွဲဆန့်ဖို့ကိုပဲ အလေးထားနေကြရဆဲ ပါ။ အသိစောလို့ အဆင်ပြေတဲ့ ကုထုံးအချို့ ရှိသည့်တိုင်အောင် ကင်ဆာဖြစ်ပြီ ဆိုတာနဲ့ သေပွဲ လက်မှတ်ရသလို စိုးထိတ်နေကြရဆဲ ပါ။

ကင်ဆာ

ကင်ဆာ ဆိုတာက နာတာရှည် အလုံးအကျိတ် (Malignant Tumor) လို့ ယေဘုယျ သိကြပါတယ်။ တကယ်တော့ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေ ပွားများလာ ပြီး ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့ရာက ဖြစ်လာတဲ့ ရောဂါစု တခုပါပဲ။ အလုံးအကျိတ် တိုင်းကတော့ ကင်ဆာ မဖြစ်တတ်ပါဘူး။
သတိထားရမယ့် လက္ခဏာတွေ အနေနဲ့  အကြမ်းဖျဉ်း  ပြောလေ့ရှိတာက  အဖု၊ အကျိတ်တွေ အရင်က မရှိဘဲ ပေါ်လာတာ၊ ပုံမှန် မဟုတ်ဘဲ သွေးထွက်တာ၊ နာတာ ရှည်ချောင်းဆိုးတာ၊ အကြောင်းမဲ့ ကိုယ်အလေးချိန် လျော့ကျလာတာ၊ ဝမ်းသွားတဲ့ အလေ့အထတွေ ပြောင်းလာတာ (ဝမ်းချုပ်လာတာ၊ ဒါမှမဟုတ် မကြာခဏ ဝမ်းလျှောတာ) စတာတွေ ဖြစ်လာရင်တော့ ကင်ဆာကို သံသယဖြစ် ကြပါတယ်။ ကင်ဆာ ကလည်း တကိုယ်လုံးမှာ ဆိုရင် အမျိုးပေါင်း ၁၀ဝ ကျော်လောက် ဖြစ်နေတတ်တာပါ။

လက္ခဏာများ

ကင်ဆာ စတင် ဖြစ်ပေါ်ချိန်မှာတော့ လက္ခဏာ ပြလေ့ မရှိပါဘူး။ အများအားဖြင့် အလုံးအကျိတ် ပေါ်လာတာ၊ အနာဖြစ်လာတာကနေ စတတ်ပါ တယ်။ ဒါပေမယ့် ဖြစ်တဲ့နေရာနဲ့ ကင်ဆာရဲ့ ခြားနားတဲ့ သဘာဝတွေလိုက်ပြီး တခုနဲ့တခု ထပ်တူ တော့ မဟုတ်ပါဘူး။ တချို့ဆိုရင် တခြားရောဂါကို ကုသရင်းမှ တွေ့ရှိရတတ်တာပါ။ ကင်ဆာ စတင် ဖြစ်တဲ့နေရာမှာ လက္ခဏာတွေပြတာမျိုး ရှိသလို ရောဂါရင့်ပြီး အခြားနေရာတွေကို ပြန့်ပွားပြီး ပြတတ်တဲ့ လက္ခဏာတွေလည်း ရှိပါတယ်။

မူလဖြစ်တဲ့ နေရာမှာတော့ အများအားဖြင့် အလုံးအကျိတ်ကြောင့်နဲ့ အနာဖြစ်လာတာကြောင့် လက္ခဏာတွေ ပေါ်လာပါတယ်။ ဥပမာ-အဆုတ် ကင်ဆာဖြစ်ရင် လြွေပန်လေးတွေပိတ်ပြီး ချောင်းဆိုး တာ၊ ရောဂါပိုးဝင်ပြီး အဆုတ်ရောင် နမိုးနီးယားလို ဖြစ်တာတွေကို တွေ့ရမှာပါ။ အစာရေမျိုပြွန် (Oesophagus) ကင်ဆာဆိုရင် အစာရေမျို ကျဉ်းပြီး အစာစားရင် နာကျင်တာ၊ နင်တာမျိုးတွေ ဖြစ်တာပါ။

အူမကြီးနဲ့ စအိုပိုင်း ကင်ဆာတွေမှာ ဆိုရင် ဝမ်းသွားနေကျ ပုံစံ ပြောင်းလာတာမျိုးပါ။ ရင်သားတို့၊ ဝှေးစေ့တို့လို နေရာတွေမှာ ဆိုရင်တော့ အလုံးအကျိတ် စမ်းမိတတ်ပါတယ်။ အကျိတ်တွေက အနာဖြစ်ပြီး သွေးယိုတဲ့ အခါ ချောင်းဆိုး သွေးပါဖြစ်တာ၊ သွေးအားနည်းတာ၊ ဝမ်းသွားရင် သွေးပါတာ၊ ဆီးအိမ်ကင်ဆာမှာဆိုရင် ဆီးထဲသွေးပါတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေ ဖြစ်တတ်တဲ့ သားအိမ်နဲ့ပတ်သက်တဲ့ ကင်ဆာတွေ ကျပြန်တော့လည်း မိန်းမကိုယ်က သွေးဆင်းတာ တွေ တွေ့ရပါတယ်။ သိပ်ရင့်လာတဲ့ အခါ မနာကျင်တဲ့ အလုံးအကျိတ်က နာကျင်လာတတ် ပြန်ပါတယ်။ တချို့ ကင်ဆာတွေ ကျတော့လည်း ဝမ်းဗိုက်မှာ၊ ရင်ဘတ်မှာ အရည်တွေ စုလာတတ် ပြန်ပါသေးတယ်။

ဒီလို  လက္ခဏာတွေ ပြတိုင်းလည်းပဲ ကင်ဆာ ဖြစ်နေပြီရယ်လို့ စိတ္တဇ မဖြစ်သင့်ပါဘူး။ သေချာအောင် စမ်းသပ်မှုတွေ ပြုလုပ်ပြီး မှသာ ကင်ဆာလို့ သတ်မှတ်ရမှာပါ။ အခြား နေရာတွေကို ပျံ့နှံ့လို့ဖြစ်တဲ့ လက္ခဏာ တွေလည်း တကိုယ်လုံးမှာ တွေ့တတ်ပါတယ်။ သွေးကင်ဆာလိုမျိုးနဲ့ အသည်း၊ ကျောက်ကပ် ကင်ဆာတွေ မှာတော့  အကြောင်းရင်း  ရှာမရတဲ့ အဖျားတက်နေတာကို တွေ့ရလေ့ရှိပါတယ်။

ပျံ့နှံ့တဲ့နေရာ အလိုက် လက္ခဏာတွေကို ကြည့်ရင် ဦးနှောက်နဲ့ပတ်သက်ရင် ခေါင်းကိုက်နေတတ်တာ၊ တက်ချက်တာ၊ မူးဝေတာတွေ အမြဲဖြစ်နေ တတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ဆိုရင် ချောင်းဆိုးတာ၊ ချောင်းဆိုးသွေးပါ ဖြစ်တာ၊ အသက်ရှူ ကျပ်တာတွေ ဖြစ်လာတတ်ပါတယ်။
သားနံရည် ကျိတ်တွေ ရောင်ရမ်း ကြီးမားလာတာကလည်း ကင်ဆာတွေရဲ့ အတွေ့များတဲ့ လက္ခဏာပါပဲ။ အသည်း ကြီးတာ၊ သရက်ရွက်ကြီးတာ၊ အသားဝါတဲ့ လက္ခဏာတွေ ကိုလည်း ရောဂါပျံ့နှံ့ရင် တွေ့ရပါတယ်။ အရိုးတွေ နာကျင်တာ၊ အလိုလိုနေရင်း ကျိုးတာတွေလည်း တွေ့ရတတ်ပါတယ်။ လက်ချောင်းမှာ လက်သည်းတွေ တင်းပုတ်ကြီးလို ဖြစ်လာတာ၊ ရေဖျဉ်းဖြစ်တာ၊ ဦးနှောက်အာရုံကြော ဆိုင်ရာ ပြဿနာတွေ ကြုံလာတာ ကလည်း ကင်ဆာကို ထည့်တွက် စဉ်းစားရမယ့် ပျံ့နှံ့ခြင်း လက္ခဏာတွေပါပဲ။

အကြောင်းရင်း

ဘယ်ကင်ဆာက ဘာကြောင့် အဖြစ်များတယ် ဆိုတာကို လေ့လာတွေ့ရှိချက် တွေနဲ့ ပြောဆိုလာနိုင် ကြပေမယ့် ဒါကြောင့် ဒါဖြစ်တယ်လို့ တထစ်ချပြောဖို့ မဖြစ်နိုင်သေး တာတွေလည်း တွေ့နေရဆဲပါ။
ဆေးလိပ်သောက်တာက ကင်ဆာကြောင့် သေဆုံးမှုမှာ ၂၂ ရာခိုင်နှုန်းလောက် တွေ့ရပြီး အဝလွန်တာ၊ မျှတတဲ့  အစားအသောက်တွေ မစားတာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာနဲ့ အရက်သောက်သုံးတဲ့ အလေ့အထတွေ ရှိသူတွေ ရဲ့ ၁၀ ရာခိုင်နှုန်း လောက်က ကင်ဆာကြောင့် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

တခြား အကြောင်းတွေထဲမှာတော့ ကူးစက် ရောဂါတွေ (အသည်းရောင်ပိုး၊ သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ ပိုး စသဖြင့်) နဲ့  ဓာတ်ရောင်ခြည် တွေ့ထိခြင်းတွေ ပါဝင်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ အတွက်ကတော့ ကင်ဆာ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်က အသည်းရောင်ပိုး ဘီ၊ စီ နဲ့ သားအိမ်ခေါင်း ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကင်ဆာ ဖြစ်ရခြင်း အကြောင်းအရင်း တွေထဲမှာ မျိုးရိုးဗီဇကလည်း တစိတ်တပိုင်း ပါဝင်နေပါတယ်။ ကင်ဆာရောဂါသည် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင် နှုန်းလောက်ကတော့ မျိုးရိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆားအငန် စားတာများလို့ အစာအိမ်ကင်ဆာ ဖြစ်တာ၊ ကွမ်းသီးစားလို့ ခံတွင်းကင်ဆာ ဖြစ်တာ၊ အသည်းရောင် ဘီ၊ စီ တွေကြောင့် အသည်းကင်ဆာ ဖြစ်တာ ဆိုသလို တိကျတဲ့အကြောင်းတွေလည်း ရှိတတ်ပါတယ်။ သွေးဆုံး အမျိုးသမီးတွေရဲ့ ဟော်မုန်း ကုထုံးတွေ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု များပြားတာတွေ ကလည်း အကြောင်းတွေ ပါပဲ။

ကင်ဆာရောဂါ ရှာဖွေခြင်း

တိုးတက်လာတဲ့ ပစ္စည်းကိရိယာ၊ နည်းလမ်း တွေနဲ့ အညီ ကင်ဆာကို နည်းမျိုးစုံနဲ့  စမ်းသပ်ရှာဖွေ အတည်ပြု နိုင်နေပါပြီ။ အမှတ်တမဲ့ တွေ့ရှိတာဖြစ်စေ၊ ရောဂါလက္ခဏာတွေကို သံသယဖြစ်လို့ ဖြစ်စေ ထပ်မံ စမ်းသပ်ရှာဖွေ ရပါတော့တယ်။ ရိုးရိုးဓာတ်မှန် ကအစ သွေးစစ်တာ၊ အသားစယူတာ၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်တာ၊ သံလိုက်လှိုင်း ဓာတ်မှန်ရိုက်တာ စတဲ့ နည်းလမ်းပေါင်း များစွာနဲ့ပါပဲ။ ဖြစ်နေတဲ့ လက္ခဏာ၊ တွေ့ရှိရတဲ့ စမ်းသပ်ချက် ပေါင်းစုံနဲ့ အဖြေရှာ ညှိပြီးမှ ရောဂါကို အတည်ပြုရတာပါပဲ။

ကင်ဆာဖြစ်ပွားမှုအခြေအနေ

၂၀၁၂ ခုနှစ် လေ့လာချက်အရ ၁ နှစ်အတွင်း ကင်ဆာဝေဒနာရှင် ၁၄ ဒသမ ၁ သန်း လူနာသစ် တွေ့ရပြီး ၈ ဒသမ ၂ သန်း ကတော့ သေဆုံးကြတယ် လို့ ဆိုပါတယ်။ အတွေ့များတဲ့ ကင်ဆာတွေကတော့ အဆုတ် ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အူမကြီးနဲ့ စအို ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာတွေ ဖြစ်ပြီး အမျိုးသမီးတွေမှာတော့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာတွေ ကလည်း အဖြစ်များတဲ့ အထဲမှာ ပါဝင်ပါတယ်။ အရေပြားကင်ဆာ၊ ဦးနှောက် ကင်ဆာ၊ သွေးကင်ဆာတွေလည်း တွေ့ရှိရတတ်တဲ့ အထဲမှာ ပါဝင်ပါတယ်။

ကာကွယ်လို့ ရနိုင်သလား

အနေအထိုင် အစားအသောက်ပိုင်းမှာ သတိမူ ဆင်ခြင် နေထိုင်တတ်တာတွေက ကင်ဆာဖြစ်ပွားမှု အလားအလာကို အနည်းနဲ့ အများတော့ ကာကွယ် ပေးနိုင်မှာပါ။ ဆေးလိပ် မသောက်တာ၊ အဝ မလွန်အောင် ထိန်းတာ၊ အာဟာရ မျှတတဲ့ အစား အသောက်ကို ရွေးချယ် စားသောက်တာတွေက ကောင်းတဲ့ အလေ့ အထတွေပါ။

ကိုယ်လက်လှုပ်ရှား မလုပ်တာ၊ အရက်သောက်လွန်တာ၊ လိင်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ဖြစ်တာ၊ လေထုညစ်ညမ်းတာ တွေကလည်း ကင်ဆာဖြစ်စေတာမို့ သတိထားရှောင် ကြဉ်ပြီး ကာကွယ်နိုင်ပါတယ်။ ဓာတ်ရောင်ခြည်တွေနဲ့ တိုက်ရိုက် မထိတွေ့အောင်၊ ခရမ်းလွန်ရောင်ခြည်တွေ အချိန်ရှည်ကြာ မထိတွေ့ အောင် နေထိုင်ဖို့လည်း လိုအပ်တာပါပဲ။

ကြောက်စရာကောင်းသလို တကယ်လည်း ထိတ်လန့်စရာ ကင်ဆာနဲ့ပတ်သက်ပြီး သတိထား သင့်သလို အကြောက်လည်း မလွန်ရအောင် အခြေခံ အချက်ကလေးတွေကို ဗဟုသုတအဖြစ် အသိပေး လိုက်ပါတယ်။ အဖြစ်များပြီး ခြောက်လှန့်နေတဲ့ ကင်ဆာတွေအတွက် နောက်ထပ် အသေးစိတ် ဆက်လက်တင်ပြသွားဖို့ ရည်ရွယ် ထားတာကိုလည်း အသိပေးအပ်ပါတယ်။

 http://burma.irrawaddy.org/article/2014/09/09/64355.html

ထိုင်း ကွေ့သယိုချက်နည်း

$
0
0



ထိုင်း ကွေ့သယိုချက်နည်း (၅ ပွဲစာ)
---------------------------------------------
လုပ်ရတာ အရမ်းလွယ်ကူ၊ ရိုးရှင်းပေမယ့် ဒီခေါက်ဆွဲမှာ အရည်ရဲ့ အနံ့၊အရသာက အရမ်းအရေးကြီးပါတယ်။ အရိုးပြုတ်ရည်ပဲလေဆိုပြီး ရေထဲကို အရိုးထည့်၊ ဆား၊ အရသာမှုန့်ထည့်ပြီး ပြီးလွယ်၊ စီးလွယ် မလုပ်ပဲ အောက်ပါနည်းလေးအတိုင်း တိတိကျကျလေး တစ်ခါလောက်လုပ်စားကြည့်ရင် အဖြေကိုသိရမှာပါရှင်…. ပါဝင်ပစ္စည်းများပေမယ့် ခက်ခက်ခဲခဲရှာရတာ မလွယ်တဲ့ ပစ္စည်းတွေ မဟုတ်လို့ မလုပ်စားတော့ဘူးလို့လည်း အဆုံးအဖြတ် မမြန်စေချင်ပါဘူးရှင်….

ကိုက်လိုက်ရင် ဆတ်တောက်၊ ဆတ်တောက် ready made ဝက်သားလုံး၊ မြန်မာပြည်က ပုဇွန်ထုပ်အသားလေးတွေလိုပဲ မွပြီးစားလို့ကောင်းလှတဲ့ tiger prawn၊ spices အမျိုးမျိုး နဲ့ဝက်ရိုးအများကြီးကို သုံးပြီး အကြာကြီးပြုတ်ထားတာကြောင့် ချိုမွှေးလှတဲ့ အရည်၊ ချဉ်လည်းချဉ် စပ်လည်းစပ်တဲ့ ငရုတ်သီးအချဉ်၊ သင်းသင်းလေးမွှေးစေတဲ့ ကြက်သွန်ဖြူ ဆီချက်၊ အရည်နဲ့တွေ့ရင် အိအိလေးစားကောင်းသွားတဲ့ ဝက်ခေါက်ကြော်တို့ကို ကန်ဇွန်းရွက်၊ ခေါက်ဆွဲတို့နဲ့ တွဲဖက်ပြီး၊ သံပုရာရည်လေးညစ်၊ ကြက်သွန်ပင်လေးဖြူးထားတဲ့ အရသာရှိလှသော ကွေ့သယိုလေး စလုပ်ကြရအောင်…..

**... ကွေ့သယို လုပ်ဖို့အတွက် လိုအပ်တာလေးတွေ…

1. ဝက်ရိုး – 500 g (၃၂ ကျပ်သားခန့်)
2. ပုဇွန်ခြောက်မှုန့် – ထမင်စားဇွန်း ၁ ဇွန်း
3. နာနတ်ပွင့် (star anise) – ၄ ပွင့်
4. လက်ညှိုးအရွယ်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
5. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၂ ခု
6. အနည်းငယ်ကြေအောင် ထောင်းထားသော ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
7. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
8. ရေပြောင်စင်အောင်ဆေးကာ အနည်းငယ်ကြေအောင်ထုထားသော ၆ လက်မ အရှည်ခန့် နံနံပင်အမြစ်(သို့) ကြက်သွန်ပင်အမြစ် – ၂ ခု
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. ဆား (ချင့်ချိန်ထည့်ပေးပါ။)
11. အရသာမှုန့် (ချင့်ချိန်ထည့်ပေးပါ။)
12. ကျောခွဲ အကြောထုတ် ခေါင်းဖြုတ်ထားသော tiger prawn
13. ready made ဝက်သားလုံး
14. ရှမ်းခေါက်ဆွဲဖတ် (သို့) ရေစိမ်ခေါက်ဆွဲဖတ် (သို့) ဆန်ကြာဇံ
15. ကန်ဇွန်းရွက်
16. ဝက်ခေါက်ကြော်
17. pickled chilli
18. ground chilli
19. ကြက်သွန်ပင်
20. နနွင်းမပါသော ကြက်သွန်ဖြူဆီချက်
21. သံပုရာသီး

ပြုတ်ပြီးနောက် ၅ ပွဲစာခန့်ကြာအောင် ချင့်ချိန်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားသောရေထဲ ပါဝင်ပစ္စည်း ၁ မှ ၁၁ အထိထည့်ကာ အိုးအဖုံး ဖုံးပြီး မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီခွဲခန့် ပြုတ်ထားပါ။ (ပြုတ်ချိန်ကြာရင် အရိုးထဲမှ အဆီအနှစ်များ ပိုထွက်လာတဲ့အတွက် အရသာပိုကောင်းစေပါတယ်။)
မစားမှီ high heat သို့တိုး၍ အရမ်းဆူပွက်လာအောင် တည်ပြီးမှ ဝက်သားလုံး နှင့် ပုဇွန်ကိုထည့်ကာ ၁ မိနစ်ခန့်ထားပါ

ခေါက်ဆွဲ နှင့် ကန်ဇွန်းရွက်ကို ဇကာထဲထည့်ပြီး ဟင်းရည်အိုးထဲ နှစ်ပြုတ်ကာ စားမည့်ပန်းကန်ထဲထည့်ပါ။ (ခေါက်ဆွဲခြောက်များကိုသုံးလျှင် ၅ နာရီခန့် ကြိုတင်ရေစိမ်ထားပါ။)
အသားလုံး နှင့် ပုဇွန်ကိုပါ ပန်းကန်လုံးထဲထည့်ပြီး ဟင်းရည်ကို (spices အဖတ်များမပါသွားအောင်) ဇကာခံပြီး လောင်းထည့်ပါ။

နောက်ဆုံးတွင် ပါဝင်ပစ္စည်း ၁၆ မှ ၂၁ အထိထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Credit to Chaw Su's Food Friends
https://www.facebook.com/1492951810938014/photos/a.1492955960937599.107374182

“ပါရမီဖြည့်ခြင်း အနုပညာ”

$
0
0



ပါရမီဖြည့်ခြင်း အနုပညာဆိုတာ နှလုံးသားနဲ့ အသိဥာဏ် ကြီးကျယ်မြင့်မြတ်မှုက စတင်ဖြစ် ပေါ်လာတာပါ။

အတ္တခြံစည်းရိုးကို ချိုးဖျက်ပြီး တစ်လောကလုံးကိုနေရာပေး မြတ်နိုးနိုင်လောက်အောင် မိမိရဲ့ နှလုံးသားက ကြီးမားကျယ်ပြန့်လာတဲ့အခါ လောက ကျေးဇူးကို သိမြင်ပြီး လောကနဲ့ ၀န်းကျင်ကို ကောင်းကျိုးပြု
မြှင့်တင်နိုင်လောက်အောင် မိမိရဲ့အသိဥာဏ်ပညာက ကြီးကျယ်မြင့်မြတ်လာတဲ့အခါ လူသားတစ်ဦးဟာ
သူ့ရဲ့ပါရမီခရီးကို စတင်တော့တာပါပဲ။

ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ပုံရိပ်၊ သူတော်ကောင်းတွေရဲ့နှလုံးသား၊
သူတော်စင် တွေရဲ့စရဏဖြစ်ပေမဲ့ မြင့်မြတ်သူတွေနဲ့ သာမန် လူတွေရဲ့ ကြားမှာ ကာရံစည်းခြားထားတဲ့
နံရံတံတိုင်း ကြီးတစ်ခုတော့ မဟုတ်ပါ။

လူတိုင်းသွားလာနိုင်လောက်အောင် ကြီးမားကျယ်ပြန့်စွာ ဖောက်လုပ် ထားတဲ့
အဝေးပြေးလမ်းမကြီးတစ်ခုပါ။ဒီလမ်းမကြီးပေါ်မှာ လျှောက်လှမ်း နိုင်ဖို့ဆိုတာ
ရွှေတွေ၊ ငွေတွေ၊ ရာထူးတွေ၊ ဂုဏ်အရှိန်အ၀ါ ပကာသနတွေ ဘာတစ်ခုမှရှိဖို့ မလိုအပ်ပါဘူး။
ဒါပေမဲ့ သဒ္ဓါ၊ မေတ္တာ၊ ပညာစတဲ့ သူတော်ကောင်းတရားတွေ အပြည့်အ၀ရှိဖို့တော့ လုံးဝလိုအပ်ပါတယ်။

သတ္တ၀ါတွေဟာ နေ့စဉ်”အာရုံ”လမ်းမကြီးပေါ်မှာ“ကံ”ခြေထောက်တွေနဲ့ လျှောက်လှမ်း နေရင်း
“ဘ၀”ခြေရာသစ်တွေကို ထင်ကျန်ရစ်စေ နေကြတာပါ။ အဲဒီအထဲမှာ အသိဥာဏ်နဲ့ နှလုံးသား ကောင်းမွန်သူတွေရဲ့ခြေရာတွေက ပြည့်ပြည့်စုံစုံ လှလှပပဖြစ်နေတတ်ပြီး ၊
အသိဥာဏ်နည်း နှလုံးသား မည်းသူတွေရဲ့ခြေရာတွေကတော့
တစ်ပိုင်းတစ်စ မလှမပဖြစ်နေတတ်ပါတယ်။

ပြည့်စုံလှပတဲ့ ခြေရာ သစ်တွေဟာ နောက်ဆုံးမှာ “ပါရမီရှင်”တွေဖြစ်လာကြပြီး
တစ်ပိုင်းတစ်စ မလှပတဲ့ခြေရာသစ်တွေ ကတော့ သံသရာဝဋ်ကြွေးနွံထဲမှာပဲ နစ်ဝင်ပျောက်ကွယ်
ကုန်တတ်ကြပါတယ်။

“ပါရမီ”လို့ ခေါ်ဆိုသတ်မှတ် မြင့်မြတ်တဲ့အမှုကိစ္စအပေါင်းက (၁၀)ခု ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ (Generosity giving)

(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ (Morality)

(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)

(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)

(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)

(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)

(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)

(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=အဓိဋ္ဌာန်ပါရမီ
(Determination)

(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= 
မေတ္တာပါရမီ (Loving-kindness) / spirit of friend

(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)
တို့ပဲဖြစ်ပါတယ်။

သာသနာတော်မှ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမသြ၀ါဒကိုခြေခြေ မြစ်မြစ် လက်ခံရရှိပြီးသား သူတစ်ဦးအဖို့
ဘ၀သံသရာရှေ့ရေးနဲ့ ပတ်သက်လာရင် . . .
(၁) ဒီဘ၀မှာ ကျွတ်တမ်းဝင်ဖို့၊
(၂) ဆုတစ်ခု ခုကို ရည်ရွယ်ပန်ဆင်ကာ ပါရမီဖြည့်ဖို့၊ 
ဒီအရေးကိစ္စနှစ်ခုကလွှဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

ဗုဒ္ဓ သာသနာဝင်တွေအဖို့ ဘ၀ချမ်းသာဟူသမျှရဲ့ နောက်ဆုံးပန်းတိုင်ဟာ အရိယာပုဂ္ဂိုလ် ဖြစ်ဖို့ပါ။
အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာအရိယသစ္စာကို သိမြင်နိုင်ရမှာပါ။ အရိယသစ္စာကို သိမြင်နိုင်ဖို့ဆိုတာ
ပါရမီမရှိဘဲ မဖြစ်နိုင်ပါ။

ပါရမီဆိုတာ မြင့်မြတ်မှုသို့သွားရာ တစ်ကြောင်းတည်းသော ခရီး၊
တစ်ခုတည်းသော လမ်းမကြီး ဖြစ်ပါတယ်။ ပါရမီလမ်းမကြီးကို စွန့်ပြီး မြင့်မြတ်မှုပန်းတိုင်ဆီကို
ရောက်နိုင်ရိုးမရှိပါဘူး။ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့ ကရုဏာနဲ့ ပညာရနံ့တွေ
သင်းပျံ့နေဆဲ ယခုလိုကာလမျိုးမှာ မြင့်မြတ်မှုကိုမြတ်နိုးကြသူတိုင်းဟာ ပါရမီကောင်းမှု တစ်ခုခုကို နေ့စဉ်
“၀တ်” ထားပြီး ပြုလုပ်အားထုတ်သင့်ကြပါတယ်။

တကယ်တော့ “ပါရမီ”ဆိုတာ လူ့ဘ၀ရဲ့ မြတ်နိုးတန်ဖိုးထားစရာ အလှပဆုံး “တော်ဝင်ပန်းတစ် ပွင့်”ပါ။
ဒီပန်းကို ခွတ်ဆူးနိုင်ဖို့ဆိုတာ အခြေခံအားဖြင့်
●တစ်ပါးသူတွေရဲ့ ဒုက္ခကိုလျော့ပါးအောင်ပြုလုပ်လိုတဲ့ ကရုဏာ၊
●အများအကျိုး လောကအကျိုးကို တိုးပွားအောင် ရွက်ဆောင်နိုင်တဲ့ ပညာ ရှိဖို့လိုပါတယ်။
တကယ်လို့ ဒီတရားနှစ်ပါးကသာ ကိုယ့်နှလုံးသားမှာ ခမ်းခြောက်နေပြီဆိုရင် ပါရမီ ဆိုတဲ့ပန်းကို
လက်လှမ်းမီစရာအကြောင်း မရှိပါဘူး။

ပါရမီဆိုတာ လုပ်ငန်းအပေါ်မှာ အခြေမခံဘဲ နှလုံးသွင်းအပေါ်မှာသာ အခြေခံပါတယ်။
နှလုံးသွင်းစေတနာက ကရုဏာနဲ့ ပညာတရားတို့ဝန်းရံပြီး မြင့်မြတ်မှုရှိပါမှ ပါရမီမည်နိုင်ပါတယ်။
သို့မဟုတ်ပါက ပါရမီ မမည်နိုင်ပါ။ ဒါကြောင့် ဒါနလုပ်ငန်းတိုင်း ပါရမီမဖြစ်၊
သီလလုပ်ငန်းတိုင်း ပါရမီ မခေါ်၊ ဘာဝနာလုပ်ငန်းတိုင်း ပါရမီ မမြောက်ပါ။

●အချုပ်ဆိုရရင် ကုသိုလ်ကောင်းမှုလုပ်တိုင်း ပါရမီ မဖြစ်နိုင်ပါ။ ဘ၀ကောင်းနဲ့ စည်းစိမ်ချမ်းသာကို တိမ်းညွတ်တဲ့စိတ်လည်း မရှိ၊ မှားယွင်းတဲ့အတွေးခေါ် ဒိဋ္ဌိနဲ့လည်း မယှဉ်၊
မိုးကောင်းကင်သဖွယ် အတွယ်အတာလည်းကင်းပြီး၊ ဗောဓိဥာဏ်ဆိုတဲ့ တစ်ဖက် ကမ်းကိုသာ
တမ်းတမ်းစူးစူး အထူးရည်ရွယ်ကာစင်ကြယ်တဲ့စိတ်နဲ့ ပြုလုပ်အားထုတ်အပ်တဲ့ ဒါနမှု၊
သီလမှုစတာတွေသာ ပါရမီအစစ် ဖြစ်နိုင်ကြပါတယ်။

●ပါရမီဆိုတာ အရေအတွက်ပြဋ္ဌာန်းတဲ့ ဆောင်ရွက်ချက်မဟုတ်ဘဲ အရည်အချင်းပြဋ္ဌာန်းတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။
●ကရုဏာတရားနဲ့ ဒေါသ ကို ဖယ်ရှင်း၊
●ပညာတရားနဲ့ လောဘ မောဟတို့ကို ပယ်ခွင်းနိုင်ပြီး၊လုပ်ရပ်တိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ
အငွေ့အသက်ကင်းပါမှ ပါရမီရနံ့ သင်းပျံ့နိုင်တာပါ။

ကြီးကျယ်ခန့်ညားပြီး မြင့်မြတ်လှတဲ့ သူတော်ကောင်းတွေရဲ့နှလုံးသားဆိုတာ ဘယ်ဘက်ခြမ်းမှာ ကရုဏာရှိပြီး၊ ညာဘက်ခြမ်းမှာ ပညာအပြည့်ရှိပါတယ်။

အဲဒီကရုဏာ ပညာတရားတွေနဲ့ ကိုယ်ပိုင်ဘ၀၊ ကိုယ်ပိုင်အခွင့်အရေးတွေကိုစတေးပြီး ၊
အများကောင်းစားရေးအတွက် လောကအပေါ် စေတနာအပြည့်အ၀ ထားရှိခြင်းဟာ
“သူတော်ကောင်းတို့ရဲ့ အစဉ်အလာ တာဝန်တစ်ခု”ပါ။

ပါရမီ နယ်ပယ်မှာ တာဝန်နဲ့လုပ်ငန်းဟာ အင်မတန်ကွဲပြားခြားနားပါတယ်
●သူတော်ကောင်းနှလုံးသားကို အမှီရကာ မြင့်မြတ်တဲ့သဘောကိုဆောင်ရင် “တာဝန်”ဖြစ်ပြီး သို့မဟုတ်ပါက“လုပ်ငန်း”မျှသာ ဖြစ်ပါ တယ်။
●တာဝန်ဟာ ပါရမီအရာမြောက်ပြီး ၊
●လုပ်ငန်းကတော့ ကုသိုလ်အရာမှာပဲ တည်ပါတယ်။ကြေးနဲ့ ရွှေဟာ “၀ါ”တာခြင်းတူပေမဲ့ “တန်ဖိုး”ခြင်း
မတူညီနိုင်သလို ရိုးရိုးကုသိုလ်နဲ့ ပါရမီကုသိုလ်ဟာလည်း ကုသိုလ်ခြင်းတူပေမဲ့ အရှိန်အ၀ါ အကျိုးပေးတာခြင်း အင်မတန်ခြားနားပါတယ်။

ရိုးရိုးကုသိုလ်ဟာ ကိုယ်ကျိုးရှာ အသာစံလိုမှုပါဝင်နေတတ်တာမို့ အကြောင်းအားမကောင်းသလို ၊
အကျိုးပေးလည်း မသန်တတ်ပါဘူး။ ရိုးရိုးကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကီကျိုးမှာ
လမ်းဆုံးနေ တတ်ပြီး အကျိုးပေးပြီးရင်လည်း ၊အသစ်ကပြန်စရတာမို့ (ရှာလိုက် ရလိုက် ကုန်သွား လိုက်နဲ့)
သံသရာ လည်နေတတ်ပါတယ်။ တစ်ခါတစ်ရံ အကြောင်းမညီညွတ်လို့ လုံးဝအကျိုးမပေးဘဲ၊
အဟောသိကံဖြစ် သွားရတာတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။

ပါရမီကုသိုလ်ကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အရင်းတည်တာမို့ အကြောင်းအား ကောင်းသလို
အကျိုးပေးလည်း သန်ပါတယ်။ ပါရမီကုသိုလ်ရဲ့ပန်းတိုင်ဟာ လောကုတ္တရာဖြစ်တာမို့ လောကီသံသရာထဲမှာ လည်မနေတတ်သလို လမ်းဆုံးမရောက်ခင်ပျောက်ပျက်သွားရိုး မရှိတာ ကြောင့် အဟောသိကံဖြစ်သွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးကုသိုလ်အများစုဟာ လူမင်း၊ နတ်မင်း၊ဗြဟ္မာမင်းစတဲ့အဖြစ်တွေနဲ့ လောကကို မိမိဘ၀အတွက်
သိမ်းပိုက်ရန် အားထုတ်တတ်တာကြောင့် အတ္တအသိနဲ့ ငြိနေပြီး တဏှာ၊ မာန၊ ဒိဋ္ဌိတရားဆိုး တွေကို
အားပြုတတ်ပါတယ်။

ဒီလိုမျိုးကုသိုလ်တွေဟာ လောကအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်စေပါ တယ်။
ပါရမီကုသိုလ်ကတော့ အနိမ့်ဆုံး အညတရများ အပါအ၀င် လောကတစ်ခုလုံးအတွက် မိမိရဲ့
ဘ၀ကို အနစ်နာခံ စွန့်လွတ်နိုင်တာကြောင့် အနတ္တဥာဏ်နဲ့ ဆက်ဆံနေပြီး သဒ္ဓါ၊ မေတ္တာ၊
ပညာ တရားတို့ကို အားပြုတတ်ပါတယ်။ ဒီလိုကုသိုလ်မျိုးဟာ လောကအတွက် ဘေးမဖြစ်ဘဲ၊
ဆေးဖြစ်စေ ပါတယ်။

အချုပ်ပြောရရင် ရိုးရိုးကုသိုလ်ဟာ လောကီကျိုးကိုသာဖြစ်စေနိုင်တယ်။ အဆိပ်ရှိတယ်၊ မခိုင်မာဘူး၊
ပျက်စီးပျောက်ကွယ်တတ်တယ်။ ပါရမီကုသိုလ်ကတော့ လောကီကျိုးကိုသာမက
လောကုတ္တ ရာအကျိုးကိုပါ ဖြစ်စေနိုင်တယ်။ အဆိပ်မရှိ၊ ခိုင်မာတယ်၊ မပျက်ပြယ်ပါဘူး။
ဒါကြောင့်မို့ အသိဥာဏ် ကြီးသူတိုင်းဟာရိုးရိုးကုသိုလ်ထက် ပါရမီကုသိုလ်ကို ပိုပြီး မြတ်နိုး
တန်ဖိုးထားလေ့ ရှိပါတယ်။ တကယ်တော့လည်း ပါရမီကုသိုလ်ရဲ့ မြတ်နိုးဖွယ်ရသကို
သူတော်ကောင်းနှလုံးသားရှိမှခံစားနား လည်နိုင်တာပါ။

ပါရမီအမှု ၁၀-ခုကိုကြည့်ရင် ပါရမီဖြည့်တယ်ဆိုတာ ဘ၀သံသရာ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ
အစီအစဉ်မဲ့ မျောပါနေခြင်းမဟုတ်ဘဲ အစီအစဉ်နဲ့ စနစ်တကျ ကူးခတ်နေခြင်းဆိုတာ ပေါ်လွင်လှပါ တယ်။ မြင့်မြတ်တဲ့ရည်မှန်းချက်အပေါ်မှာ အခြေခံတဲ့ ကံအဆောက်အဦ (ပုညသမ္ဘာရ)၊
ဥာဏ်အ ဆောက်အဦ (ဥာဏသမ္ဘာရ)တွေ မြင့်တက်ရင့်ကျက်ခိုင်မာ ပြည့်စုံလာခြင်းကို
“ပါရမီဖြည့်တယ်”လို့ ခေါ်ဆိုတာပါ။

ဒါကြောင့် ပါရမီဖြည့်တယ်ဆိုတာ သံသရာတစ်ခွင်ကျင်လည်ခဲ့ရစဉ် ဘ၀တွေမှာ ကိလေသာ
“မြစ်”၊ ဒုစရိုက် “ချောင်း”၊ အနုသယ “အင်းအိုင်”တွေရဲ့ တိုက်စား, လှိုက်စား, နှိုက်စားခံရမှုတွေ ကြောင့်
ချိုင့်ဝင်နိမ့်ပါး ပျက်စီးသွားခဲ့ရတဲ့နေရာတွေမှာ အစားထိုးနိုင်ဖို့ သိပ်ပေးခြင်း၊
ရည်မှန်းချက်ပန်း တိုင်ကို လှမ်းကိုင်ခူးဆွတ်နိုင်အောင် စိတ်အား၊ ဥာဏ်အား၊ အကျင့်အားတွေကို ဖြည့်ဆည်းမြှင့်တင် ပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဒီနေရာမှာ ဘာ့ကြောင့် “ပါရမီဖြည့်ဖို့လိုသလဲ”ဆိုတဲ့ မေးခွန်းဟာ ပါရမီဖြည့်ခြင်း အနုပညာရဲ့ အဓိက
အသည်းနှလုံးဖြစ်ပါတယ်။
(၁) အများအကျိုး, လောကအကျိုးကို ထူးချွန်ထက်မြက်စွာ သယ် ပိုးရွက်ဆောင်နိုင်ဖို့နဲ့၊
(၂) ဗောဓိဥာဏ်ကို ရနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုဟာပါရမီဖြည့်ဖို့ရာ အဓိက လိုအပ်တဲ့
အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။

“ပါရမီဖြည့်တယ်”ဆိုတာ (တစ်နည်းအားဖြင့်ပြောရရင်) လောဘ၊ အတ္တ၊ မာနတွေကြောင့်
အကျည်းတန်အရုပ်ဆိုးလှတဲ့ လူ့ဘ၀၊ လူ့စေတနာကို အလှပ၊ အယဉ်ကျေး၊ အသိမ်မွေ့ဆုံးဖြစ်အောင်
ခြယ်မှုန်းပြုပြင် တန်ဆာဆင်ပေးတာကို ခေါ်တာပါ။ ဘုရားအလောင်းတော်ဟာ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်တယ်ဆိုတာ မိမိရဲ့ဘ၀၊ မိမိရဲ့စေတနာကို လှသည်ထက်လှအောင် အားထုတ် ခြင်းဖြစ်ပါတယ်။

ကြာပန်းရဲ့အလှဟာ ရေကန်ကို တန်ဆာဆင်နိုင်သလို ဘ၀ရဲ့အလှဟာလည်း လောကကို တန်ဆာဆင်ပေးနိုင်ပါတယ်။ ပါရမီတွေပြည့်ဝလို့ မိမိရဲ့ဘ၀က ပို၍ပို၍လှလေ၊
လောကကိုလည်း ပို၍ ပို၍လှအောင် တန်ဆာဆင်နိုင်လေဖြစ်ပါတယ်။
ဒါကြောင့် အများအကျိုး လောကအကျိုးကို ထူးချွန် ထက်မြက်စွာ သယ်ပိုးရွက်ဆောင်လိုသူတွေဟာပါရမီပြည့်အောင် ဖြည့်ကျင့်အားထုတ်ကြတာပါ။
နောက်ပြီး ဗောဓိဥာဏ်ကို ရရှိခြင်းဟာ ဘ၀မှာ အမြင့်မားဆုံး အကျိုးစီးပွား၊ အမွန်မြတ်ဆုံး ပန်း တိုင်ဖြစ်ပါတယ်။ တခြားအကျိုးစီးပွားတွေဟာ အ၀ိဇ္ဇာ (မသိမလိမ္မာမှု)က ရှာပေးတဲ့ပန်းတိုင်ဖြစ်ပြီး၊ ဗောဓိဥာဏ်သည်သာ ၀ိဇ္ဇာ (တတ်သိလိမ္မာမှု)က ရှာဖွေပေးတဲ့ ပန်းတိုင်ဖြစ်ပါတယ်။
ဝိဇ္ဇာက ရှာဖွေ ပေးတဲ့ ဒီပန်းတိုင်ဆိုတာ ပါရမီပြည့်မှ ရောက်နိုင်တာမျိုးပါ။
ဒါကြောင့် ဗောဓိဥာဏ်ရလိုသူတွေဟာ ပါရမီပြည့်အောင် ဖြည့်ကျင့်အားထုတ်ကြတာပါ။

ပါရမီဆိုတာ လူစွမ်းကောင်း လူရည်ချွန်တွေရဲ့ သီးသန့်ဥစ္စာ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့နှလုံးသားနဲ့
လောကကိုချစ်ခင် အလှဆင်လိုသူတိုင်း ဖြည့်ကျင့်ဆည်းပူးနိုင်တဲ့ လူ့ကျင့်ဝတ်တွေပါ။ ရိုးရိုးရှင်းရှင်းပြောရရင်
ပါရမီဖြည့်တယ်ဆိုတာ လူသားတစ်ဦးအနေနဲ့မြင့်မြတ်တဲ့လူ့ကျင့်ဝတ်တွေကို လူသားဆန်ဆန် ပီပြင်စွာ ဖြည့်ကျင့်အားထုတ်တာကို ခေါ်တာပါ။

ပါရမီဆိုတာ မိမိအတွက် စွန့်လွတ် အနစ်နာခံရတာမို့အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့စရာ မကောင်းပေမဲ့ ၊
အနှစ်သာရအနေနဲ့ကတော့ လောကအတွက် မြင့်မြတ်တဲ့
“စံ”တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ်အတိ ဖြစ်ပါတယ်။ တကယ်တော့ ပါရမီ ဖြည့်ခြင်း အနုပညာဆိုတာ
မိမိဘ၀ကိုသာမက လောကနဲ့ ၀န်းကျင်ကိုပါ အကောင်းဆုံးအလှဆင်ပေး တတ်တဲ့
အနုပညာတစ်ခု ဖြစ်ပါတယ်။

စီးဆင်းနေတဲ့ရေဟာ သူလိုရာမရောက်ခင် လမ်းမှာ တွေ့သမျှ ချိုင့်ဝှမ်းတွေကို ဖြည့်တင်းသွားရသလို ပါရမီရှင်တစ်ဦးဟာလည်း သူလိုရာပန်းတိုင်ကို မရောက်ခင် ဘ၀မှာ တွေ့ရသမျှ ဟာကွက်၊
ပျော့ကွက် လိုအပ်ချက်တွေကို ကြည်နူးဝမ်းမြောက်စွာ စွန့်လွတ်ဖြည့်ဆည်းသွားမှာပါ။

ကရုဏာ ပညာတရားတွေနဲ့ မိမိဘ၀ကိုစတေးပြီး အများအကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ ကျင့်ဝတ်၊
သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ဒီကမ္ဘာပေါ်မှာ
ပါရမီပန်းတွေကတော့ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ။

-【ဆရာတော်တော်ဝင်နွယ်】
Posted by ►
www.facebook.com/youngbuddhistassociation.mm
 

Video Call ပါခေါ်လို့ရလာပြီဖြစ်တဲ့ Viber v5.0.0.4083 APK

$
0
0

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

Viber နောက်ဆုံးထွက် Version လေးထွက်လာပါပြီဗျာ။ ဆန်းပြားတဲ့အသွင် သစ်များအပြင် Video Call ပါပါဝင်လာပြီဆိုတော့ လုံးဝကိုလန်းသွားပါပြီ။ အသွင်အပြင်တွေကလည်း အရင် Version အဟောင်းတွေနဲ့မတူဘဲ ပြောင်းလဲသွားပါပြီ။ Sticker အသစ်တွေလည်းပါဝင်လာပါပြီ။

အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ။

http://www.mediafire.com/download/njddfhjui6s8kxf/Viber_5.0.0.4083%20By%20



https://www.facebook.com/naing.s.thu/posts/683938151695061

မိန်းမသားဆိုတာ

$
0
0


အမျိုးသမီးတစ်ဦး ဆေးရုံပေါ်မှာ ကင်ဆာနောက်ဆုံးအဆင့်နဲ့ရောက်နေပါတယ်။ ကူမရ ကယ်မရနိုင်လို့ အိမ်ကိုပြန်ခေါ်လာပြီး နာရီအနည်းငယ်အတွင်း သူ့ယောက်ျားနဲ့သားလေးလက်ထဲမှာပဲ အသက်ဆုံးရှုံးသွားပါတယ်။

သားငယ်လေးလည်း လူးလှိမ့်ငိုကြွေးနေသလို ခင်ပွန်းသည်မှာ လည်း ဖြည်ဆည် မရနိုင်အောင် ပူပင်သောကရောက်နေခဲ့တယ်။ ဒီလိုနဲ့ညရောက်လာတော့ အဆက်မပြတ် ငိုကြွေးနေတဲ့သားလေးက ဖျားတော့တာပဲ။ ဒါကြောင့် ပူပင်သောကရောက်နေတဲ့ခ င်ပွန်းသည်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အိပ်ခန်းထဲကိုဝင်လာပြီး ဘာကိုရှာဖွေနေမှန်းမသိ ရှာနေပါတော့တယ်။ ဒီလိုနဲ့ သူ့ဇနီး မှန်တင်ခုံကို သတိရပြီး အဲ့ဒီကို သွားရှာတော့ ဆေးလေးတွေနဲ့အတူ စာရွက်လေးတစ်ရွက်ကို အံ့သြကြီးစွာတွေ့ရပါတယ်။ စာထဲမှာရေးထား တာကတော့

ယောက်ျားရေ....
သားလေး နေမကောင်းဖြစ်နေရောပေါ့ သူကတစ်အားငိုရင် ဖျားတတ်တဲ့အကျင့် ရှိတယ်လေ။ ရှင်လည်း အကျင့်တွေပါပြီး ကျွန်မ ဘာများထပ်လုပ်ပေးနိုင် မလဲဆိုပြီး မျှော်လင့်ချက်နဲ့ ရှာနေရတာ ခေါင်းတွေပူပြီး ကိုက်နေပြီဆို တာသိပါတယ်။ ဒါကြောင့် သားလေး ဖျား ရင်သောက်နေကြ ဆေး ကို တစ်ပုံ ယောက်ျားခေါင်းနောက်ရင် သောက်နေကျ တစ်ပုံကို ထားပေးခဲ့ တယ်နော်။ သားလေးအတွက်ဆေးက အိတ်ကလေးနဲ့ ရှင့်အတွက်တော့ ဒီအတိုင်းပုံ ထားတယ်။

 ကျွန်မတတ်နိုင်သလောက် တစ်လ စာ ကြော်ခြမ်းပေးပြီးဗူးလေးတွေနဲ့ ထည့်ထားခဲ့တယ်။ သားလေးကို ဂရုစိုက်ပါ။ အိမ်စောစောပြန်လာပြီး သားလေးနဲ့အချိန်များများကုန်ဆုံးပေးပါ။ သားရော ရှင်ပါ စိတ်ထားကောင်းတဲ့ မိန်းကလေး ကိုယ်စီနဲ့ ဘဝ ခရီးဆက်လျောက်ပေးသွားပါ။ ကျွန်မကို ဇနီးမယားအဖြစ် စောင့်ရှောက်ကြင်နာပေးခဲ့လို့ လူ့လောကကြီးထဲ ကျွန်မနေပျော်ခဲ့ပါတယ်။
ဒီစာကိုဖတ်ပြီး ယောက်ျားဖြစ်သူက သားနဲ့အပြိုင် မျက်ရည်ဖြိုင်ခဲ့ရပါတော့တယ်။

အိမ်ထောင်ရှင် မိန်းမသားတွေဆိုတာ......
-ကိုယ့်ကိုယ်နဲ့ မိသားစုအားလုံးရဲ့စိတ် ဖြစ်နေကြရတဲ့သူတွေပါ
-သူ့ကိုမွေးပေးတဲ့ မိဘအပြင် ကိုယ့်ယောက်ျားကိုမွေးပေးတဲ့ မိဘတွေကိုပါ ဂရုတစ်စိုက်ပြုစုပေးနေရတဲ့သူတွေပါ
-သင့်ရဲ့ရင်သွေးလေးကို လွယ်ထားစဉ်ကလည်း သူပဲနာကျင်လေးပင်ခံစားရပြီး အသက်နဲ့ရင်းပြီး မွေးပေးခဲ့ရသူပါ
-သင့်ရင်သွေးလေး ကျန်းမာပျော်ရွင်ထက်မြက်စွာကြီးပြင်းလာအောင်လည်း အမုန်းခံ အချစ်ခံ အနာခံနဲ့ ဘဝတစ်လျောက်လုံးစောင့်လျောက်ပေးခဲ့သူပါ

-ဒါကြောင့်မို့ သင့်မိသားစု သင့်မိဘ ညီအစ်ကို မောင်နှမ သင့်အသိုင်းအဝိုင်း သူ့မိဘ သူ့ညီအစ်ကို မောင်နှမ သူ့အသိုင်းအဝိုင်းကြား သင့်ကိုကြည့်ရင်း သူတို့ကိုကြည့်ရင်း အကောင်းဆုံးနေထိုင်နေရသူတွေဖြစ်လို့ သူတို့ရဲ့ပျော်ရွှင်မှုတစ်ခုတည်းဖြစ်တဲ့ သင်နဲ့သားသမီးလေးတွေ အပြုံးကိုယ်စီနဲ့ စည်းလုံးသိုက်ဝန်းနေခြင်းကိုတော့ သင်ကပဲ အကောင်းဆုံးပါရမီဖြည့်သွားပေးပါ။ အကြောင်းပြချက် မဲ့စွာဖြင့် ချွင်းချက်မရှိ ဇနီးသည်နဲ့ သားငယ် သမီး ငယ်လေးတွေ ကို မြတ်နိုး ကြင်နာ ချစ်ခင်ပေးသွားပါ။

ကလောင်ရှင် - မမဖူးဖူး
www.yoyarlay.com
‪#‎articles_yyl‬

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716
Viewing all 6248 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>