Quantcast
Channel: စိတ်ကူးပျော်ရာ
Viewing all 6248 articles
Browse latest View live

ဖိနပ်တစ်ရံ ပြည့်အောင် လွတ်ချခဲ့ပါ

$
0
0


ဂန္ဓီရဲ့ ဖိနပ်တစ်ရံ အမည်ရ စာတိုလေးကို စာဖတ်သူတို့ သိရှိ ဖတ်ဖူးမယ်လို့ ယုံကြည် ပါတယ်။ နယ် တစ်နယ်ကို ခရီးသွားဖို့ ရထားပေါ် အတက်မှာ ဖိနပ်တစ်ဖက် ကျသွားပါတယ်။ ဒါနဲ့ တစ်ရံ ဖြစ်သွားအောင် ဆိုပြီး ကျန်နေတဲ့ တစ်ဖက်ကိုပါ ပစ်ချခဲ့ ပါတယ်။ ယင်းဖြစ်ရပ်ကို မြင်တဲ့ ဘေးက ခရီးသည်က မေးတော့ သူက ဖြေတယ်။ ကောက်ရတဲ့သူ စီးလို့ ရအောင်ပါတဲ့။

ယနေ့ လူမှုဘဝမှာလည်း ဒီလိုပါပဲ မိတ်ဆွေတို့..။ မိမိက အရာ တစ်ခု၊ အခွင့်အရေး တစ်ခု ရပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရတော့မယ် ဆိုရင်၊ ပြန်လည်း ရဖို့ မသေချာတော့ရင် တစ်ဖက်က ရမယ့်သူ အတွက်သာ အကောင်းဆုံး ဖန်တီးပေးလိုက်ပါ။ ဖြည့်ဆည်းပေးလိုက်ပါ။ ဖိနပ်တစ်ဖက် တည်း ချန်ထားတော့ရော သင့်မှာ ဘာထူးသွားသလဲ။ ကျခဲ့တဲ့ တစ်ဖက်လည်း အကျိုးမရှိ အမှိုက်ပုံးထဲကိုသာ ရောက်သွားမှာပါ။ 

သင့် ချစ်သူ အကြောင်းအမျိုးမျိုး သင့်ဆီ ပြန်မလာနိုင်တော့ရင် ဖြတ်မရတောင် မချည်နှောင်ပါနဲ့။ ဓားနဲ့လည်း မထိုးပါနဲ့။ မိမိကိုယ်ကိုလည်း သေကြောင်း မကြံ ပါနဲ့။ လက်နှစ်ဖက်စလုံး လွတ်ပေးလိုက်ပါ။ မိမိရဲ့ နှမြောစိတ်၊ လောဘစိတ်၊ အတ္တစိတ်က ငရဲဆီကိုသာ ခေါ်ဆောင်သွားပါလိမ့်မယ်။ ဘယ်တော့မှ မလုပ်ပါနဲ့။

အချစ်ရေးမှာတင် မကပဲ အခြား လူမှု ဘဝတွေမှာပါ တစ်ခါ တစ်လေ ကျရင် မိမိရဲ့ လိုချင် တက်မက်စိတ်၊ နှမြောတွန့်တိုစိတ် များကို ဖျောက်လို့ တစ်ဖက် အတွက် ဘာလုပ်ပေးနိုင်မယ် ဆိုတဲ့ ပရ စိတ်လေး ထားရှိဖို့ လိုအပ် ပါတယ်။ တစ်ရံ ပြည့်အောင် ပစ်ချခဲ့ပါ မိတ်ဆွေတို့..

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

သံယောဇဉ်ကို ပါရမီဖြစ်အောင် လုပ်နည်း

$
0
0

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/s720x720/10653739_874427595900587_9009485178529648_n.png?oh=0cf7866414145a10e6707df5d0e0579f&oe=5485BA5C&__gda__=1417878694_bab5bba6fbadd04b78819b2c0b35999c
သံယောဇဉ်ရဲ့ မှောင်းနှင်အားက အင်မတန်ကြီးမားပါတယ်။အံ့ဩဖွယ်ကောင်းလောက်အောင်ကို ကြီးမားတာပါ။

● တစ်ခါတစ်ရံမှာ တချို့ကုသိုလ်အလုပ်တွေကို ကိုယ့်သဘောနဲ့ကိုယ်ဆို လုံးဝ မလုပ်ချင်ပါဘူး။
● ဒါပေမယ့် ကိုယ်သံယောဇဉ်ရှိသူကလုပ်စေချင်တဲ့အတွက်သူ့ဆန္ဒ လိုက်လျှောတဲ့အနေ နဲ့ လုပ်ဖြစ်သွားပါတယ်။တစ်ခါတရံမှာ ကိုယ်ကနည်းနည်းပဲလုပ်ချင်တဲ့
ကုသိုလ်အလုပ်ကို ကိုယ့်ချစ်သူကြောင့် အများကြီးလုပ်ဖြစ်သွားပါတယ်။

သံယောဇဉ်က နိဗ္ဗာန်အထိ ကျေးဇူးပြုနိုင်တဲ့ပဋ္ဌာန်း သတ္တိ(ပကတူပနိဿယပစ္စယသတ္တိ)
ရှိတဲ့အတွက် သံယောဇဉ်ကို ကုသိုလ်ပါရမီတိုးပွားရေးအတွက် အသုံးချတတ်မယ်ဆိုရင်
အဲဒီသံယောဇဉ်ကို အပြစ်ပြောဖို့ မလိုတော့ပါဘူး။

သံယောဇဉ်ကြောင့်ပဲ တစ်ယောက်က တစ်ယောက်ရဲ့ “ပါရမီ ဖြည့်ဘက်” ဖြစ်သွားရတာပေါ့။
တကယ်တော့ အတိတ်က ပါရမီဖြည့်ဖက်ဖြစ်ခဲ့ကြလို့လည်း ဒီဘ၀မှာ ပြန်ဆုံတွေ့ကြ
ပြန်ချစ်ကြနဲ့ ကုသိုလ်တွေ အတူပြန်ပြုဖြစ်ကြတာပါပဲ။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တော့ရင်လည်းဘာမှ ၀မ်းနည်းစရာမလိုပါဘူး။
ကိုယ့်ကို မချစ်တဲ့သူကို ၊ ကိုယ်ကလည်းထပ်ချစ်နေစရာ မလိုတော့တဲ့ အတွက်
သံယောဇဉ် ကင်းရှင်းပြီး စိတ်လွတ်လပ် အေးချမ်းသွားမှာပေါ့။လွတ်လပ်အေးချမ်းတဲ့စိတ်နဲ့ ကုသိုလ်တွေလုပ် ၊တရားတွေ အားထုတ်ရတာ ဘယ်လောက်ပျော်စရာကောင်းထားလဲ။

ဘုရားအဆုံးအမကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ်သိထားတဲ့ သာသနာတွင်း လူတစ်ယောက်အတွက်တော့
● ချစ်ခြင်းကလည်း “ကုသိုလ်ပါရမီ”မောင်းနှင်အားဖြစ်သလို၊
● မချစ်ခြင်းကလည်း “ကုသိုလ်ပါရမီ”မောင်းနှင်အားဖြစ်ပါတာပါပဲ။

အချစ်လား? လာထား ၊ ကုသိုလ်လုပ်ပစ်မယ်၊ပါရမီ ဖြည့်ပစ်မယ်။ဒါပဲပေါ့။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
(အကြင်နာပေါင်းရှစ်သောင်းလေးထောင်စာအုပ်မှ-)
Posted by ►
www.facebook.com/youngbuddhistassociation.mm
 

ဗျာပါဒ သံယောဇဉ်”

$
0
0



ဗျာပါဒ ဆိုတာ ထစ်ခနဲရှိ စိတ်ထဲမှာ အလိုမကျဖြစ်တာ။ပြင်းထန်လာလို့ရှိရင် လူတွေက ပြောတယ်။
စိတ်ဆိုးတယ်။ စိတ်တိုတယ်။

ကိုယ်မကြိုက်တဲ့ အာရုံနဲ့တွေ့ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်။မဖြစ်ဘူးလား။
အဲဒါကလည်း ဗျာပါဒ သံယောဇဉ်လို့ ခေါ်တယ်။သူကလည်း သံယောဇဉ်ပဲ။ အမုန်းသံယောဇဉ်။
ဒါကိုတော့ လူတွေက သိပ်ပြီးတော့ သံယောဇဉ်လို့ မတွက်ကြဘူး။“တဏှာ”ကိုတော့ သံယောဇဉ်လို့ နားလည်ကြတယ်။ဗျာပါဒ ဆိုတဲ့ ဒေါသအမုန်းတရားကိုတော့
သံယောဇဉ်လို့ မထင်ကြဘူး။သို့သော် ဒါလဲပဲ သံယောဇဉ်ပဲ။
မုန်းတဲ့စိတ်ကလေး ရှိနေသေးသမျှ ထိုမုန်းစရာ အာရုံကို ခဏခဏ သတိရနေတယ်။

အဲဒါ ကြိုးလေးက ချည်ထားလို့ပဲ ။ဟုတ်တယ်မဟုတ်လား။ချစ်တဲ့လူကိုသတိရသလို၊
မုန်းတဲ့သူရော သတိမရဘူးလား။အဲဒါ “ဗျာပါဒ” သံယောဇဉ်လို့ခေါ်တယ်။
“အမုန်းသံယောဇဉ်” ကလည်းပဲ ရှိတာပဲ။

အဲဒီ သံယောဇဉ် ဆိုတဲ့ ဒီကြိုးနဲ့နှောင်ဖွဲ့ထားတဲ့စိတ်ဟာဘယ်လိုမှ “လွတ်မြောက်တဲ့စိတ်”
ဆိုတာ မဖြစ်နိုင်ဘူး။

-【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
 

အစိမ်းရောင်အာလူးနှင့် အသက်အန္တရာယ်

$
0
0

 

ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစုအတွက် အာလူးကဟင်း အပွါးခတ်ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊ ဈေးနှုန်းလည်းချိုသာတာမို့ အာလူး ဟာ အိမ်ရှင်မများအတွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အစိမ်းရောင် အာလူး ရဲ့  အန္တ ရာယ်ကို လူတိုင်းမသိကြသေးပါဘူး။ ကလိုဖီးလ်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ပုံမှန်အရောင်နှင့်မတူ တမူကွဲပြားနေခြင်းပါ။

” စိမ်းရောင်ခြယ် ကလိုရိုဖီးက လူကို ကြီးကြီးမားမား

ဘေးဥပါသ်မဖြစ်စေသော်လဲ၊ အဲဒီအာလူး ထဲမှာပါတဲ့ အရသာအတန်ငယ် ခါးသက်ပြီး solanine (ခေါ်) အဆိပ်သင့်ဓာတုပစ္စည်းတစ်မျိုးေြ ကာင့်၊ စားသုံးမိတဲ့အခါ လူကို အော်ဂလီဆန်ခြင်း၊ ခေါင်းကိုက်၍ ၀မ်းလျောခြင်း၊ အစာမေ ကျပျို့ အန်ခြင်း တို့ ဖြစ်စေပါတယ်၊ ကိုယ်လေးအချိန် ပေါင် ၁၀၀ ရှိတဲ့ ကျမ္မာရေးကောင်းသူေ တာင် အဲဒီ အာလူး ၆ အောင်စလောက်စားမိရင်

စောစောကပြောတဲ့ အစာအဆိပ် သင့် ဘေး ထွက်ဆိုးကျိုးတွေဖြစ်စေတတ်လို့ ၊ ကိုယ်ခံ အား နည်းတဲ့ သက်ကြီးရွယ်အိုနဲ့  ကလေးတွေဆို အသက်အန္တရာယ်တောင်ဖြစ်စေနိုင်တယ် ” လို့  Nebraska လင်ကွန်းတက္ကသိုလ်မှ ပရော် ဖက် ဆာတစ်ဦးဖြစ်သူ Alexander Pavlista က ဆိုပါတယ်။

ဆက်လက်ပြီး ပရော်ဖက်ဆာ က ” ပုံမှန်အာလူး အရောင်မှာ အစိမ်းရောင်ယှက်သန်းနေသော အစိပ်အပိုင်းကိုလှီးထုတ်ပြီးမှ ချက်ပြုတ်ရန်၊ ဈေးထဲမှ ၀ယ်လာပြီး မချက်ရသေးသော အာလူး များ ကို အေး၍မှောင်သောနေရာတွင် သိမ်ဆည်းထားရန်၊ အာလူးများကို ရေခဲသေတ္တာထဲ မသိမ်းကြရန်၊ အာလူးကို အခွံခွာ၍ တညတာ ရေစိမ်ပြီးမှ ချက်ပြုတ်ကြရန် ” အကြံပေး ထား ပါတယ်။

ယနေ့ အမေရိကန်နိုင်င်ငံတွင် အစိမ်းရောင်ပါနေသော အာလူးရောင်းချမှုကို ပိတ်ပင်ထားကြပါ တယ်။ သို့ ပါ၍ မြန်မာပြည်ရှိ အိမ်ရှင်မများလည်း မိသားစုမှာမလိုလားအပ်သော ကျမ္မာရေးပြ သနာတွေမဖြစ်လာရလေအောင် အစိမ်းရောင်ခြယ်အာလူးများ ကို ရှောင်ရှားကြပါလို့  အကြံပြု လိုက်ပါရစေ။


http://www.searchmyanmar.com/link/comment/cid/41556#content-41556

ငါးအသားလွှာနဲ့ ဆီးသီးဆားရည်စိမ်ပေါင်း

$
0
0



ယနေ့ ခေတ်ကာလမှာ လူတွေဟာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ တိုးပွားလာသလို၊ အစားအသောက်၊ နေထိုင်မှု ပုံစံတွေပါ သိသာစွာ တိုးတက်ပြောင်းလဲ လာခဲ့ပါပြီ …။ ကမ္ဘာကျော် ဘောလုံးသမားရဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်း ဆိုရင် အသားတွေထဲမှာ ငါးအသား တမျိုးတည်းကိုသာ စားသောက်ပြီး သူရဲ့ ခန္တာကိုယ်အလေးချိန်ကို ထိန်းသိမ်း ထားတယ်လို့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အင်တာဗျူး တခုမှာ ဖြေထားတာ တွေ့ရပါတယ်။

ဒါကြောင့် ကျနော်တို့ အရှေ့တိုင်း ချက်ပြုတ်နည်းတမျိုး ဖြစ်တဲ့ ငါးအသားလွှာ ပေါင်းလေးကို ဝေမျှ တင်ဆက်ပေးလိုက်ပါတယ်။

ဒီငါးပေါင်းမှာ ငါးအသားလွှာကိုဖြစ်စေ၊ အကောင်လုံးကို ဖြစ်စေ ပေါင်းလိုရပါနိုင် ပါတယ်။ ကျနော်က ဒီနေရာမှာ ဆားငံသီးကို အသုံးမပြုဘဲ ဆီးသီးဆားရေစိမ်ကို အသုံးပြုထားပါတယ်။ ဆားငံသီး သုံးမယ်ဆိုရင်တော့ ကြို
တင်ရေစိမ်ပြီး အစေ့တွေကို ဖယ်ထုတ်ထားပါ။ ဒီနည်းက ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန် စတဲ့နိုင်ငံတွေမှာ အသုံးပြုတာ များပါတယ်..။

ငါးအသားလွှာနှင့် ဆီးသီးဆားရည်စိမ်ပေါင်း

ပါဝင်ပစ္စည်းများ

ငါးအသားလွှာ – ၄၀၀ ဂရမ်
ချင်း အမျှဉ်လှီးထားပြီးသား – ၁/ ၄ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
ကြက်သွန်မြိတ် အရိုးဖြူ – ၁/ ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
နံနံပင် (သို့) တရုတ်နံနံ – အနည်းငယ်
ငရုတ်တောင့်နီ – ၂ တောင့် (အစေ့ထုတ်ပြီးအမျှဉ်လှီး)

ဆီးသီးဆားရည်စိမ် ဆော့စ်အတွက်

ဆီးသီးဆားစိမ် - ၄လုံး (အစေ့ထုတ်ပြီး ချေထားရန်)
ပဲငံပြာရည်အကြည် – ၂ ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အပျစ် – ၁ ဇွန်း (ထမင်းစားဇွန်း)
ခရုဆီ – ၁ ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်ဖြူ – ၃ တက်
ချင်း အမျှဉ်လှီး – ၁ ဇွန်း (ထမင်းစားဇွန်း)
နှမ်းဆီ – ၁ ဇွန်း (ထမင်းစားဇွန်း)
သကြား – ၁ ဇွန်း (ထမင်းစားဇွန်း)
ဟင်းခတ်မှုန့် – အနည်းငယ်
တရုတ်မှိုမည်း – ၃ ပွင့် (ရေစိမ်ထားရန်)

ပထမဆုံး ငါးအသားလွှာ (သို့) ငါးအကောင်လုံးကို ဆား ၊ ဟင်းခတ်မှုန့်၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာနယ် နှပ်ကာ ရေခဲသေတ္တာမှာ ၁၀ မိနစ်ခန့်ထားပါ။

အိုးတလုံးမှာ နှမ်းဆီ၊ ချင်း၊ ကြက်သွန်ဖြူ တွေကို ရောထည့်ပြီး အပူစတင်ပေးပါ (ဆီကျက်မှ ထည့်တာမျိုး
မပြုလုပ်ပါနဲ့၊ နှမ်းဆီအနံ့ ဆုံးရှုံး သွားတတ်ပါတယ်)။

အနည်းငယ် မွှေးလာတာနဲ့ ရေစိမ်ပြီး ပါးပါးလှီးထားတဲ့ မှိုမည်း၊ ချေထားတဲ့ ဆီးသီး ဆားရည်စိမ်တွေ ထည့်မွှေပေးပါ။
 

ဆော့စ်ရည်မှာ ပါဝင်ရမယ့် အရသာတွေ အားလုံး ထည့်ပေါင်းပြီး ရေအနည်းငယ်ဖြည့်ကာ တပွက် ဆူပါစေ။ တပွက်ဆူတာနဲ့ ပါဝင်တဲ့ အဖတ်ဟူသမျှကို စစ်ထုတ်လိုက်ပါ။

ငါးအသားလွှာ (သို့) ငါး တကောင်လုံး နှစ်မြုပ်နိုင်တဲ့ ခွက်ငယ်ထဲ ငါးကိုထည့်ပြီး စစ်ယူထားတဲ့ အရည်တွေ လောင်းထည့်ကာ ငါးကျက်သည်အထိ ပေါင်းပါ။

တချို့ကတော့ စစ်ယူထားတဲ့ အရည်နဲ့ရောပြီး အိုးတလုံးမှာ ထည့်ပြုတ် လိုက်တတ် ကြပါတယ်။ ဒီနည်းလည်း အဆင်ပြေပါတယ်။

ငါးအသားလွှာကို စစ်ယူပြီး ပြင်ဆင်မယ့် ပန်းကန်မှာ ထည့်ပြီးရင် ပေါင်းရည် ပူပူကို အပေါ်ကနေ လောင်းချ ပေးလိုက်ပါ။ ချင်း အမျှဉ်၊ ကြက်သွန်မြိတ် အရိုးမျှင်မျှင်လှီး၊ တရုတ်နံနံ (သို့) နံနံ၊ ငရုတ်သီးစိမ်းတောင့် နီတွေနဲ့ အလှဆင်ပြီးရင် သုံးဆောင်နိုင်ပါပြီ။


http://www.searchmyanmar.com/link/comment/cid/41552#content-41552

irrawaddy

ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

$
0
0


လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။


ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများနေနဲ့ လုပ်ဆောင်ရမယ့် အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တကိုယ်ရည် သန့်ရှင်းမှု ရှိပါ
ခင်ပွန်းဆိုတာ မိသားစုဝင်တစ်ဦးအနေနဲ့ အတူနေထိုင်တာ ကြာလာတဲ့အခါ ကိုယ်က သိပ်ကြီး သန့်ရှင်းလှပနေဖို့မလိုပဲ ဘိုသီဘတ်သီဖြစ်နေရင်တောင် ချစ်မယ်လို့ ထင်တတ်ကြပါတယ်။ ရေမွှေးမသုံးပဲ အပြင်ထွက်ရင်လည်း ရတယ်လို့ထင်ကြပါတယ်။ တကယ်တော့ သူတို့က အချစ်မပျက်တာမှန်ပေမဲ့ ဆွဲဆောင်မှုမရှိတော့တာလည်း အမှန်ပါပဲ။


စတင်တွေ့ဆုံခဲ့ကြတုန်းက ဘယ်လိုဆွဲဆောင်ခဲ့လဲ မိမိကိုယ်ကို ပြန်ဆန်း စစ်ကြည့်နော်။ ရေမိုးချိုး ဂျီးပြောင်နေအောင် တွန်းပြီး ရေမွှေးတွေလည်း တအားဆွတ်ထားခဲ့တယ်မလား။ ကိုယ့်ခင်ပွန်းက ကိုယ့်ကို မြတ်နိုးလို့ တစ်သက်လုံးတူတူနေဖို့ထိတောင် ဆုံးဖြတ်ခဲ့တာ သူ့ကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်လေ။ ဒီတော့ ရေပုံမှန်ချိုး၊ သွားမှန်မှန်တိုက်ပြီး အမွှေးနံ့သာလေးသုံး ရေမွှေးလေး ဆွတ်ကြနော်။ ဒါလည်း ခင်ပွန်းရဲ့ ပိုက်ဆံနဲ့ ၀ယ်လို့ရတာပဲလေ။


ဒီလိုလုပ်ရင် ခင်ပွန်းရဲ့ ပိုမိုဂရုစိုက်မြတ်နိုးမှုကို ရလာရုံတင်မဟုတ်ပဲ မိမိကိုယ်ကိုလည်း ပိုမိုကျေနပ်ပျော်ရွှင်လာ မှာပါ။ သူများတွေက လှတယ်လို့ ချီးကျူးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာပြီး ပျော်တာပဲ မလား။ မွှေးပျံ့ တဲ့ရနံ့ဟာ လူကို စိတ်ကြည်နူးစေလို့ ရေမွှေးလေးတွေ သုံးလိုက်ကြပါစို့နော်။


(၂) လှလှလေး ၀တ်ပါ
တကယ်တမ်းဝန်ခံရရင် ကျမကိုယ်တိုင်လည်း ပွယောင်းယောင်းအ၀တ်အစား ကို ကြိုက်တာပေါ့။ သက်တောင့်သက်သာရှိတယ်လေ။ ဂါဝန်တိုကျပ် ကျပ်လေးနဲ့ ဒေါက်မြင့်ဖိနပ်အစား ဘောင်းဘီတိုနဲ့ တီရှပ်ဝတ်ချင်တာပေါ့။ ဒါပေမဲ့ ၀တုတ်တုတ်ပုံစံဖြစ်နေတာ သိပ်တော့မကောင်းဘူးလေ။ ခင်ပွန်းသည်က အဲဒီသဘာဝအလှလေးကို သဘောကျနေရင်တောင် အပြောင်းအလဲအဖြစ် လှလှပပလေးတော့ မြင်ချင်မှာပေါ့။ ရှင်တို့ရဲ့ အ၀တ်ဘီရိုထဲမှာ ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကိုယ်ကျပ်ဂါဝန်တစ် ထည်လောက် တော့ ရှိကိုရှိမှာပါ။ ပွဲရှိရှိ မရှိရှိ လှလှပပလေး
ခဏခဏတော့ ၀တ်ပေးပေါ့။ ခင်ပွန်းသည်က တအံ့တသြနဲ့ ကြည့်မ၀ဖြစ်နေရင် ရှင်လည်း ပျော်မှာပဲလေ။

(၃) နှုတ်ခမ်းနဲ့ မျက်လုံးကို ဂရုစိုက်ပါ
နှုတ်ခမ်းနီ သို့မဟုတ် နှုတ်ခမ်းဆီ တစ်ခုခု လက်ကိုင်အိတ်ထဲ အမြဲထည့်ထား ပါ။ Eye Liner လည်းမရှိမဖြစ် အိတ်ထဲတည့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်အချိန်အရေးပေါ်လိုမယ်မှန်း မသိနိုင်ဘူးလေ။ နှုတ်ခမ်းနီ၊ eyeliner နဲ့ မျက်တောင်ကော့ဆေးထည့်ထားတဲ့အိတ်က အရေးအကြီးဆုံးလို့ မိန်းကလေးတော်တော်များများ ယူဆသင့်ပါတယ်။ နှုတ်ခမ်းလေး ရွှန်းစိုနေပြီး မျက်လုံးထင်းနေရင် တကယ့်ကို လှသွားနိုင်လို့ ပါးနီတွေ၊ မိတ်ကပ်တွေထက် ပိုအရေးကြီးပါတယ်။

(၄) ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းပါ
အလှပြင်ခန်းမကို သွားပြီး တကိုယ်လုံးပေါင်းတင်တာကို ခဏခဏလုပ်ရမယ် လို့ မဆိုလိုပါဘူး။ အိမ်မှာပဲ လွယ်လွယ်လုပ်လို့ရမယ့်နည်းတွေရှိပါတယ်။ လက်သည်းခြေသည်းလေးတွေကို အမြဲဂရုစိုက်ပါ။ လက်သည်း ဆိုးဆေး ပျက်နေတာ၊ ဂျီးတွေဝင်နေတာဟာ အရမ်းကိုရုပ်ဆိုးပါတယ်။ လက်သည်းခြေ သည်းပြုပြင်ဖို့ အလှပြင်ဆိုင်သွားဖို့ မတတ်နိုင်ရင်တောင် ကိုယ့်ဘာသာ အိမ်မှာ လုပ်လို့ရပါတယ်။ အနီရောင်လက်သည်းနီဟာ ချစ်မေတ္တာကို ကိုယ်စားပြုလို့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။ ခြေထောက်ကိုလည်း အမွှေးရိပ်လိုက်ပါ။

(၅) အတင်းတိုက်တွန်းတာမျိုးကို ရှောင်ပါ
ပြောရတာထက် လုပ်ရတာ ပိုခက်တာ လူတိုင်းအသိပါ။ ဒီတော့ ရှင်ပြောတဲ့အရာကို ခင်ပွန်းက မလုပ်သေးရင် ဘာမှမပြောသေးပဲ ဘယ်လိုနူးညံ့စွာပြောနိုင်မလဲ အရင်စဉ်းစားပါ။ တကယ့်ကို အလုပ်ဖြစ်တဲ့နည်းလမ်းလေးပါ။ယောက်ျားတွေဟာ အလိုဆန္ဒသိပ်မများပေမဲ့ ခဏခဏ နားပူအောင်ပြောတာမျိုးကိုတော့မခံနိုင်ကြပါဘူး။ ဇနီးကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ခင်ပွန်းကို အပြစ်တင်ဝေဖန်မှုတွေနဲ့ မဆက်ဆံသင့်ပါဘူး။


“ရန်ပဲဖြစ်ချင်နေတဲ့ ဇနီးတစ်ယောက်နဲ့ နေမယ့်အစား လမ်းဘေးမှာပဲနေတာ ပိုကောင်းတယ်” ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ခင်ပွန်းကို အတင်း ထိန်းချုပ် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ပြောင်းလဲစေချင်တာဟာ ဘ၀ကို ပိုကောင်းစေချင်လို့ဖြစ်ကြောင်း အေးအေးဆေးဆေးပြောပြ နိုင်ရင်တော့ ကောင်းပါတယ်။ အတင်းတိုက်တွန်းရုံနဲ့ မပြောင်းလဲနိုင်သလို ပြောင်းလဲခဲ့ရင်လည်း ခဏပါပဲ။ အေးဆေးနူးညံ့တဲ့ ဇနီးကောင်းမှသာ ခင်ပွန်းကို ပြောင်းလဲကောင်းမွန်လာစေတာပါ။


http://www.searchmyanmar.com/link/frame/cid/41528/

ဟာသတိုလေးများနဲံ ရီလိုက်ရအောင်

$
0
0
 
                        
 

သေပြီဆရာ
__________________________________
တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက်တင်ပါးအပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန် မှစစ်ဆေးပြီးနောက်…….
“ မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ ”
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံထပ်သွားပြသည်။
…ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်….ကြာသော်….. အမျိုးသား အင်္ဂါ ပါထပ်စိမ်းလာသောအခါ ဆရာဝန်ထံသို့….ထပ်သွားပြသည်။ ဆရာဝန်က……
“အသက်အန္တရယ်မစိုးရိမ် ရအောင် ဖြတ်လိုက်ပါ ” ဆိုသဖြင့်…..
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး…. နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်….ဖြေးဖြေးချင်း ပြောလိုက်တာကတော့….
“အတွင်းခံသာ လဲလိုက်ပေ တော့ငါ့ညီ…..
လက်စသတ်တော့ ငါ့ညီအတွင်းခံက အရောင် တွေ ကျွတ်..ကျွတ်နေတာကို ထင်တော့ထင်သား..”
“ဗျာ”
__________________________________________

တခါတုန်းက လူတ‍ယောက်က အန္တရာယ်ကင်းတယ် အစွမ်းထက်တယ်ဆိုတဲ့ နတ်ရုပ်က‍လေးကို လည်ပင်းမှာ ဆွဲထားတာ‍ပေါ့,,
ဒါ‍ပေမယ့် တ‍နေ့မှာ သူဟာ ဆိုင်ကယ်‍မှောက်ပီး ‍သေဆုံးသွားတယ် ,,
သူ‍သေသွားပီ ၀ိဥာည်ဘ၀မှာအဲဒီနတ်နဲ့သွား‍တွေ့တယ် ,,
ခင်ဗျားက ကျုပ်ကို‍စောင့်‍ရှောက်မယ်ဆို ခု‍တော့ ကျုပ်မှာဆိုင်ကယ်‍မှောက်ပီး‍သေရပီ။
, ,,နတ်က ‍ပြန်‍မေးတယ်,,
မင်းက ဆိုင်ကယ်ကို ဘယ်နှကီလို‍မောင်းတာလဲ,,,
,“ကီလို 120 နဲ့‍မောင်းတာ‍လေ,,”
,“‍အေး ငါက ကီလို 80 မှာတင် ဆင်း‍နေခဲ့တာကွ,,,
____________________________________________

လူတယောက်သည် ကားကို သတ်မှတ်အရှိန်ထက် ကျော်လွန်၍ မောင်းနှင်နေရာ ယာဉ်ထိန်းရဲက နောက်မှ မှီလာ၍ မတတ်သာသောကြောင့် လမ်းဘေးချပြီး ကားရပ်လိုက်ရလေ၏။
ယာဉ်ထိန်းရဲ ။ ။ ဘယ်လိုအကြောင်းကြောင့်များ ဒါလောက်အရှိန်မြှင့် မောင်းရတာလဲဗျ။ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ မသိဘူးလား။
ကားသမား။ ။ဟုတ်ကဲ့၊ ဆရာ။ ဒါဟာ ကျနော့အတွက်သေရေးရှင်ရေး ဖြစ်နေလို့ပါ။ အခုလောလောဆယ် ကျနော့အခန်းထဲမှာ
အဝတ်အစားမပါ၊ ဗလာကျင်းနဲ့ မိန်းကလေးတယောက် ကျနော့ကို စောင့်နေလို့ပါ။
ယာဉ်ထိန်းရဲ ။ ။ (ရယ်မောလျက်) ဒါလားဗျ သေရေးရှင်ရေးလား။?
ကားသမား ။ ။ ဟုတ်၊ ကျနော် အိမ်ပြန်မရောက်ခင် ကျနော့မိန်းမသာ အရင်ရောက်သွားရင်တော့ ပွဲချင်းပြီးဘဲဗျို့။။
________________________________________

မိမိကိုယ်မိမိ သတ်သေရန် ဆုံးဖြတ်ထားပုံရသည့် လူတစ်ယောက် တိုက်၏ ခေါင်မိုးပေါ်မှ ခုန်ချရန်ပြင်နေသည်။
အောက်မှလူအုပ်သည် အပေါ် စိုးရိမ်စွာ မော့ကြည့်နေကြသည်။
ခုံချနိုးနှင့် အချိန်ကြာလာသဖြင့်
ကြည့်နေသူ မိန်းမတစ်ယောက်က ဘေးလူကိုပြောသည်။
“ဘုရား.. ဘုရား၊ နောက်ငါးမိနစ် အတွင်းသာ သူမခုန်ချရင်တော့ ကျွန်မ ရုံးနောက်ကျ
ပြီး လူကြီးအဆူခံရမှာ သေချာပြီ”
_________________________________________

အဘိုးကြီးတစ်ဦး ဟောင်ဖွာဟောင်ဖွာဖြင့်အော်နေသည်။
“ဘာအရည်အချင်းမှမရှိပဲ ထိုင်ခုံပေါ်တက်ထိုင်နေတယ်၊ ထိုင်နေတာလဲ
ဘယ်လောက်တောင်ကြာနေပြီလဲ။ အလကားလူ၊ ကိုယ့်ဘာသာဘာကိုမှလဲ မဆုံးဖြတ်ဘူး။နောက်လိုက်တွေရှိနေပြီး နောက်လိုက်ကောင်တွေကလဲ အလကားကောင်တွေပဲ´´
ထိုစဉ် အဆိုပါအဘိုးကြီးနား မာဖီ(အရပ်ဝတ်ဖြင့်) ရဲသားနှစ်ဦးကပ်လာပြီး
အဘိုးကြီးကိုမေးသည်။
“အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ´´
“ဘယ်သူဖြစ်ရမလဲ ဒီလိုင်းကားမောင်းတဲ့ဒရိုင်ဘာကိုပြောတာပေါ့´´
ရဲသားနှစ်ဦး ပြန်လှည့်ထွက်သွားသည်။
မကြာမီ ခုနကအဘိုးကြီး ကမျောကသောဖြင့် ရဲနှစ်ဦးနောက်သို့ လိုက်လာပြီး အမောတကော မေးသည်။
“မောင်ရင်တို့က ဘယ်သူ့ကိုပြောတယ် ထင်လို့လဲဟင်´
____________________________________________________

ဆံသဆိုင်ထဲကို လူငယ်တစ်ယောက် ဝင်လာတယ်။
ဆိုင်ရှင်က မေးတယ်… …
“ဆံပင်ညှပ်မှာလား မောင်လေး”
“ဟုတ်ကဲ့…”
“ဒါဆို လာထိုင်၊ ဘယ်ပုံညှပ်မှာလဲ”
“ညာဘက်ခြမ်းကို တိုတို၊ ဘယ်ဘက်ခြမ်းကို ခပ်ရှည်ရှည်၊ နောက်က အပြောင်ရိတ်ပြီး ရှေ့ကဆံပင်ကို ကွက်တိကွက်ကြား ညှပ်ပေး”
“ဘုရားရေ… အဲလိုပုံမျိုး ဘယ်မှာများ တွေ့လာသတုန်း၊ အံ့သြဘကွယ်”
” ပြီးခဲ့တဲ့လက ခင်ဗျားပဲ အဲလိုညှပ်လိုက်ပြီးတော့များ


http://www.searchmyanmar.com/link/frame/cid/41530/


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

ဟင်းခတ်မွှေးကြို င် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်များ -

$
0
0
                     
သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းများနှင့် အမွှေးအကြိုင်များဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ …း)
၁။ ဆား = Salt
၂။ ငရုတ်သီးမှုန့် = Chilli powder

၃။ ငရုတ်သီးစိမ်း = green Chilli
၎။ ငရုတ်ကောင်းမှုန့် = pepper (Black/ White)
၅။ ဟင်းခတ်သစ်ရွက် = Curry leaf ( ပျဉ်းတော်သိမ်ရွက် )
၆။ တရုတ်ကြက်သွန်မြိတ် = Leek
၇။ ကြက်သားမှုန့် = Chicken Powder
၈။ တရုတ်နံနံပင် = Celery
၉။ နံနံပင် = Coriander leaf (Cilantro)
၁၀။ နံနံစေ့ = Coriander seed
၁၁။ မုန့်ညှင်းစေ့ = Mustard Seed
၁၂။ မုန့်ညှင်းရွက် = Mustard leaf
၁၃။ ပူစီနံ = Mint
၁၄။ မန်ကျည်းသီး = Tamarind
၁၅။ နနွင်းမှုန့် = Turmeric powder
၁၆။ ပင်စိမ်းရွက် = Basil
၁၇။ ရှာလကာရည် = Vinegar
၁၈။ နှမ်းဆီ = Sesame Oil
၁၉။ ဟင်းချက်ဆီ = Cooking Oil
၂၀။ မြေပဲဆီ = Peanut Oil
၂၁။ ဟင်းရွက်ဆီ = Vegetable Oil
၂၂။ ကြက်သွန်နီ = Onion
၂၃။ ကြက်သွန်ဖြူ = Garlic
၂၄။ ဂျင်း = Ginger
၂၅။ ခရုဆီ = Oyster Sauce
၂၆။ ပတဲကော = Galangal
၂၇။ စပါးလင် = Lemon grass
၂၈။ ဂျူးဖူး = Chives
၂၉။ ဂျုံမှုန့် = Flour
၃၁။ ကော်မှုန့် = Corn Flour/ Glue ( Potato Starch/ Corn Starch )
၃၂။ ယမ်းစိမ်း = Saltpetre
၃၃။ တရုတ်မဆလာ = Chinese Curry Powder
၃၄။ ကြက်သွန်မြိတ် = Spring Onion
၃၅။ ကုလားအော်သီး = Capsicum
၃၆။ သစ်ဂျပိုးခေါက် = Cinnamon Bark
၃၇။ ဇီယာ = Cumin
၃၈။ ကလဝေးရွက် = Bay leaf
၃၉။ လေးညှင်းပွင့် = Clove
၄၀။ ဇာဒီပ္ဖိုလ်သီး၊ ဇာပွင့် = Nutmeg
၄၁။ ဘိန်းစေ့ = Poppy Seed
၄၂။ ဖာလာစေ့ = Cardamon
၄၃။ နာနတ်ပွင့် = Star nut / Star of aniseed
၄၄။ စမုန်စပါးစေ့ = Fennel seed
၄၅။ မာဆလာ = Grand Masal ( Garam Masala )
၄၆။ ဟင်းခတ်ဝိုင်(အဖြူ) = White Wine
၄၇။ ဟင်းခတ်ဝိုင် (အနီ) = Red Wine
၄၈။ ပဲငံပြာရည် အကြည် = Light Soy Sauce
၄၉။ ပဲငံပြာရည် အနှောက် = Dark Soy Sauce
၅၀။ တရုတ်မဆလာ = Five Fragrances Powder
၅၁။ ငရုပ်ပွ = Capsicum


http://www.searchmyanmar.com/link/comment/cid/41529#content-41529

Credit: Wut Yi Food house

“အရေးကြီးတဲ့ တာဝန်”

$
0
0

 

လူတွေရဲ့ အရေးကြီးတဲ့ တာဝန်က “လှပတဲ့ဘ၀”ကို ဖန်တီးဖို့ပဲ။ လှပတဲ့စိတ်ရှိမှ လှပတဲ့ ဘ၀ကို ရမယ်။

အပေါစား အပျော်အပါး တွေနဲ့ နေတဲ့သူရဲ့ ဘ၀ဟာ လှပတဲ့ဘ၀ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။
စည်းကမ်းမဲ့တဲ့ သူရဲ့ဘ၀၊ ပရမ်းပတာ ထင်ရာလုပ်တဲ့ သူရဲ့ဘ၀ဟာဘယ်မှာ လှပတဲ့ဘ၀ ဖြစ်နိုင်မလဲ၊၊

လှပတဲ့ဘ၀ကို နားလည်လာမှသာ၊အပေါစား အပျော်အပါး တွေရဲ့
လွှမ်းမိုးမှုကနေ လွတ်နိုင်မယ်။ဘ၀ဆိုတာမှာလည်း အနုပညာသဘော ရှိပါတယ်။
ပရမ်းပတာ ဖြစ်သွားနိုင်တဲ့ ဘ၀တစ်ခုကို ပရမ်းပတာ မဖြစ်ဘဲ၊စည်းကမ်းရှိအောင်၊
ဦးတည်ချက်ရှိအောင်၊ပုံစံတစ်ခု ပေါ်လာအောင် လုပ်တာဟာ အနုပညာ တစ်မျိုးဖြစ်ပါတယ်။
လှပတဲ့ဘ၀တစ်ခုကို ဖန်တီးနိုင်တာဟာ အဆင့်မြင့်တဲ့ အနုပညာပါ။

သတိနဲ့ ၊ ဉာဏ်နဲ့ ၊ စည်းကမ်းနဲ့ နေတတ်မှသာ လွတ်လပ်တဲ့ ဘ၀၊ လှပတဲ့ဘ၀ကို ဖန်တီးလို့ရမယ်။
 

-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ၏အလှတရားမှ အမှန်တရားသို့ မှ -】
Posted by ►

www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

ပိဏ်တပါတ်-ဆွမ်း (ဆွမ်းလောင်းလှူခြင်းအကျိုးတရား) ရှင်းတမ်း"

$
0
0




နေ့စဉ်မပြတ်ဆွမ်းလောင်းတာကို သိမ်သပတ် ဆွမ်းလို့ ခေါ်တာ စာလုံးပေါင်းနဲ့ အဓိပ္ပာယ် ရှင်းပြပေးပါဘုရား အကျိုးကျေးဇူး အတိုကောက်ရော ဘုရား။ (မေမြန်မာ)

ဒကာမကြီး မေးခွန်းလေးအတွက် ဦးဇင်း ကျေးဇူးတင်ပါတယ်။ “မြတ်စွာဘုရားမှာ စိန်၊ ကျောင်းမှာသိမ်၊ သင်္ကန်းမှာ ကထိန်၊ ဆွမ်းမှာပိဏ်” ဆိုပြီး အဆိုရှိပါတယ်။ ဘုရားမှာ စိန်ဖူးတော်ဟာ အမြင့်မြတ်ဆုံး၊ ကျောင်းအဆောက်အဦးများမှာ သာသနာပြန့်ပွားအောင် ဆောင်ရွတ်ပေးနေတဲ့ သိမ်က အမြတ်ဆုံး၊ သင်္ကန်းမှာဆို တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှ တစ်ကျောင်း၊ တစ်ကျောင်းမှာမှ တစ်ကြိမ်သာ ခင်းခွင့်ရတဲ့ ကထိန်သင်္ကန်းက အမြတ်ဆုံးဖြစ်သလို ဆွမ်းမှာလည်း နေ့စဉ် အာစိဏ္ဏကံ အမြဲမပြတ် လှူဒါန်းနေတဲ့ ဆွမ်းဟာလည်း အမြတ်ဆုံးဖြစ်ပါတယ်။ ဒါကို ပိဏ္ဍပါတ (ပိဏ်တပါတ်) (သို့) နိစ္စဘတ် လို့ခေါ်ပါတယ်။ မြန်မာလိုပြန်ရင် “သပိတ်၌ခံရ၍ ရသောဆွမ်း” A Collection of alms. Food received in the alms-bowl of a Buddhist monk လို့ ဖွင့်ပါတယ်။ နေ့စဉ် နေ့တိုင်း လောင်းလှူတဲ့ အလှူကိုတော့ ပိဏ္ဍပါတ-ဒါန (သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) လို့ဆိုပါတယ်။

စာရေးတံမဲချပြီးလှူဒါန်းတဲ့ဆွမ်းကိုတော့ မဟာဒုတ်ဆွမ်း(သလာကဘတ္တ)၊ တစ်လမှာ လဆန်း-၁ရက်မှ လပြည့် ၁၅ရက်ထိ( လဆန်းပက္ခ ) လပြည့်တော် ၁ရက်မှ လကွယ်ထိက လဆုတ်ပက္ခဆိုပြီး တစ်လမှာ တစ်ကြိမ်(သို့) နှစ်ကြိမ်လှူဒါန်းတဲ့ဆွမ်းကိုတော့ ပက္ခိယဘတ္တဟုခေါ်ဆိုပြီး၊ နေ့စဉ်နေ့တိုင်း လောင်းလှူတဲ့ ဆွမ်းဝတ်ကိုတော့ ပိဏ္ဍပါတ- ပိဏ်တပါတ်(သို့မဟုတ်) နိစ္စဘတ်ဟု ခေါ်၏။

မိမိအိမ်ရှေ့သို့ ရှေးရှေး မြတ်စွာဘုရားရှင်၏ အလေ့အထဖြစ်တဲ့ ဆွမ်းခံခြင်းအမှု၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကအရှင်အမြတ်၏ ထုံးကို နှလုံးမူ၍ စာသင် စာချ၊ တရားဟော ၊ တရားထိုင်၊ ပရိယတ္တိဝန်ကိုဆောင်တော်မူနေကြသော သံဃာတော်အရှင်မြတ်များ၊ ပဋိပတ္တိဝန်ကို ဆောင်တော်မူကြသော သံဃာတော်တို့၏ သပိတ်ထဲသို့ ဆွမ်းတစ်ဇွန်း၊ ဟင်းတစ်ခွက်၊ နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင် ပုဂ္ဂိုလ်စွဲလည်းကင်း၊ စေတနာလည်းနိုင်နင်း၊ သဒ္ဓါတရားလည်းဖြူဝင်းပြီး စိတ်နိုင် ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။ တစ်နှစ်မှာ ရက်ပေါင်း(၃၆၅)ရက်ရှိတော့ ရက်မှန်မှန် ဆွမ်းလောင်းလှူသူမှာ တစ်ရက်လျှင် ပုဗ္ဗစေတနာ(မလှူမီဖြစ်တဲ့စေတနာ)၊ မုဉ္စစေတနာ (လှူဆဲအခါမှာဖြစ်တဲ့စေတနာ)၊အပရစေတနာ(လှူပြီးနောက်
ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာ) ကုသိုလ်ရယ်ဆိုပြီး သုံးမျိုးရတာပေါ့။(၃၆၅)ရက်ဆိုတော့ တစ်နှစ်မှာ(၁၀၉၅)မျိုးရတယ်လို့ဆိုရမှာပါ။
 
နောက်တစ်ချက် သံဃာတော်တို့အနေဖြင့် အလှူရှင် ဆွမ်းဒကာ ဆွမ်းဒကာမများထဲမှ တတ်စွမ်းသမျှ လှူဒါန်းတဲ့ ဆွမ်း၊ ဆွမ်းဟင်းကိုသာ အလှူခံကြပြီး၊ ဆွမ်းကောင်းတာ မကောင်းတာ၊ ဆွမ်းဟင်း ကောင်းတာ မကောင်းတာဟု တစ်ခွန်းမှ မပြောကြ။ လောင်းသမျှနှင့်သာ တင်းတိမ် ရောင့်ရဲ ကြရ၏။ တင်းတိမ် ရောင့်ရဲ တဲ့တရားကိန်းနေပြီဆိုလျှင် လိုချင်တက်မက်မှု လောဘအား တဒင်္ဂအနေဖြင့် ကင်းနေတော့၏။ ဆွမ်းခံခြင်း အမှုပြုတော့မည့်အချိန်၊ ပြုနေဆဲအချိန်၊ ပြုပြီးသည့်အချိန်များမှာ ဆွမ်းအလှူရှင်များအား မေတ္တာပို့သကြရ၏။ မေတ္တာဓာတ်ကိန်းနေမည်ဆိုပါလျှင် မေတ္တာနှင့်ဆန့်ကျင်ဘက် ဒေါသကိလေသာလည်း တဒင်္ဂမှာ ကင်းနေမည်ဖြစ်၏။
 
 ဆွမ်းခံကြွသူ အရှင်မြတ်များမှာ သတိဖြင့် သွားလာနေကြရတာဖြစ်သဖြင့် သတိ၏ ဆန့်ကျင်ဘက် မောဟ တရားလည်း တဒင်္ဂကင်းနေမည်သာ။ ဆွမ်းခံခြင်းကျင့်ဝတ်သည် မာန်မာနတရားများကို ချိုးနှိမ်ပြီးမှ ကြွရသဖြင့် မာန တရားလည်း တဒင်္ဂ ကင်းနေမည်သာ၊ ဆွမ်းခံကျင့်ဝတ်ဖြင့် ကျင့်သုံး ဆွမ်းခံထွက်တော်မူကြသော သံဃာတော် အရှင်အမြတ်များအား ဖူးတွေ့ရခြင်း၊ လှူဒါန်းရခြင်းများဟာ ဒကာ ဒကာမများအဖို့ ကြည်နူးစရာ ဝမ်းမြောက်စရာ၊ ကုသိုလ်ဖြစ်စရာဟု အမြင်မှန်သောကြောင့် မိစ္ဆာဒိဋ္ဌိ မှားယွင်းသော အမြင်လည်း တဒင်္ဂ ကင်းနေမည်သာ၊ နောက်တစ်ချက် ဆွမ်းခံခြင်းအမှုဟာ တစ်ပါးသူထံမှာ ခိုးယူ လုယက် ခြိမ်းခြောက်ပြီး ရယူခြင်းမျိုးမဟုတ်ဘဲ မေတ္တာတရားပြည့်ဝသည့်စိတ်၊ မာနကင်းရှင်းနေတဲ့စိတ်၊ လောဘကင်းရှင်းနေတဲ့ စိတ်ထားဖြင့် အလှူခံခြင်းဖြစ်သဖြင့် ရရှိလာတဲ့ ဆွမ်းဟာလည်း ဖြူစင်သော အသက်မွေးမှု ဖြစ်သဖြင့် မဖြူမစင် နှင့်ရအပ်သော ဆွမ်းမဟုတ်ဟု နှလုံးသွင်းလိုက်သည်နှင့် သံသယဝိစိကိစ္ဆာ၊ ကုသိုလ်အမှုဖြစ်တာကြောင့် ရှက်စရာ၊ ကြောက်စရာလည်းမလိုသည့်အတွက်အဟိရိက၊ အနောတ္တပ္ပစသည့် ကိလေသာတရားများ တဒင်္ဂတော့ ကင်းရှင်းနေမည်သာ၊ ထို့ကြောင့်ပင် ပိဏ်တပါတ်ဆွမ်းဟာ လောင်းလှူနေသူ ဒကာ ဒကာမများအဖို့ အကျိုးကျေးဇူးများတယ်လို့ ဆိုရမည်ဖြစ်ပေသည်။

နိရောဓသမာပတ်မှထသည့်အခါ၊ ဖလသမာပတ်မှ ထသည့်အခါများမှာ လှူဒါန်းပါလျှင် အကျိုးကျေးဇူးများတယ်ဆိုတာ အားလုံး အသိပင်၊ နောက်တစ်ချက်က ထိုမိမိ လောင်းလှူလိုက်သော ဆွမ်းဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်လည်း မဟုတ်ပေ။ ထိုဆွမ်းဖြင့် ခံယူသော အရှင်များဘုဉ်းပေးနိုင်သကဲ့သို့၊ နာမကျန်းဖြစ်နေသောရဟန်း၊ ခရီးသွား အာဂန္တုရဟန်းများ၊ သံဃာတော်များ၏ ဝေယျဝေစ္စပြုနေသော ပုဂ္ဂိုလ်များ၊ အောက်ထစ်ဆုံး တိရစ္ဆာန်လေးများပါ မကျန် ခွဲဝေသုံးဆောင်ကြတာဖြစ်လို့သံဃိကဒါနဟုလည်း ဆိုနိုင်မည်ဖြစ်ပါတယ်။ သံဃာကိုလှူဒါန်းတာဟာ အကျိုးကျေးဇူးများတယ်ဆိုတာ အားလုံးအသိပင်ဖြစ်ချေ၏။
အချုပ်အားဖြင့် မေးခွန်းရှင် ဒကာမကြီး- မေမြန်မာ နေ့စဉ် လှူဒါန်းနေသော ပိဏ္ဍပါတ- ပိဏ်တပါတ်ဆွမ်း(နိစ္စဘတ်)ဟာ သာသနာအတွက် အကျိုးကျေးဇူးများတဲ့ ဆွမ်းဖြစ်ကြောင်း၊ ဆွမ်းလောင်းလှူတဲ့ ဒကာ-ဒကာများလည်း ဆွမ်းအကျိုးငါးပါးအပါအဝင် ထူးမြတ်သော အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ဖြေကြားလိုက်ပါသည်။

ဆွမ်းလှူဒါန်းရကျိုး
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ဥာဏ်ပညာကြီးမားခြင်း။
(အင်္ဂုတ္တရ်နိကာယ်၊ ပဉ္စကနိပါတ်၊ ဘောဇနသုတ်)
ထိုပိုစ့်လေးအား အကြံဥာဏ်ပေးတဲ့ နောင်တော်-အရှင်ဇနက(နာလန္ဒာတက္ကသိုလ်) အား အထူးကျေးဇူးတင်ပါသည်ဘုရား။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
 

ကိုယ်တွင်းအပူကိုကင်းစေတဲ့ပဲတီစိမ်း

$
0
0

ခန္ဓာကိုယ်တွင်းအပူနဲ့ အဆိပ်အတောက်တွေကိုဖယ် ရှားပေးနိုင်တဲ့ပဲတီစိမ်းကို ပူပြင်း တဲ့ရာသီဥတုတွေမှာ စားပေးသင့် ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် ပဲတီစိမ်းခေါက်ဆွဲ၊ ပဲတီစိမ်းမုန့်၊ ပဲတီစိမ်းထမင်း၊ ပဲတီစိမ်းဟင်းချို၊ ပဲတီစိမ်းဟင်းနဲ့ ပဲတီစိမ်းဝိုင်စသ ဖြင့် အမျိုးမျိုးအဖုံဖုံ စားသုံးကြတဲ့ အပြင် ပဲပင်ပေါက်အဖြစ်ပါ စား သုံးကြပါတယ်။

ပဲတီစိမ်းဟာ အာဟာရ ဓာတ်ပြည့်ဝရုံသာမက ဆေးဖက် လည်းဝင်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါ တွေကျန်းမာဖို့ ထောက်ကူပေးတဲ့ အပြင် သွေးလည်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ရာသီဥတု ပူပြင်းတာကြောင့် ခန္ဓာကိုယ်တွင်း ပူတာ၊ မျက်နှာနီမြန်းတာ၊ ရေ ငတ်တာ၊ အရေပြားခြောက်သွေ့ တာ၊ ဝမ်းချုပ်တာ၊ အားအင်ကုန် ခန်းတာ၊ အပူလျှပ်တာ၊ ခေါင်း ကိုက်တာ၊ ခေါင်းမူးတာတွေကို ပဲတီစိမ်းကကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ တရုတ်ရိုးရာဆေးနည်း အရဆိုလျှင် ခန္ဓာကိုယ်အပူအ အေးမျှတစေဖို့ ပဲတီစိမ်းဟင်းချို ကိုတစ်နေ့နှစ်ခွက်မှသုံးခွက်အထိ သောက်ပေးရင် အထက်ပါဝေဒ နာတွေကို ကာကွယ်ပြီးသားဖြစ် စေပါတယ်။

ချိုတဲ့အရသာနဲ့ အေးမြတဲ့ သဘာဝရှိတဲ့ ပဲတီစိမ်းတွေဟာ ဝက်ခြံနဲ့မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်မှာ အဖုအပိမ့်အနီ ကွက်ထတာတွေ၊ ပါးစပ်နာဖြစ် တာတွေ၊ ပြည်တည်နာတွေ၊ အနာစိမ်း၊ မွေးကျွတ်နာတွေကို ပါ ပျောက်ကင်းစေနိုင်ပါတယ်။ ခေတ်ပေါ်သိပ္ပံဆေးပညာစမ်း သပ်ချက်တွေအရ ဓာတုပစ္စည်း တွေနဲ့ သဘာဝပတ်ဝန်းကျင်ကရ တဲ့အဆိပ်အတောက်တွေကို ပဲတီ စိမ်းကဖယ်ရှားပေးနိုင်တယ်လို့ဆို ပါတယ်။

အကယ်၍ ဝမ်းပျက်ဝမ်း လျှောဖြစ်နေရင်(ဒါမှမဟုတ်) ခြေ လက်တွေအေးနေရင်တော့ ပဲတီ စိမ်းကိုမစားသင့်ပါဘူး။ ပဲတီစိမ်း နဲ့ဓာတ်တည့်၊ မတည့်ကိုလည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန် နဲ့အရင်ဆုံးတိုင်ပင်ပြီးမှ စားတာ ကပိုပြီးသင့်တော်ပါတယ်။


http://www.searchmyanmar.com/click?lang=mm#content-41508
7daydaily

ဖတ်ပါ၊မှတ်ပါ၊လိုက်နာပါ”

$
0
0


 
(၁)။စာမဖတ်တတ်သောသူသည်“မျက်မမြင်” နှင့် တူ၏။

(၂)။စာဖတ်တတ်ပါလျက် မဖတ်သောသူသည် အသွားရှိပါလျက် မခုတ်ဘဲထားသော “ဓား”နှင့်တူ၏။

(၃)။စာဖတ်ပါလျက် မှတ်သားခြင်းမရှိသောသူသည် “ရေပြင်၌ ရေးထားသော အရုပ်” နှင့် တူ၏။

(၄)။မှတ်သားပါလျက် ကျိုးကြောင်းမှန်မှားမစဉ်းစားသောသူသည် အစာအာဟာရကို
ညက်ညက်ဝါးမစားဘဲ မျိုချ၍ ၀ါးစားသောသူနှင့်တူ၏။

(၅)။ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊အမှန်ကိုသိပါလျက် လက်ခံကျင့်သုံးခြင်းမရှိသောသူသည် ဟင်းလျာ၏
အရသာကို မြည်းစမ်းကြည့်ပြီး၊ကောင်းမှန်းသိပါလျက် “မစားသုံးသော သူ”နှင့်တူ၏။

(ဗုဒ္ဓဓမ္မလောက စာစောင်မှ-)
-【လေးအိမ်စု အရှင်ဝိစိတ္တသာရ၏ စကားလက်ဆောင် တရားလက်ဆောင်မှ-】
Posted by ►
www.facebook.com/youngbuddhistassociation.mm
 

မေတ္တာသုတ်အနက်၊ ရွတ်ဆိုရကျိုး

$
0
0

                        
၁။ဟေ ၊ အိုသူတော်ကောင်းတို့ ။ယဿပရိတ္တဿ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော ၊
အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ ၊ နတ်အများတို့သည်။ ဘီသနံ ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။
နေဝ ဒဿန္တိ ၊ မပြနိုင်ကြကုန်။ ယမှိစေ၀ ၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက် အခါခပ်သိမ်း။ အတန္ဒိတော ၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော ၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။

၂။သုခံ ၊ ချမ်းချမ်းသာသာ။ သုပတိ ၊ အိပ်စက်ရ၏။ သုတ္တော ၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ ၊ တစ်စုံတစ်ခုသော။ ပါပံ စ ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံပရိတ္တံ ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

၃။သန္တံ ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ ၊ နိဗ္ဗာန်ကို ။ အဘိသမေစ္စ ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။ (ဝိဟရိတုကာမေန ၊ နေခြင်းငှာ အလိုရှိသော )အတ္ထကုသလေန ၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ ၊ ရှိ၏။ တံ ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။ ကရဏီယံ ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ ၊ စွမ်းနိုင်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ ဥဇူ စ ၊ ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏။ သုဟုဇူ စ ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ ၊ ဖြစ်ရာ၏ ။ သုဝစော စ ၊ ဆိုဆုံးမလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ မုဒု စ ၊ နုညံ့ပျော့ပျောင်းသူလည်း။အဿ၊ဖြစ်ရာ၏။အနတိမာနိ စ ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။

၎ ။သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏ ။

၅။ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ဝိညူ ၊ ပညာရှိဖြစ်ကုန်သော။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပဝဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တဝါ မှန်သမျှတို့သည် ။ သုခိနော ဝါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ဝါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။

၆+၇ ။အနဝသေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ဝါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည်လည်းကောင်း ။ ယေ ထာဝရာ ဝါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ဝါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တဝါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ဝါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တဝါတို့သည်လည်းကောင်း ။ ယေ ရဿကာ ဝါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဏုမာ ဝါ ၊ အကြင်သေးငယ်မှုန်မွား သတ္တဝါများ တို့သည်လည်းကောင်း ။
 
 ယေ ထူလာ ဝါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တဝါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ဝါ ၊ အကြင်မြင်ဘူးသော သတ္တဝါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ဝါ ၊ အကြင်မမြင်ဘူးသော သတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ဝသန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တဝါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ဝသန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တဝါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ဝါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ဝါ ၊ နောင်ဖြစ်ရမည့်ဘဝကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တဝါတို့သည်လည်းကောင်း။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော။ ပါဏဘူတာ ၊ သတ္တဝါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တဝါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘဝန္တု၊ ဖြစ်ကြပါစေကုန်သတည်း။

၈။ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့်လည်းကောင်း။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။

၉။မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော။ဧကပုတ္တံ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင်။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

၁၀။ဥဒ္ဓံ၊ အထက်လောက အရူပဘ၀၌လည်းကောင်း။အဓော ၊အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း။တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း။သဗ္ဗလောကသ္မိံအလုံးစုံသောလောက၌။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

၁၁။တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ဝိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။

၁၂။သော၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ဝိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။
 
(သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)၏ ပရိတ်ကြီးနိဿယကျမ်းမှကောက်နှုတ်ချက်။)
ရွတ်ဆိုကျိုး။ ။
၁။ချမ်းသာစွာအိပ်စက်ရခြင်း။
၂။ချမ်းသာစွာနိုးရခြင်း။
၃။အိပ်မက်ကောင်းမက်ခြင်း။
၎။လူအများချစ်ခင်ခြင်း။
၅။နတ် ဗြဟ္မာစသော တစ်ခြားသတ္တဝါများကလည်းချစ်ခင်ခြင်း။
၆။နတ်တို့စောင့်ရှောက်ခြင်း
၇။လက်နက်၊အဆိပ်၊မီး စသည်တို့ကြောင့် မသေခြင်း။
၈။စိတ်တည်ကြည် ငြိမ်သက်ခြင်း။
၉။မျက်နှာ ကြည်လင် ရွှင်ပြခြင်း။
၁၀။မတွေ မဝေပဲ သတိရှိလျက် သေရခြင်း။
၁၁။သေသောအခါ ဗြဟ္မာ ဖြစ်ရခြင်း စတဲ့ အကျိုးတရား(၁၁)ပါးကိုရစေပါတယ်။(အဂုၤတၱရ၊ဧကာဒသက)
 
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ယောင်္ကျားမျိုးပွားဥ လှူသည့် ဆေးခန်းတွင် ၂ နာရီကြာသဖြင့် သေရသူ

$
0
0




တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ မှုခင်းကို ယခု ရုံးတင်မှ ပြည်သူအများ သိရှိလာရခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အမျိုးသား မျိုပွား ဆဲလ်အရည် လှူဒါန်းတဲ့ တက္ကသိုလ်ဆေးခန်းမှာ လှူဖို့ ကြိုးစားရင် သေဆုံးသွား တဲ့ ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

တရုတ်ပြည်အရှေ့ပိုင်းက Wuhan မြို့က Wuhan တက္ကသိုလ်မှ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများက သူ့ကို sperm (အမျိုးသား မျိုပွား ဆဲလ်အရည်) လှူဖို့ အတွက် တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ တက္ကသိုလ်ရဲ့ ဆေးခန်းမှာပဲ သွားရောက်လှူဒါန်း ပါတယ်။ ဒါတောင် ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ စတုတ္ထမြောက် အကြိမ် ဖြစ်ပါတယ်။ ဒီတော့ လှူဒါန်းလို့ ရအောင် အခန်းထဲမှာ တစ်ယောက်တည်း စိတ်ကြိုက်နေစေ ပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ပုရိသကြိုက် မဂ္ဂဇင်း ထားရှိထားပေးပြီး ၂ နာရီကြာချိန် အခန်းထဲကနေ ဘာသံမှ ထွက်မလာတော့ ဝင်စစ်တဲ့အခါ သေဆုံးနေတဲ့ လူငယ်ကိုသာ တွေ့မြင် ရပါတယ်။

နှလုံးရပ်လို့ သေဆုံးသွားရခြင်း ဖြစ်ပါတယ်။ ဒီအတွက် သေဆုံးသူ ကျောင်းသား မိသားစုမှ လျော်ကြေးငွေ တောင်းပါတယ်။ ယခု ရက်ပိုင်းကပဲ တရားရုံးရဲ့ စစ်ဆေးချက်အရ လူငယ်ဟာ သူလှူဖို့ မလှူဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတာကြောင့် ယခု သေဆုံးမှုမှာ အခြားလူ အပြစ် မပါကြောင်း ဆိုပါတယ်။ တစ်ချိန်ကြရင် မြန်မာပြည်မှာ အဲ့လို မျိုးပွားဥ လှူဒါန်းတဲ့ ဘဏ် ရှိမလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီတော့ တရုတ်ပြည်က ကျောင်းသားလေး သတင်းက သတိထားစရာလေး ဖြစ်စေခဲ့ ပါတယ်။
.
Ref: Dailymail 
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ

$
0
0


 

(၁) အေးမြပြီး သန့်ရှင်းနေသော ရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်းဟာ မျက်လုံး ကျန်းမာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်း ပေးရာလည်း ရောက်ပါတယ်။

(၂) သဘာဝကို တုပ ပြုလုပ်ထားပြီး အရမ်းလင်းတဲ့ အရာဝတ္တုများ ဒါမှမဟုတ် နေ စတာတွေကို တိုက်ရိုက် မကြည့်မိအောင် ရှောင်ပါ။ ထိုအလင်း များကို မျက်ကြည် လွှာကို ထိခိုက်စေ ပါတယ်။

(၃) မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် ဘေးဘက်သို့ စက်ဝိုင်းပုံသဏ္ဍန် ကြည့်လိုက် အဝေးသို့ မြင်နိုင်သလောက် မြင်အောင် ကြည့်လိုက် စတဲ့ မျက်လုံး လေ့ကျင့် ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

(၄) ကွန်ပျူတာ ကြည့်တဲ့ အခါမှာ ၂၂ လက်မ မှ ၂၈ လက်မ အကွာ ခွာ၍ ကြည့်ပါ။ အရမ်းနီးရင် သော်လည်းကောင်း အရမ်းဝေးရင် သော်လည်းကောင်း သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင် ပါတယ်။

Ref-healthnews

ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

စာဘူးတောင်း အကြံကောင်းသဖြင့် အိမ်ကောင်းရာကောင်း နေရသည်

$
0
0




စာဘူးတောင်း ငှက်လေးတွေကို မြင်ဖူးကြမှာပါ။ အဲဒီ ငှက်ငယ်လေး တွေဟာ သူတို့တွေ နေထိုင်ဖို့ အတွက် အသိုက်အအုံ ကောင်းကောင်းလေးတွေ လုပ်ပြီး နေထိုင် တတ်ကြပါတယ်။

ဒီလိုပါပဲ လူ့လောကမှာ ရှိရှိသမျှ လူတွေ အားလုံးထဲမှ ဥာဏ်နှင့် ဝီရိယ စိုက်ထုတ် လုပ်ကိုင်သော သူတွေဟာ သာမန်သူတွေထက် ပိုမိုမြင့်မားသော တိုးတက် အောင်မြင်မူ တွေကို ရရှိနိုင် ပါတယ်။ အသက်ကြီးလို့ ငယ်လို့ မဟုတ်လဲ လုံလ ဝီရိယနဲ့ စိုက်ထုတ်လုပ်ကိုင် သင့်ကြောင်းကို "စာဘူးတောင်း အကြံကောင်း သဖြင့် အိမ်ကောင်း ရာကောင်း နေရသည် "ဆိုတဲ့ စကားက သင်ခန်းစာ ရရှိစေမှာပါ။

ဒါကြောင့် ဥာဏ်နှင့် ဝီရိယ နှစ်ခု ဒွန်တွဲ၍ လုပ်ကိုင်သင့်ပါကြောင်း အကြံပြု ရေးသားလိုက် ရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
 

မိမိတွင် မရှိအပ်သော အရာများ

$
0
0




- မောက်မာလွန်းသော မာနတရား
- ဆင်ခြင်နိုင်စွမ်းကင်းမဲ့သော လုပ်ရပ်
- နေရင်းထိုင်ရင်း ဘ၀င်မြင့်မှု
- လူလူခြင်း လူလို့မထင်ပဲ သနားစရာ သတ္တ၀ါလို ကြည့်တတ်သော မျက်လုံး
- ကိုယ်ဟာ အရာအားလုံးအတွက်အရေးပါတယ် ကိုယ်မရှိရင်မဖြစ်ဘူးဟု ထင်နေတတ်ခြင်း

မိမိတွင် ရှိသင့်သော အရာများ

- အရာရာကို သတိနှင့် ထိမ်းချုပ်စဉ်းစားနိုင်စွမ်
- မာန်မာနကို လိုအပ်သော အခါမှသာ ထုတ်သုံးတတ်ခြင်း
- အမြင့်ဘယ်လောက်ရောက်ရောက် ကိုယ်တက်ခဲ့တဲ့အောက်ခြေဘ၀ကို မမေ့မလျော့ခြင်း
- ရယူခြင်းထက် ပေးဆပ်ခြင်းကိုသာ ဦးစားပေးတတ်ခြင်း
- လူကို လူလို့မြင်တတ်ခြင်း နှင့်ကိုယ်ချင်းစာ တရားပြည့်စုံခြင်း

စည်းစိမ်ဥစ္စာ ချမ်းသာမှုက မျက်မှောက်ကာလမှာ အရေးကြီးကောင်းကြီးပါလိမ့်မယ်
ဒါပေမယ့် သင့် စိတ်ချမ်းသာမှုနဲ့တော့ မလဲမိစေနဲ့

တစ်ခါတစ်လေ ကိုယ်စိတ်ချမ်းသာမယ်ထင်လို့ရွေးလိုက်မိတဲ့ အပေါ်ယံချမ်းသာမှုတွေက
ကြာလာလေလေ စိတ်ဆင်းရဲမှုတွေဖြစ်လာလေ
ကိုယ်လဲလိုက်တဲ့ စိတ်ချမ်းသာမှုနဲ့ ယှဉ်ကြည့်ရင် မတန်ဘူးဆိုပြီးနောင်တရလာလေလေ ဖြစ်တတ်တယ် ။

သက်တန့်ချို
 

လက်တွေ့အသုံးတည့်သော သဘာဝနည်းများ

$
0
0



--------------------------------------------------
သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး နဖူး တလျှောက် ပွတ်တိုက်ပေးပါ။
တဆစ်ဆစ် ကိုက်နေတာတွေ သက်သာသွားပါလိမ့်မယ်။

ခြင်ကိုက်လို့ယားနေပါလား၊
ဆပ်ပြာနဲ့ အနည်းငယ် ပွတ်ပေးခြင်းဖြင့် ခဏတဖြုတ်သက်သာပါတယ်။

သကြားအညိုတွေခဲနေပါက ပန်းသီးတစိပ်လောက်ထည့်လိုက်ပါ ချက်ချင်းအရည်ပျော်သွားပါလိမ့်မယ်။

တလတခါရာသီလာချိန်မှာ ကိုက်ခဲနာကျင်တတ်သူ အစ်မနဲ့ ညီမလေးတွေအတွက်ပါ၊ဒိန်ချဉ် ဘူးလေးပဲဖြစ်ဖြစ်၊ ရိုးရိုးဒိန်ချဉ်ကို သကြားလေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ပါ။ ကိုက်ခဲတဲ့ နာကျင်မှုဝေဒနာတွေ သက်သာစေပါတယ်။
ပြောင်းဖူး ပြုတ်တဲ့အခါ ဆားလေးနည်းနည်းထည့်ပြီး ပြုတ်ကြည့်ပါ။ ပြောင်းဖူး ရဲ့ သဘာဝအချိုဓါတ်တွေ ထွက်လာစေပါတယ်။

ပုရွက်ဆိပ်ကလေးတွေ အိမ်မှာတန်းစီနေပါသလား၊ မြေဖြူ ခဲလေးနဲ့သာတားလိုက်ပါ။

ထမင်းအိုး ဟင်းအိုးတွေ တူးပီး ဂျိုးတွေ ကပ်နေပါက ပန်သီးနွာထားတဲ့ အခွံတွေထည့်ပြုတ်လိုက်ပါ
 
ကြေးအိုး ကြေးဇွန်တွေ ပြောင်လက်စေချင်ရင် မန်ကျီးရွက်(မန်ကျီးအနှစ်ရည်)နဲ့တိုက်လိုက်ပါ

မီးဖိုချောင်သုံးစတီးအိုးခွက်များကို သံလွင်ဆီ (Olive Oil / Baby Oil )သုတ်ပေးချင်းဖြင့် အရောင်တက်ပီး အပြင်၊အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။

ရုံပတီသီးကြော်စားလို့ ချွှဲပစ်ပစ်ဖြစ်နေတာမကြိုက်ပါက ဟင်းအိုးချတဲ့အချိန်မှာ သံပုရာသီး တစိပ်ထည်လိုက်ပါ လုံးဝမချွှဲတော့ပါဖူး

ကြက်သွန်နီနွာလို့ မျက်ရည်မကျချင်ရင် လှီးမယ့်ဓါးကို ဆားအနည်ငယ်သုတ်ပီး လှီးပါ

အခန်းလုံတွေမှာ ဟင်းချက်ပီး ဟင်းနံ့တွေစွဲနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
အနံ့တွေပျောက်သွားပါလိမ့်မယ

ထမင်းစားချိန် ထမင်းစာပွဲမှာ ယင်ကောင်တွေလာနေပါက ဖယောင်းတိုင် တတိုင်ထွန်းလိုက်ပါ
ရေချိုးခန်းထဲ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင် baby oil သုတ်ထားလိုက်ပါ
အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်မဖြစ်တော့ပါဖူး

သတင်းစာကို ရေ နဲ့ ရှာလကာရည် ဆွတ်ပြီး မှန်ကိုတိုက်လိုက်ပါ တခဏအတွင်း ကြည်ကြည်လင်လင်လေးဖြစ်လာပါလိမ့်မယ်
ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူလေးတွေကို ရှာလကာရည် ကိုအသုံးပြုပြီး ဘေစင်ကိုစင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။
ရေနွေးပူလေးထဲ ဇွန်းနှစ်ပီးမှ ပျားရည်ကို ခတ်ပါက ပျားရည်များ ဇွန်းမှာ ကပ်မနေဖူး။
 

သင်တစ်နေရာရာကို ရောက်အောင်သွားချင်ရင် အဲဒိနေရာကိုရောက်ဖူးတဲ့သူကိုမေးတာအကောင်းဆုံးပဲ"

$
0
0


 
"သင်တစ်နေရာရာကို ရောက်အောင်သွားချင်ရင်
အဲဒိနေရာကိုရောက်ဖူးတဲ့သူကိုမေးတာအကောင်းဆုံးပဲ"
-Robert Kiyosaki

ဒါကလူငယ်တော်တော်များများမေ့နေလေ့ရှိတဲ့အချက်ပဲ
အရမ်းကိုတန်ဖိုးရှိတဲ့စကားပါ။ ကျွန်တော်ကတော့အဲဒိမူကို
ကျင့်သုံးခဲ့ပါတယ်။ မာနကြီးတစ်ခွဲသားနဲ့ ဘယ်သူ့ကိုမှမမေးတဲ့သူတွေလည်
တွေ့ဖူးပါတယ်။ တစ်ချို့ကလည်း မမေးရဲကြတာပါ။

ကျွန်တော်ဘာသာပြန်စာတွေစရေးတော့ ကျွန်တော့်ထက်အတွေ့အကြုံရှိတဲ့
သူတွေကို မေးမြန်းခဲ့ပါတယ်။ တိုးတက်မှုဖြစ်စဉ်မှာ နည်းလမ်းကိုသိသွားတော့
အရမ်းကို မြန်ဆန်သွားပါတယ်။ ကျွန်တော်သာ မမေးပဲနဲ့ ကိုယ့်ဘာသာကိုယ်
တစ်ယောက်ထဲလုပ်နေရင်အခုအချိန်ဆို သိပ်တိုးတက်အုံးမှာမဟုတ်သေးပါဘူး။

ဥပမာ
သစ်တောတစ်ခုကိုသင်ဖြတ်သန်းသွားရမယ်ဆိုပါစို့။ အဲဒိသစ်တောကို
ဖြတ်သန်းသွားလာဖူးတဲ့ လူတစ်ယောက်ကို သင်မေးမြန်းထားရင် သင်သွားတဲ့အခါပိုမိုအဆင်ပြေလွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ သူပြောတာတွေကိုတော့ ပုံသေကြီးသတ်မှတ်ထားလို့မရပါဘူး။ သူသွားတုန်းက ရာသီဥတုအခြေအနေ၊လမ်းအခြေအနေတွေကသင်သွားမဲ့အချိန်တွေနဲ့ကွာခြားချင်ကွာခြားပါလိမ့်မယ်။ အဲဒါကတော့သင့်ဘာသာတွက်ချက်ရမှာပါ။
ဒါပေမဲ့ အဲဒိလမ်းတစ်ဝက်မှာ ရေတွင်းကြီးတစ်ခုရှိတယ်ဆိုပါစို့။ အဲဒါကအခုအချိန်ထိလည်းရှိနေနိုင်သေးတာပဲ။
 
နောက်ဆုံးသင်ရေကုန်သွားခဲ့ရင် ရေရနိုင်မဲ့နေရာတစ်ခုကိုသိတာပေါ့။ ရေတွင်းရှိသေးလား မရှိသေးလားကတော့သူလည်းအာမခံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သင်မသိတာထက်စာရင်တော့ သင်သိတာကကောင်းတာပေါ့။
 
နောက်တစ်ခုအဲဒိသစ်တောထဲကအ၀ါရောင်အသီးတစ်ချို့ကအဆိပ်ရှိတယ်ဆိုပါစို့။ အဲဒါကအခုထက်ထိလုံးဝကိုဖြစ်နိုင်သေးတဲ့အရာပဲ သင်ရှောင်ရှားလို့ရတာပေါ့။ သူမှားခဲ့တဲ့အမှားတွေရှိရင်သင့်အလှည့်ကျရင်မမှားအောင်ပြင်လို့ရတာပေါ့။ဒါကဥပမာသာဖြစ်ပါတယ်။

ကိုယ်သွားမဲ့နေရာကို သွားဖူးထားတဲ့လူတစ်ယောက်နဲ့စကားပြောတာဟာ အရမ်းကိုအဖိုးတန်ပါတယ်။
နည်းလမ်းတကျ ပန်းတိုင်ဆီလျှောက်နိုင်ကြပါစေ။

မိုးရှင်း (I.M.T)
www.work.com.mm
 

CVအလန်းတစ်စောင်ရေးရအောင်!

$
0
0

 

CVရေးခါနီးတိုင်း အခက်အခဲရှိနေပါသလား? သင့်ရဲ့ CVရေးသားပုံက
သင်အလုပ်ရနိုင်ခြေပေါ် အများကြီးမူတည်နေပါတယ်။ တကယ်တော့
CVဆိုတာက သင့်ရဲ့အရည်အချင်းတွေကို ရောင်းချတဲ့ စာတစ်စောင်ပါ။
သင့်ရဲ့CV ကတစ်နည်းအားဖြင့် သင့်ရဲ့တန်ဖိုးကိုဖော်ပြနေပါတယ်။ ဒီတော့
သင့်တန်ဖိုးကိုဖော်ပြတဲ့ စာတစ်စောင်ကို ပစ်စလက်ခတ်ရေးလို့မရပါဘူး။
 

စနစ်တကျနဲ့ ရေးနိုင်မှ သင့်တန်ဖိုးတက်မှာ ဖြစ်ပါတယ်။ အလုပ်ရှာတဲ့သူ
တော်တော်များများက CVကောင်းကောင်း မရေးတတ်ကြတာကိုတွေ့ရလို့
ဒီစာလေးရေးဖြစ်တာပါ။မိတ္တူဆိုင်က CV တွေ၊ အင်တာနက်က
downloadဆွဲပြီးသားCVတွေနဲ့ပဲတင်ကြတာများပါတယ်။ တကယ်တော့
CVဆိုတာ ကိုယ့်ဘာသာကို ဖန်တီးရင် ပိုကောင်းပါတယ်။ CV တစ်စောင်
ဖန်တီးဖို့ဆိုတာ အရမ်းခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ 


ဟင်းချက်သလိုပါပဲပါဝင်တဲ့ပစ္စည်းလေးတွေသိမယ်။ဘယ်လိုရောစပ်ရမယ် ဆိုတာသိရင်
ဟင်းကောင်းတစ်ခွက်ရမှာပါ။ ဆိုင်က၀ယ်စားဖို့မလိုတော့ဘူးပေါ့။ ဒါပေမဲ့
ဟင်းခွက်လေးရဲ့တန်ဖိုးကတော့ပါဝင်တဲ့ပစ္စည်းပေါ်မူတည်ပြီး
အရသာကတော့ကွာမှာပေါ့။ ကြက်သားဟင်းနဲ့ ငါးဟင်းလို ကွာခြားချင်ကွာခြားမှာပေါ့။ဒါပေမဲ့ငါးဟင်းဖြစ်နေလို့လည်း စိတ်မပူပါနဲ့။ ပိုင်ပိုင်နိုင်နိုင်လေးသာ ချက်လိုက်ပါ။ငါးဟင်းကြိုက်တဲ့သူတွေလောက ကြီးမှာအများကြီး ရှိပါတယ်။ ကဲဒီတော့
ဟင်းကောင်းကောင်းချက်နည်းလေး ပြောပြပါတော့မယ်။

Step (1)
ထိပ်ဆုံးမှာ နာမည်အရင်စရေးပါ။ ပြီးရင် အောက်မှာသင့်ကိုဆက်သွယ်ဖို့လိပ်စာရေးမယ်။
ဥပမာ
Jay Kris
Building (4), Room (202), Aung Chan Thar (1) Street, Kamaryut Tsp,Yangon
Ph. No. 01……………., 09……………….
Email……………………………….

Step (2)
ပြီးရင်တော့ လျှောက်ထားတဲ့ ရာထူးကိုရေးပေးရပါ့မယ်။ မျှော်မှန်းလစာကိုလည်း
ဖြစ်နိုင်ရင်ရေးပေးပါ။ Negotiable လို့တော့မရေးပါနဲ့။။ သင့်တန်ဖိုးကို သင့်ဘာသာနှိမ့်ချရာကျပါတယ်။လစာအများကြီးလည်းမရေးပါနဲ့။သင့်ကိုအလုပ်ခန့်ဖို့ခက်ခဲသွားပါလိမ့်မယ်။
Applied Position – Marketing Manager
Expected Salary – …………………….

Step (3)
ပြီးရင်တော့ သင့်အကြောင်းလေးနည်းနည်းရေးပေါ့။အသေးစိတ်ကြီး ခန္ဓာကိုယ်
အလေးချိန်တွေ အရပ်အမြင့်တွေလောက်တော့အသေးစိတ်ရေးဖို့မလိုပါဘူး။
အရေးကြီးတဲ့အချက်လေးတွေပဲ ရေးဖို့လိုပါတယ်။
Name —————–
Father’s name —————–
D.O.B —————–
N.R.C No ——————
Passport No ——————-
Religion ——————
Race ——————-
Marital Status ——————
စသဖြင့်ပေါ့။

Step (4)
ပြီးရင်တော့ ပညာအရည်အချင်းပေါ့။ပညာအရည်အချင်းမှာကတော့ Academic
Education နဲ့ Non-Academic Education ဆိုပြီးနှစ်မျိုးဖော်ပြလို့ရပါတယ်။
Academic Education မှာတော့ အစိုးရကျောင်းတက်ခဲ့တာတွေ၊တက္ကသိုလ်
ကောလိပ်တက်ခဲ့တာတွေကို ဖော်ပြလို့ရပါတယ်။ Non-academic Education
မှာတော့သင်တက်ထားတဲ့အင်္ဂလိပ်စာသင်တန်းလက်မှတ်တွေ၊
ကွန်ပျူတာသင်တန်းလက်မှတ်တွေစသဖြင့်အကုန်ဖော်ပြလို့ရပါတယ်။
Academic Education
1998 to 2008 B.E.H.S (1) Sanchaung,Yangon
2009 to 2013 Government Technological College, Yangon (B.E Civil)
Non-Academic Education
Computer A+ certificate
British Council Upper Intermediate General English Course Certificate
စသဖြင့်ပေါ့။

Step (5)
ပြီးရင်တော့ လုပ်ငန်းအတွေ့အကြုံကိုရေးပေးပါ။ ဘယ်မှာဘာတွေလုပ်ဖူးတယ်ပေါ့။
အရင်လုပ်ခဲ့တဲ့ ကုမ္ပဏီနာမည်တွေ ဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိ ဘာရာထူးနဲ့လုပ်ခဲ့လဲဆိုတာတွေရေးလို့ရပါတယ်။ အတွေ့အကြုံမရှိသူများအနေနဲ့စေတနာ့ဝန်ထမ်း
လုပ်ဖူးတာမျိုးရှိရင် ရေးလို့ရပါတယ်။
Experience
…………………………………………………
…………………………………………………..

Step (6)
ပြီးရင်တော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေရေးလို့ရပါတယ်။ ကိုယ်တကယ်ကျွမ်းကျင်တဲ့
အရာဆိုအပီအပြင်သာ ရေးပစ်လိုက်ပါ။
Skills
English – Fluent
Spanish – Studying
Typing Speed – 40 AWPM or (quick or very quick or normal)
Hard-working
Decisive
Team-player
စသဖြင့်ပေါ့။

#အရေးကြီးသောအချက်များ

-ဘယ်တော့မှ CV ကို scanဖတ်ထားတာကြီးမပို့ပါနဲ့။ အင်တာနက်မှပို့မယ်ဆိုရင်
Microsoft word နဲ့ ဖြစ်ဖြစ် Excel နဲ့ဖြစ်ဖြစ် ရေးသားထားသော fileကိုပေးပို့နိုင်ပါတယ်။
အပြင်မှာဆိုရင်လည်း printထုတ်ပြီးပို့နိုင်ပါတယ်။

-လျှောက်ထားတဲ့ရာထူးပါအောင်ရေးပါ။ ဖြစ်နိုင်ရင် မျှော်မှန်းလစာပါထည့်ပါ။
ကိုယ့်တတ်ထားတဲ့ အရည်အချင်းတွေနဲ့ လုပ်မည့်အလုပ်အကိုင်ကိုလေ့လာပြီး
ပတ်ဝန်းကျင်မှာမေးမြန်းကာ သင့်တော်သောလစာကို ထည့်နိုင်ပါတယ်။

-သင့်ကိုဆက်သွယ်ရမဲ့ဖုန်းနံပါတ်တော့ရေးဖို့မမေ့ပါနဲ့။

-ရှင်းရှင်းလင်းလင်းရေးသားပါ။ Font Designအလန်းတွေနဲ့ မျက်စိရှုပ်အောင်မလုပ်ပါနဲ့။
Bold တွေ Italicတွေကို လိုအပ်တဲ့နေရာမှာသာသုံးပါ။
-အရင်အလုပ်အတွေ့အကြုံအကြောင်းအသေးစိတ်ရေးပေးပါ။

-ပရဟိတအဖွဲ့တွေမှာ Volunteerလုပ်ဖူးတယ်ဆိုရင်လည်းထည့်ရေးလို့ရပါတယ်။

-ဓာတ်ပုံတစ်ပုံထည့်ပေးပါ။ ဓာတ်ပုံကို CVရဲ့ အပေါ်ဆုံးညာဘက်ထောင့်မှာဖြစ်ဖြစ်
အပေါ်ဆုံးအလယ်မှာဖြစ်ဖြစ်ထည့်နိုင်ပါတယ်။

-English လိုရေးပါ။ အရေးအသားမှန်ကန်ပါစေ။

-Skill တွေကိုတော့ပါအောင်ရေးပေးပါ။ English လိုပြောနိုင်တယ်တို့ ၊အလုပ်ကြိုးစားတယ်တို့
အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တယ်တို့ ……….စသဖြင့်ပေါ့။

-အထက်ပါအချက်အလက်များအတိုင်း ပုံသေကားချပ်ရေးရမယ်လို့မဆိုလိုပါ။
အဓိကပါဝင်သင့်တဲ့အချက်တွေကိုဥပမာအဖြစ်သာဖော်ပြချင်းဖြစ်ပါတယ်။
ကိုယ့်ဘာသာစိတ်ကြိုက် CVတစ်စောင်ဖန်တီးနိုင်ပါတယ်
အပေါ်ကအချက်တွေကတော့ မပါမဖြစ်ပါသင့်တဲ့အချက်များဖြစ်ပါတယ်။
CVကို၂မျက်နှာထက်ပိုမရေးပါနဲ့။

-Googleမှာလဲ CV formatတွေကိုရှာဖွေလို့ရပါတယ်။ ဒါပေမဲ့
ကိုယ့်ဘာသာကိုရေးတာကို ပိုအားပေးပါတယ်။
ဘာလို့လဲဆိုတော့အင်တာနက်မှာက CV formatတွေကအများကြီး။
အဲဒါတွေအားလုံးကိုကြည့်ပြီးခေါင်းရှုပ်သွားမှာစိုးလို့ပါ။


ကိုယ့်ဘာသာကို ရှင်းရှင်းလင်းလင်းလေးနဲ့ အရေးကြီးတဲ့အချက်တွေပါအောင်
ရေးနိုင်ရင်ရပါပြီ။ စရေးကတည်းက သင့်CVကိုဖတ်ပြီးရင် သင့်ကိုအင်တာဗျူး
ခေါ်ကိုခေါ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီးရေးပါ။ အင်တာဗျူးခေါ်ရင်တော့
သင်အလုပ်ရဖို့တော်တော်လေးနီးစပ်သွားပါပြီ။ အင်တာဗျူးမှာဆောင်ရန်
 

ရှောင်ရန်လေးတွေအတွက် ကျွန်တော်ရေးထားတဲ့
“ အင်တာဗျူးဖြေခါနီးတိုင်း ရင်ခုန်နေလားဆိုတဲ့?”
https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327 

ဆောင်းပါးမှာအသေးစိတ်ဖတ်နိုင်ပါတယ်။

ကဲ CV အလန်းရေးပြီး အလုပ်ကောင်းတွေရကြပါစေဗျာ။

မိုးရှင်း (I.M.T)


https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695830
Viewing all 6248 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>